ယူကရိန်းအတွက် စစ်လေယာဉ်တွေ ထောက်ပံ့ပေးမှာမဟုတ်ဘူးလို့ ပိုလန်သမ္မတနဲ့ ဘူလ်ဂေးရီးယား ကာကွယ်ရေးဝန်ကြီးဌာနတို့ ဖွင့်ဟ

 1509

မိုးတိမ် (NP News) - မတ် ၁
ယူကရိန်း-ရုရှားအရေးမှာ ယူကရိန်းဘက်ကို စစ်လက်နက်တွေ၊ တိုက်လေယာဉ်တွေ ပေးပို့သွားဖို့ကိစ္စမှာ ဒီပြဿနာထဲကို ဝင်မပါချင်တဲ့အတွက် ပိုလန်နိုင်ငံနဲ့ ဘူလ်ဂေးရီးယားတို့ဘက်ကတော့ အစီအစဉ် မရှိဘူးလို့ အတိအလင်း ပြောကြားလိုက်ပါတယ်။

ပိုလန်သမ္မတ အန်ဒ်ဇာဂျ် ဒူဒါနဲ့ ဘူလ်ဂေးရီးယား ကာကွယ်ရေးဝန်ကြီးဌာနတို့ဘက်က မတ်လ(၁)ရက်မှာ အတိ အလင်းပြောကြားလိုက်တာဖြစ်ပြီး နေတိုးတပ်ဖွဲ့နဲ့ ရုရှားတို့ကြားမှာပါ မြေစာပင်အဖြစ် ဝင်မညပ်ချင်ဘူးလို့ ရည်ရွယ်တာမျိုးလည်း ဖြစ်ပါတယ်။

ရုရှားသတင်းဌာန RT ရဲ့မတ်လ(၁) ရက် ညပိုင်းက ဖော်ပြချက်မှာတော့ နေတိုးတပ်ဖွဲ့အတွင်းရေးမှူး ဂျန်စတိုလ် တန်ဘာ့ဂ်နဲ့ တွေ့ဆုံမှုအပြီး မီဒီယာတွေကို ပိုလန်သမ္မတက ပြောကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ ယူကရိန်း-ရုရှားအရေးမှာ စစ်ရေးအရ ဝင်ရောက်စွက်ဖက်ပါဝင်မယ့် အကြောင်းအရင်း မရှိပါဘူး။ ယူကရိန်းကို ဂျက်လေယာဉ်တွေ ပေးပို့တာမျိုးလည်း မလုပ်ပါဘူး။ ဒီပဋိပက္ခကြီးထဲမှာ ကျွန်တော်တို့ မပါဝင်ဘူး။ နေတိုးကလည်း ဒီပဋိပက္ခထဲမှာ ပါဝင်မယ့်အဖွဲ့မဟုတ်ပါဘူး ” လို့ ပိုလန်သမ္မတ အန်ဒ်ဇာဂျ် ဒူဒါက ပြောပါတယ်။

သို့သော်လည်း ပိုလန်နိုင်ငံထဲကိုပါ စစ်ဘေးရှောင်တွေအဖြစ် ဝင်ရောက်လာတဲ့ ယူကရိန်းနိုင်ငံသားတွေကိုရော၊ စစ်မက်ဒဏ် ခံစားရမယ့် ယူကရိန်းနိုင်ငံသားတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ တွေကို ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ နေတိုးတပ်ဖွဲ့အတွင်းရေးမှူးဖြစ်သူ ဂျန် စတိုလ်တန်ဘာ့ဂ်ကလည်း ယူကရိန်းအရေးဟာ နေတိုးတပ်ဖွဲ့က အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက် ပါဝင်မှာမဟုတ်သလို ပြဿနာရဲ့ တစ်စိတ်တစ်ပိုင်းကိုသာ ကူညီပေးနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

အထူးသဖြင့် ဘဏ္ဍာရေးအထောက်အပံ့တွေ၊ စစ်လက်နက်ထောက်ပံ့မှုတွေသာ အမြင့်ဆုံးအဖြစ် လုပ်သွားမှာ ဖြစ်ပေမယ့် စစ်တပ်ကိုစေလွှတ်ဖို့ကတော့ မဖြစ်နိုင်ဘူးလို့ အတိအလင်းပြောကြားလိုက်တာပဲဖြစ်ပါတယ်။ ထူးခြားချက်အဖြစ် လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းက ထွက်လာတဲ့သတင်းတွေကတော့ ပိုလန်၊ ဆလိုဗက်ကီးယား၊ ဘူလ်ဂေးရီးယားတို့ဟာ ယူကရိန်းအတွက် စစ်လေယာဉ်အစင်း(၇၀)အထိ ပေးပို့သွားမှာဖြစ်သလို လိုအပ်တဲ့ လေကြောင်းအထောက်အပံ့တွေပေးမယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဒါကိုတော့ ပိုလန်သမ္မတက မတ်လ(၁)ရက်မှာ ငြင်းဆိုလိုက်တာပါ။ ဘူလ်ဂေးရီးယားကာကွယ်ရေးဝန်ကြီးဌာန ကလည်း မတ်လ(၁)ရက်မှာပဲ အလားတူငြင်းဆိုချက်အဖြစ် စစ်လေယာဉ်တွေ ယူကရိန်းထံ ပေးပို့မှာ မဟုတ်ဘူး လို့ ပြောပါတယ်။

ရုရှားဘက်က ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်တာတွေအပေါ် နှစ်သက်ခြင်းမရှိတာ သေချာပေမယ့် နှစ်နိုင်ငံ လုံးဘက်က ဆုံးဖြတ်ထားတာဟာ စစ်လက်နက်ပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေ၊ အထူးသဖြင့် လေယာဉ်တွေ ပံ့ပိုးမှုကို လုံးဝလုပ်မှာ မဟုတ်ဘူးလို့ ဆိုခဲ့တာပါ။

Zawgyi Version;
ယူကရိန်းအတြက် စစ်လေယာဉ်တြေ ထောက္ပံ့ပေးမွာမဟုတ္ဘူးလို့ ပိုလန်သမ္မတနဲ့ ဘူလ်ဂေးရီးယား ကာကြယ်ရေးဝန်ကြီးဌာနတို့ ဖြင့်ဟ
မိုးတိမ် (NP News) - မတ် ၁
ယူကရိန်း-ရုရွားအေရးမွာ ယူကရိန်းဘက္ကို စစ္လက္နက်တြေ၊ တိုက်လေယာဉ်တြေ ပေးပို့သြားဖို့ကိစ္စမွာ ဒျီပဿနာထဲကို ဝင္မပါခ်င္တဲ့အတြက် ပိုလန္နိုင်ငံနဲ့ ဘူလ်ဂေးရီးယားတို့ဘက္ကေတာ့ အစီအစဉ် မရွိဘူးလို့ အတိအလင်း ေျပာကြားလိုက္ပါတယ်။

ပိုလန်သမ္မတ အန္ဒ္ဇာဂ် ဒူဒါနဲ့ ဘူလ်ဂေးရီးယား ကာကြယ်ရေးဝန်ကြီးဌာနတို့ဘက္က မတ္လ(၁)ရက္မွာ အတိ အလင်းေျပာကြားလိုက္တာျဖစ်ပြီး နေတိုးတပ္ဖြဲ့နဲ့ ရုရွားတို့ကြားမွာပါ ေျမစာပင်အျဖစ် ဝင္မညပ္ခ်င္ဘူးလို့ ရည်ရယ္တြာမိုးလည်း ျဖစ္ပါတယ်။

ရုရွားသတင်းဌာန RT ရဲ့မတ္လ(၁) ရက် ညပိုင်းက ဖော်ျပခ်က္မွာတော့ နေတိုးတပ္ဖြဲ့အတြင်းရေးမှူး ဂ်န္စတိုလ် တန္ဘာ့ဂ္နဲ့ တြေ့ဆုံမှုအပြီး မီဒီယာတြေကို ပိုလန်သမ္မတက ပြောကွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ ယူကရိန်း-ရုရွားအေရးမွာ စစ်ရေးအရ ဝင်ရောက္စြက္ဖက္ပါဝင္မယ့် အေကြာင်းအရင်း မရွိပါဘူး။ ယူကရိန်းကို ဂ်က်လေယာဉ်တြေ ပေးပို့တာမိုးလည်း မလုပ္ပါဘူး။ ဒီပဋိပက္ခကြီးထဲမွာ ကြျန်တ္တောို့ မပါဝင္ဘူး။ နေတိုးကလည်း ဒီပဋိပက္ခထဲမွာ ပါဝင္မယ့်အဖြဲ့မဟုတ္ပါဘူး ” လို့ ပိုလန်သမ္မတ အန္ဒ္ဇာဂ် ဒူဒါက ေျပာပါတယ်။

သို့သ္လောည်း ပိုလန္နိုင်ငံထဲကိုပါ စစ်ဘေးရွောင်တြေအျဖစ် ဝင်ရောက္လာတဲ့ ယူကရိန်းနိုင်ငံသားတြေကိုရော၊ စစ္မက္ဒဏ် ခံစားရမယ့် ယူကရိန်းနိုင်ငံသားတြေအတြက် လူသားခ်င်းစာနာထောက္ထားမှုဆိုင်ရာ အကူအညီ တြေကို ပေးသြားမွာျဖစ္တယ္လို့ ဆိုပါတယ်။ နေတိုးတပ္ဖြဲ့အတြင်းရေးမှူးျဖစ်သူ ဂ်န် စတိုလ္တန္ဘာ့ဂ္ကလည်း ယူကရိန်းအေရးဟာ နေတိုးတပ္ဖြဲ့က အဖြဲ့ဝင္နိုင်ငံမဟုတ္တဲ့အတြက် ပါဝင္မွာမဟုတ်သလို ျပဿနာရဲ့ တစ္စိတ္တစ္ပိုင်းကိုသာ ကူညီပေးနိုင္မွာျဖစ္တယ္လို့ ေျပာပါတယ်။

အထူးသျဖင့် ဘဏ္ဍာရေးအေထာက်အပံ့တြေ၊ စစ္လက္နက်ထောက္ပံ့မှုတြေသာ အျမင့္ဆုံးအျဖစ် လုပ်သြားမွာ ျဖစ်ပေမယ့် စစ္တပ္ကိုစေလွှတ္ဖို့ကေတာ့ မျဖစ္နိုင္ဘူးလို့ အတိအလင်းေျပာကြားလိုက္တာပဲျဖစ္ပါတယ်။ ထူးျခားခ်က်အျဖစ် လြန္ခဲ့တဲ့ရက္ပိုင်းအတြင်းက ထြက္လာတဲ့သတင်းတြေကေတာ့ ပိုလန်၊ ဆလိုဗက္ကီးယား၊ ဘူလ်ဂေးရီးယားတို့ဟာ ယူကရိန်းအတြက် စစ်လေယာဉ်အစင်း(၇၀)အထိ ပေးပို့သြားမွာျဖစ်သလို လိုအပ္တဲ့ ေလေကြာင်းအေထာက်အပံ့ေတြေပးမယ္ဆိုတဲ့ အခ်က္ပဲ ျဖစ္ပါတယ်။

ဒါကိုတော့ ပိုလန်သမ္မတက မတ္လ(၁)ရက္မွာ ျငင်းဆိုလိုက္တာပါ။ ဘူလ်ဂေးရီးယားကာကြယ်ရေးဝန်ကြီးဌာန ကလည်း မတ္လ(၁)ရက္မွာပဲ အလားတူျငင်းဆိုခ်က်အျဖစ် စစ်လေယာဉ်တြေ ယူကရိန်းထံ ပေးပို့မွာ မဟုတ္ဘူး လို့ ေျပာပါတယ်။

ရုရွားဘက္က ယူကရိန်းကို ဝင်ရောက္တိုက္ခိုက္တာတြေအေပါ် နွစ်သက်ျခင်းမရွိတာ သေခ်ာပေမယ့် နွစ္နိုင်ငံ လုံးဘက္က ဆုံးျဖတ္ထားတာဟာ စစ္လက္နက္ပိုင်းဆိုင်ရာ ထောက္ပံ့မှုတြေ၊ အထူးသျဖင့် လေယာဉ်တြေ ပံ့ပိုးမှုကို လုံးဝလုပ္မွာ မဟုတ္ဘူးလို့ ဆိုခဲ့တာပါ။

© 2021. All rights reserved.