မဆွတ်ခင်ကတည်းက ညွတ်နေတဲ့ မြန်မာ့အမျိုးသားလုံခြုံရေးစည်း ကျိုးပေါက်မှုကို ဘယ်လိုကာကွယ်မလဲ

 2733

မျိုးမင်း(မကျည်းလဟာ) - NP News
မြန်မာနိုင်ငံရဲ့အမျိုးသားလုံခြုံရေးစည်းဟာ ကျိုးပေါက်ပြီးသား ဖြစ်နေပါပြီ။ ဘာကြောင့် ဒီလိုပြောတယ် ထင်ပါသလဲ။ အောက်တွင် ရှုပါ။

National Security ဆိုတဲ့ စကားလုံးဟာ တိတိကျကျ အဓိပ္ပါယ်ဖွင့်ဆိုဖို့တော်တော်လေး ခက်ပါတယ်။ အထူးသဖြင့် မြန်မာလို ဘာသာပြန်ရမှာကို အဓိပ္ပါယ် မပြည့်စုံမှာ
ကြောက်မိတဲ့ စကားလုံးပါ။ လွယ်လွယ်ပြန်ဆိုရရင်တော့ အမျိုးသားလုံခြုံရေးပေ့ါ ။ မည်သို့ပင်ဖြစ်စေ ဒီစကားလုံးဟာ ဒုတိယကမ္ဘာစစ်အပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်ကနေ စတင်ပြီးတော့ အမေရိကန်တို့ခပ်လှိုင်လှိုင် သုံးစွဲလာတဲ့ စကားလုံးတစ်ခုပါပဲ။ ဒီစကားလုံးနဲ့အတူ တစ်ပါတည်း ပေါ်ပေါက်လာခဲ့တာကတော့ National Security Advisor
ဆိုတဲ့ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်ပါပဲ။ အမေရိကန်မှာတော့ အမျိုးသားလုံခြုံရေးအကြံပေး ပုဂ္ဂိုလ်ဟာ တော်တော်ကို အရေးပါ အရာရောက်တဲ့ လူတန်းစားတစ်ရပ် သာမန်ပညာရှင်တစ်ဦး မဟုတ်ခဲ့တာတော့ အသေအချာပါပဲ။ မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် တစ်ဦး ပေါ်ထွက်ခဲ့ပါပြီ။ ဦးသောင်း
ထွန်းပါ။ (၂၀၁၇ ခုနှစ်က ရေးသားသုံးသပ်ခဲ့ခြင်းဖြစ်သည်) သူက ဘယ်လိုလူလဲ ဆိုတာထက် သူ ပထမဆုံးသွားခဲ့တဲ့ ခရီးစဉ်ဟာ အိန္ဒိယဖြစ်ခဲ့ပြီးတော့ ဒုတိယမြောက် ခရီးစဉ်ဟာ တရုတ်နိုင်ငံ ဖြစ်ခဲ့တာကတော့ သာမန်ထက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းခဲ့တယ်ဆိုတာ မငြင်းနိုင်ပါဘူး။ သူ စတင်တာဝန်ထမ်းဆောင်ခွင့်ရတာ နှစ်လကျော်ပဲ ရှိပါသေးတယ်။ သူ ဘာလုပ်ခဲ့သလဲဆိုတာကတော့ သာမန်ပြည်သူတွေ မသိနိုင်တဲ့ ပြောင်မြောက်တဲ့ အကွက်ရွှေ့မှုတွေ အောက်မှာ ကွယ်ပျောက်နေမှာဖြစ်ပါတယ်။ NSA တာဝန်ကိုကတည်းက လူထုကြားမှာ ထင်ထင်ပေါ်ပေါ် လျှောက်ပြောနေရမယ့်လူစားတွေ မဟုတ်ဘဲ သံတမန်ရေးရာမှာမှ မဟာဗျုဟာမြောက်သော ဆွေးနွေးမှုတွေကိုသာ လုပ်လေ့ရှိတဲ့ အာနိသင်ရှိတာမို့လို့ ဦးသောင်းထွန်းဟာလည်း ဒီအာနိသင်အတိုင်း ဆေးစွမ်းပြနေပြီလားဆိုတာကတော့ မကြာခင်မှာ တစ်နည်းအားဖြင့် OBOR အစည်းအဝေးအပြီးနဲ့မေလ ၂၄ ရက်မှာ ကျင်းပမယ့် ပင်လုံညီလာခံ အပြီးမှာ မျက်ဝါးထင်ထင် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

အမျိုးသားလုံခြုံရေးအကြောင်း ပြောကြကြေးဆိုရင်တော့ အပေါ်ပိုင်းက အထက်တန်းလွှာတွေကြားမှာတင် မပြီးဘဲ အောက်ခြေအထိပါ စိုးရိမ်စရာကောင်းလာတဲ့ အမျိုးသား
လုံခြုံရေး ရှုထောင့်တွေ ရှိနေပါပြီ။ အလွယ်တကူ မြင်နိုင်မယ့် ရှုထောင့်ကနေ ခွဲခြမ်းစိတ်ဖြာပြရရင်တော့ ရုပ်ဝတ္တူပိုင်းဆိုင်ရာ အမျိုးသားလုံခြုံရေးနဲ့စိတ်ပိုင်းဆိုင်ရာ အမျိုးသား
လုံခြုံရေးဆိုတာတွေပါပဲ။ ရုပ်ဝတ္တူပိုင်းဆိုင်ရာမှာမှ ပြန်ပြီး ခွဲခြမ်းစိတ်ဖြာရင် နိုင်ငံရဲ့မြေပုံအမျိုးသားလုံခြုံရေးစည်း ကျိုးပေါက်ခြင်း၊ Food Security နဲ့နိုင်ငံသားတစ်ဦးချင်းစီရဲ့အမျိုးသား
လုံခြုံရေး ကျိုးပေါက်ခြင်းဆိုတာ ရှိပြန်ပါတယ်။ ဒီနေရာမှာ နိုင်ငံရဲ့မြေပုံ အမျိုးသားလုံခြုံရေးစည်း ကျိုးပေါက်ခြင်း ဆိုတာကို အရင်ဆုံး ရှင်းပြရစေ။ အလွယ်ဆုံးပြောရရင်တော့ နယ်စပ်ဒေသတွေပါပဲ။ နယ်စပ်ဒေသ နယ်နိမိတ်စည်းမျဉ်းတွေဟာ ခြံစည်းရိုးကပ် နိုင်ငံတွေက မသိမသာဖြစ်စေ၊ သိသိသာသာ ဖြစ်စေ ခိုးယူမှုတွေ ရှိနေလို့မြေဧရိယာဆိုင်ရာ ပိုင်ဆိုင်မှု စည်းကတော့ ကျိုးပေါက်နေခဲ့တာပါ။ ဒါက နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ယနေ့ထိတိုင်လည်း ကျိုးပေါက်နေဆဲပါပဲ။ တရုတ်နယ်စပ်မှာ၊ ထိုင်းနယ်စပ်မှာ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ၊ အိန္ဒိယ နယ်စပ်မှာ။ ဘယ်နယ်စပ်မှာပဲ ကြည့်ကြည့် မြန်မာ့မြေသားတွေဟာ တစ်ဖက်နိုင်ငံသားတွေရဲ့မသိမသာဖြစ်စေ၊ သိသိသာသာ ဖြစ်စေ ခိုးယူခံရမှုတွေကြောင့် ကျိုးပေါက်ခဲ့ရတာပါပဲ။ ပိုဆိုးတာက မြေသားလုံခြုံရေးကျိုးပေါက်မှုအပြင် ဘာသာစကားကျိုးပေါက်မှု၊ ဘာသာတရားကျိုးပေါက်မှု၊ ငွေကြေးကျိုးပေါက်မှုနဲ့ပညာရေးအပါအဝင် ကဏ္ဍစုံ ကျိုးပေါက်မှုတွေကို အစိုးရအဆက်ဆက် မထိန်းနိုင်ခဲ့ပါဘူး။ ဒီနေရာမှာ တစ်ခုတော့ ကြိုပြီး သတိပေးပါရစေ။ မနေ့ကအထိ၊ ဒီကနေ့အထိ ကျိုးပေါက်နေတာကို မကာကွယ်နိုင်တာ ပြသနာမရှိပါဘူး။ အခု သိပြီးချိန်ကနေ နောက် ဆယ်စုနှစ်၊ ရာစုနှစ်များစွာအထိ မတတ်သာတဲ့ပုံစံနဲ့လက်ပိုက်ကြည့်နေရပြီဆိုရင်တော့ တစ်နိုင်ငံလုံးမှာ မြန်မာ့မြေ ဆိုတာ အရုပ်တောင် ဆွဲပြစရာ မရှိ ဖြစ်သွားနိုင်ပါတယ်။ နယ်စပ်ဒေသတွေမှာ မြေတင်မက၊ ဘာသာ
စကား၊ ဘာသာတရား၊ ငွေကြေးသာမက အဖိုးတန်ကျောက်မျက်ရတနာတွေပါ လုံခြုံရေးကျိုးပေါက်ခံခဲ့ရပြီးပြီ ဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့မြေပုံအမျိုးသားလုံခြုံရေးဟာ အပျိုရည်ပျက်ခဲ့
ပြီးသား ပြည့်တန်ဆာ ဖြစ်နေပြီဆိုတာ ငြင်းလို့မရတော့ပါဘူး။

သူနဲ့တစ်ပါတည်းမှာပဲ ဆိုသလို Food Security ဟာ တွဲကပ်ပြီး ပါနေပြန်ပါတယ်။ စားသုံးကုန်ဆိုင်ရာ အမျိုးသားလုံခြုံရေးဟာလည်း အထူးသတိပြုရမယ့် ကဏ္ဍအဖြစ် ရှိနေပြန်ပါတယ်။ လက်ရှိမြန်မာနိုင်ငံဟာ လူဦးရေသန်း ၅၀ ကျော်ရှိပြီးတော့ လာမယ့် ၁၀ နှစ်အတွင်းမှာ သန်း ၆၀ ကျော်သွားဖို့ပဲ ရှိနေပါတယ်။ ဒီလူဦးရေအတွက် လုံလောက်သော စားနပ်ရိက္ခာကို မြန်မာနိုင်ငံက လယ်ယာစိုက်ပျိုးရေးကဏ္ဍက ထိန်းထားနိုင်တယ်ဆိုသည့်တိုင် နယ်ခြားစည်းတွေကနေ ဝင်လာတဲ့ အရည်အသွေးမမှီ ဈေးပေါပေါ စားသုံးကုန်တွေကနေ ပေးလာမယ့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုတွေကိုတော့ အစိုးရတစ်ရပ်ဟာ ထိန်းထားနိုင်ဖို့ခက်ခဲပါတယ်။ FDA ဟာ ခိုင်မာတဲ့ အင်စတီကျုးရှင်း အဖြစ် ရှိနေတယ်လို့မယူဆနိုင်တော့ ဝိနည်းကျိုးပေါက်တဲ့ တစ်နည်းအားဖြင့် တာဝန်မကျေပွန်နိုင်သေးတဲ့ ဌာနအဖြစ် ရှိနေသေးတော့ မြန်မာနိုင်ငံတွင်းမှာ ရှိနေတဲ့ စားသုံးကုန်
တွေရဲ့ထက်ဝက်နီးပါးဟာ အန္တရာယ်ရှိသော အစားအစာအဖြစ် ပန်းပန်နေဆဲပါပဲ။ ဒါကို မဖြေရှင်းနိုင်ရင်တော့ နိုင်ငံသားတစ်ဦးချင်းရဲ့သက်တမ်းဟာ တိုသထက် တိုသွားဖို့ပဲ ရှိနေသလို
ကမ္ဘာ့သက်တမ်းအတိုဆုံးလူသားများ ရှိရာနိုင်ငံအဖြစ် ဂင်းနစ်မှာ မှတ်တမ်းဝင်သွားနိုင်ပါတယ်။ ဒါဟာလည်း အမျိုးသားလုံခြုံရေးစည်းကျိုးပေါက်ခြင်းတစ်မျိုးပါပဲ။

မြေပုံအမျိုးသားလုံခြုံရေးစည်းကျိုးပေါက်မှုကနေ ဖယ်ခွာပြီးတော့ နိုင်ငံသားတစ်ဦးချင်းစီရဲ့အမျိုးသားလုံခြုံရေးကျိုးပေါက်ခြင်းဆိုတာကို ရှင်းပါဦးမယ်။ နိုင်ငံသားတစ်ဦးချင်းစီရဲ့
စိတ်ထဲမှာ မြန်မာနိုင်ငံကို ချစ်မြတ်နိုးစိတ် ဘယ်လောက်အတိုင်းအတာပဲ ကျန်ပါတော့သလဲ ဆိုတာ စိစစ်ကြည့်ဖို့လိုပါပြီ။ မြန်မာကို အထင်မကြီးတော့တဲ့ စိတ်တွေဟာ နိုင်ငံသား တစ်ဦးရဲ့ရင်ထဲမှာ ဝင်နေရင်တောင် အဲဒါဟာ နိုင်ငံသားတစ်ဦးချင်းစီရဲ့အမျိုးသားလုံခြုံရေး ကျိုးပေါက်ခြင်းလို့ပဲ ဆိုရမှာပါ။ ဥပမာအားဖြင့် ပြောရရင် သတင်းမီဒီယာ လုပ်ငန်းကို ပြည်သူ့အကျိုးပြုလုပ်ပါတယ်ဆိုတဲ့ သတင်းသမားကြီးတွေမှာတောင် မြန်မာမီဒီယာကို အထင်မကြီးဘဲ ပြည်ပမီဒီယာကိုသာ အထင်ကြီးတဲ့ ဖြစ်စဉ်၊ အထင်ကြီးသလိုပဲ သူရဲ့ရေးသားမှုတွေ၊ မေးခွန်းတွေက မြန်မာဘက်ကဆိုတာ မဟုတ်တော့ဘဲ ဒေါ်လာဘက်က ဆိုတဲ့ (သို့မဟုတ်) Self Promotion ဆိုတဲ့ ရှုထောင့်ဘက်က ရပ်
တည်သွားတဲ့ မြန်မာနိုင်ငံသားစစ်စစ်ဆိုသူ မီဒီယာသမားတစ်ဦး ရှိတယ်ဆိုရင်တောင် အဲဒီနိုင်ငံမှာ နိုင်ငံသားတစ်ဦးချင်းရဲ့အမျိုးသားလုံခြုံရေး ကျိုးပေါက်မှုဟာ အလိုအလျှောက် မောင်းတင်ပြီးသား ဖြစ်နေခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ အဲဒီလို မီဒီယာသမားတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ငွေကြေးနောက်ကို လိုက်နေတဲ့ လူ့အခွင့်အရေးသမားဆိုတဲ့ ပုဂ္ဂိုလ် တွေ အင်အားကြီးထွားလာလေလေ နိုင်ငံသားတစ်ဦးချင်းစီရဲ့အမျိုးသားလုံခြုံရေးစိတ်ဓါတ်ခွန်အားတွေက နောက်ကို ဆုတ်ပေးရလေလေပါပဲ။ အရှင်းအလင်းဆုံး ဥပမာကို ပြောရရင် ၁၈၈၅ ခုနှစ်က အင်္ဂလိပ်ကို မြန်မာတွေ စစ်ရှုံးပြီး သီပေါမင်း ပါတော်မူခြင်းမှာ နိုင်ငံသားတစ်ဦးချင်းစီရဲ့အမျိုးသားလုံခြုံရေးကျိုးပေါက်ခဲ့မှုတွေက အကောင်းဆုံးသော သက်သေပါပဲ။
ရုပ်ဝတ္တူပိုင်းဆိုင်ရာ လုံခြုံရေးစည်း ကျိုးပေါက်ခြင်းထက် ပိုပြီး ကြောက်စရာကောင်းတာကတော့ စိတ်ပိုင်းဆိုင်ရာ အမျိုးသားလုံခြုံရေး ကျိုးပေါက်ခြင်းပါပဲ။ မြတ်ဗုဒ္ဓရဲ့ဆုံးမ
သြဝါဒတွေမှာ အမြဲတစေ ညွှန်ပြခဲ့တာကတော့ " စိတ် " ဆိုတာပါပဲ။ လူ့ဘဝကို စိတ်ဆန္ဒတွေက မောင်းနှင်ပါတယ်။ စိတ်က တွန်းပို့ရင် အရာရာဟာ အဆိုးကို ဖြစ်စေသလို အကောင်းတွေလည်း ဖြစ်စေနိုင်ပါတယ်။ အလွယ်ဆုံး ဥပမာကို ပြောရရင် ကိုယ့်အိမ်မှာ ကိုယ့်မိဘကို အထင်မကြီးတော့ဘူး။ ကိုယ့်မိဘကို မလေးစားတော့ဘူး။ ကိုယ့်
အိမ်ခြံဝန်းကို တန်ဖိုးထားရကောင်းမှန်းမသိတော့ဘူးဆိုရင် အဲဒီစိတ်နဲ့ရပ်တည်သွားမယ်ဆိုရင် ဒါဟာ မိသားစုလုံခြုံရေးစည်း ကျိုးပေါက်တာပါပဲ။ ဆိုတော့ကာ မြန်မာနိုင်ငံဟာ မိသားစု လုံခြုံရေးစည်း ကျိုးပေါက်ခဲ့ပြီးသားနိုင်ငံလား လို့မေးရပါတော့မယ်။ တိတိကျကျ ပြောရရင် ဟုတ်ပါတယ်။ ကျိုးပေါက်နေခဲ့ပါပြီ။ မိသားစုထဲမှာပဲ ကိုယ့်မိသားစု
အသိုက်အမြုံကို တွန်းတင်ဖို့ထက် ကိုယ်လွတ်ရုန်းဖို့ဆိုတဲ့ အတွေးတွေက စီးပိုးလာတဲ့ ခေတ်တစ်ခုကို မြန်မာတွေ ဖြတ်သန်းနေရပါပြီ။ လူကြီးသူမကို ရိုသေလေးစားမှု ရှိကြပါတယ်ဆိုတဲ့ မြန်မာတွေရဲ့မြင့်မားတဲ့ ဂုဏ်ဒြပ်ဟာ တစ်ဖြည်းဖြည်း ကျိုးပေါက်လာခဲ့ပါပြီ။ နိုင်ငံတော်မြေပုံကြီးတစ်ခုလုံး လုံခြုံရေးစည်းကျိုးပေါက်ခဲ့ရင်တောင် ပြန်ပြီး တိုက်ယူ
လို့ရကောင်း ရနိုင်ပေမယ့် နိုင်ငံသားတစ်ဦးချင်းစီရဲ့စိတ် လုံခြုံရေးကျိုးပေါက်သွားရင်တော့ ကျောက်ပြင်ပေါ်ကျတဲ့ ကြက်ဥတစ်လုံးလို ဖြစ်မှာ သေချာပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တာက အကောင်းဆုံး သက်သေဖြစ်သလို ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရတာက သမိုင်းရဲ့သာဓကပါပဲ။ နိုင်ငံတစ်ခုလုံး ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးစည်း ကျိုးပေါက်ခဲ့မှုကြောင့် ကိုယ့်ထီးကိုယ့်နန်းနဲ့ဂုဏ်သိက္ခာကြီးမားစွာ နေလာတဲ့ မြန်မာနိုင်ငံဟာ ကျွန်ဘဝကို ရောက်ခဲ့ရပါတယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးစည်း ချိုးဖျက်ခြင်းမခံရလိုက်ရသေးတဲ့အတွက်
စိတ်ရဲ့လှုံ့ဆော်အားနဲ့အတူ ဗိုလ်ချုပ်အောင်ဆန်းခေတ် မတိုင်မီကတည်းက နယ်ချဲ့တော်လှန်ရေးဆိုတာတွေ ရှိခဲ့သလို ၁၈၈၅ ကနေ စပြီး နှစ်ပေါင်း ၆၃ နှစ်ကြာတဲ့အချိန်မှာ
စိတ်ရဲ့လှုံ့ဆော်အားတွေကနေ ရတဲ့ ခွန်အားတွေကြောင့် မြန်မာပြည် လွတ်လပ်ရေးရခဲ့တာဟာ အကောင်းဆုံးသော သာဓကပါပဲ။
သို့ပေမယ့် တစ်ချိန်တည်းမှာပဲ လွတ်လပ်ရေးမရခင်ကတည်းက နှစ်ပေါင်း ၆၀ လောက် ဆက်တိုက်ဆိုသလို စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးစည်းကို ဆင့်ကဲဆင့်ကဲ ချိုးဖျက်ခဲ့ကြတဲ့ အင်္ဂလိပ်တွေကြောင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးစည်း ကျိုးပျက်ခဲ့ကြတဲ့ ဂဠုန်ဦးစောနဲ့အပေါင်းပါတွေ ပေါ်ပေါက်ခဲ့လို့သမိုင်းမှာ ပြန်ပြင်လို့မရနိုင်သော ဆုံးရှုံးမှုကြီး ဖြစ်ခဲ့ရတာဟာလည်း
အကောင်းဆုံး သက်သေပါပဲ။ ဆိုလိုချင်တာကတော့ နိုင်ငံသားတစ်ဦးချင်းရဲ့ရင်ထဲမှာ စိတ်ထဲမှာ တစ်စက္ကန့်လေးရဲ့ဆယ်ပုံတစ်ပုံသော အတွေးထဲမှာကိုတောင် အမျိုးသားလုံခြုံရေး
စည်း ကျိုးပျက်ခံလို့မဖြစ်ဘူးလို့ပြောပြချင်တာပါ။

ခုနှစ် ကာလတွေ ရွှေ့လျားလာပြီးတော့ ၂၀ ရာစုကျော်လာပြီးချိန် ၂၁ ရာစုမှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ တစ်ဦးချင်းနဲ့အိမ်တွင်း လုံခြုံရေးစည်းတွေ ကျိုးပျက်စေမယ့် အကြောင်းတရားတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ လွယ်လွယ်ပြောရရင် ၂၀ ရာစုတုန်းက မဖြစ်ထွန်းခဲ့တဲ့ တိတိကျကျ ပြောရရင် လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်းက မဖြစ်ပေါ်သေးတဲ့ အကြောင်းတရားတွေက ကမ္ဘာကြီးကို ရွာကြီးတစ်ရွာလို ဖြစ်လာစေခဲ့ပါတယ်။ ဒီထက်ပိုပြီး တင်စားရရင် အိမ်တစ်အိမ်မှာတောင် အိမ်ရှေ့က တစ်ယောက်က မှာချင်တဲ့စကားကို အိမ်နောက်ဖေးကို ပြေးပြောတာထက် မြန်ဆန်တဲ့ ကြိမ်နှုန်းတွေနဲ့အိမ်နောက်ဖေးက လူကို သိစေတဲ့ ကွန်ရက်ကြီးတစ်ခုကို ပြောချင်တာပါပဲ။ အလွယ်ဆုံး ဥပမာထပ်ပြီးပြောရရင်တော့ အိမ်ရှေ့မှာ လူငယ်တစ်ယောက်က ဆော့နေရင်းနဲ့ချော်လဲရင် အိမ်နောက်ဖေးက မိသားစုဝင်တစ်ဦးက လာကြည့်စရာမလိုဘဲ ပုံနဲ့တကွ မြင်နိုင်
စေတဲ့အထိ ဖန်တီးပုံဖော်သူတို့က အသက်သွင်းပေးနိုင်ခဲ့တာမျိုးပါ။ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်းမှာပဲ ကမ္ဘာကို တစ်ပတ် ပတ်သွားနိုင်တဲ့အထိ မယုံနိုင်လောက်အောင် မြန်ဆန်သော သတင်းအချက်အလက်ပေးပို့မှုကို လူသားတွေက ဖန်တီးခဲ့ကြတာပါ။ အင်တာနက်ကို အခြေခံတဲ့ လူမှုကွန်ရက်က ကမ္ဘာကြီးကို ဖမ်းစားလိုက်ပြီးတဲ့ နောက်မှာတော့
ကမ္ဘာ့လူဦးရေရဲ့ထက်ဝက်ကျော်ဟာ အတုအယောင်ကမ္ဘာကြီးထဲမှာ ကိုယ့်ရဲ့အချက်အလက်တွေကို ပေါ့ပေါ့တန်တန် သဘောထားပြီး တင်ကြပါတော့တယ်။ " ကျွန်တော်တို့
နိုင်ငံက လူဦးရေ တစ်ဘီလျံကျော်ရှိတယ်။ အဲဒီလူဦးရေကို ဖေ့ဘွတ်သုံးခွင့်ပေးလိုက်ရင် အဲဒီကနေတစ်ဆင့် လူထုလှိုင်းကြွလာရင် ဘယ်လိုထိမ်းမလဲ။ အမျိုးသားလုံခြုံရေး ရှုထောင့်အရ
ကျွန်တော်တို့က ဖေ့ဘွတ်သုံးခွင့်မပေးခဲ့တာ။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံက ထိန်းချုပ်နိုင်တဲ့ လူမှုကွန်ရက်တွေကိုတော့ ဖွင့်ပေးထားပါတယ် " လို့တရုတ်နိုင်ငံရဲ့ အကြီးဆုံးသော မီဒီယာကြီးဖြစ်တဲ့ CIPG ရဲ့ဒုတိယဥက္ကဋ္ဌတစ်ဦးက ကျွန်တော့်မေးခွန်းကို ၂၀၁၄ ခုနှစ်မှာ ဖြေကြားဖူးပါတယ်။ တရုတ်နိုင်ငံမှာ Wechat အပါအဝင် တရုတ်အစိုးရ Cyber Police အဖွဲ့က ထိန်းချုပ်ထားတဲ့ လူမှုကွန်
ရက်တွေကို အသုံးပြုခွင့်ပေးထားပါတယ်။ ဖေ့ဘွတ်၊ တွိစ်တာ၊ ယူကျု့၊ အင်စတာဂရမ်၊ ဗိုက်ဘာ စတဲ့ အမေရိကန်အခြေစိုက်တဲ့ လူမှုကွန်ရက်ကြီး
တွေကိုတော့ ထိန်းချုပ်ရခက်မှာစိုးလို့တရုတ်နိုင်ငံက ပေးသုံးခွင့် မပြုပါဘူး။ သို့ပေမယ့် တရုတ်နိုင်ငံမှာလည်း အချို့သော သုံးစွဲခွင့်ပေးသင့်သူတွေကို ဖေ့ဘွတ် သုံးခွင့်ပေးထားတာတွေ ရှိပါတယ်။ တရုတ်နိုင်ငံဟာ သူတို့ထိန်းချုပ်ထားတဲ့ လူမှုကွန်ရက်တွေမှာတော့ လူထုအုံကြွမှုဖြစ်စေနိုင်တဲ့ သတင်းမျိုးကို မြန်မြန်ဆန်ဆန် ဖျောက်ဖျက်ပစ်နိုင်ပါတယ်။ ကိုယ်တိုင်ကြားသိခဲ့ရတဲ့ ဖြစ်စဉ်တစ်ခုဆိုပါစို့။ ၂၀၁၇ တုန်းက ရောက်ခဲ့တဲ့ ဝူဟန်မြို့မှာ ပြီးခဲ့တဲ့ မတ်လက ခေါင်းဖြတ်လူသတ်မှုဖြစ်ခဲ့ပါတယ်။ ဈေးသည်ကို ဈေးဝယ်က ဈေးစကားပြောရင် ဒေါသ
ဖြစ်ပြီး သတ်ဖြတ်ခဲ့တာပါ။ ဒီသတင်းဟာ Wechat ကွန်ရက်များမှာ သွေးသံရဲရဲနဲ့ခေါင်းဖြတ်ခံထားရသူရဲ့ဓါတ်ပုံနဲ့တကွ တစ်ဟုန်ထိုး ပျံ့နှံ့သွားခဲ့ပါတယ်။ ဒါပေမယ့် စတင်ပျံ့
နှံ့ပြီးတော့ နေ့တစ်ဝက် မကြာခင်မှာပဲ အဲဒီသတင်းကို ဘယ်မှာမှ ရှာလို့မရတော့ပါဘူး။ တရုတ်အစိုးရ အရာရှိတွေက တရုတ်နိုင်ငံတွင်းမှာ ပြောဖူးတဲ့ စကားရှိပါတယ်။ အင်တာနက်ကိုအခြေခံတဲ့ မည်သည့် Cyber သတင်းအချက်မျိုးကို မဆို သူတို့မသိချင်ယောင်ဆောင်ပြီး လွှတ်ပေးရင်သာ ပေးမယ်။ သူတို့တားချင်ရင် ၂၄ နာရီ မကျော်စေရဘူးဆိုတဲ့ အာမခံ စကားပါပဲ။ လူဦးရေသန်း ၁၄၀၀ နီးပါး ရှိလာပြီဖြစ်တဲ့ တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့ဟာ အမေရိကန်အခြေစိုက်တဲ့ လူမှုကွန်ရက်တွေဆိုရင် မရနိုင်ဘူးဆိုတာ တရုတ်တို့ကောင်းကောင်း သိထားတဲ့အတွက် ကြိုတင်ပြင်ဆင်ခဲ့ကြတာလို့လည်း သိရပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးချိန် ၁၉၄၅ ခုနှစ်နောက်ပိုင်းကနေစပြီး ရေတွက်ရင် နှစ်
ပေါင်း ၃၀ နီးပါးအကြာမှာ အင်တာနက်ကို အခြေခံတဲ့ လူမှုကွန်ရက်တွေဟာ ကမ္ဘာကြီးကို လက်နက်မဲ့ သိမ်းပိုက်လိုက်ပြီဆိုတာ အမေရိကန်သမ္မတရွေးကောက်ပွဲက အကောင်းဆုံးသက်သေ
ပါပဲ။ ဒီအကြောင်းတွေ ပြောနေတာက အကြောင်းအရင်းရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ ဖေ့ဘွတ်ဟာ လူမှုကွန်ရက်တွေထဲမှာ လူသုံးအများဆုံးကွန်ရက်ဖြစ်သလို ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို တံခါးဖွင့်ပေးလိုက်တဲ့ ဦးသိန်းစိန် အစိုးရရဲ့၂၀၁၂ ခုနှစ်က
ဖြေလျော့မှု အပြီးမှာ ဖုန်းအသုံးပြုသူဟာ တစ်ဟုန်ထိုး တိုးတက်ခဲ့ခြင်းနဲ့တိုက်ရိုက်အချိုးကျခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ မိုဘိုင်းဖုန်း သုံးစွဲသူ တစ်သိန်းကျော်သာ ရှိရာကနေ ၂၀၁၇
ခုနှစ်မှာတော့ ၄၆ သန်းကျော်ရှိလာခဲ့ပြီဆိုတဲ့ တိုးတက်မှုဟာ ကမ္ဘာပေါ်မှာ အမြန်ဆုံးသော ဒုံးကျဉ်တစ်စင်းလိုပါပဲ။ ၇ နှစ်အတွင်းမှာ အဆပေါင်း ၄၆၀ နီးပါး တိုးတက်ခဲ့တာ ဖြစ်ပြီး ဒီပမာဏထက် ပိုများတဲ့ မြန်မာစာနဲ့ဖေ့ဘွတ်အသုံးပြုသူဦးရေကို မာ့ခ်ဇူကာဘတ်က ပိုင်ဆိုင်သွားပါတယ်။ သူငိုစေချင်ရင် မြန်မာတွေ လိုက်ငိုရပါမယ်။ သူ ရယ်စေချင်ရင် မြန်မာတွေ လိုက်ရယ် ရပါတော့တယ်။ မြန်မာ့လူဦးရေဟာ ၅၂ သန်းနီးပါးရှိတယ်ဆိုပေမယ့် လူတစ်ဦးတည်း အကောင့်နှစ်ခုထက် မကရှိနိုင်တဲ့အနေအထားကနေ မြန်မာစာနဲ့ဖေ့ဘွတ်အသုံးပြုသူ ဦးရေဟာ
သန်း ၃၀ ကျော်နေပြီလို့သိရပါတယ်။ မြန်မာနိုင်ငံမှာ ဖေ့ဘွတ်အသုံးပြုသူတွေ တိုးပွားလာမှုဟာလည်း ၂၀၁၀ က အခြေအနေနဲ့ယှဉ်ရင် အဆပေါင်း ၁၀၀ ထက်မနည်းရှိခဲ့တယ်လို့
သတင်းအချက်အလက်တွေက ဆိုပါတယ်။ ဒီနေရာမှာ မေးခွန်းဆန်ဆန်ပြောချင်တာ ရှိလာပါတယ်။ ဖေ့ဘွတ်ဟာ အမျိုးသားလုံခြုံရေးစည်း ကျိုးပေါက်ခြင်းကို ဦးတည်လာနေပြီလား
ဆိုတာပါပဲ။ တိတိကျကျ ပြောရရင်တော့ လုံး၀ ရာနှုန်းပြည့်ရဲ့အလွန်အထိ မှန်ပါတယ်။ အချို့သော ခေါင်းမာသူတွေကတော့ ဆိုပါတယ်။ ဖေ့ဘွတ်ဟာ ဘဝမဟုတ်ဘူး၊ ဖေ့ဘွတ်ဟာ
ဒိုင်ယာရီမဟုတ်ဘူးပေ့ါ။ ဒါပေမယ့် မြန်မာနိုင်ငံသား ဖေ့ဘွတ်အသုံးပြုသူ ၉၉ ရာခိုင်နှုန်းရဲ့ရင်ထဲမှာတော့ ဖေ့ဘွတ်မသုံးရရင် နေသာထိုင်သာ မရှိတော့တဲ့အထိ ကိုယ့်ဘဝရဲ့အချိန်တွေကို ဖေ့ဘွတ်က ဖဲ့ယူသိမ်းပိုက်ထားလိုက်ပါတယ်။ ခေါင်းမာစွာနဲ့ငြင်းဆိုကြသူများကိုယ်တိုင် ဖေ့ဘွတ်ဖွင့်ပြီး မသုံးဖြစ်တဲ့နေ့က ခပ်ရှားရှားပါပဲ။ ဖေ့ဘွတ်ဟာ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ မြန်မာနိုင်ငံသားတွေကို အထူးတလည်စည်းရုံးစရာ မလိုဘဲ အချက်အလက်ပေါင်းများစွာကို မြန်မာအသုံးပြုသူတွေဆီက ရရှိနေပါတယ်။ အသုံးပြုသူတစ်ဦးဟာ ကိုယ့်ရဲ့ကိုယ်ပိုင်အချက်အလက်တွေကို၊ ခံစားချက်တွေကို၊ ကိုယ်ဘာလုပ်နေတယ်ဆိုတာကို လူများများ သိရှိပြီး Like , Share နဲ့မှတ်ချက်ပြုတာတွေကို ခံစားချင်လို့လွတ်လွတ်လပ်လပ် ရေးကြပါတယ်။ ကိုယ်ရေးလိုက်တဲ့
အကြောင်းတရားတစ်ခုကနေ Like , Share နဲ့Comment တွေများများရနေပြီဆိုရင် ဒါဟာ ဘဝလို့ခံစားလာပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ရနေကျ Like , Share နဲ့Comment တွေ ထပ်တိုးလာစေဖို့မဖော်ပြသင့်တာတွေကိုပါ ဆက်ပြီး ဖော်ပြလာပါတော့တယ်။ တစ်ဦးချင်းရဲ့လုံခြုံရေးစည်းကိုပါ ဖော်ပြလာတဲ့အထိ မြန်မာတွေ အရှက်တရား မဲ့သွားကြတာမျိုးတွေပါ
မြင်လာရပါတယ်။ ဒါတွေက လုံခြုံရေးစည်းကျိုးပေါက်ပါတယ်လို့ပြောရင် လက်မခံချင်သူများအတွက် ဥပမာလေးတစ်ခု ပြောချင်ပါတယ်။ ဒီနှစ်အစောပိုင်းက နိုင်ငံတော်သမ္မတ ဦးထင်ကျော်
ရဲ့ချင်းပြည်နယ် ခရီးစဉ်တစ်ခုကို နိုင်ငံ့ခေါင်းဆောင်တစ်ဦး လုပ်ကြံခံရမှာစိုးလို့စနိုက်ပါအဖွဲ့က အဝေးကနေ တောင်ကုန်းမြင့်မြင့်တစ်နေရာကနေ နေရာယူ ကင်းဝပ်ပြီးတော့ လုံခြုံရေး ယူပေးနေတဲ့ ဓါတ်ပုံတစ်ပုံ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။ ဒါဟာ အကောင်းဆုံးသော သာဓက လုံခြုံရေးစည်းကျိုးပေါက်မှုပါပဲ။ အလားတူဆိုသလိုပဲ တပ်မတော်စစ်ကြောင်းတွေ ချီတဲ့ပုံ၊ တပ်မတော်က ထိုးစစ်ဆင်မယ့် အကြောင်းအရာတွေကို တပ်မတော်သားဟောင်းတွေက တပ်မတော်ကို ပရိုမိုးရှင်းဆင်းချင်တဲ့ စိတ်နဲ့ဂုဏ်ယူစွာနဲ့တင်ပြလိုက်တာကြောင့် G1 အဆင့်အပါအဝင် စစ်ဘက်ဆိုင်ရာ ထိပ်တန်းခေါင်းဆောင်တွေနဲ့အဖွဲ့ဟာ မိုင်းကျွေးခံလိုက်ရပြီး အသက်ဆုံးရှုံးလိုက်ရတာတွေ ရှိခဲ့ပါတယ်။ ဒါတွေဟာ အကောင်းဆုံးသော သက်သေပါပဲ။
လူမှုကွန်ရက်ဟာ ဘဝမဟုတ်ဘူး၊ ဒိုင်ယာရီမဟုတ်ဘူးလို့ပြောတဲ့စကားဟာ တကယ်မှန်ပါတယ်။ ဘယ်နေရာမှာ မှန်သလဲဆိုရင် တစ်ဦးချင်းရဲ့လုံခြုံရေးမှသည် နိုင်ငံတော်လုံခြုံရေးအထိ
အရေးပါတဲ့ သတင်းအချက်အလက်တွေ ရေးတင်မိခဲ့မယ်ဆိုရင် ဘဝမဟုတ်တဲ့ ဒိုင်ယာရီမဟုတ်တဲ့နေရာမှာ တင်မိလို့ ဘဝပါ ပျက်သွားနိုင်တဲ့၊ နိုင်ငံပါ ပျက်သွားနိုင်တဲ့ အခြေအနေမှာဆိုရင်
မှန်တယ်လို့ဆိုလိုချင်တာပါ။

ဖေ့ဘွတ်က နိုင်ငံတော်ရဲ့အမျိုးသားလုံခြုံရေးကို ကျိုးပေါက်စေပါသလား ဆိုရင်။ ကျိုးပေါက်စေပါတယ်လို့ထပ်ပြောချင်ပါတယ်။ ဥပမာအားဖြင့် နိုင်ငံတော်မှာ အရေးကြီးတဲ့
ခေါင်းဆောင်တစ်ဦးကို လုပ်ကြံဖို့ရှိတယ်ဆိုတဲ့ သတင်းမျိုးကို အမျိုးသားလုံခြုံရေးဆိုင်ရာ ထောက်လှမ်းရေးဗျုရိုက ရရှိထားတယ်ဆိုပါစို့။ ဒီလိုအရေးကြီး သတင်းတွေ ရှိနေပါလျှက်နဲ့နိုင်ငံတော်အရေးကြီး ပုဂ္ဂိုလ် ဘယ်သွားဖို့ရှိတယ်။ ဘာလုပ်ဖို့ရှိတယ်။ ဘယ်မှာတည်းမယ်ဆိုတာကို သူ့ရဲ့ထောက်ကူရုံးအဖွဲ့က ဝန်ထမ်းတစ်ဦးက သူ့ရဲ့ဖေ့ဘွတ်မှာ
တင်လိုက်ပြီ ဆိုပါစို့။ သေချာပါတယ်။ နိုင်ငံတော်ရဲ့အရေးကြီးပုဂ္ဂိုလ်ဟာ လုပ်ကြံခံရမှာပါပဲ။ အတွင်းစည်းထဲကနေ ထွက်လာတဲ့ ဓါတ်ပုံတွေ၊ အချက်အလက်တွေဟာ လူမှုကွန်ရက်တွေမှာ ပွက်လောရိုက်ခဲ့တဲ့ ဖြစ်စဉ်တွေ အများကြီး ရှိခဲ့ပါတယ်။ ဒါတွေဟာ မသိလိုက်မသိဘာသာနဲ့လုံခြုံရေးစည်းတွေ ကျိုးပေါက်သွားခဲ့ရတာပါ။ လူမှုကွန်ရက်ဟာ အသုံးချတတ်ရင် ဆေးတစ်လက် ဖြစ်ပေမယ့် မသုံးတတ်ရင်တော့ ဘေးဖြစ်စေပါတယ်။ ပုံမှန်အရ တွေးရင်တော့ ဘာမှမဟုတ်တဲ့ကိစ္စလို့ဆိုပေမယ့် လူမှုကွန်ရက်တွေရဲ့
အခြေခံ စည်းမျဉ်းစည်းကမ်းတွေအရ သိပ်ကို ကြောက်စရာကောင်းတာကို သတိပြုမိလာပါတယ်။ ဆိုကြပါစို့။ လူမှုကွန်ရက်ပေါ်မှာ တစ်စုံတစ်ယောက်က သတင်းအချက်အလက်အချို့ကို တင်လိုက်တယ်။ အဲဒီတင်လိုက်တဲ့ အချက်အလက်ကို သူက သူပိုင်တယ်လို့ထင်နေပါတယ်။ တကယ်တော့ သူ မပိုင်တော့ပါဘူး။ ဥပမာအားဖြင့် ဖေ့ဘွတ်ပေါ် တင်လိုက်ချိန်မှာ စည်းမျဉ်းစည်းကမ်း ဥပဒေများအရ ဖေ့ဘွတ်ကပဲ ပိုင်သွားပါတယ်။ အဲဒီအချက်အလက်တွေကို ဖေ့ဘွတ်အဖွဲ့အစည်းက စုစည်းပြီး သိမ်းထားပါတယ်။ မြန်မာ
နိုင်ငံက သန်း ၃၀ ကျော်သော မြန်မာစာနဲ့အသုံးပြုသူတွေ တင်တဲ့ အချက်အလက်ပေါင်းစုံဟာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေပဲ ဖြစ်ပါတယ်။ မြန်မာ
နိုင်ငံသားတွေရဲ့စိတ်နေစိတ်ထားနဲ့အချက်အလက်မျိုးစုံကို ဒီအပေါ်ကနေ အခြေခံပြီး ကောက်ချက်ဆွဲလို့ရသွားပါတယ်။ ဒီလိုရသွားတဲ့ အချက်အလက်တွေကိုလည်း ဖေ့ဘွတ် အဖွဲ့
အစည်းက ပြန်ပြီး ရောင်းချပါတယ်။ မြန်မာနိုင်ငံအကြောင်းကို မြေပြင်ဆင်းစရာမလိုဘဲ သူ့ပလက်ဖေါင်းပေါ်ကနေ စစ်တမ်းကောက်ယူသွားနိုင်ခဲ့တာကို အခြားနိုင်ငံက အဖွဲ့
အစည်းတစ်ခုက လိုချင်ရင် သူတို့က ပြန်ရောင်းပေးပါတယ်။ ဥပမာအားဖြင့် ကုမ္ပဏီကြီးတစ်ခုက သူ့ထုတ်ကုန် မြန်မာပြည်မှာ ဖြန့်ဖို့အတွက် အချက်အလက်လိုနေပြီ ဆိုရင် ဖေ့ဘွတ်အဖွဲ့အစည်းကနေ တစ်ဆင့်ဝယ်ယူပြီးတော့ ကောက်ချက်ဆွဲနိုင်သလို၊ ဈေးကွက်ကို သုတေသနလုပ်ပြီး မြန်မာတွေ ဘာကြိုက်တတ်သလဲ ဆိုတဲ့ ဆွဲဆောင်မှုကနေ စပြီး စည်းရုံးဖို့လွယ်သွားပါတယ်။ နိုင်ငံတော်ရဲ့အရေးပါတဲ့ အချက်အလက်တွေဆိုရင်တော့ ဒီနိုင်ငံကို ဘယ်လိုသိမ်းပိုက်ရမလဲဆိုတဲ့ သတင်းအချက်အလက်ကို အင်အားကြီးနိုင်ငံတွေအတွက် ဘုံးဗောလအော ရနေတဲ့ သဘောပါပဲ။ တစ်နိုင်ငံလုံးအကြောင်းသိဖို့ကွင်းဆင်းလေ့လာမယ်ဆိုရင် ဒီလောက်မြန်မြန်ရဖို့မလွယ်လှပေမယ့် မြန်မာတွေက ဖေ့ဘွတ်ကို ဘဝလို့ထင်စွာနဲ့ပဲ
ဘုံးဗောလအော ပေးလိုက်ကြပါတယ်။ ဖေ့ဘွတ်အဖွဲ့ဟာ ပေ့ချ်တစ်ခုက တင်တဲ့ ပို့စ်တစ်ခုကို ဘယ်နှစ်ယောက်က ဘယ်နှစ်မိနစ် ဖတ်တယ်။ ဘာတွေ မှတ်ချက်ပြုပြီး ဘယ်လို
ရှယ်သွားတယ်။ ဖတ်တဲ့ကြိမ်နှုန်း ဘယ်လောက်ရှိတယ်ဆိုတဲ့ Rating အမျိုးမျိုးကို လုပ်ဆောင်ပေးနိုင်နေခြင်းက အချက်အလက် ဘယ်လိုစုဆောင်ထားတယ်ဆိုတာ အကောင်းဆုံး သက်သေပါပဲ။

တစ်ချိန်တည်းမှာပဲ ပေ့ချ်တွေကနေ သုံးစွဲတဲ့ ဒေါ်လာတွေဟာ တစ်ရက်ကို သိန်းချီပါတယ်။ တစ်နှစ်ကို ဒေါ်လာသန်းရာချီပြီး မြန်မာ လူမှုကွန်ရက် အသုံးပြုသူတွေဆီကနေ အကျိုးအမြတ်တွေ သူတို့ရခဲ့ကြပါတယ်။ သတင်းအချက်အလက်ရောင်းချမှု အပါအဝင်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ အခွန်ကောက်လို့ရမှန်း မသိတဲ့ မြန်မာပြည်ကို သူတို့အခွန်မဆောင်ကြပါဘူး။
ဖေ့ဘွတ်ပေါ်မှာ ကမ္ဘာ့အင်အားကြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရှိသလို၊ တရုတ်သမ္မတ ရှီကျင်းဖိန်လည်း ရှိပါတယ်။ မြန်မာက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း
ရှိပါတယ်။ သူတို့ကိုယ်တိုင် သုံးတာ မဟုတ်ပေမယ့် သူတို့ရဲ့Admin ဟာ သူတို့လိုပဲ အချက်အလက်တော်တော်များများကို သိထားတဲ့သူပဲ ဖြစ်ပါတယ်။ ဒါတွေဟာ တကယ့်ကို အန္တရာယ်များတဲ့ သတင်းအချက်အလက် ကမ်းပြိုမှုပါပဲ။ ဖေ့ဘွတ်ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပေ့ချ်က အချက်အလက်တွေကို စုဆောင်ထားပြီးသားဖြစ်ပါတယ်။ ဒါကို တစ်ခြားနိုင်ငံက အကြမ်းဖက်တစ်ဦးက လိုချင်ရင် လွယ်လွယ်ရနိုင်ပါတယ်။ ဒါဟာ ကိုယ်မမြင်လိုက်တဲ့ ရှုထောင့်ကနေ အချက်အလက် ကျိုးပေါက်မှုပါပဲ။ " အမေရိကန်သမ္မတဆိုရင် ဘယ်တော့မှ Touch ဖုန်းတွေကို မသုံးစေဘဲ Bluberry တွေပဲ သုံးပါတယ်။ ဒါက အချက်အလက်ကျိုးပေါက်မှုကို ကာကွယ်တဲ့ သဘောကြောင့်ပါ " လို့နည်းပညာ ကျွမ်းကျင်သူတစ်ဦးက ကျွန်တော့်ကို ပြောပါတယ်။ နိုင်ငံတော်ရဲ့အမျိုးသားလုံခြုံရေး ဆိုတဲ့ ခေါင်းစဉ်ဟာ ဒီလောက်နဲ့အဆုံးသတ်ဖို့အချိန်တန်လာပါပြီ။ အနှစ်ချုပ်အားဖြင့် ပြောရရင် အမျိုးသားလုံခြုံရေးဆိုတဲ့ ခေါင်း
စဉ်အောက်မှာ အများစုဟာ နိုင်ငံတော်ခေါင်းဆောင်၊ စစ်ဘက်ခေါင်းဆောင်တွေနဲ့မဟာဗျုဟာတွေအကြောင်းပဲ ပြေးမြင်ကြပါတယ်။ မူအားဖြင့် မှန်ပါတယ်။ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်အတွက် စိတ်ပူစရာ လုံခြုံရေးအခြေအနေတွေ ရှိတယ်ဆိုတာ အရင်က ရေးသား သတိပေးခဲ့ပြီး ဖြစ်ပါတယ်။ အခုထိလည်း ဒီသတင်းဟာ လတ်ဆတ်နေတုန်းပါပဲ။
ဆိုလိုတာက ကြားနေရဆဲပါပဲ။ စစ်ဘက်ဆိုင်ရာကလည်း ဒါကို စိုးရိမ်စွာနဲ့အထူး ဂရုစိုက်နေတယ်ဆိုတာလည်း ရေးခဲ့ပြီး ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ရဲ့
လုံခြုံရေးဟာ ဦးစားပေးရမယ့် အမျိုးသားလုံခြုံရေးပါပဲ။

နိုင်ငံတစ်နိုင်ငံရဲ့နယ်နိမိတ်ပိုင်နက် လုံခြုံရေးဟာလည်း အထူးဦးစားပေးရမယ့် အမျိုးသားလုံခြုံရေးပါပဲ။ နိုင်ငံတစ်နိုင်ငံကို အခြား
တစ်နိုင်ငံက လိုသလိုအသုံးချသွားမယ့် အရေးကနေ ရှောင်ရှား ရေးဟာလည်း သတိထားရမယ့် အမျိုးသားလုံခြုံရေးပါပဲ။ နိုင်ငံတော်ရဲ့သတင်းအချက်အလက် မကျိုးပေါက်ရေးဟာလည်း
ပုံမှန်ထက်ပိုပြီး စိတ်ပူရမယ့် အမျိုးသားလုံခြုံရေးပါပဲ။ ဒီထက်ပိုတာကတော့ နိုင်ငံသားတစ်ဦးချင်းစီရဲ့ရုပ်ဝတ္တူပိုင်းဆိုင်ရာအမျိုးသားလုံခြုံရေးနဲ့စိတ်ပိုင်းဆိုင်ရာ အမျိုးသားလုံခြုံရေးစည်း
မကျိုးပေါက်စေအောင် ကာကွယ်ပေးနိုင်မှု ဆိုတာပါပဲ။ ဒီအချက်အလက်တွေအားလုံးအတွက် လက်ရှိမှာ Manual ပိုင်းကို ရာနှုန်းပြည့် ကိုင်တွယ်နိုင်ပါပြီဆိုရင် နည်းပညာပိုင်းအရ လုံခြုံရေးစည်း မကျိုးပေါက်ရေးကို ကြိုတင်စဉ်းစား ပြင်ဆင်ထားပြီးပါပြီလားလို့မေးခွန်းထုတ်ရင်း အဆုံးသတ်လိုက်ပါရစေ။

(ဆောင်းပါးရှင်က ၂၀၁၇ ခုနှစ်တွင် ရေးသားခဲ့ခြင်းဖြစ်ပြီး မှတ်တမ်းမှတ်ရာအဖြစ် ပြန်လည်ဖော်ပြပေးထားခြင်း ဖြစ်ပါသည်)

Zawgyi Version
မဆြတ္ခင္ကတည္းက ညြတ္ေနတဲ့ ျမန္မာ့အမ်ဳိးသားလုံျခဳံေရးစည္း က်ဳိးေပါက္မႈကုိ ဘယ္လုိကာကြယ္မလဲ
မ်ဳိးမင္း(မက်ည္းလဟာ) - NP News
ျမန္မာႏုိင္ငံရဲ ့အမ်ဳိးသားလုံျခဳံေရးစည္းဟာ က်ဳိးေပါက္ျပီးသား ျဖစ္ေနပါျပီ။ ဘာေၾကာင့္ ဒီလုိေျပာတယ္ ထင္ပါသလဲ။ ေအာက္တြင္ ရႈပါ။

National Security ဆုိတဲ့ စကားလုံးဟာ တိတိက်က် အဓိပၸါယ္ဖြင့္ဆုိဖုိ ့ေတာ္ေတာ္ေလး ခက္ပါတယ္။ အထူးသျဖင့္ ျမန္မာလုိ ဘာသာျပန္ရမွာကုိ အဓိပၸါယ္ မျပည့္စုံမွာ
ေၾကာက္မိတဲ့ စကားလုံးပါ။ လြယ္လြယ္ျပန္ဆုိရရင္ေတာ့ အမ်ဳိးသားလုံျခဳံေရးေပ့ါ ။ မည္သုိ ့ပင္ျဖစ္ေစ ဒီစကားလုံးဟာ ဒုတိယကမၻာစစ္အျပီး လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၇၀ ေက်ာ္ကေန စတင္ျပီးေတာ့ အေမရိကန္တုိ ့ခပ္လိႈင္လိႈင္ သုံးစြဲလာတဲ့ စကားလုံးတစ္ခုပါပဲ။ ဒီစကားလုံးနဲ ့အတူ တစ္ပါတည္း ေပၚေပါက္လာခဲ့တာကေတာ့ National Security Advisor
ဆုိတဲ့ အမ်ဳိးသားလုံျခဳံေရး အၾကံေပးပုဂၢိဳလ္ပါပဲ။ အေမရိကန္မွာေတာ့ အမ်ဳိးသားလုံျခဳံေရးအၾကံေပး ပုဂၢိဳလ္ဟာ ေတာ္ေတာ္ကုိ အေရးပါ အရာေရာက္တဲ့ လူတန္းစားတစ္ရပ္ သာမန္ပညာရွင္တစ္ဦး မဟုတ္ခဲ့တာေတာ့ အေသအခ်ာပါပဲ။ ျမန္မာႏုိင္ငံမွာေတာ့ ပထမဆုံးေသာ အမ်ဳိးသားလုံျခဳံေရးအၾကံေပးပုဂၢိဳလ္ တစ္ဦး ေပၚထြက္ခဲ့ပါျပီ။ ဦးေသာင္း
ထြန္းပါ။ (၂၀၁၇ ခုႏွစ္က ေရးသားသုံးသပ္ခဲ့ျခင္းျဖစ္သည္) သူက ဘယ္လုိလူလဲ ဆုိတာထက္ သူ ပထမဆုံးသြားခဲ့တဲ့ ခရီးစဥ္ဟာ အိႏၵိယျဖစ္ခဲ့ျပီးေတာ့ ဒုတိယေျမာက္ ခရီးစဥ္ဟာ တရုတ္ႏုိင္ငံ ျဖစ္ခဲ့တာကေတာ့ သာမန္ထက္ ပုိျပီး စိတ္၀င္စားဖုိ ့ေကာင္းခဲ့တယ္ဆုိတာ မျငင္းႏုိင္ပါဘူး။ သူ စတင္တာ၀န္ထမ္းေဆာင္ခြင့္ရတာ ႏွစ္လေက်ာ္ပဲ ရွိပါေသးတယ္။ သူ ဘာလုပ္ခဲ့သလဲဆုိတာကေတာ့ သာမန္ျပည္သူေတြ မသိႏုိင္တဲ့ ေျပာင္ေျမာက္တဲ့ အကြက္ေရႊ ့မႈေတြ ေအာက္မွာ ကြယ္ေပ်ာက္ေနမွာျဖစ္ပါတယ္။ NSA တာ၀န္ကုိကတည္းက လူထုၾကားမွာ ထင္ထင္ေပၚေပၚ ေလွ်ာက္ေျပာေနရမယ့္လူစားေတြ မဟုတ္ဘဲ သံတမန္ေရးရာမွာမွ မဟာဗ်ဳဟာေျမာက္ေသာ ေဆြးေႏြးမႈေတြကုိသာ လုပ္ေလ့ရွိတဲ့ အာနိသင္ရွိတာမို ့လုိ ့ ဦးေသာင္းထြန္းဟာလည္း ဒီအာနိသင္အတုိင္း ေဆးစြမ္းျပေနျပီလားဆုိတာကေတာ့ မၾကာခင္မွာ တစ္နည္းအားျဖင့္ OBOR အစည္းအေ၀းအျပီးနဲ ့ေမလ ၂၄ ရက္မွာ က်င္းပမယ့္ ပင္လုံညီလာခံ အျပီးမွာ မ်က္၀ါးထင္ထင္ ျမင္ေတြ ့ရမွာပဲ ျဖစ္ပါတယ္။

အမ်ဳိးသားလုံျခဳံေရးအေၾကာင္း ေျပာၾကေၾကးဆုိရင္ေတာ့ အေပၚပုိင္းက အထက္တန္းလႊာေတြၾကားမွာတင္ မျပီးဘဲ ေအာက္ေျခအထိပါ စုိးရိမ္စရာေကာင္းလာတဲ့ အမ်ဳိးသား
လုံျခဳံေရး ရႈေထာင့္ေတြ ရွိေနပါျပီ။ အလြယ္တကူ ျမင္ႏုိင္မယ့္ ရႈေထာင့္ကေန ခြဲျခမ္းစိတ္ျဖာျပရရင္ေတာ့ ရုပ္၀တၱဴပုိင္းဆုိင္ရာ အမ်ဳိးသားလုံျခဳံေရးနဲ ့စိတ္ပုိင္းဆုိင္ရာ အမ်ဳိးသား
လုံျခဳံေရးဆုိတာေတြပါပဲ။ ရုပ္၀တၱဴပုိင္းဆုိင္ရာမွာမွ ျပန္ျပီး ခြဲျခမ္းစိတ္ျဖာရင္ ႏုိင္ငံရဲ ့ေျမပုံအမ်ဳိးသားလုံျခဳံေရးစည္း က်ဳိးေပါက္ျခင္း၊ Food Security နဲ ့ႏုိင္ငံသားတစ္ဦးခ်င္းစီရဲ ့အမ်ဳိးသား
လုံျခဳံေရး က်ဳိးေပါက္ျခင္းဆုိတာ ရွိျပန္ပါတယ္။ ဒီေနရာမွာ ႏုိင္ငံရဲ ့ေျမပုံ အမ်ဳိးသားလုံျခဳံေရးစည္း က်ဳိးေပါက္ျခင္း ဆုိတာကုိ အရင္ဆုံး ရွင္းျပရေစ။ အလြယ္ဆုံးေျပာရရင္ေတာ့ နယ္စပ္ေဒသေတြပါပဲ။ နယ္စပ္ေဒသ နယ္နိမိတ္စည္းမ်ဥ္းေတြဟာ ျခံစည္းရိုးကပ္ ႏုိင္ငံေတြက မသိမသာျဖစ္ေစ၊ သိသိသာသာ ျဖစ္ေစ ခုိးယူမႈေတြ ရွိေနလုိ ့ေျမဧရိယာဆုိင္ရာ ပုိင္ဆုိင္မႈ စည္းကေတာ့ က်ဳိးေပါက္ေနခဲ့တာပါ။ ဒါက ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ပါျပီ။ ယေန ့ထိတုိင္လည္း က်ဳိးေပါက္ေနဆဲပါပဲ။ တရုတ္နယ္စပ္မွာ၊ ထုိင္းနယ္စပ္မွာ၊ ဘဂၤလားေဒ့ရွ္နယ္စပ္မွာ၊ အိႏၵိယ နယ္စပ္မွာ။ ဘယ္နယ္စပ္မွာပဲ ၾကည့္ၾကည့္ ျမန္မာ့ေျမသားေတြဟာ တစ္ဖက္ႏုိင္ငံသားေတြရဲ ့မသိမသာျဖစ္ေစ၊ သိသိသာသာ ျဖစ္ေစ ခုိးယူခံရမႈေတြေၾကာင့္ က်ဳိးေပါက္ခဲ့ရတာပါပဲ။ ပုိဆုိးတာက ေျမသားလုံျခဳံေရးက်ဳိးေပါက္မႈအျပင္ ဘာသာစကားက်ဳိးေပါက္မႈ၊ ဘာသာတရားက်ဳိးေပါက္မႈ၊ ေငြေၾကးက်ဳိးေပါက္မႈနဲ ့ပညာေရးအပါအ၀င္ က႑စုံ က်ဳိးေပါက္မႈေတြကုိ အစုိးရအဆက္ဆက္ မထိန္းႏုိင္ခဲ့ပါဘူး။ ဒီေနရာမွာ တစ္ခုေတာ့ ၾကိဳျပီး သတိေပးပါရေစ။ မေန ့ကအထိ၊ ဒီကေန ့အထိ က်ဳိးေပါက္ေနတာကုိ မကာကြယ္ႏုိင္တာ ျပသနာမရွိပါဘူး။ အခု သိျပီးခ်ိန္ကေန ေနာက္ ဆယ္စုႏွစ္၊ ရာစုႏွစ္မ်ားစြာအထိ မတတ္သာတဲ့ပုံစံနဲ ့လက္ပုိက္ၾကည့္ေနရျပီဆုိရင္ေတာ့ တစ္ႏုိင္ငံလုံးမွာ ျမန္မာ့ေျမ ဆုိတာ အရုပ္ေတာင္ ဆြဲျပစရာ မရွိ ျဖစ္သြားႏုိင္ပါတယ္။ နယ္စပ္ေဒသေတြမွာ ေျမတင္မက၊ ဘာသာ
စကား၊ ဘာသာတရား၊ ေငြေၾကးသာမက အဖုိးတန္ေက်ာက္မ်က္ရတနာေတြပါ လုံျခဳံေရးက်ဳိးေပါက္ခံခဲ့ရျပီးျပီ ျဖစ္တဲ့အတြက္ ႏုိင္ငံေတာ္ရဲ ့ေျမပုံအမ်ဳိးသားလုံျခဳံေရးဟာ အပ်ဳိရည္ပ်က္ခဲ့
ျပီးသား ျပည့္တန္ဆာ ျဖစ္ေနျပီဆုိတာ ျငင္းလုိ ့မရေတာ့ပါဘူး။

သူနဲ ့တစ္ပါတည္းမွာပဲ ဆုိသလုိ Food Security ဟာ တြဲကပ္ျပီး ပါေနျပန္ပါတယ္။ စားသုံးကုန္ဆုိင္ရာ အမ်ဳိးသားလုံျခဳံေရးဟာလည္း အထူးသတိျပဳရမယ့္ က႑အျဖစ္ ရွိေနျပန္ပါတယ္။ လက္ရွိျမန္မာႏုိင္ငံဟာ လူဦးေရသန္း ၅၀ ေက်ာ္ရွိျပီးေတာ့ လာမယ့္ ၁၀ ႏွစ္အတြင္းမွာ သန္း ၆၀ ေက်ာ္သြားဖုိ ့ပဲ ရွိေနပါတယ္။ ဒီလူဦးေရအတြက္ လုံေလာက္ေသာ စားနပ္ရိကၡာကုိ ျမန္မာႏုိင္ငံက လယ္ယာစုိက္ပ်ဳိးေရးက႑က ထိန္းထားႏုိင္တယ္ဆုိသည့္တုိင္ နယ္ျခားစည္းေတြကေန ၀င္လာတဲ့ အရည္အေသြးမမွီ ေစ်းေပါေပါ စားသုံးကုန္ေတြကေန ေပးလာမယ့္ က်န္းမာေရးဆုိင္ရာ ဆုိးက်ဳိးသက္ေရာက္မႈေတြကုိေတာ့ အစုိးရတစ္ရပ္ဟာ ထိန္းထားႏုိင္ဖုိ ့ခက္ခဲပါတယ္။ FDA ဟာ ခုိင္မာတဲ့ အင္စတီက်ဳးရွင္း အျဖစ္ ရွိေနတယ္လုိ ့မယူဆႏုိင္ေတာ့ ၀ိနည္းက်ဳိးေပါက္တဲ့ တစ္နည္းအားျဖင့္ တာ၀န္မေက်ပြန္ႏုိင္ေသးတဲ့ ဌာနအျဖစ္ ရွိေနေသးေတာ့ ျမန္မာႏုိင္ငံတြင္းမွာ ရွိေနတဲ့ စားသုံးကုန္
ေတြရဲ ့ထက္၀က္နီးပါးဟာ အႏၱရာယ္ရွိေသာ အစားအစာအျဖစ္ ပန္းပန္ေနဆဲပါပဲ။ ဒါကုိ မေျဖရွင္းႏုိင္ရင္ေတာ့ ႏုိင္ငံသားတစ္ဦးခ်င္းရဲ ့သက္တမ္းဟာ တုိသထက္ တုိသြားဖုိ ့ပဲ ရွိေနသလုိ
ကမၻာ့သက္တမ္းအတုိဆုံးလူသားမ်ား ရွိရာႏုိင္ငံအျဖစ္ ဂင္းနစ္မွာ မွတ္တမ္း၀င္သြားႏုိင္ပါတယ္။ ဒါဟာလည္း အမ်ဳိးသားလုံျခဳံေရးစည္းက်ဳိးေပါက္ျခင္းတစ္မ်ဳိးပါပဲ။

ေျမပုံအမ်ဳိးသားလုံျခဳံေရးစည္းက်ဳိးေပါက္မႈကေန ဖယ္ခြာျပီးေတာ့ ႏုိင္ငံသားတစ္ဦးခ်င္းစီရဲ ့အမ်ဳိးသားလုံျခဳံေရးက်ဳိးေပါက္ျခင္းဆုိတာကုိ ရွင္းပါဦးမယ္။ ႏုိင္ငံသားတစ္ဦးခ်င္းစီရဲ ့
စိတ္ထဲမွာ ျမန္မာႏုိင္ငံကုိ ခ်စ္ျမတ္ႏုိးစိတ္ ဘယ္ေလာက္အတုိင္းအတာပဲ က်န္ပါေတာ့သလဲ ဆုိတာ စိစစ္ၾကည့္ဖုိ ့လုိပါျပီ။ ျမန္မာကုိ အထင္မၾကီးေတာ့တဲ့ စိတ္ေတြဟာ ႏုိင္ငံသား တစ္ဦးရဲ ့ရင္ထဲမွာ ၀င္ေနရင္ေတာင္ အဲဒါဟာ ႏုိင္ငံသားတစ္ဦးခ်င္းစီရဲ ့အမ်ဳိးသားလုံျခဳံေရး က်ဳိးေပါက္ျခင္းလုိ ့ပဲ ဆုိရမွာပါ။ ဥပမာအားျဖင့္ ေျပာရရင္ သတင္းမီဒီယာ လုပ္ငန္းကုိ ျပည္သူ ့အက်ဳိးျပဳလုပ္ပါတယ္ဆုိတဲ့ သတင္းသမားၾကီးေတြမွာေတာင္ ျမန္မာမီဒီယာကုိ အထင္မၾကီးဘဲ ျပည္ပမီဒီယာကုိသာ အထင္ၾကီးတဲ့ ျဖစ္စဥ္၊ အထင္ၾကီးသလုိပဲ သူရဲ ့ေရးသားမႈေတြ၊ ေမးခြန္းေတြက ျမန္မာဘက္ကဆုိတာ မဟုတ္ေတာ့ဘဲ ေဒၚလာဘက္က ဆုိတဲ့ (သုိ ့မဟုတ္) Self Promotion ဆုိတဲ့ ရႈေထာင့္ဘက္က ရပ္
တည္သြားတဲ့ ျမန္မာႏုိင္ငံသားစစ္စစ္ဆုိသူ မီဒီယာသမားတစ္ဦး ရွိတယ္ဆုိရင္ေတာင္ အဲဒီႏုိင္ငံမွာ ႏုိင္ငံသားတစ္ဦးခ်င္းရဲ ့အမ်ဳိးသားလုံျခဳံေရး က်ဳိးေပါက္မႈဟာ အလုိအေလွ်ာက္ ေမာင္းတင္ျပီးသား ျဖစ္ေနခဲ့ပါျပီ။ ျမန္မာႏုိင္ငံမွာ အဲဒီလုိ မီဒီယာသမားေတြ၊ လူမႈအဖြဲ ့အစည္းေတြ၊ ေငြေၾကးေနာက္ကုိ လုိက္ေနတဲ့ လူ ့အခြင့္အေရးသမားဆုိတဲ့ ပုဂၢိဳလ္ ေတြ အင္အားၾကီးထြားလာေလေလ ႏုိင္ငံသားတစ္ဦးခ်င္းစီရဲ ့အမ်ဳိးသားလုံျခဳံေရးစိတ္ဓါတ္ခြန္အားေတြက ေနာက္ကုိ ဆုတ္ေပးရေလေလပါပဲ။ အရွင္းအလင္းဆုံး ဥပမာကုိ ေျပာရရင္ ၁၈၈၅ ခုႏွစ္က အဂၤလိပ္ကုိ ျမန္မာေတြ စစ္ရႈံးျပီး သီေပါမင္း ပါေတာ္မူျခင္းမွာ ႏုိင္ငံသားတစ္ဦးခ်င္းစီရဲ ့အမ်ဳိးသားလုံျခဳံေရးက်ဳိးေပါက္ခဲ့မႈေတြက အေကာင္းဆုံးေသာ သက္ေသပါပဲ။
ရုပ္၀တၱဴပုိင္းဆုိင္ရာ လုံျခဳံေရးစည္း က်ဳိးေပါက္ျခင္းထက္ ပုိျပီး ေၾကာက္စရာေကာင္းတာကေတာ့ စိတ္ပုိင္းဆုိင္ရာ အမ်ဳိးသားလုံျခဳံေရး က်ဳိးေပါက္ျခင္းပါပဲ။ ျမတ္ဗုဒၶရဲ ့ဆုံးမ
ၾသ၀ါဒေတြမွာ အျမဲတေစ ညႊန္ျပခဲ့တာကေတာ့ " စိတ္ " ဆုိတာပါပဲ။ လူ ့ဘ၀ကုိ စိတ္ဆႏၵေတြက ေမာင္းႏွင္ပါတယ္။ စိတ္က တြန္းပုိ ့ရင္ အရာရာဟာ အဆုိးကုိ ျဖစ္ေစသလုိ အေကာင္းေတြလည္း ျဖစ္ေစႏုိင္ပါတယ္။ အလြယ္ဆုံး ဥပမာကုိ ေျပာရရင္ ကုိယ့္အိမ္မွာ ကုိယ့္မိဘကုိ အထင္မၾကီးေတာ့ဘူး။ ကုိယ့္မိဘကုိ မေလးစားေတာ့ဘူး။ ကုိယ့္
အိမ္ျခံ၀န္းကုိ တန္ဖိုးထားရေကာင္းမွန္းမသိေတာ့ဘူးဆုိရင္ အဲဒီစိတ္နဲ ့ရပ္တည္သြားမယ္ဆုိရင္ ဒါဟာ မိသားစုလုံျခဳံေရးစည္း က်ဳိးေပါက္တာပါပဲ။ ဆုိေတာ့ကာ ျမန္မာႏုိင္ငံဟာ မိသားစု လုံျခဳံေရးစည္း က်ဳိးေပါက္ခဲ့ျပီးသားႏုိင္ငံလား လုိ ့ေမးရပါေတာ့မယ္။ တိတိက်က် ေျပာရရင္ ဟုတ္ပါတယ္။ က်ဳိးေပါက္ေနခဲ့ပါျပီ။ မိသားစုထဲမွာပဲ ကုိယ့္မိသားစု
အသုိက္အျမဳံကုိ တြန္းတင္ဖုိ ့ထက္ ကုိယ္လြတ္ရုန္းဖုိ ့ဆုိတဲ့ အေတြးေတြက စီးပုိးလာတဲ့ ေခတ္တစ္ခုကုိ ျမန္မာေတြ ျဖတ္သန္းေနရပါျပီ။ လူၾကီးသူမကုိ ရုိေသေလးစားမႈ ရွိၾကပါတယ္ဆုိတဲ့ ျမန္မာေတြရဲ ့ျမင့္မားတဲ့ ဂုဏ္ျဒပ္ဟာ တစ္ျဖည္းျဖည္း က်ဳိးေပါက္လာခဲ့ပါျပီ။ ႏုိင္ငံေတာ္ေျမပုံၾကီးတစ္ခုလုံး လုံျခဳံေရးစည္းက်ဳိးေပါက္ခဲ့ရင္ေတာင္ ျပန္ျပီး တုိက္ယူ
လုိ ့ရေကာင္း ရႏုိင္ေပမယ့္ ႏုိင္ငံသားတစ္ဦးခ်င္းစီရဲ ့စိတ္ လုံျခဳံေရးက်ဳိးေပါက္သြားရင္ေတာ့ ေက်ာက္ျပင္ေပၚက်တဲ့ ၾကက္ဥတစ္လုံးလုိ ျဖစ္မွာ ေသခ်ာပါတယ္။ ျမန္မာႏုိင္ငံ လြတ္လပ္ေရး ရခဲ့တာက အေကာင္းဆုံး သက္ေသျဖစ္သလုိ ဗုိလ္ခ်ဳပ္ေအာင္ဆန္း လုပ္ၾကံခံခဲ့ရတာက သမုိင္းရဲ ့သာဓကပါပဲ။ ႏုိင္ငံတစ္ခုလုံး ရုပ္ပုိင္းဆုိင္ရာ လုံျခဳံေရးစည္း က်ဳိးေပါက္ခဲ့မႈေၾကာင့္ ကုိယ့္ထီးကုိယ့္နန္းနဲ ့ဂုဏ္သိကၡာၾကီးမားစြာ ေနလာတဲ့ ျမန္မာႏုိင္ငံဟာ ကၽြန္ဘ၀ကုိ ေရာက္ခဲ့ရပါတယ္။ ဒါေပမယ့္ စိတ္ပုိင္းဆုိင္ရာ လုံျခဳံေရးစည္း ခ်ဳိးဖ်က္ျခင္းမခံရလုိက္ရေသးတဲ့အတြက္
စိတ္ရဲ ့လႈံ ့ေဆာ္အားနဲ ့အတူ ဗုိလ္ခ်ဳပ္ေအာင္ဆန္းေခတ္ မတုိင္မီကတည္းက နယ္ခ်ဲ ့ေတာ္လွန္ေရးဆုိတာေတြ ရွိခဲ့သလုိ ၁၈၈၅ ကေန စျပီး ႏွစ္ေပါင္း ၆၃ ႏွစ္ၾကာတဲ့အခ်ိန္မွာ
စိတ္ရဲ ့လႈံ ့ေဆာ္အားေတြကေန ရတဲ့ ခြန္အားေတြေၾကာင့္ ျမန္မာျပည္ လြတ္လပ္ေရးရခဲ့တာဟာ အေကာင္းဆုံးေသာ သာဓကပါပဲ။
သုိ ့ေပမယ့္ တစ္ခ်ိန္တည္းမွာပဲ လြတ္လပ္ေရးမရခင္ကတည္းက ႏွစ္ေပါင္း ၆၀ ေလာက္ ဆက္တုိက္ဆုိသလုိ စိတ္ပုိင္းဆုိင္ရာ လုံျခဳံေရးစည္းကုိ ဆင့္ကဲဆင့္ကဲ ခ်ဳိးဖ်က္ခဲ့ၾကတဲ့ အဂၤလိပ္ေတြေၾကာင့္ စိတ္ပုိင္းဆုိင္ရာ လုံျခဳံေရးစည္း က်ဳိးပ်က္ခဲ့ၾကတဲ့ ဂဠဳန္ဦးေစာနဲ ့အေပါင္းပါေတြ ေပၚေပါက္ခဲ့လုိ ့သမုိင္းမွာ ျပန္ျပင္လုိ ့မရႏုိင္ေသာ ဆုံးရႈံးမႈၾကီး ျဖစ္ခဲ့ရတာဟာလည္း
အေကာင္းဆုံး သက္ေသပါပဲ။ ဆုိလုိခ်င္တာကေတာ့ ႏုိင္ငံသားတစ္ဦးခ်င္းရဲ ့ရင္ထဲမွာ စိတ္ထဲမွာ တစ္စကၠန္ ့ေလးရဲ ့ဆယ္ပုံတစ္ပုံေသာ အေတြးထဲမွာကုိေတာင္ အမ်ဳိးသားလုံျခဳံေရး
စည္း က်ဳိးပ်က္ခံလုိ ့မျဖစ္ဘူးလုိ ့ေျပာျပခ်င္တာပါ။

ခုႏွစ္ ကာလေတြ ေရႊ ့လ်ားလာျပီးေတာ့ ၂၀ ရာစုေက်ာ္လာျပီးခ်ိန္ ၂၁ ရာစုမွာေတာ့ ကမၻာေပၚမွာရွိတဲ့ ကမၻာ့ႏုိင္ငံအသီးသီးမွာ တစ္ဦးခ်င္းနဲ ့အိမ္တြင္း လုံျခဳံေရးစည္းေတြ က်ဳိးပ်က္ေစမယ့္ အေၾကာင္းတရားေတြ ေပၚေပါက္လာခဲ့ပါတယ္။ လြယ္လြယ္ေျပာရရင္ ၂၀ ရာစုတုန္းက မျဖစ္ထြန္းခဲ့တဲ့ တိတိက်က် ေျပာရရင္ လြန္ခဲ့တဲ့ ႏွစ္ ၃၀ အတြင္းက မျဖစ္ေပၚေသးတဲ့ အေၾကာင္းတရားေတြက ကမၻာၾကီးကုိ ရြာၾကီးတစ္ရြာလုိ ျဖစ္လာေစခဲ့ပါတယ္။ ဒီထက္ပုိျပီး တင္စားရရင္ အိမ္တစ္အိမ္မွာေတာင္ အိမ္ေရွ ့က တစ္ေယာက္က မွာခ်င္တဲ့စကားကုိ အိမ္ေနာက္ေဖးကုိ ေျပးေျပာတာထက္ ျမန္ဆန္တဲ့ ၾကိမ္ႏႈန္းေတြနဲ ့အိမ္ေနာက္ေဖးက လူကုိ သိေစတဲ့ ကြန္ရက္ၾကီးတစ္ခုကုိ ေျပာခ်င္တာပါပဲ။ အလြယ္ဆုံး ဥပမာထပ္ျပီးေျပာရရင္ေတာ့ အိမ္ေရွ ့မွာ လူငယ္တစ္ေယာက္က ေဆာ့ေနရင္းနဲ ့ေခ်ာ္လဲရင္ အိမ္ေနာက္ေဖးက မိသားစု၀င္တစ္ဦးက လာၾကည့္စရာမလုိဘဲ ပုံနဲ ့တကြ ျမင္ႏုိင္
ေစတဲ့အထိ ဖန္တီးပုံေဖာ္သူတုိ ့က အသက္သြင္းေပးႏုိင္ခဲ့တာမ်ဳိးပါ။ စကၠန္ ့ပုိင္း၊ မိနစ္ပုိင္းအတြင္းမွာပဲ ကမၻာကုိ တစ္ပတ္ ပတ္သြားႏုိင္တဲ့အထိ မယုံႏုိင္ေလာက္ေအာင္ ျမန္ဆန္ေသာ သတင္းအခ်က္အလက္ေပးပုိ ့မႈကုိ လူသားေတြက ဖန္တီးခဲ့ၾကတာပါ။ အင္တာနက္ကုိ အေျခခံတဲ့ လူမႈကြန္ရက္က ကမၻာၾကီးကုိ ဖမ္းစားလုိက္ျပီးတဲ့ ေနာက္မွာေတာ့
ကမၻာ့လူဦးေရရဲ ့ထက္၀က္ေက်ာ္ဟာ အတုအေယာင္ကမၻာၾကီးထဲမွာ ကုိယ့္ရဲ ့အခ်က္အလက္ေတြကုိ ေပါ့ေပါ့တန္တန္ သေဘာထားျပီး တင္ၾကပါေတာ့တယ္။ " ကၽြန္ေတာ္တုိ ့
ႏုိင္ငံက လူဦးေရ တစ္ဘီလ်ံေက်ာ္ရွိတယ္။ အဲဒီလူဦးေရကုိ ေဖ့ဘြတ္သုံးခြင့္ေပးလုိက္ရင္ အဲဒီကေနတစ္ဆင့္ လူထုလိႈင္းၾကြလာရင္ ဘယ္လုိထိမ္းမလဲ။ အမ်ဳိးသားလုံျခဳံေရး ရႈေထာင့္အရ
ကၽြန္ေတာ္တုိ ့က ေဖ့ဘြတ္သုံးခြင့္မေပးခဲ့တာ။ ဒါေပမယ့္ ကၽြန္ေတာ္တုိ ့ႏုိင္ငံက ထိန္းခ်ဳပ္ႏုိင္တဲ့ လူမႈကြန္ရက္ေတြကုိေတာ့ ဖြင့္ေပးထားပါတယ္ " လုိ ့တရုတ္ႏုိင္ငံရဲ ့ အၾကီးဆုံးေသာ မီဒီယာၾကီးျဖစ္တဲ့ CIPG ရဲ ့ဒုတိယဥကၠ႒တစ္ဦးက ကၽြန္ေတာ့္ေမးခြန္းကုိ ၂၀၁၄ ခုႏွစ္မွာ ေျဖၾကားဖူးပါတယ္။ တရုတ္ႏုိင္ငံမွာ Wechat အပါအ၀င္ တရုတ္အစုိးရ Cyber Police အဖြဲ ့က ထိန္းခ်ဳပ္ထားတဲ့ လူမႈကြန္
ရက္ေတြကုိ အသုံးျပဳခြင့္ေပးထားပါတယ္။ ေဖ့ဘြတ္၊ တြိစ္တာ၊ ယူက်ဳ ့၊ အင္စတာဂရမ္၊ ဗုိက္ဘာ စတဲ့ အေမရိကန္အေျခစုိက္တဲ့ လူမႈကြန္ရက္ၾကီး
ေတြကုိေတာ့ ထိန္းခ်ဳပ္ရခက္မွာစုိးလုိ ့တရုတ္ႏုိင္ငံက ေပးသုံးခြင့္ မျပဳပါဘူး။ သုိ ့ေပမယ့္ တရုတ္ႏုိင္ငံမွာလည္း အခ်ဳိ ့ေသာ သုံးစြဲခြင့္ေပးသင့္သူေတြကုိ ေဖ့ဘြတ္ သုံးခြင့္ေပးထားတာေတြ ရွိပါတယ္။ တရုတ္ႏုိင္ငံဟာ သူတုိ ့ထိန္းခ်ဳပ္ထားတဲ့ လူမႈကြန္ရက္ေတြမွာေတာ့ လူထုအုံၾကြမႈျဖစ္ေစႏုိင္တဲ့ သတင္းမ်ဳိးကုိ ျမန္ျမန္ဆန္ဆန္ ေဖ်ာက္ဖ်က္ပစ္ႏုိင္ပါတယ္။ ကုိယ္တုိင္ၾကားသိခဲ့ရတဲ့ ျဖစ္စဥ္တစ္ခုဆုိပါစုိ ့။ ၂၀၁၇ တုန္းက ေရာက္ခဲ့တဲ့ ၀ူဟန္ျမိဳ ့မွာ ျပီးခဲ့တဲ့ မတ္လက ေခါင္းျဖတ္လူသတ္မႈျဖစ္ခဲ့ပါတယ္။ ေစ်းသည္ကုိ ေစ်း၀ယ္က ေစ်းစကားေျပာရင္ ေဒါသ
ျဖစ္ျပီး သတ္ျဖတ္ခဲ့တာပါ။ ဒီသတင္းဟာ Wechat ကြန္ရက္မ်ားမွာ ေသြးသံရဲရဲနဲ ့ေခါင္းျဖတ္ခံထားရသူရဲ ့ဓါတ္ပုံနဲ ့တကြ တစ္ဟုန္ထုိး ပ်ံ ့ႏွံ ့သြားခဲ့ပါတယ္။ ဒါေပမယ့္ စတင္ပ်ံ ့
ႏွံ ့ျပီးေတာ့ ေန ့တစ္၀က္ မၾကာခင္မွာပဲ အဲဒီသတင္းကုိ ဘယ္မွာမွ ရွာလုိ ့မရေတာ့ပါဘူး။ တရုတ္အစုိးရ အရာရွိေတြက တရုတ္ႏုိင္ငံတြင္းမွာ ေျပာဖူးတဲ့ စကားရွိပါတယ္။ အင္တာနက္ကုိအေျခခံတဲ့ မည္သည့္ Cyber သတင္းအခ်က္မ်ဳိးကုိ မဆုိ သူတုိ ့မသိခ်င္ေယာင္ေဆာင္ျပီး လႊတ္ေပးရင္သာ ေပးမယ္။ သူတုိ ့တားခ်င္ရင္ ၂၄ နာရီ မေက်ာ္ေစရဘူးဆုိတဲ့ အာမခံ စကားပါပဲ။ လူဦးေရသန္း ၁၄၀၀ နီးပါး ရွိလာျပီျဖစ္တဲ့ တရုတ္ႏုိင္ငံကုိ ထိန္းခ်ဳပ္ဖုိ ့ဟာ အေမရိကန္အေျခစုိက္တဲ့ လူမႈကြန္ရက္ေတြဆုိရင္ မရႏုိင္ဘူးဆိုတာ တရုတ္တုိ ့ေကာင္းေကာင္း သိထားတဲ့အတြက္ ၾကိဳတင္ျပင္ဆင္ခဲ့ၾကတာလုိ ့လည္း သိရပါတယ္။ ဒုတိယကမၻာစစ္ျပီးခ်ိန္ ၁၉၄၅ ခုႏွစ္ေနာက္ပုိင္းကေနစျပီး ေရတြက္ရင္ ႏွစ္
ေပါင္း ၃၀ နီးပါးအၾကာမွာ အင္တာနက္ကုိ အေျခခံတဲ့ လူမႈကြန္ရက္ေတြဟာ ကမၻာၾကီးကုိ လက္နက္မဲ့ သိမ္းပုိက္လုိက္ျပီဆုိတာ အေမရိကန္သမၼတေရြးေကာက္ပဲြက အေကာင္းဆုံးသက္ေသ
ပါပဲ။ ဒီအေၾကာင္းေတြ ေျပာေနတာက အေၾကာင္းအရင္းရွိပါတယ္။

ျမန္မာႏုိင္ငံမွာေတာ့ ေဖ့ဘြတ္ဟာ လူမႈကြန္ရက္ေတြထဲမွာ လူသုံးအမ်ားဆုံးကြန္ရက္ျဖစ္သလုိ ဆက္သြယ္ေရး၀န္ေဆာင္မႈေတြကုိ တံခါးဖြင့္ေပးလုိက္တဲ့ ဦးသိန္းစိန္ အစုိးရရဲ ့၂၀၁၂ ခုႏွစ္က
ေျဖေလ်ာ့မႈ အျပီးမွာ ဖုန္းအသုံးျပဳသူဟာ တစ္ဟုန္ထုိး တုိးတက္ခဲ့ျခင္းနဲ ့တုိက္ရုိက္အခ်ဳိးက်ခဲ့ပါတယ္။ ၂၀၁၀ ျပည့္ႏွစ္မွာ မုိဘုိင္းဖုန္း သုံးစြဲသူ တစ္သိန္းေက်ာ္သာ ရွိရာကေန ၂၀၁၇
ခုႏွစ္မွာေတာ့ ၄၆ သန္းေက်ာ္ရွိလာခဲ့ျပီဆုိတဲ့ တုိးတက္မႈဟာ ကမၻာေပၚမွာ အျမန္ဆုံးေသာ ဒုံးက်ဥ္တစ္စင္းလုိပါပဲ။ ၇ ႏွစ္အတြင္းမွာ အဆေပါင္း ၄၆၀ နီးပါး တုိးတက္ခဲ့တာ ျဖစ္ျပီး ဒီပမာဏထက္ ပုိမ်ားတဲ့ ျမန္မာစာနဲ ့ေဖ့ဘြတ္အသုံးျပဳသူဦးေရကုိ မာ့ခ္ဇူကာဘတ္က ပုိင္ဆုိင္သြားပါတယ္။ သူငုိေစခ်င္ရင္ ျမန္မာေတြ လုိက္ငုိရပါမယ္။ သူ ရယ္ေစခ်င္ရင္ ျမန္မာေတြ လုိက္ရယ္ ရပါေတာ့တယ္။ ျမန္မာ့လူဦးေရဟာ ၅၂ သန္းနီးပါးရွိတယ္ဆုိေပမယ့္ လူတစ္ဦးတည္း အေကာင့္ႏွစ္ခုထက္ မကရွိႏုိင္တဲ့အေနအထားကေန ျမန္မာစာနဲ ့ေဖ့ဘြတ္အသုံးျပဳသူ ဦးေရဟာ
သန္း ၃၀ ေက်ာ္ေနျပီလုိ ့သိရပါတယ္။ ျမန္မာႏုိင္ငံမွာ ေဖ့ဘြတ္အသုံးျပဳသူေတြ တုိးပြားလာမႈဟာလည္း ၂၀၁၀ က အေျခအေနနဲ ့ယွဥ္ရင္ အဆေပါင္း ၁၀၀ ထက္မနည္းရွိခဲ့တယ္လုိ ့
သတင္းအခ်က္အလက္ေတြက ဆုိပါတယ္။ ဒီေနရာမွာ ေမးခြန္းဆန္ဆန္ေျပာခ်င္တာ ရွိလာပါတယ္။ ေဖ့ဘြတ္ဟာ အမ်ဳိးသားလုံျခဳံေရးစည္း က်ဳိးေပါက္ျခင္းကုိ ဦးတည္လာေနျပီလား
ဆုိတာပါပဲ။ တိတိက်က် ေျပာရရင္ေတာ့ လုံး၀ ရာႏႈန္းျပည့္ရဲ ့အလြန္အထိ မွန္ပါတယ္။ အခ်ဳိ ့ေသာ ေခါင္းမာသူေတြကေတာ့ ဆုိပါတယ္။ ေဖ့ဘြတ္ဟာ ဘ၀မဟုတ္ဘူး၊ ေဖ့ဘြတ္ဟာ
ဒုိင္ယာရီမဟုတ္ဘူးေပ့ါ။ ဒါေပမယ့္ ျမန္မာႏုိင္ငံသား ေဖ့ဘြတ္အသုံးျပဳသူ ၉၉ ရာခုိင္ႏႈန္းရဲ ့ရင္ထဲမွာေတာ့ ေဖ့ဘြတ္မသုံးရရင္ ေနသာထုိင္သာ မရွိေတာ့တဲ့အထိ ကုိယ့္ဘ၀ရဲ ့အခ်ိန္ေတြကုိ ေဖ့ဘြတ္က ဖဲ့ယူသိမ္းပုိက္ထားလုိက္ပါတယ္။ ေခါင္းမာစြာနဲ ့ျငင္းဆုိၾကသူမ်ားကုိယ္တုိင္ ေဖ့ဘြတ္ဖြင့္ျပီး မသုံးျဖစ္တဲ့ေန ့က ခပ္ရွားရွားပါပဲ။ ေဖ့ဘြတ္ဟာ ဖြံ ့ျဖိဳးမႈနိမ့္က်တဲ့ ျမန္မာႏုိင္ငံသားေတြကုိ အထူးတလည္စည္းရုံးစရာ မလုိဘဲ အခ်က္အလက္ေပါင္းမ်ားစြာကုိ ျမန္မာအသုံးျပဳသူေတြဆီက ရရွိေနပါတယ္။ အသံုးျပဳသူတစ္ဦးဟာ ကုိယ့္ရဲ ့ကုိယ္ပုိင္အခ်က္အလက္ေတြကုိ၊ ခံစားခ်က္ေတြကုိ၊ ကုိယ္ဘာလုပ္ေနတယ္ဆုိတာကုိ လူမ်ားမ်ား သိရွိျပီး Like , Share နဲ ့မွတ္ခ်က္ျပဳတာေတြကုိ ခံစားခ်င္လုိ ့လြတ္လြတ္လပ္လပ္ ေရးၾကပါတယ္။ ကုိယ္ေရးလုိက္တဲ့
အေၾကာင္းတရားတစ္ခုကေန Like , Share နဲ ့Comment ေတြမ်ားမ်ားရေနျပီဆုိရင္ ဒါဟာ ဘ၀လုိ ့ခံစားလာပါေတာ့တယ္။ တစ္ခ်ိန္တည္းမွာပဲ ရေနက် Like , Share နဲ ့Comment ေတြ ထပ္တုိးလာေစဖုိ ့မေဖာ္ျပသင့္တာေတြကုိပါ ဆက္ျပီး ေဖာ္ျပလာပါေတာ့တယ္။ တစ္ဦးခ်င္းရဲ ့လုံျခဳံေရးစည္းကုိပါ ေဖာ္ျပလာတဲ့အထိ ျမန္မာေတြ အရွက္တရား မဲ့သြားၾကတာမ်ဳိးေတြပါ
ျမင္လာရပါတယ္။ ဒါေတြက လုံျခဳံေရးစည္းက်ဳိးေပါက္ပါတယ္လုိ ့ေျပာရင္ လက္မခံခ်င္သူမ်ားအတြက္ ဥပမာေလးတစ္ခု ေျပာခ်င္ပါတယ္။ ဒီႏွစ္အေစာပုိင္းက ႏုိင္ငံေတာ္သမၼတ ဦးထင္ေက်ာ္
ရဲ ့ခ်င္းျပည္နယ္ ခရီးစဥ္တစ္ခုကုိ ႏုိင္ငံ့ေခါင္းေဆာင္တစ္ဦး လုပ္ၾကံခံရမွာစုိးလုိ ့စႏုိက္ပါအဖြဲ ့က အေ၀းကေန ေတာင္ကုန္းျမင့္ျမင့္တစ္ေနရာကေန ေနရာယူ ကင္း၀ပ္ျပီးေတာ့ လုံျခဳံေရး ယူေပးေနတဲ့ ဓါတ္ပုံတစ္ပုံ လူမႈကြန္ရက္မွာ ပ်ံ ့ႏွံ ့လာပါတယ္။ ဒါဟာ အေကာင္းဆုံးေသာ သာဓက လုံျခဳံေရးစည္းက်ဳိးေပါက္မႈပါပဲ။ အလားတူဆုိသလုိပဲ တပ္မေတာ္စစ္ေၾကာင္းေတြ ခ်ီတဲ့ပုံ၊ တပ္မေတာ္က ထုိးစစ္ဆင္မယ့္ အေၾကာင္းအရာေတြကုိ တပ္မေတာ္သားေဟာင္းေတြက တပ္မေတာ္ကုိ ပရုိမုိးရွင္းဆင္းခ်င္တဲ့ စိတ္နဲ ့ဂုဏ္ယူစြာနဲ ့တင္ျပလုိက္တာေၾကာင့္ G1 အဆင့္အပါအ၀င္ စစ္ဘက္ဆုိင္ရာ ထိပ္တန္းေခါင္းေဆာင္ေတြနဲ ့အဖြဲ ့ဟာ မုိင္းေကၽြးခံလုိက္ရျပီး အသက္ဆုံးရႈံးလုိက္ရတာေတြ ရွိခဲ့ပါတယ္။ ဒါေတြဟာ အေကာင္းဆုံးေသာ သက္ေသပါပဲ။
လူမႈကြန္ရက္ဟာ ဘ၀မဟုတ္ဘူး၊ ဒုိင္ယာရီမဟုတ္ဘူးလုိ ့ေျပာတဲ့စကားဟာ တကယ္မွန္ပါတယ္။ ဘယ္ေနရာမွာ မွန္သလဲဆုိရင္ တစ္ဦးခ်င္းရဲ ့လုံျခဳံေရးမွသည္ ႏုိင္ငံေတာ္လုံျခဳံေရးအထိ
အေရးပါတဲ့ သတင္းအခ်က္အလက္ေတြ ေရးတင္မိခဲ့မယ္ဆုိရင္ ဘ၀မဟုတ္တဲ့ ဒုိင္ယာရီမဟုတ္တဲ့ေနရာမွာ တင္မိလုိ ့ ဘ၀ပါ ပ်က္သြားႏုိင္တဲ့၊ ႏုိင္ငံပါ ပ်က္သြားႏုိင္တဲ့ အေျခအေနမွာဆုိရင္
မွန္တယ္လုိ ့ဆုိလုိခ်င္တာပါ။

ေဖ့ဘြတ္က ႏုိင္ငံေတာ္ရဲ ့အမ်ဳိးသားလုံျခဳံေရးကုိ က်ဳိးေပါက္ေစပါသလား ဆုိရင္။ က်ဳိးေပါက္ေစပါတယ္လုိ ့ထပ္ေျပာခ်င္ပါတယ္။ ဥပမာအားျဖင့္ ႏုိင္ငံေတာ္မွာ အေရးၾကီးတဲ့
ေခါင္းေဆာင္တစ္ဦးကုိ လုပ္ၾကံဖုိ ့ရွိတယ္ဆုိတဲ့ သတင္းမ်ဳိးကုိ အမ်ဳိးသားလုံျခဳံေရးဆုိင္ရာ ေထာက္လွမ္းေရးဗ်ဳရုိက ရရွိထားတယ္ဆုိပါစုိ ့။ ဒီလုိအေရးၾကီး သတင္းေတြ ရွိေနပါလွ်က္နဲ ့ႏုိင္ငံေတာ္အေရးၾကီး ပုဂၢိဳလ္ ဘယ္သြားဖုိ ့ရွိတယ္။ ဘာလုပ္ဖုိ ့ရွိတယ္။ ဘယ္မွာတည္းမယ္ဆုိတာကုိ သူ ့ရဲ ့ေထာက္ကူရုံးအဖြဲ ့က ၀န္ထမ္းတစ္ဦးက သူ ့ရဲ ့ေဖ့ဘြတ္မွာ
တင္လုိက္ျပီ ဆုိပါစုိ ့။ ေသခ်ာပါတယ္။ ႏုိင္ငံေတာ္ရဲ ့အေရးၾကီးပုဂၢိဳလ္ဟာ လုပ္ၾကံခံရမွာပါပဲ။ အတြင္းစည္းထဲကေန ထြက္လာတဲ့ ဓါတ္ပုံေတြ၊ အခ်က္အလက္ေတြဟာ လူမႈကြန္ရက္ေတြမွာ ပြက္ေလာရုိက္ခဲ့တဲ့ ျဖစ္စဥ္ေတြ အမ်ားၾကီး ရွိခဲ့ပါတယ္။ ဒါေတြဟာ မသိလုိက္မသိဘာသာနဲ ့လုံျခဳံေရးစည္းေတြ က်ဳိးေပါက္သြားခဲ့ရတာပါ။ လူမႈကြန္ရက္ဟာ အသုံးခ်တတ္ရင္ ေဆးတစ္လက္ ျဖစ္ေပမယ့္ မသုံးတတ္ရင္ေတာ့ ေဘးျဖစ္ေစပါတယ္။ ပုံမွန္အရ ေတြးရင္ေတာ့ ဘာမွမဟုတ္တဲ့ကိစၥလုိ ့ဆုိေပမယ့္ လူမႈကြန္ရက္ေတြရဲ ့
အေျခခံ စည္းမ်ဥ္းစည္းကမ္းေတြအရ သိပ္ကုိ ေၾကာက္စရာေကာင္းတာကုိ သတိျပဳမိလာပါတယ္။ ဆုိၾကပါစုိ ့။ လူမႈကြန္ရက္ေပၚမွာ တစ္စုံတစ္ေယာက္က သတင္းအခ်က္အလက္အခ်ဳိ ့ကုိ တင္လုိက္တယ္။ အဲဒီတင္လုိက္တဲ့ အခ်က္အလက္ကုိ သူက သူပုိင္တယ္လုိ ့ထင္ေနပါတယ္။ တကယ္ေတာ့ သူ မပုိင္ေတာ့ပါဘူး။ ဥပမာအားျဖင့္ ေဖ့ဘြတ္ေပၚ တင္လုိက္ခ်ိန္မွာ စည္းမ်ဥ္းစည္းကမ္း ဥပေဒမ်ားအရ ေဖ့ဘြတ္ကပဲ ပုိင္သြားပါတယ္။ အဲဒီအခ်က္အလက္ေတြကုိ ေဖ့ဘြတ္အဖြဲ ့အစည္းက စုစည္းျပီး သိမ္းထားပါတယ္။ ျမန္မာ
ႏုိင္ငံက သန္း ၃၀ ေက်ာ္ေသာ ျမန္မာစာနဲ ့အသုံးျပဳသူေတြ တင္တဲ့ အခ်က္အလက္ေပါင္းစုံဟာ ျမန္မာႏုိင္ငံနဲ ့ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြပဲ ျဖစ္ပါတယ္။ ျမန္မာ
ႏုိင္ငံသားေတြရဲ ့စိတ္ေနစိတ္ထားနဲ ့အခ်က္အလက္မ်ဳိးစုံကုိ ဒီအေပၚကေန အေျခခံျပီး ေကာက္ခ်က္ဆြဲလုိ ့ရသြားပါတယ္။ ဒီလုိရသြားတဲ့ အခ်က္အလက္ေတြကုိလည္း ေဖ့ဘြတ္ အဖြဲ ့
အစည္းက ျပန္ျပီး ေရာင္းခ်ပါတယ္။ ျမန္မာႏုိင္ငံအေၾကာင္းကို ေျမျပင္ဆင္းစရာမလုိဘဲ သူ ့ပလက္ေဖါင္းေပၚကေန စစ္တမ္းေကာက္ယူသြားႏုိင္ခဲ့တာကုိ အျခားႏုိင္ငံက အဖြဲ ့
အစည္းတစ္ခုက လုိခ်င္ရင္ သူတုိ ့က ျပန္ေရာင္းေပးပါတယ္။ ဥပမာအားျဖင့္ ကုမၸဏီၾကီးတစ္ခုက သူ ့ထုတ္ကုန္ ျမန္မာျပည္မွာ ျဖန္ ့ဖုိ ့အတြက္ အခ်က္အလက္လုိေနျပီ ဆုိရင္ ေဖ့ဘြတ္အဖြဲ ့အစည္းကေန တစ္ဆင့္၀ယ္ယူျပီးေတာ့ ေကာက္ခ်က္ဆြဲႏုိင္သလုိ၊ ေစ်းကြက္ကုိ သုေတသနလုပ္ျပီး ျမန္မာေတြ ဘာၾကိဳက္တတ္သလဲ ဆုိတဲ့ ဆြဲေဆာင္မႈကေန စျပီး စည္းရုံးဖုိ ့လြယ္သြားပါတယ္။ ႏုိင္ငံေတာ္ရဲ ့အေရးပါတဲ့ အခ်က္အလက္ေတြဆုိရင္ေတာ့ ဒီႏုိင္ငံကုိ ဘယ္လုိသိမ္းပုိက္ရမလဲဆုိတဲ့ သတင္းအခ်က္အလက္ကုိ အင္အားၾကီးႏုိင္ငံေတြအတြက္ ဘုံးေဗာလေအာ ရေနတဲ့ သေဘာပါပဲ။ တစ္ႏုိင္ငံလုံးအေၾကာင္းသိဖုိ ့ကြင္းဆင္းေလ့လာမယ္ဆုိရင္ ဒီေလာက္ျမန္ျမန္ရဖုိ ့မလြယ္လွေပမယ့္ ျမန္မာေတြက ေဖ့ဘြတ္ကုိ ဘ၀လုိ ့ထင္စြာနဲ ့ပဲ
ဘုံးေဗာလေအာ ေပးလုိက္ၾကပါတယ္။ ေဖ့ဘြတ္အဖြဲ ့ဟာ ေပ့ခ်္တစ္ခုက တင္တဲ့ ပုိ ့စ္တစ္ခုကုိ ဘယ္ႏွစ္ေယာက္က ဘယ္ႏွစ္မိနစ္ ဖတ္တယ္။ ဘာေတြ မွတ္ခ်က္ျပဳျပီး ဘယ္လုိ
ရွယ္သြားတယ္။ ဖတ္တဲ့ၾကိမ္ႏႈန္း ဘယ္ေလာက္ရွိတယ္ဆုိတဲ့ Rating အမ်ဳိးမ်ဳိးကုိ လုပ္ေဆာင္ေပးႏုိင္ေနျခင္းက အခ်က္အလက္ ဘယ္လုိစုေဆာင္ထားတယ္ဆုိတာ အေကာင္းဆုံး သက္ေသပါပဲ။

တစ္ခ်ိန္တည္းမွာပဲ ေပ့ခ်္ေတြကေန သုံးစြဲတဲ့ ေဒၚလာေတြဟာ တစ္ရက္ကုိ သိန္းခ်ီပါတယ္။ တစ္ႏွစ္ကုိ ေဒၚလာသန္းရာခ်ီျပီး ျမန္မာ လူမႈကြန္ရက္ အသံုးျပဳသူေတြဆီကေန အက်ဳိးအျမတ္ေတြ သူတုိ ့ရခဲ့ၾကပါတယ္။ သတင္းအခ်က္အလက္ေရာင္းခ်မႈ အပါအ၀င္ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီကေန အခြန္ေကာက္လုိ ့ရမွန္း မသိတဲ့ ျမန္မာျပည္ကုိ သူတို ့အခြန္မေဆာင္ၾကပါဘူး။
ေဖ့ဘြတ္ေပၚမွာ ကမၻာ့အင္အားၾကီး အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ရွိသလုိ၊ တရုတ္သမၼတ ရွီက်င္းဖိန္လည္း ရွိပါတယ္။ ျမန္မာက လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္လည္း
ရွိပါတယ္။ သူတုိ ့ကုိယ္တုိင္ သုံးတာ မဟုတ္ေပမယ့္ သူတုိ ့ရဲ ့Admin ဟာ သူတုိ ့လုိပဲ အခ်က္အလက္ေတာ္ေတာ္မ်ားမ်ားကုိ သိထားတဲ့သူပဲ ျဖစ္ပါတယ္။ ဒါေတြဟာ တကယ့္ကုိ အႏၱရာယ္မ်ားတဲ့ သတင္းအခ်က္အလက္ ကမ္းျပိဳမႈပါပဲ။ ေဖ့ဘြတ္ဟာ လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ရဲ ့ေပ့ခ်္က အခ်က္အလက္ေတြကုိ စုေဆာင္ထားျပီးသားျဖစ္ပါတယ္။ ဒါကုိ တစ္ျခားႏုိင္ငံက အၾကမ္းဖက္တစ္ဦးက လုိခ်င္ရင္ လြယ္လြယ္ရႏုိင္ပါတယ္။ ဒါဟာ ကုိယ္မျမင္လုိက္တဲ့ ရႈေထာင့္ကေန အခ်က္အလက္ က်ဳိးေပါက္မႈပါပဲ။ " အေမရိကန္သမၼတဆုိရင္ ဘယ္ေတာ့မွ Touch ဖုန္းေတြကုိ မသုံးေစဘဲ Bluberry ေတြပဲ သုံးပါတယ္။ ဒါက အခ်က္အလက္က်ဳိးေပါက္မႈကုိ ကာကြယ္တဲ့ သေဘာေၾကာင့္ပါ " လုိ ့နည္းပညာ ကၽြမ္းက်င္သူတစ္ဦးက ကၽြန္ေတာ့္ကုိ ေျပာပါတယ္။ ႏုိင္ငံေတာ္ရဲ ့အမ်ဳိးသားလုံျခဳံေရး ဆုိတဲ့ ေခါင္းစဥ္ဟာ ဒီေလာက္နဲ ့အဆုံးသတ္ဖုိ ့အခ်ိန္တန္လာပါျပီ။ အႏွစ္ခ်ဳပ္အားျဖင့္ ေျပာရရင္ အမ်ဳိးသားလုံျခဳံေရးဆုိတဲ့ ေခါင္း
စဥ္ေအာက္မွာ အမ်ားစုဟာ ႏုိင္ငံေတာ္ေခါင္းေဆာင္၊ စစ္ဘက္ေခါင္းေဆာင္ေတြနဲ ့မဟာဗ်ဳဟာေတြအေၾကာင္းပဲ ေျပးျမင္ၾကပါတယ္။ မူအားျဖင့္ မွန္ပါတယ္။ ႏုိင္ငံေတာ္ရဲ ့အတုိင္ပင္ခံပုဂၢိဳလ္
ေဒၚေအာင္ဆန္းစုၾကည္အတြက္ စိတ္ပူစရာ လုံျခဳံေရးအေျခအေနေတြ ရွိတယ္ဆုိတာ အရင္က ေရးသား သတိေပးခဲ့ျပီး ျဖစ္ပါတယ္။ အခုထိလည္း ဒီသတင္းဟာ လတ္ဆတ္ေနတုန္းပါပဲ။
ဆုိလုိတာက ၾကားေနရဆဲပါပဲ။ စစ္ဘက္ဆုိင္ရာကလည္း ဒါကုိ စုိးရိမ္စြာနဲ ့အထူး ဂရုစုိက္ေနတယ္ဆုိတာလည္း ေရးခဲ့ျပီး ျဖစ္ပါတယ္။ ဘယ္လုိပဲ ျဖစ္ျဖစ္ ႏုိင္ငံ့ေခါင္းေဆာင္တစ္ေယာက္ရဲ ့
လုံျခဳံေရးဟာ ဦးစားေပးရမယ့္ အမ်ဳိးသားလုံျခဳံေရးပါပဲ။

ႏုိင္ငံတစ္ႏုိင္ငံရဲ ့နယ္နိမိတ္ပုိင္နက္ လုံျခဳံေရးဟာလည္း အထူးဦးစားေပးရမယ့္ အမ်ဳိးသားလုံျခဳံေရးပါပဲ။ ႏုိင္ငံတစ္ႏုိင္ငံကုိ အျခား
တစ္ႏုိင္ငံက လုိသလုိအသုံးခ်သြားမယ့္ အေရးကေန ေရွာင္ရွား ေရးဟာလည္း သတိထားရမယ့္ အမ်ဳိးသားလုံျခဳံေရးပါပဲ။ ႏုိင္ငံေတာ္ရဲ ့သတင္းအခ်က္အလက္ မက်ဳိးေပါက္ေရးဟာလည္း
ပုံမွန္ထက္ပုိျပီး စိတ္ပူရမယ့္ အမ်ဳိးသားလုံျခဳံေရးပါပဲ။ ဒီထက္ပုိတာကေတာ့ ႏုိင္ငံသားတစ္ဦးခ်င္းစီရဲ ့ရုပ္၀တၱဴပုိင္းဆုိင္ရာအမ်ဳိးသားလုံျခဳံေရးနဲ ့စိတ္ပုိင္းဆုိင္ရာ အမ်ဳိးသားလုံျခဳံေရးစည္း
မက်ဳိးေပါက္ေစေအာင္ ကာကြယ္ေပးႏုိင္မႈ ဆုိတာပါပဲ။ ဒီအခ်က္အလက္ေတြအားလုံးအတြက္ လက္ရွိမွာ Manual ပုိင္းကုိ ရာႏႈန္းျပည့္ ကုိင္တြယ္ႏုိင္ပါျပီဆုိရင္ နည္းပညာပုိင္းအရ လုံျခဳံေရးစည္း မက်ဳိးေပါက္ေရးကုိ ၾကိဳတင္စဥ္းစား ျပင္ဆင္ထားျပီးပါျပီလားလုိ ့ေမးခြန္းထုတ္ရင္း အဆုံးသတ္လုိက္ပါရေစ။

(ေဆာင္းပါးရွင္က ၂၀၁၇ ခုႏွစ္တြင္ ေရးသားခဲ့ျခင္းျဖစ္ျပီး မွတ္တမ္းမွတ္ရာအျဖစ္ ျပန္လည္ေဖာ္ျပေပးထားျခင္း ျဖစ္ပါသည္)

Related news

© 2021. All rights reserved.