အီရန်အပေါ် အမေရိကန်ရဲ့တိုက်ခိုက်မှုတွေက သမိုင်းကြောင်းကို ပြောင်းလဲစေလိမ့်မယ်လို့ အစ္စရေးဝန်ကြီးချုပ် ပြော

 79

Pika (NP News) - ဇွန် ၂၃

အီရန်အပေါ်လုပ်ဆောင်နေတဲ့ အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေမှာပါဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေအတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ချီးကျူးခဲ့တယ်လို့လည်း သိရပါတယ်။ အမေရိကန်က Fordow၊ Natanz နဲ့ Esfahan မြို့တို့မှာရှိတဲ့ အီရန်ရဲ့နျူကလီးယားစက်ရုံတွေကို ဗုံးကြဲတိုက်ခိုက် မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် နေတန်ရာဟုရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
ဒါ့ပြင် အီရန်အပေါ် အမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာ အရှေ့အလယ်ပိုင်းဒေသအတွက် ငြိမ်းချမ်းပြီး သာယာ ဝပြောတဲ့အနာဂါတ်ဆီကို ဦးဆောင်လမ်းပြနိုင်တဲ့ သမိုင်းကြောင်းတစ်ခုကို ဖန်တီးခဲ့တယ်လို့လည်း နေတန်ရာဟု က ပြောကြားခဲ့ပါတယ်။
နေတန်ရာဟုက “ဂုဏ်ယူပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်။ အီရန်ရဲ့နျူကလီးယားစက်ရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့တဲ့အမေရိကန်ရဲ့ဆုံးဖြတ်ချက်ဟာ သမိုင်းကြောင်းကို ပြောင်းလဲစေပါလိ့မ်မယ်” လို့ ပြောခဲ့ပါတယ်။
အမေရိကန်နိုင်ငံဟာ အီရန်အပေါ် ဗုံးကြဲတိုက်ခိုက်မှုတွေကို ဇွန်လ(၂၁)ရက်နှောင်းပိုင်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး အီရန်ရဲ့နျူကလီးယားစက်ရုံ အနည်းဆုံး(၃)ခုကို ထိမှန်ခဲ့တယ်လို့လည်း သိရပါတယ်။ အမေရိကန်ရဲ့ ရေငုပ်သင်္ဘောတွေဟာ Natanz နဲ့ Isfahan မြို့တို့ကို ဒါဇင်နဲ့ချီတဲ့ Tomahawk ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်နေစဉ်အချိန်အတွင်း B 2 ကိုယ်ပျောက်ဗုံးကြဲလေယာဉ်တွေက Fordow မြို့ကို ဘန်ကာဖောက်ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အီရန္အေပၚ အေမရိကန္ရဲ႕တိုက္ခိုက္မႈေတြက သမိုင္းေၾကာင္းကို ေျပာင္းလဲေစလိမ့္မယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ ေျပာ
Pika (NP News) - ဇြန္ ၂၃

အီရန္အေပၚလုပ္ေဆာင္ေနတဲ့ အစၥေရးရဲ႕ဗုံးႀကဲတိုက္ခိုက္မႈေတြမွာပါဝင္ဖို႔ ဆုံးျဖတ္ခဲ့တဲ့ဆုံးျဖတ္ခ်က္ေတြအတြက္ အေမရိကန္သမၼတေဒၚနယ္ထရမ့္ကို အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ခ်ီးက်ဴးခဲ့တယ္လို႔လည္း သိရပါတယ္။ အေမရိကန္က Fordow၊ Natanz နဲ႔ Esfahan ၿမိဳ႕တို႔မွာရွိတဲ့ အီရန္ရဲ႕န်ဴကလီးယားစက္႐ုံေတြကို ဗုံးႀကဲတိုက္ခိုက္ မႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ေနတန္ရာဟုရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။
ဒါ့ျပင္ အီရန္အေပၚ အေမရိကန္ရဲ႕တိုက္ခိုက္မႈေတြဟာ အေရွ႕အလယ္ပိုင္းေဒသအတြက္ ၿငိမ္းခ်မ္းၿပီး သာယာ ဝေျပာတဲ့အနာဂါတ္ဆီကို ဦးေဆာင္လမ္းျပႏိုင္တဲ့ သမိုင္းေၾကာင္းတစ္ခုကို ဖန္တီးခဲ့တယ္လို႔လည္း ေနတန္ရာဟု က ေျပာၾကားခဲ့ပါတယ္။
ေနတန္ရာဟုက “ဂုဏ္ယူပါတယ္။ အေမရိကန္သမၼတေဒၚနယ္ထရမ့္။ အီရန္ရဲ႕န်ဴကလီးယားစက္႐ုံေတြကို ပစ္မွတ္ထားတိုက္ခိုက္ဖို႔ဆုံးျဖတ္ခဲ့တဲ့အေမရိကန္ရဲ႕ဆုံးျဖတ္ခ်က္ဟာ သမိုင္းေၾကာင္းကို ေျပာင္းလဲေစပါလိ့မ္မယ္” လို႔ ေျပာခဲ့ပါတယ္။
အေမရိကန္ႏိုင္ငံဟာ အီရန္အေပၚ ဗုံးႀကဲတိုက္ခိုက္မႈေတြကို ဇြန္လ(၂၁)ရက္ေႏွာင္းပိုင္းက လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး အီရန္ရဲ႕န်ဴကလီးယားစက္႐ုံ အနည္းဆုံး(၃)ခုကို ထိမွန္ခဲ့တယ္လို႔လည္း သိရပါတယ္။ အေမရိကန္ရဲ႕ ေရငုပ္သေဘၤာေတြဟာ Natanz နဲ႔ Isfahan ၿမိဳ႕တို႔ကို ဒါဇင္နဲ႔ခ်ီတဲ့ Tomahawk ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္ တိုက္ခိုက္ေနစဥ္အခ်ိန္အတြင္း B 2 ကိုယ္ေပ်ာက္ဗုံးႀကဲေလယာဥ္ေတြက Fordow ၿမိဳ႕ကို ဘန္ကာေဖာက္ဗုံးေတြ ႀကဲခ်တိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.