ကျွန်းလှမြို့နယ်တွင် PDF တပ်ဖွဲ့များအား ချည်းကပ်ဖမ်းဆီးရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်လုပ်သေနတ်များနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိဟုဆို

 1398

NP News - မတ် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ဝေလမူကျေးရွာတွင် PDF တပ်ဖွဲ့များရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ချည်းကပ်ဖမ်းဆီးရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်လုပ်သေနတ်များနှင့်ဆက်စပ် ပစ္စည်းများစွာဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ အဆို ပါထိတွေ့တိုက်ပွဲ၌ စစ်ကောင်စီက Mi 35 ရဟတ်ယာဉ်နှစ်စီးသုံး၍ တိုက်ခိုက်ခဲ့ကြောင်း လူမှုကွန်ယက်ပေါ်တွင် သတင်းများထွက်ပေါ်နေ သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတ်လ ၁ ရက်၊ မွန်းလွဲပိုင်းတွင် အဆိုပါကျေးရွာအားလိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာ၏တောင်ဘက်မှ ချဉ်းကပ်ခဲ့ရာ ကျေးရွာတွင်းရောက်ရှိခိုအောင်းနေသည့် လက်နက်ကိုင်တပ်ဖွဲ့များနှင့် အပြန်အလှန် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်များမှာ ကျေးရွာ၏အနောက်မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း၊ ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ် စဉ်ဖြစ်ပွားရာနေရာ အနီးတစ်ဝိုက်အား အသေးစိတ်စစ်ဆေးခဲ့ရာ လက်လုပ်သေနတ်မျိုးစုံ (၇) လက်၊ လက်လုပ်စိန်ပြောင်း (၄) လက်၊ အမ်-၂၂ ကျည် (၁ဝ၈) တောင့်၊ ၎င်းကျည်အိမ် (၂) ခု၊ လက်ပစ်ဗုံး (၁) လုံး၊ လက်လုပ် လက်ပစ်ဗုံး (၆၈) လုံး၊ လက်လုပ်မိုင်းမျိုးစုံ (၁၆) လုံးနှင့် မိုင်းနှင့် လက်လုပ်သေနတ် ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လမ်းလျှောက် စကားပြောစက် (၃) လုံး၊ KIA/PDF လက် မောင်းတံဆိပ်ပါ ပြောက်ကျားယူနီဖောင်း (၃) ထည်၊ PDF လက်မောင်း တံဆိပ်ပါ ယူနီဖောင်း (၁) စုံ နှင့် ဆေးမျိုးစုံ (၂) ဖာ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကောင်စီသတင်းမှန်ပြန်ကြားရေး၏ မတ်လ ၁ ရက်ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အဆိုပါလက်နက်ကိုင်များအနေဖြင့် ယခုကဲ့သို့ စစ်ရေးနှင့်သက်ဆိုင်သည့် ပစ်မှတ်များမဟုတ်သည့် ဘာသာရေး၊ ပညာရေးဆိုင်ရာ အ ဆောက်အဦများနှင့် လူနေအိမ်များအား အကာအကွယ်ရယူပစ်ခတ်တိုက်ခိုက်ခြင်း၊ စခန်းချ အခြေပြုအကာအကွယ်ယူတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန်ရာရောက်ပြီး အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာတည်ဆဲဥပဒေများဖြင့် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

zawgyi version
ကြၽန္းလွၿမိဳ႕နယ္တြင္ PDF တပ္ဖြဲ႕မ်ားအား ခ်ည္းကပ္ဖမ္းဆီးရာ ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ၿပီး လက္လုပ္ေသနတ္မ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ား ဖမ္းမိဟုဆို
NP News - မတ္ ၂
စစ္ကိုင္းတိုင္းေဒသႀကီး၊ ကြၽန္းလွၿမိဳ႕နယ္၊ ေဝလမူေက်း႐ြာတြင္ PDF တပ္ဖြဲ႕မ်ားေရာက္ရွိေနေၾကာင္းသတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ခ်ည္းကပ္ဖမ္းဆီးရာ ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ၿပီး လက္လုပ္ေသနတ္မ်ားႏွင့္ဆက္စပ္ ပစၥည္းမ်ားစြာဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္။ အဆို ပါထိေတြ႕တိုက္ပြဲ၌ စစ္ေကာင္စီက Mi 35 ရဟတ္ယာဥ္ႏွစ္စီးသုံး၍ တိုက္ခိုက္ခဲ့ေၾကာင္း လူမႈကြန္ယက္ေပၚတြင္ သတင္းမ်ားထြက္ေပၚေန သည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက မတ္လ ၁ ရက္၊ မြန္းလြဲပိုင္းတြင္ အဆိုပါေက်း႐ြာအားလိုအပ္သည့္ စစ္ေဆးမႈမ်ားေဆာင္႐ြက္ႏိုင္ေရးအတြက္ ေက်း႐ြာ၏ေတာင္ဘက္မွ ခ်ဥ္းကပ္ခဲ့ရာ ေက်း႐ြာတြင္းေရာက္ရွိခိုေအာင္းေနသည့္ လက္နက္ကိုင္တပ္ဖြဲ႕မ်ားႏွင့္ အျပန္အလွန္ ထိေတြ႕မႈျဖစ္ပြားခဲ့ၿပီး လက္နက္ကိုင္မ်ားမွာ ေက်း႐ြာ၏အေနာက္ေျမာက္ဘက္သို႔ ဆုတ္ခြာ ထြက္ေျပးသြားခဲ့ေၾကာင္း၊ ဆက္လက္၍ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျဖစ္ စဥ္ျဖစ္ပြားရာေနရာ အနီးတစ္ဝိုက္အား အေသးစိတ္စစ္ေဆးခဲ့ရာ လက္လုပ္ေသနတ္မ်ိဳးစုံ (၇) လက္၊ လက္လုပ္စိန္ေျပာင္း (၄) လက္၊ အမ္-၂၂ က်ည္ (၁ဝ၈) ေတာင့္၊ ၎က်ည္အိမ္ (၂) ခု၊ လက္ပစ္ဗုံး (၁) လုံး၊ လက္လုပ္ လက္ပစ္ဗုံး (၆၈) လုံး၊ လက္လုပ္မိုင္းမ်ိဳးစုံ (၁၆) လုံးႏွင့္ မိုင္းႏွင့္ လက္လုပ္ေသနတ္ ျပဳလုပ္ရာတြင္ အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ား၊ လမ္းေလွ်ာက္ စကားေျပာစက္ (၃) လုံး၊ KIA/PDF လက္ ေမာင္းတံဆိပ္ပါ ေျပာက္က်ားယူနီေဖာင္း (၃) ထည္၊ PDF လက္ေမာင္း တံဆိပ္ပါ ယူနီေဖာင္း (၁) စုံ ႏွင့္ ေဆးမ်ိဳးစုံ (၂) ဖာ တို႔အား သိမ္းဆည္းရမိခဲ့ေၾကာင္း စစ္ေကာင္စီသတင္းမွန္ျပန္ၾကားေရး၏ မတ္လ ၁ ရက္ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

အဆိုပါလက္နက္ကိုင္မ်ားအေနျဖင့္ ယခုကဲ့သို႔ စစ္ေရးႏွင့္သက္ဆိုင္သည့္ ပစ္မွတ္မ်ားမဟုတ္သည့္ ဘာသာေရး၊ ပညာေရးဆိုင္ရာ အ ေဆာက္အဦမ်ားႏွင့္ လူေနအိမ္မ်ားအား အကာအကြယ္ရယူပစ္ခတ္တိုက္ခိုက္ျခင္း၊ စခန္းခ် အေျချပဳအကာအကြယ္ယူတိုက္ခိုက္ျခင္းသည္ ဂ်ီနီဗာကြန္ဗင္းရွင္းႏွင့္ အျပည္ျပည္ဆိုင္ရာဥပေဒတို႔အရ စစ္ရာဇဝတ္မႈက်ဴးလြန္ရာေရာက္ၿပီး အဆိုပါရာဇဝတ္မႈမ်ားအတြက္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ ရာဇသတ္ႀကီးႏွင့္ သက္ဆိုင္ရာတည္ဆဲဥပေဒမ်ားျဖင့္ ထိေရာက္စြာအေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

Related news

© 2021. All rights reserved.