ကိုဗစ်ကူးစက် သေဆုံးမှုတွေ တိုးလာတာကြောင့် ဟောင်ကောင်ရှိ ရေခဲတိုက်တွေက မိုဘိုင်းရေခဲသေတ္တာတွေ အသုံးပြုလာရ
                        
                            
                             
 636
 
                             
                            
                            
                         
                        
ရောင်နီ (NP News) - မတ် ၅
ဟောင်ကောင်မှာ အဆိုးရွားဆုံး Covid-19 ကူးစက်မှု လှိုင်းလုံးကြီးကြား ကပ်ရောဂါ အစောပိုင်းကာလကဲ့သို့ လူသေဆုံးမှု များပြားနေတာကြောင့် ရေခဲတိုက်များမှာ အလောင်းများကို သိမ်းဆည်းဖို့ မိုဘိုင်းရေခဲသေတ္တာများကို ဖြန့်ကျက်ချထားပြီး ကူးစက်ရောဂါကို တိုက်ဖျက်လျက်ရှိနေပါတယ်။ 
      
ဟောင်ကောင်ရဲ့ ကိုဗစ်ကူးစက်မှု အခြေအနေတွေဟ ကမ္ဘာပေါ်မှာ အမြင့်ဆုံး ပိုးကူးစက်သေဆုံးမှုဖြစ်နေပါတယ်။ ကာကွယ်ဆေး မထိုးရသေးတဲ့ သက်ကြီးရွယ်အိုများမှာ သေဆုံးမှုမြင့်တက်နေပြီး မသန်စွမ်းသူများရဲ့ ရိပ်သာများအပါအဝင် ပြုစုစောင့်ရှောက်ရေးဌာန ၇၅ဝ ကျော်မှာ ဗိုင်းရပ်စ်ပျံ့နှံ့မှုမှာ ပိုမိုဆိုးရွားလာနိုင်မယ့် စိုးရိမ်မှုများဖြစ်ပေါ်စေခဲ့ပါတယ်။ 
မြို့တော်ဟာ မတ်လအစမှာ နေရာပေါင်း ၁၃၅ဝ ခန့်မှာရှိ ကိုဗစ်ကုသေရေး နေရာများနဲ့ ၎င်းရဲ့ဗိုင်းရပ်စ်ကူးစက်မှုအပေါ် ကိုင်တွယ်နိုင်စွမ်းကို မြှင့်တင်ဖို့ကြိုးပမ်းနေပြီး ကျန်းမာရေးဦးစီးဌာနဟာ အေးခန်းကွန်တိန်နာများအပါအဝင် လူသေအလောင်း ၃ဝဝ အတွက် သိုလှောင်ရန် သီး သန့် အသုဘအဆောင်များနဲ့ ဆေးရုံများကို အသုံးပြုလျက်ရှိပါတယ်။ 
ဖုရှန် ရေခဲတိုက်မှာ နေရာလပ်တစ်ခု ဆက်လက်ဆောက်လုပ်နေပြီး ယင်းအဆောက်အဦး ပြီးစီးရင်တော့ နောက်ထပ် နေရာ ၈ဝဝ ခန့် ထားရှိနိုင်မယ်လို့ သိရပါတယ်။ ရုပ်အလောင်း ၅ဝဝ ခန့်ကို ယာယီ သိမ်းဆည်းနိုင်ရန်အတွက် အအေးခန်း ကွန်တိန်နာများကို ဆေးရုံများသို့ ပို့ဆောင်ထားပြီး လိုအပ်ပါက အအေးခန်း ကွန်တိန်နာများကို ပိုမိုအသုံးပြုဖို့ ရွေးချယ်သွားမယ်လို့ တာဝန်ရှိသူများက သောကြာနေ့(မတ်လ ၄ ရက်) မှာ ပြောကြားခဲ့ပါတယ်။ ကပ်ရောဂါဖြစ်ပွားပြီး နှစ်နှစ်ကျော်ကြာမှာ ဟောင်ကောင် ကျန်းမာရေး စောင့်ရှောက်မှုစနစ်ဟာ ရောဂါဖြစ်ပွားမှုများကြောင့် ရှုပ်ထွေးနေပါတယ်။ ယင်းအပြင် မြို့တော်ကို လော့ဒေါင်းချရလောက်တဲ့ အဆင့်ထိ ရောက်သွားနိုင်ခြင်းကြောင့်  စူပါမားကတ်စင်တာများမှာ ထိတ်လန့်တကြား ဝယ်ယူမှုများရှိနေတယ်လို့ သိရပါတယ်။
                     
                        
                                                                    
zawgyi version
ရောင်နီ (NP News) - မတ် ၅
      