Squid Game မင်းသမီး ဂျန်းဟိုယွန်းက အော်စကာဆုရှင် မင်းသမီး ကိတ်ဘလန်ချတ်နှင့်အတူ Apple TV စီးရီးသစ်တွင်တွဲဖက်သရုပ်ဆောင်မည်

 955

ရောင်နီ (NP News) - မတ် ၁၉
Netflix ရဲ့ Squid Game (2021) ရဲ့ အအောင်မြင်ဆုံး ကြယ်ပွင့်ဖြစ်ခဲ့တဲ့ တောင်ကိုရီးယားမင်းသမီး ဂျန်းဟိုယွန်းဟာ ၎င်းရဲ့နောက်ထပ် ရုပ်သံဇာတ်လမ်းတွဲမှာ အော်စကာဆုရှင် ကိတ်ဘလန်ချတ်နဲ့အတူ တွဲဖက် သရုပ်ဆောင်မှာ ဖြစ်တယ်လို့သိရပါတယ်။

အသက် ၂၇ နှစ် ရှိပြီဖြစ်တဲ့ Squid Game သရုပ်ဆောင် ဂျန်းဟိုယွန်းဟာ Apple TV+ streaming service ဖြစ်တဲ့ Disclaimer စီးရီးမှာ ပါဝင်သရုပ်ဆောင်ထားကြောင်း အမေရိကန်ဖျော်ဖြေရေး ထုတ်ဝေမှု Deadline က မတ်လ ၁၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။

Elizabeth (1998) နဲ့ The Aviator (2004) အပါအဝင် နာမည်ကြီး ဇာတ်လမ်းတွဲကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ဘလန်းချတ်ဟာ အကျင့်ပျက်အဖွဲ့အစည်းများကို ဖော်ထုတ်တဲ့ အထူးစုံစမ်းစစ်ဆေးရေး သတင်းထောက် Catherine Ravenscroft အဖြစ် သရုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဟိုယွန်းကတော့ Ravenscroft နဲ့ အလုပ်လုပ်နေပြီး ရည်မှန်း ချက်ကြီးသော၊ အလုပ်ကြိုးစားပြီး စိတ်အားထက်သန်သော အမျိုးသမီးငယ် Kim အဖြစ် သရုပ်ဆောင်မှာဖြစ်ကြောင်း Deadline က ဆိုပါတယ်။

ဒီဇာတ်လမ်းတွဲမှာ ဝါရင့်မင်းသား Kevin Kline ၊ Sacha Baron Cohen နဲ့ Kodi Smit-McPhee တို့လည်း ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ အဆိုပါ စီးရီးဟာ စာရေးဆရာ Renee Knight ရဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားကို အခြေခံထားပြီး ဒါရိုက်တာကတော့ Netflix ဒရာမာ Roma (2018) နဲ့ ဒါရိုက်တာ အကယ်ဒမီဆုရရှိခဲ့တဲ့ မက္ကဆီကို အနုပ ညာရှင် ဒါရိုက်တာ Alfonso Cuaron ဖြစ်တယ်လို့ သိရပါတယ်။

ဟိုယွန်းဟာ ယခင်က ဖက်ရှင်မော်ဒယ်တစ်ဦးဖြစ်ပြီး နာမည်ကျော် Squid Game ဇာတ်လမ်းတွဲမှာ မြောက်ကိုရီးယားသူ ကမ်ဆယ်ဗြောအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ကာ သူမရဲ့သရုပ်ဆောင်ချက်များအပေါ် ချီးကျူးမှုများစွာ ရရှိခဲ့ပါတယ်။ သူမဟာ အကောင်းဆုံးသရုပ်ဆောင်မှုအတွက် Screen Actors Guild (SAG) ဆုကိုလည်းလောလောလတ် လတ် ရရှိထားသူဖြစ်ပါတယ်။ သူမနဲ့အတူ Squid Game မှာတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Lee Jung-jae ကလည်း ဒီဇာတ်ကားရဲ့ အ ကောင်းဆုံးမင်းသားဆုကိုဆွတ်ခူးခဲ့ပြီး SAG ဆုပေးပွဲမှာ ပထမဆုံးဆုရရှိခဲ့တဲ့ ကိုရီးယားစီးရီးတစ်ခုဖြစ်ပါတယ်။

zawgyi version
Squid Game မင္းသမီး ဂ်န္းဟိုယြန္းက ေအာ္စကာဆုရွင္ မင္းသမီး ကိတ္ဘလန္ခ်တ္ႏွင့္အတူ Apple TV စီးရီးသစ္တြင္တြဲဖက္သ႐ုပ္ေဆာင္မည္
ေရာင္နီ (NP News) - မတ္ ၁၉

Netflix ရဲ႕ Squid Game (2021) ရဲ႕ အေအာင္ျမင္ဆုံး ၾကယ္ပြင့္ျဖစ္ခဲ့တဲ့ ေတာင္ကိုရီးယားမင္းသမီး ဂ်န္းဟိုယြန္းဟာ ၎ရဲ႕ေနာက္ထပ္ ႐ုပ္သံဇာတ္လမ္းတြဲမွာ ေအာ္စကာဆုရွင္ ကိတ္ဘလန္ခ်တ္နဲ႔အတူ တြဲဖက္သ႐ုပ္ေဆာင္မွာ ျဖစ္တယ္လို႔သိရပါတယ္။

အသက္ ၂၇ ႏွစ္ ရွိၿပီျဖစ္တဲ့ Squid Game သ႐ုပ္ေဆာင္ ဂ်န္းဟိုယြန္းဟာ Apple TV+ streaming service ျဖစ္တဲ့ Disclaimer စီးရီးမွာ ပါဝင္သ႐ုပ္ေဆာင္ထားေၾကာင္း အေမရိကန္ေဖ်ာ္ေျဖေရးထုတ္ေဝမႈ Deadline က မတ္လ ၁၇ ရက္မွာ ေဖာ္ျပခဲ့ပါတယ္။

Elizabeth (1998) နဲ႔ The Aviator (2004) အပါအဝင္ နာမည္ႀကီး ဇာတ္လမ္းတြဲၾကယ္ပြင့္တစ္ဦးျဖစ္တဲ့ ဘလန္းခ်တ္ဟာ အက်င့္ပ်က္အဖြဲ႕အစည္းမ်ားကို ေဖာ္ထုတ္တဲ့ အထူးစုံစမ္းစစ္ေဆးေရး သတင္းေထာက္ Catherine Ravenscroft အျဖစ္ သ႐ုပ္ေဆာင္မွာျဖစ္တယ္လို႔ သိရပါတယ္။ ဟိုယြန္းကေတာ့ Ravenscroft နဲ႔ အလုပ္လုပ္ေနၿပီး ရည္မွန္း ခ်က္ႀကီးေသာ၊ အလုပ္ႀကိဳးစားၿပီး စိတ္အားထက္သန္ေသာ အမ်ိဳးသမီးငယ္ Kim အျဖစ္ သ႐ုပ္ေဆာင္မွာျဖစ္ေၾကာင္း Deadline က ဆိုပါတယ္။

ဒီဇာတ္လမ္းတြဲမွာ ဝါရင့္မင္းသား Kevin Kline ၊ Sacha Baron Cohen နဲ႔ Kodi Smit-McPhee တို႔လည္း ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။ အဆိုပါ စီးရီးဟာ စာေရးဆရာ Renee Knight ရဲ႕ သည္းထိတ္ရင္ဖိုဇာတ္ကားကို အေျခခံထားၿပီး ဒါ႐ိုက္တာကေတာ့ Netflix ဒရာမာ Roma (2018) နဲ႔ ဒါ႐ိုက္တာ အကယ္ဒမီဆုရရွိခဲ့တဲ့ မကၠဆီကို အႏုပ ညာရွင္ ဒါ႐ိုက္တာ Alfonso Cuaron ျဖစ္တယ္လို႔ သိရပါတယ္။

ဟိုယြန္းဟာ ယခင္က ဖက္ရွင္ေမာ္ဒယ္တစ္ဦးျဖစ္ၿပီး နာမည္ေက်ာ္ Squid Game ဇာတ္လမ္းတြဲမွာ ေျမာက္ကိုရီးယားသူ ကမ္ဆယ္ေျဗာအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ကာ သူမရဲ႕သ႐ုပ္ေဆာင္ခ်က္မ်ားအေပၚ ခ်ီးက်ဴးမႈမ်ားစြာ ရရွိခဲ့ပါတယ္။ သူမဟာ အေကာင္းဆုံးသ႐ုပ္ေဆာင္မႈအတြက္ Screen Actors Guild (SAG) ဆုကိုလည္းေလာေလာလတ္ လတ္ ရရွိထားသူျဖစ္ပါတယ္။ သူမနဲ႔အတူ Squid Game မွာတြဲဖက္သ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသား Lee Jung-jae ကလည္း ဒီဇာတ္ကားရဲ႕ အ ေကာင္းဆုံးမင္းသားဆုကိုဆြတ္ခူးခဲ့ၿပီး SAG ဆုေပးပြဲမွာ ပထမဆုံးဆုရရွိခဲ့တဲ့ ကိုရီးယားစီးရီးတစ္ခုျဖစ္ပါတယ္။

Related news

© 2021. All rights reserved.