ရွှေကျင်သာသနာပိုင်ဆရာတော် ဘဒ္ဒန္တဝိဇ္ဇောတ၏ အန္တိမအဂ္ဂိဈာပနကို သုဝဏ္ဍဘူမိ Even Park ၌ကျင်းပမည်

920

မျိုးကြီး (NP News) - မတ် ၂၁
ရွှေကျင်သာသနာပိုင်ဆရာတော် ဘဒ္ဒန္တဝိဇ္ဇောတ၏ ရုပ်ကလာပ်တော်ကို မတ်လ ၂၂ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဍဘူမိ Even Park ၌ အန္တိမအဂ္ဂိဈာပနသဘင်ကျင်းပမည်ဖြစ်သည်။
လက်ရှိတွင် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို ဝိဇ္ဇောတာရုံစာသင်တိုက်၌ထားရှိပြီး ရုပ်ကလာပ်တော်ကို မတ်လ ၂၂ ရက် နေ့လည် ၁၂ နာရီအချိန်တွင် စာသင်တိုက်၌ အန္တိမဈာပနသာဓုကီဠနပူဇော်ပွဲသဘင်ဆင်ယင်ကျင်းပပြီး ညနေပိုင်းတွင် သုဝဏ္ဍဘူမိ Even Park သို့ပင့် ဆောင်ကာ အန္တိမအဂ္ဂိဈာပနသဘင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်၊ ဝိဇ္ဇောတာရုံစာသင်တိုက် ဦးစီးပဓာန မဟာနာယက၊ ရွှေကျင်နိကာယာဓိပတိ ဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ ပန္နရသမရွှေကျင်သာသနာပိုင်ဆရာတော်ဘဒ္ဒန္တဝိဇ္ဇောတသည် သက်တော် ၉၃ နှစ်၊ ဝါတော် ၇၃ ဝါရှိပြီဖြစ်ကာ မတ်လ ၂၀ ရက် နံနက် ၂ နာရီ ၁၂ မိနစ်အချိန်တွင် ပျံလွန်တော်မူခဲ့သည်။
ဆရာတော်ဘဒ္ဒန္တဝိဇ္ဇောတသည် မွန်ပြည်နယ်၊ မုဒုံမြို့၊ စာစင်ရပ်၊ ခမည်းတော် ဦးနု၊ မယ်တော် ဒေါ်ထားတို့မှ ၁၂၉၁ ခုနှစ်၊ တပေါင်းလဆန်း (၇) ရက် ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူခဲ့သည်။
ဆရာတော်ကြီးသည် ပါဠိတက္ကသိုလ်ကထိက၊ ဂိုဏ်းပေါင်းစုံသံဃအ စည်းအဝေး ပထမအကြိမ် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ဝိနည်းဓိုရ် (ရွှေကျင်)၊ ဒုတိယအကြိမ်၊ တတိယအကြိမ် မရမ်းကုန်းမြို့နယ် သံယနာယကအဖွဲ့ (ရွှေကျင်) ဥက္ကဋ္ဌ၊ ကမ္ဘာအေးစေတီတော် သြဝါဒစရိယ၊ ရွှေကျင်နိကာယဂိုဏ်းလုံးဝန်ဆောင်၊ ရန်ကုန်တိုင်း ဝိနည်းပြန်ဌာန ဒုတိယဂိုဏ်းချုပ်ဆရာတော်အဖြစ် သာသနာ့တာဝန်များကို ထမ်းဆောင်ခဲ့သည်။
ထို့ပြင် ဆရာတော်ဘဒ္ဒန္တဝိဇ္ဇောတသည် နိုင်ငံတော်ကပေးအပ်သည့် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်ကိုလည်း ရရှိခဲ့သည်။

zawgyi version
ေ႐ႊက်င္သာသနာပိုင္ဆရာေတာ္ ဘဒၵႏၲဝိေဇၨာတ၏ အႏၲိမအဂၢိဈာပနကို သုဝ႑ဘူမိ Even Park ၌က်င္းပမည္
မ်ိဳးႀကီး (NP News) - မတ္ ၂၁
ေ႐ႊက်င္သာသနာပိုင္ဆရာေတာ္ ဘဒၵႏၲဝိေဇၨာတ၏ ႐ုပ္ကလာပ္ေတာ္ကို မတ္လ ၂၂ ရက္ ညေနပိုင္းတြင္ ရန္ကုန္ၿမိဳ႕၊ သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ သုဝ႑ဘူမိ Even Park ၌ အႏၲိမအဂၢိဈာပနသဘင္က်င္းပမည္ျဖစ္သည္။
လက္ရွိတြင္ ဆရာေတာ္ႀကီး၏ ႐ုပ္ကလာပ္ေတာ္ကို ဝိေဇၨာတာ႐ုံစာသင္တိုက္၌ထားရွိၿပီး ႐ုပ္ကလာပ္ေတာ္ကို မတ္လ ၂၂ ရက္ ေန႔လည္ ၁၂ နာရီအခ်ိန္တြင္ စာသင္တိုက္၌ အႏၲိမဈာပနသာဓုကီဠနပူေဇာ္ပြဲသဘင္ဆင္ယင္က်င္းပၿပီး ညေနပိုင္းတြင္ သုဝ႑ဘူမိ Even Park သို႔ပင့္ ေဆာင္ကာ အႏၲိမအဂၢိဈာပနသဘင္က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
မရမ္းကုန္းၿမိဳ႕နယ္၊ ဝိေဇၨာတာ႐ုံစာသင္တိုက္ ဦးစီးပဓာန မဟာနာယက၊ ေ႐ႊက်င္နိကာယာဓိပတိ ဥကၠ႒ မဟာနာယက ဓမၼေသနာပတိ ပႏၷရသမေ႐ႊက်င္သာသနာပိုင္ဆရာေတာ္ဘဒၵႏၲဝိေဇၨာတသည္ သက္ေတာ္ ၉၃ ႏွစ္၊ ဝါေတာ္ ၇၃ ဝါရွိၿပီျဖစ္ကာ မတ္လ ၂၀ ရက္ နံနက္ ၂ နာရီ ၁၂ မိနစ္အခ်ိန္တြင္ ပ်ံလြန္ေတာ္မူခဲ့သည္။
ဆရာေတာ္ဘဒၵႏၲဝိေဇၨာတသည္ မြန္ျပည္နယ္၊ မုဒုံၿမိဳ႕၊ စာစင္ရပ္၊ ခမည္းေတာ္ ဦးႏု၊ မယ္ေတာ္ ေဒၚထားတို႔မွ ၁၂၉၁ ခုႏွစ္၊ တေပါင္းလဆန္း (၇) ရက္ ဗုဒၶဟူးေန႔တြင္ ဖြားျမင္ေတာ္မူခဲ့သည္။
ဆရာေတာ္ႀကီးသည္ ပါဠိတကၠသိုလ္ကထိက၊ ဂိုဏ္းေပါင္းစုံသံဃအ စည္းအေဝး ပထမအႀကိမ္ ရန္ကုန္တိုင္း မရမ္းကုန္းၿမိဳ႕နယ္ ဝိနည္းဓိုရ္ (ေ႐ႊက်င္)၊ ဒုတိယအႀကိမ္၊ တတိယအႀကိမ္ မရမ္းကုန္းၿမိဳ႕နယ္ သံယနာယကအဖြဲ႕ (ေ႐ႊက်င္) ဥကၠ႒၊ ကမာၻေအးေစတီေတာ္ ၾသဝါဒစရိယ၊ ေ႐ႊက်င္နိကာယဂိုဏ္းလုံးဝန္ေဆာင္၊ ရန္ကုန္တိုင္း ဝိနည္းျပန္ဌာန ဒုတိယဂိုဏ္းခ်ဳပ္ဆရာေတာ္အျဖစ္ သာသနာ့တာဝန္မ်ားကို ထမ္းေဆာင္ခဲ့သည္။
ထို႔ျပင္ ဆရာေတာ္ဘဒၵႏၲဝိေဇၨာတသည္ ႏိုင္ငံေတာ္ကေပးအပ္သည့္ အဘိဓဇမဟာရ႒ဂု႐ုဘြဲ႕၊ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိကဘြဲ႕တံဆိပ္ေတာ္ကိုလည္း ရရွိခဲ့သည္။