ရခိုင်ပြည်နယ်ရှိ သူဌေးရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၃၈၆ သန်း ထုတ်လုပ်မည်

1430

ဖူးပြည့် (NP News) - မတ် ၂၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့၏ အရှေ့မြောက်ဘက် (၁၂)မိုင် ခန့်အကွာ သူဌေးချောင်းပေါ်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၄)တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သူဌေးရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်းထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ စီမံကိန်းသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးအောင်သန်းဦးက မတ်လ ၂ဝ ရက်က သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
“လက်ရှိအချိန် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာမှာ အကြောင်းအမျိုးမျိုးကြောင့် ဓာတ်အားထုတ်လုပ်မှုလျော့နည်း၍ ပြည်သူလူထု၏ လိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ အခက်အခဲများလက်တွေ့ခံစားနေရသဖြင့် မိမိတို့ဆောင်ရွက်ချက်များအပေါ် ပြည်သူလူထုမှနားလည်သဘော ပေါက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် စည်းရုံးပြောဆိုကြဖို့ လိုအပ်ပါတယ်။ ဓာတ်အားရောင်းချမှုမှရရှိသည့် ဓာတ်အားခဝင်ငွေများအပါအ ဝင် နိုင်ငံတော်မှခွင့်ပြုရရှိသည့် ဘဏ္ဍာငွေအပေါ် စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားဖို့လိုအပ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးကပြောသည်။
အဆိုပါ သူဌေးရေအားလျှပ်စစ်စီမံကိန်းသည် သံတွဲမြို့အနီးရှိ သူဌေးချောင်းပေါ်တွင် ရေလှောင် တမံတည်ဆောက်ပြီး စက်တပ်ဆင်အင်အား (၃၇)မဂ္ဂါဝပ် ဓာတ်အားပေးစက် (၃)လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင် အား (၁၁၁)မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံတည်ဆောက်၍ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်းထုတ်လုပ် ကာ ရခိုင်ပြည်နယ်အတွင်း ဒေသများသို့လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့် ဖြူးပေးနိုင်ရေးနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး ရည်ရွယ်၍အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စီမံကိန်းကို ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ခဲ့သော် လည်း နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သည့် စီမံကိန်းဖြစ်သည့်အတွက် ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်တွင် ဆောင်ရွက်ခဲ့ရခြင်း၊ တမံတည်ဆောက်ရာတွင် နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုများရှိသည့်အ တွက် အတိုင်ပင်ခံအင်ဂျင်နီယာများဖြင့် သေချာစွာဆောင်ရွက်ခဲ့ရခြင်း၊ မိုးများသည့် အရပ်ဒေသဖြစ်သဖြင့် တစ်နှစ်လျှင် ငါးလခန့်သာ လုပ်ငန်းဆောင်ရွက်၍ ရခြင်းတို့ကြောင့် စီမံကိန်းလုပ်ငန်းများနှောင့်နှေးခဲ့သော် လည်း ၂ဝ၂၁ ခုနှစ် မေလတွင် စီမံကိန်း၏ ၆၅.၄၈ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ၂ဝ၂၄ ခုနှစ်၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

zawgyi version
ရခိုင္ျပည္နယ္ရွိ သူေဌးေရအားလွ်ပ္စစ္စီမံကိန္းၿပီးစီးပါက တစ္ႏွစ္လွ်င္ ပ်မ္းမွ်လွ်ပ္စစ္ဓာတ္အား ကီလိုဝပ္ နာရီသန္းေပါင္း ၃၈၆ သန္း ထုတ္လုပ္မည္
ဖူးျပည့္ (NP News) - မတ္ ၂၁
ရခိုင္ျပည္နယ္၊ သံတြဲခ႐ိုင္၊ သံတြဲၿမိဳ႕၏ အေရွ႕ေျမာက္ဘက္ (၁၂)မိုင္ ခန႔္အကြာ သူေဌးေခ်ာင္းေပၚတြင္ ေရအားလွ်ပ္စစ္ အေကာင္အထည္ေဖာ္ေရးဦးစီးဌာန၊ အမွတ္(၄)တည္ေဆာက္ေရးမွ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိသည့္ သူေဌးေရအားလွ်ပ္စစ္စီမံကိန္းၿပီးစီးပါက တစ္ႏွစ္လွ်င္ ပ်မ္းမွ်လွ်ပ္စစ္ဓာတ္အား ကီလိုဝပ္နာရီသန္းေပါင္း ၃၈၆ သန္းထုတ္လုပ္ႏိုင္မည္ျဖစ္ေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနမွ သိရသည္။
အဆိုပါ စီမံကိန္းသို႔ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ ႀကီး ဦးေအာင္သန္းဦးက မတ္လ ၂ဝ ရက္က သြားေရာက္ၾကည့္ရႈခဲ့ေၾကာင္း သိရသည္။
“လက္ရွိအခ်ိန္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ရာမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဓာတ္အားထုတ္လုပ္မႈေလ်ာ့နည္း၍ ျပည္သူလူထု၏ လိုအပ္ ခ်က္ကို ျဖည့္ဆည္းေပးႏိုင္ဖို႔ အခက္အခဲမ်ားလက္ေတြ႕ခံစားေနရသျဖင့္ မိမိတို႔ေဆာင္႐ြက္ခ်က္မ်ားအေပၚ ျပည္သူလူထုမွနားလည္သေဘာ ေပါက္၍ ပူးေပါင္းပါဝင္ေဆာင္႐ြက္ၾကရန္ စည္း႐ုံးေျပာဆိုၾကဖို႔ လိုအပ္ပါတယ္။ ဓာတ္အားေရာင္းခ်မႈမွရရွိသည့္ ဓာတ္အားခဝင္ေငြမ်ားအပါအ ဝင္ ႏိုင္ငံေတာ္မွခြင့္ျပဳရရွိသည့္ ဘ႑ာေငြအေပၚ စီမံကိန္းလုပ္ငန္းမ်ားအား သတ္မွတ္ခ်ိန္ကာလအတြင္း ၿပီးစီးေအာင္ေဆာင္႐ြက္သြားဖို႔လိုအပ္ပါတယ္”ဟု ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္သန္းဦးကေျပာသည္။
အဆိုပါ သူေဌးေရအားလွ်ပ္စစ္စီမံကိန္းသည္ သံတြဲၿမိဳ႕အနီးရွိ သူေဌးေခ်ာင္းေပၚတြင္ ေရေလွာင္ တမံတည္ေဆာက္ၿပီး စက္တပ္ဆင္အင္အား (၃၇)မဂၢါဝပ္ ဓာတ္အားေပးစက္ (၃)လုံးျဖင့္ စုစုေပါင္း စက္တပ္ဆင္အင္ အား (၁၁၁)မဂၢါဝပ္ရွိ ဓာတ္အားေပးစက္႐ုံတည္ေဆာက္၍ တစ္ႏွစ္လွ်င္ ပ်မ္းမွ်လွ်ပ္စစ္ဓာတ္အား ကီလိုဝပ္နာရီသန္းေပါင္း ၃၈၆ သန္းထုတ္လုပ္ ကာ ရခိုင္ျပည္နယ္အတြင္း ေဒသမ်ားသို႔လွ်ပ္စစ္ဓာတ္အားတိုးျမႇင့္ျဖန႔္ ျဖဴးေပးႏိုင္ေရးႏွင့္ ႏိုင္ငံေတာ္ဓာတ္အားစနစ္သို႔ ခ်ိတ္ဆက္၍ ပို႔လႊတ္ျဖန႔္ျဖဴးေပးႏိုင္ေရး ရည္႐ြယ္၍အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
စီမံကိန္းကို ၂ဝဝ၈-၂ဝဝ၉ ဘ႑ာေရးႏွစ္တြင္ စတင္ေဆာင္႐ြက္ခဲ့ေသာ္ လည္း ႏိုင္ငံေတာ္ဘ႑ာရန္ပုံေငြျဖင့္ေဆာင္႐ြက္ခဲ့သည့္ စီမံကိန္းျဖစ္သည့္အတြက္ ဘ႑ာေငြခြဲေဝရရွိမႈအေပၚတြင္ ေဆာင္႐ြက္ခဲ့ရျခင္း၊ တမံတည္ေဆာက္ရာတြင္ နည္းပညာပိုင္းဆိုင္ရာ စိန္ေခၚမႈမ်ားရွိသည့္အ တြက္ အတိုင္ပင္ခံအင္ဂ်င္နီယာမ်ားျဖင့္ ေသခ်ာစြာေဆာင္႐ြက္ခဲ့ရျခင္း၊ မိုးမ်ားသည့္ အရပ္ေဒသျဖစ္သျဖင့္ တစ္ႏွစ္လွ်င္ ငါးလခန႔္သာ လုပ္ငန္းေဆာင္႐ြက္၍ ရျခင္းတို႔ေၾကာင့္ စီမံကိန္းလုပ္ငန္းမ်ားေႏွာင့္ေႏွးခဲ့ေသာ္ လည္း ၂ဝ၂၁ ခုႏွစ္ ေမလတြင္ စီမံကိန္း၏ ၆၅.၄၈ ရာခိုင္ႏႈန္းခန႔္ ၿပီးစီးေနၿပီျဖစ္ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ၂ဝ၂၄ ခုႏွစ္၌ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ႏိုင္ရန္ စီစဥ္ထားေၾကာင္း သိရသည္။