မြဝတီ-ထိုင်း နယ်စပ်သို့သယ်ဆောင်မည့် ငွေကျပ် ဘီလျံ ၃ဝ တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိဟုဆို

788

NP News - မတ် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကရင်ပြည်နယ်၊ မြဝတီ-ထိုင်း နယ်စပ်သို့ သယ်ဆောင်မည့် ငွေကျပ် ဘီလျံ ၃ဝ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက် တမင်း)များကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၇ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲအချိန် မွန်ပြည် နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွားကားလမ်း၊ မိုင်တိုင်အမှတ် (၁၄၅/ ၆) အနီးတွင် ပဲခူးမှ မော်လမြိုင်ဘက်သို့ ရဲဝင်းအောင် (၃ဝ)နှစ် မောင်းနှင်ပြီး အောင်ဇေဦး(ခ)ကိုဦး (၂၃)နှစ် လိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ်နှင့် တာဝန်ခံသယ်ဆောင်သူ ဇော်ဇော်(၃၉)နှစ် မောင်းနှင်လာသည့် SUZUKI SWIFT မော်တော်ယာဉ် ၂ စီးတို့အား သတင်းအရရှာဖွေရာ ၂၂ ဘီး တွဲယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၃ဝ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက် တမင်း) ၁၂ဝဝ ကီလိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ၎င်းတို့ သုံးဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မတ်လ ၂၁ ရက်ကလည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ ထုံးဘို-မြစ်ငယ်သွားကားလမ်း၊ နားဋောင်းကျကျေးရွာအနီးတွင် မူဆယ်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ ထိန်လင်းအောင် မောင်းနှင်လာသည့် ဒေါင်ဖန်း အမျိုးအစား ၂၂ ဘီး တွဲယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် တင်ဆောင်လာသည့် Steam Boiler အတွင်းရှိ ဆာလာအိတ်များအတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၄.၁၈ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁ဝ၄၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ထိန်လင်းအောင်(၃၁)နှစ်အား အုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

zawgyi verison
ျမဝတီ-ထိုင္း နယ္စပ္သို႔သယ္ေဆာင္မည့္ ေငြက်ပ္ ဘီလ်ံ ၃ဝ တန္ဖိုးရွိ အိုက္စ္မ်ား ဖမ္းဆီးရမိဟုဆို
NP News - မတ္ ၂၄
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)မွ ကရင္ျပည္နယ္၊ ျမဝတီ-ထိုင္း နယ္စပ္သို႔ သယ္ေဆာင္မည့္ ေငြက်ပ္ ဘီလ်ံ ၃ဝ တန္ဖိုးရွိ အိုက္စ္(မက္သ္အဖက္ တမင္း)မ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရသိရသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ မတ္လ ၁၇ ရက္၊ မြန္းလြဲ ၁၂ နာရီခြဲအခ်ိန္ မြန္ျပည္ နယ္၊ သထုံၿမိဳ႕နယ္၊ ရန္ကုန္-ေမာ္လၿမိဳင္သြားကားလမ္း၊ မိုင္တိုင္အမွတ္ (၁၄၅/ ၆) အနီးတြင္ ပဲခူးမွ ေမာ္လၿမိဳင္ဘက္သို႔ ရဲဝင္းေအာင္ (၃ဝ)ႏွစ္ ေမာင္းႏွင္ၿပီး ေအာင္ေဇဦး(ခ)ကိုဦး (၂၃)ႏွစ္ လိုက္ပါလာသည့္ ၂၂ ဘီးတြဲယာဥ္ႏွင့္ တာဝန္ခံသယ္ေဆာင္သူ ေဇာ္ေဇာ္(၃၉)ႏွစ္ ေမာင္းႏွင္လာသည့္ SUZUKI SWIFT ေမာ္ေတာ္ယာဥ္ ၂ စီးတို႔အား သတင္းအရရွာေဖြရာ ၂၂ ဘီး တြဲယာဥ္ေပၚမွ ေဒသကာလတန္ဖိုးေငြက်ပ္ ၃ဝ ဘီလ်ံတန္ဖိုးရွိ အိုက္စ္(မက္သ္အဖက္ တမင္း) ၁၂ဝဝ ကီလိုသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
လက္ရွိအခ်ိန္တြင္ ၎တို႔ သုံးဦးအား ဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ မတ္လ ၂၁ ရက္ကလည္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ထုံးဘို-ျမစ္ငယ္သြားကားလမ္း၊ နားေဋာင္းက်ေက်း႐ြာအနီးတြင္ မူဆယ္ၿမိဳ႕ဘက္မွ မႏၲေလးၿမိဳ႕ဘက္သို႔ ထိန္လင္းေအာင္ ေမာင္းႏွင္လာသည့္ ေဒါင္ဖန္း အမ်ိဳးအစား ၂၂ ဘီး တြဲယာဥ္အား သတင္းအရ စစ္ေဆးရွာေဖြရာ ေမာ္ေတာ္ယာဥ္ေပၚတြင္ တင္ေဆာင္လာသည့္ Steam Boiler အတြင္းရွိ ဆာလာအိတ္မ်ားအတြင္းမွ ဆပ္ျပာခြက္မ်ားျဖင့္ထည့္ထားသည့္ ဘိန္းျဖဴအေလးခ်ိန္ ၄.၁၈ ကီလို(ေဒသကာလေပါက္ေစ်းတန္ဖိုးေငြက်ပ္ ၁ဝ၄၅ သိန္း)ႏွင့္ လက္ကိုင္ဖုန္း ၁ လုံးတို႔ အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့သျဖင့္ ထိန္လင္းေအာင္(၃၁)ႏွစ္အား အုန္းေခ်ာနယ္ေျမရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္အေရးယူထားရွိၿပီး ကြင္းဆက္မ်ား ေဖာ္ထုတ္လ်က္ရွိေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရသိရသည္။