တောင်သူများထံ သီးနှံအာမခံလျော်ကြေး ငွေကျပ် သန်း(၁,၁၀၀)ကျော် ပေးလျော်ထားဟုဆို

250

ပြည့်ဖြိုး(NP News )-ဩဂုတ် (၂၂)ရက်
ရာသီဥတု အညွှန်းကိန်းအခြေပြု သီးနှံအာမခံအရ တောင်သူများအား မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ ယခု ၂၀၂၅ ခုနှစ်အတွင်း အာမခံလျော်ကြေး ကျပ်သန်း(၁,၁၀၀)ကျော်ပေးလျော်ထားကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။
အဆိုပါ အာမခံအရ ဆောင်းရာသီသီးနှံ၊ မိုးရာသီသီးနှံစသည့် ရာသီအလိုက် စိုက်ပျိုးသည့် သီးနှံများအပေါ် အာမခံထားရှိစေခြင်းဖြစ်ပြီး၊ ယခု ၂၀၂၅ ခုနှစ် မိုးရာသီသီးနှံအနေဖြင့် ရာသီဥတုအခြေအနေအရ ရေကြီးနစ်မြုပ်ခြင်းများဖြစ်ပေါ်ခဲ့ရခြင်းကြောင့် အာမခံလျော်ကြေးပေးရခြင်း ၊ သတ်မှတ်မိုးရေချိန် ကျော်သဖြင့် အာမခံလျော်ကြေးပေးရခြင်းစသည်ပုံစံမျိုးဖြင့် အာမခံထားရှိသည့် တောင်သူများကိုအာမခံလျော်ကြေးများပေးလျော်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အခု ၂၀၂၅ နှစ်စ ဆောင်းသီးနှံမှာတော့ ပဲခူးနဲ့ ဧရာဝတီတိုင်းမှာသတ်မှတ်ထားတဲ့ မိုးရေချိန်ကျော်လို့ အာမခံလျော်ကြေးသန်း ၁၁၀၀ ကျော် ပေးခဲ့ရပါတယ်။ အဲဒါကတော့ ဆောင်းသီးနှံအတွက် လျော်ကြေးပေးချေရတာဖြစ်ပါတယ်။ အာမခံထားရှိမှုကိုမနှစ်ကအတိုင်းပဲ ချွင်းချက်အနေနဲ့ ရခိုင်၊ ချင်း၊ ကယား အဲ့ဒီပြည်နယ် ၃ ခုက တော့မလုပ်ပါဘူး။ ဒါပေမဲ့ ကချင်ပြည်နယ်ကတော့ ဆောင်ရွက်နေပြီးလောလောဆယ်တော့ လုပ်ငန်းမရသေးဘူး။ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေကတော့ လုပ်ငန်းဆောင်ရွက်လျက်ရှိနေပါတယ်။ သီးနှံအာမခံလည်းဆက်လက်ရောင်းချနေပါတယ်” လို့ ၎င်းကပြောသည်။
လက်ရှိဆောင်ရွက်နေသည့် သီးနှံအာမခံအနေဖြင့်လည်း ရာသီဥတုအညွှန်းကိန်းကိုအခြေပြု၍ အပိုင်း ၂ပိုင်းဖြင့် ဆောင်ရွက်နေကြောင်း၊ မြန်မာပြည်အထက်ပိုင်းအနေဖြင့် သတ်မှတ်ထားသည့် မိုးရေချိန်အောက် လျော့နည်းပါကအာမခံလျော်ကြေးပေးသည့် ပုံစံဖြင့်ဆောင်ရွက်ကြောင်း၊ မြန်မာပြည်အောက်ပိုင်းအနေဖြင့်တော့ သတ်မှတ်ထားသည့် မိုးရေချိန်ထက်လျော်လွန်ပါက အာမခံလျော်ကြေးပေးသည့် ပုံစံဖြင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်းမြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။
မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်များမှ ရာသီဥတု အညွှန်းကိန်းအခြေပြု သီးနှံအာမခံအရ ယခင် ၂၀၂၄ ခုနှစ်အတွင်းကလည်း တောင်သူများသို့ အာမခံလျော်ကြေး ကျပ်သန်းပေါင်း(၂၀,၀၀၀)ကျော်လျော်ကြေးပေးချေခဲ့ရကြောင်း သိရသည်။

Zawgyi Version:
ေတာင္သူမ်ားထံ သီးႏွံအာမခံေလ်ာ္ေၾကး ေငြက်ပ္ သန္း(၁,၁၀၀)ေက်ာ္ ေပးေလ်ာ္ထားဟုဆို
ျပည့္ၿဖိဳး(NP News )-ဩဂုတ္ (၂၂)ရက္
ရာသီဥတု အၫႊန္းကိန္းအေျချပဳ သီးႏွံအာမခံအရ ေတာင္သူမ်ားအား ျမန္မာ့အာမခံလုပ္ငန္းႏွင့္ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္တို႔မွ ယခု ၂၀၂၅ ခုႏွစ္အတြင္း အာမခံေလ်ာ္ေၾကး က်ပ္သန္း(၁,၁၀၀)ေက်ာ္ေပးေလ်ာ္ထားေၾကာင္း ျမန္မာ့အာမခံလုပ္ငန္းမွ သိရသည္။
အဆိုပါ အာမခံအရ ေဆာင္းရာသီသီးႏွံ၊ မိုးရာသီသီးႏွံစသည့္ ရာသီအလိုက္ စိုက္ပ်ိဳးသည့္ သီးႏွံမ်ားအေပၚ အာမခံထားရွိေစျခင္းျဖစ္ၿပီး၊ ယခု ၂၀၂၅ ခုႏွစ္ မိုးရာသီသီးႏွံအေနျဖင့္ ရာသီဥတုအေျခအေနအရ ေရႀကီးနစ္ျမဳပ္ျခင္းမ်ားျဖစ္ေပၚခဲ့ရျခင္းေၾကာင့္ အာမခံေလ်ာ္ေၾကးေပးရျခင္း ၊ သတ္မွတ္မိုးေရခ်ိန္ ေက်ာ္သျဖင့္ အာမခံေလ်ာ္ေၾကးေပးရျခင္းစသည္ပုံစံမ်ိဳးျဖင့္ အာမခံထားရွိသည့္ ေတာင္သူမ်ားကိုအာမခံေလ်ာ္ေၾကးမ်ားေပးေလ်ာ္ခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာ့အာမခံလုပ္ငန္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
“အခု ၂၀၂၅ ႏွစ္စ ေဆာင္းသီးႏွံမွာေတာ့ ပဲခူးနဲ႔ ဧရာဝတီတိုင္းမွာသတ္မွတ္ထားတဲ့ မိုးေရခ်ိန္ေက်ာ္လို႔ အာမခံေလ်ာ္ေၾကးသန္း ၁၁၀၀ ေက်ာ္ ေပးခဲ့ရပါတယ္။ အဲဒါကေတာ့ ေဆာင္းသီးႏွံအတြက္ ေလ်ာ္ေၾကးေပးေခ်ရတာျဖစ္ပါတယ္။ အာမခံထားရွိမႈကိုမႏွစ္ကအတိုင္းပဲ ခြၽင္းခ်က္အေနနဲ႔ ရခိုင္၊ ခ်င္း၊ ကယား အဲ့ဒီျပည္နယ္ ၃ ခုက ေတာ့မလုပ္ပါဘူး။ ဒါေပမဲ့ ကခ်င္ျပည္နယ္ကေတာ့ ေဆာင္႐ြက္ေနၿပီးေလာေလာဆယ္ေတာ့ လုပ္ငန္းမရေသးဘူး။ က်န္တဲ့ ျပည္နယ္နဲ႔ တိုင္းေတြကေတာ့ လုပ္ငန္းေဆာင္႐ြက္လ်က္ရွိေနပါတယ္။ သီးႏွံအာမခံလည္းဆက္လက္ေရာင္းခ်ေနပါတယ္” လို႔ ၎ကေျပာသည္။
လက္ရွိေဆာင္႐ြက္ေနသည့္ သီးႏွံအာမခံအေနျဖင့္လည္း ရာသီဥတုအၫႊန္းကိန္းကိုအေျချပဳ၍ အပိုင္း ၂ပိုင္းျဖင့္ ေဆာင္႐ြက္ေနေၾကာင္း၊ ျမန္မာျပည္အထက္ပိုင္းအေနျဖင့္ သတ္မွတ္ထားသည့္ မိုးေရခ်ိန္ေအာက္ ေလ်ာ့နည္းပါကအာမခံေလ်ာ္ေၾကးေပးသည့္ ပုံစံျဖင့္ေဆာင္႐ြက္ေၾကာင္း၊ ျမန္မာျပည္ေအာက္ပိုင္းအေနျဖင့္ေတာ့ သတ္မွတ္ထားသည့္ မိုးေရခ်ိန္ထက္ေလ်ာ္လြန္ပါက အာမခံေလ်ာ္ေၾကးေပးသည့္ ပုံစံျဖင့္ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္းလည္းျမန္မာ့အာမခံလုပ္ငန္းမွ သိရသည္။
ျမန္မာ့အာမခံလုပ္ငန္းႏွင့္ ျမန္မာ့လယ္ယာဖြံၿဖိဳးေရးဘဏ္မ်ားမွ ရာသီဥတု အၫႊန္းကိန္းအေျချပဳ သီးႏွံအာမခံအရ ယခင္ ၂၀၂၄ ခုႏွစ္အတြင္းကလည္း ေတာင္သူမ်ားသို႔ အာမခံေလ်ာ္ေၾကး က်ပ္သန္းေပါင္း(၂၀,၀၀၀)ေက်ာ္ေလ်ာ္ေၾကးေပးေခ်ခဲ့ရေၾကာင္း သိရသည္။