တယ်လီနောမြန်မာရောင်းချမှုအတွက် ငွေကြေးများကို ၅ နှစ်အတွင်း အပြီးသတ်လက်ခံရရှိမယ်လို့ တယ်လီနောကုမ္ပဏီသတင်းထုတ်ပြန်

930

ဂျန်ဇက် (NP News) - မတ် ၂၅
တယ်လီနောမြန်မာကို ရောင်းချလို့ရရှိတဲ့ ငွေကြေးများကို ငါးနှစ်အတွင်း လက်ခံရရှိမှာဖြစ်တယ်လို့ နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီကပြောပါတယ်။
တယ်လီနောမြန်မာဆက်သွယ်ရေးကုမ္ပဏီကို ရောင်းချဖို့ မြန်မာအာဏာ ပိုင်တွေက ခွင့်ပြုပေးခဲ့ပြီးနောက် အပြီးသတ်ရောင်းချလိုက်ပြီဖြစ်တယ်လို့ တယ်လီနောက ဆိုပါတယ်။ နော်ဝေအခြေစိုက် တယ်လီနောဟာ မြန်မာနိုင်ငံမှာလုပ်နေတဲ့ တယ်လီနောမြန်မာကို လက်ဘနွန်အခြေစိုက် M1 စီးပွားရေးလုပ်ငန်းစုနဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ ရွှေဗျိုင်းဖြူတို့ထံ အမေရိကန်ဒေါ်လာ ၁ဝ၅ သန်းနဲ့ရောင်းချခဲ့တယ်လို့ သတင်းများကဆိုပါတယ်။
တယ်လီနောက "တယ်လီနောမြန်မာကို ရောင်းချမှုအတွက် အမေရိကန်ဒေါ်လာ သန်း ၅ဝ ကိုကနဦးလက်ခံရရှိထားတယ်။ နောက်ထပ် အမေရိကန်ဒေါ်လာ ၅၅ သန်းကို ငါးနှစ်အတွင်းထပ်မံရရှိမှာဖြစ်တယ်"လို့ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တယ်လီနောဆက်သွယ်ရေးကုမ္ပဏီဟာ မြန်မာနိုင်ငံအတွင်းလုပ်ကိုင်နေတဲ့ တယ်လီနောမြန်မာဆက်သွယ်ရေးလုပ်ငန်းကို ပြန်လည်ရောင်းချဖို့ စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။ တယ်လီနောမြန်မာဆက်သွယ်ရေးကုမ္ပဏီကိုဝယ်ယူရာမှာ ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ ရွှေဗျိုင်းဖြူက ရှယ်ယာ ၈ဝ ရာခိုင်နှုန်းပိုင်ဆိုင်မှာဖြစ်ပြီး M1 စီးပွားရေးလုပ်ငန်းစုက လက်ကျန် ရှယ်ယာများ ပိုင်ဆိုင်မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ရိုက်တာသတင်းကဖော်ပြခဲ့ဖူးပါတယ်။
ရွှေဗျိုင်းဖြူက စစ်တပ်နဲ့ ဆက်နွယ်မှုမရှိတဲ့အတွက် တယ်လီနောက ရောင်းချဖို့ ရွေးချယ်ခဲ့တာဖြစ်ကြောင်း ရိုက်တာသတင်းမှာဖော်ပြခဲဖူးပါ တယ်။

zawgyi version
ဂျန်ဇက် (NP News) - မတ် ၂၅