မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ယာဉ်နှစ်စီး ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦးက သေဆုံး

1091

မျိုးကြီး (NP News) - မတ် ၂၈
မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ယနေ့ မတ်လ ၂၈ ရက်၊ နံနက်ပိုင်းက ယာဉ်နှစ်စီး ပစ်ခတ်ခံရပြီး အမျိုးသား တစ်ဦးက ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ မြဝတီဘက်မှ လာသော Probox ယာဉ်တစ်စီးသည် ယာယီဘေလီလံတားအနီးသို့ အရောက်ရှိချိန် တွင် ပစ်ခတ်ခံခဲ့ရပြီး အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့အတူ ယနေ့နံနက်ပိုင်းတွင် ကော့ကရိတ်မှ မြဝတီသို့သွားသော ယာဉ်တစ်စီးသည်လည်း ယာယီဘေလီ တံတားအနီးတွင် ထပ်မံပစ်ခံခဲ့ရကြောင်း သင်္ဃန်းညီနောင်လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါပစ်ခတ်ခံရမှုကြောင့် ကား၏ မှန်နှင့် ဘော်ဒီပိုင်းတို့မှာ အနည်းငယ်ပျက်စီးသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိ မှုမရှိခဲ့ကြောင်း သိရသည်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကိုအသုံးပြု၍ ကုန်တင်ယာဉ်များ၊ ခရီးသွားမည့်သူများအနေဖြင့် လမ်းကြောင်းအခြေအနေနှင့် လုံခြုံရေးအခြေအနေများကို လေ့လာစုံစမ်းပြီးမှ သွားလာသင့်ကြောင်း လူမှုကူညီ ရေးအဖွဲ့များက အကြံပြုထားသည်။
မတ်လ ၂၇ ရက်တွင် အာရှလမ်း၌ ကရင်အမျိုးသားအစည်းအရုံး၏ KNLA နှင့် တပ်မတော်၏ လုံခြုံရေးတပ်ဖွဲ့ ဝင်များအကြား ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကော့ကရိတ်-မြဝတီလမ်းမကြီးနှင့် မြဝတီ-ဝေါ်လေလမ်းမကြီးအား အသုံးပြုလျက် ယာဉ်များဖြတ်သန်းသွား လာခြင်း၊ ကူးသန်းရောင်းဝယ်ခြင်းများကို မတ်လ ၂၇ ရက်မှစ၍ ယာယီရပ်ဆိုင်းထားကြရန် KNU ဘက်က အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version;
ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းတြင္ ယာဥ္ႏွစ္စီး ပစ္ခတ္ခံရၿပီး အမ်ိဳးသားတစ္ဦးက ေသဆုံး
မ်ဳိးႀကီး (NP News) - မတ္ ၂၈
ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းတြင္ ယေန႔ မတ္လ ၂၈ ရက္၊ နံနက္ပိုင္းက ယာဥ္ႏွစ္စီး ပစ္ခတ္ခံရၿပီး အမ်ိဳးသား တစ္ဦးက က်ည္ထိမွန္ေသဆုံးခဲ့ေၾကာင္း ပုလဲျဖဴလူမႈကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။
ျဖစ္စဥ္မွာ ျမဝတီဘက္မွ လာေသာ Probox ယာဥ္တစ္စီးသည္ ယာယီေဘလီလံတားအနီးသို႔ အေရာက္ရွိခ်ိန္ တြင္ ပစ္ခတ္ခံခဲ့ရၿပီး အမ်ိဳးသားတစ္ဦး က်ည္ထိမွန္ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔အတူ ယေန႔နံနက္ပိုင္းတြင္ ေကာ့ကရိတ္မွ ျမဝတီသို႔သြားေသာ ယာဥ္တစ္စီးသည္လည္း ယာယီေဘလီ တံတားအနီးတြင္ ထပ္မံပစ္ခံခဲ့ရေၾကာင္း သဃၤန္းညီေနာင္လူမႈကူညီေရးအဖြဲ႕ထံမွ သိရသည္။
အဆိုပါပစ္ခတ္ခံရမႈေၾကာင့္ ကား၏ မွန္ႏွင့္ ေဘာ္ဒီပိုင္းတို႔မွာ အနည္းငယ္ပ်က္စီးသြားခဲ့ၿပီး လူထိခိုက္ဒဏ္ရာရရွိ မႈမရွိခဲ့ေၾကာင္း သိရသည္။
ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းမႀကီးကိုအသုံးျပဳ၍ ကုန္တင္ယာဥ္မ်ား၊ ခရီးသြားမည့္သူမ်ားအေနျဖင့္ လမ္းေၾကာင္းအေျခအေနႏွင့္ လုံၿခဳံေရးအေျခအေနမ်ားကို ေလ့လာစုံစမ္းၿပီးမွ သြားလာသင့္ေၾကာင္း လူမႈကူညီ ေရးအဖြဲ႕မ်ားက အႀကံျပဳထားသည္။
မတ္လ ၂၇ ရက္တြင္ အာရွလမ္း၌ ကရင္အမ်ိဳးသားအစည္းအ႐ုံး၏ KNLA ႏွင့္ တပ္မေတာ္၏ လုံၿခဳံေရးတပ္ဖြဲ႕ ဝင္မ်ားအၾကား ပစ္ခတ္တိုက္ခိုက္မႈမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ေကာ့ကရိတ္-ျမဝတီလမ္းမႀကီးႏွင့္ ျမဝတီ-ေဝၚေလလမ္းမႀကီးအား အသုံးျပဳလ်က္ ယာဥ္မ်ားျဖတ္သန္းသြား လာျခင္း၊ ကူးသန္းေရာင္းဝယ္ျခင္းမ်ားကို မတ္လ ၂၇ ရက္မွစ၍ ယာယီရပ္ဆိုင္းထားၾကရန္ KNU ဘက္က အသိေပးထုတ္ျပန္ထားသည္။