နော်ဝေနိုင်ငံမှာ ကားလမ်းနဲ့မီးရထားလမ်းပေါ် ရုတ်တရက် တွင်းပေါက်ကြီးတစ်ခုပေါ်ပေါက်ခဲ့ပြီး လူတစ်ဦး သေဆုံး

 159

ရောင်နီ (NP News) - စက်တင်ဘာ ၂
နော်ဝေးနိုင်ငံရဲ့အော်စလိုမြို့၊ မြောက်ဘက် ကီလိုမီတာ ၅၀၀ ခန့်အကွာ၊ လဗန်ဂါ မြို့၊ E6 လမ်းတစ်လျှောက်ရှိ ကားလမ်းနဲ့ သံလမ်းနှစ်ခုလုံးပေါ်မှာ တွင်းပေါက်ကြီးတစ်ခု ရုတ်တရက်ပေါ်ပေါက်လာခဲ့ပြီး လူတစ်ဦး သေဆုံးသွားခဲ့တယ်လို့ အာဏာပိုင်တွေက သြဂုတ် ၃၀ ရက်မှာ ပြောကြားပါတယ်။
အဲဒီတွင်းပေါက်ကြီးဟာ မီတာဒါဇင်များစွာ ရှည်လျားတယ်လို့ သိရပြီး သေဆုံးသွားတဲ့ အလုပ်သမားဟာ ဒိန်းမတ်နိုင်ငံသားဖြစ်တယ်လို့ သိရပါတယ်။ မီးရထား အခြေခံအဆောက်အအုံဆိုင်ရာကိစ္စတွေကို စီမံခန့်ခွဲဖို့ တာဝန်ရှိတဲ့ နော်ဝေ အများပိုင်ကုမ္ပဏီက မီးရထားလမ်းတလျှောက် မြေဆီလွှာ တည်ငြိမ်ရေးအတွက် စတင် လုပ်ဆောင်နေတယ်လို့ နော်ဝေရုပ်သံလိုင်း NRK က ဆိုပါတယ်။ အဆိုပါဧရိယာရှိ မြေပြင်ဟာ ရွှံ့စေးတွေနဲ့ ဖွဲ့စည်း ထားတာကြောင့် ဒီလိုဖြစ်စဉ်တွေ ဖြစ်ပေါ်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ကောက်ချက်ချထားပါတယ်။
နောက်ဆက်တွဲမြေပြိုမှုတွေ ရှိလာနိုင်တာကြောင့် အခင်းဖြစ်ပွားရာ နေရာအနီးရှိ နေအိမ်နှစ်လုံးကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ပြီး E6 ကားလမ်းနဲ့ နေရာတစ်ဝိုက်ကို ရက်အတော်ကြာ ပိတ်ထားမယ်လို့ နော်ဝေ လမ်းအုပ်ချုပ်ရေးက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ေနာ္ေဝႏိုင္ငံမွာ ကားလမ္းနဲ႔မီးရထားလမ္းေပၚ ႐ုတ္တရက္ တြင္းေပါက္ႀကီးတစ္ခုေပၚေပါက္ခဲ့ၿပီး လူတစ္ဦး ေသဆုံး
ေရာင္နီ (NP News) - စက္တင္ဘာ ၂
ေနာ္ေဝးႏိုင္ငံရဲ႕ေအာ္စလိုၿမိဳ႕၊ ေျမာက္ဘက္ ကီလိုမီတာ ၅၀၀ ခန႔္အကြာ၊ လဗန္ဂါ ၿမိဳ႕၊ E6 လမ္းတစ္ေလွ်ာက္ရွိ ကားလမ္းနဲ႔ သံလမ္းႏွစ္ခုလုံးေပၚမွာ တြင္းေပါက္ႀကီးတစ္ခု ႐ုတ္တရက္ေပၚေပါက္လာခဲ့ၿပီး လူတစ္ဦး ေသဆုံးသြားခဲ့တယ္လို႔ အာဏာပိုင္ေတြက ၾသဂုတ္ ၃၀ ရက္မွာ ေျပာၾကားပါတယ္။
အဲဒီတြင္းေပါက္ႀကီးဟာ မီတာဒါဇင္မ်ားစြာ ရွည္လ်ားတယ္လို႔ သိရၿပီး ေသဆုံးသြားတဲ့ အလုပ္သမားဟာ ဒိန္းမတ္ႏိုင္ငံသားျဖစ္တယ္လို႔ သိရပါတယ္။ မီးရထား အေျခခံအေဆာက္အအုံဆိုင္ရာကိစၥေတြကို စီမံခန႔္ခြဲဖို႔ တာဝန္ရွိတဲ့ ေနာ္ေဝ အမ်ားပိုင္ကုမၸဏီက မီးရထားလမ္းတေလွ်ာက္ ေျမဆီလႊာ တည္ၿငိမ္ေရးအတြက္ စတင္ လုပ္ေဆာင္ေနတယ္လို႔ ေနာ္ေဝ႐ုပ္သံလိုင္း NRK က ဆိုပါတယ္။ အဆိုပါဧရိယာရွိ ေျမျပင္ဟာ ႐ႊံ႕ေစးေတြနဲ႔ ဖြဲ႕စည္း ထားတာေၾကာင့္ ဒီလိုျဖစ္စဥ္ေတြ ျဖစ္ေပၚေစႏိုင္တယ္လို႔ ကြၽမ္းက်င္သူေတြက ေကာက္ခ်က္ခ်ထားပါတယ္။
ေနာက္ဆက္တြဲေျမၿပိဳမႈေတြ ရွိလာႏိုင္တာေၾကာင့္ အခင္းျဖစ္ပြားရာ ေနရာအနီးရွိ ေနအိမ္ႏွစ္လုံးကို ေဘးလြတ္ရာသို႔ေ႐ႊ႕ေျပာင္းေပးခဲ့ၿပီး E6 ကားလမ္းနဲ႔ ေနရာတစ္ဝိုက္ကို ရက္အေတာ္ၾကာ ပိတ္ထားမယ္လို႔ ေနာ္ေဝ လမ္းအုပ္ခ်ဳပ္ေရးက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.