တပ်ကုန်းမြို့နယ်ရှိ အထက်တန်းကျောင်းတစ်ကျောင်းအနီး လက်လုပ်ဗုံးဖောက်ခွဲမှုနှင့် အခြားဖောက်ခွဲမှုများ ကျူလွန်ခဲ့သူ ၆ ဦးအား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိဟုဆို

889

NP News - ဧပြီ ၇
တပ်ကုန်းမြို့နယ်ရှိ အထက်တန်းကျောင်းတစ်ကျောင်းအနီး လက်လုပ်ဗုံးဖောက်ခွဲမှုအပါအဝင် အခြားဖောက်ခွဲမှုများ ကျူလွန်ခဲ့သူ ၆ ဦးအား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ဧပြီလ ၆ ရက် ထုတ်ပြန်ချက်အရ ဖြစ်စဉ်တွင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး၊ ပေါင်း ၆ ဦးတို့အား ပစ္စတို (၁) လက်၊ ကျည်အိမ် (၁) ခု၊ ၉ မမ ကျည် (၇၅) တောင့်၊ ဒီတိုနေတာ (၄၃၈) ခု၊ လက်လုပ်မိုင်း (၃၄) လုံး၊ ယမ်းကြိုး (၆) ခွေ၊ ယမ်းစိမ်း (၁) ထုပ်နှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိမှုဖြစ်စဉ်မှာ ဧပြီလ ၅ ရက် နေ့လည်ပိုင်းတွင် ထွန်းထွန်းဝင်း (ခ)ပျံလွှား(ခ)ယံလေး(၄၃)နှစ်၊ တပ်ကုန်းမြို့နယ်၊ ပင်းစုကျေးရွာနေသူအား RETAY 84 FS အမျိုးအစား ပစ္စတို (၁) လက်၊ ကျည်အိမ် (၁) ခု၊ ၉ မမ ကျည် (၂၄) တောင့်၊ ဒီတိုနေတာ (၁၃၈) ခု၊ လက်လုပ်မိုင်း (၃) လုံး၊ ယမ်းကြိုး (၁) ခွေနှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသော ဆက် စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဆိုသည်။
ဖမ်းဆီးရမိတရားခံ ထွန်းထွန်းဝင်း(ခ)ပျံလွှား(ခ)ယံလေး ၏ ထွက်ဆိုချက် အရ ညပိုင်းတွင် တပ်ကုန်းမြို့နယ်၊ ဗိုလ်မင်းရောင်ရပ်ကွက်ရှိ ပုလဲငွေရောင် ဓာတ်မြေ ဩဇာဆိုင်သို့ သွားရောက်ရှာဖွေခဲ့ရာ ဆိုင်ပိုင်ရှင် ထက်လွင် (၃၆)နှစ်အား ၉ မမ ကျည် (၁၉) တောင့်၊ ယမ်းကြိုး (၄) ခွေ၊ ဒီတိုနေတာ (၃၀၀) ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည့်အပြင် သန်းထွန်းနောင်(၄၀)နှစ်နှင့် ချစ်စံပယ်(၄၁)နှစ်တို့အား ၉ မမ ပစ္စတိုကျည် (၃၂) တောင့်၊ လက်လုပ်မိုင်း မျိုးစုံ (၃၁) လုံး၊ ယမ်းကြိုး (၁) ခွေ၊ ယမ်းစိမ်း (၁) ထုပ်နှင့် လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဧပြီလ ၆ ရက် နံနက်ပိုင်းတွင် ဆက်စပ်တရားခံများဖြစ်သည့် အောင်ကိုဦး(၄၅)နှစ်နှင့် အေးအေးခိုင်(၄၆)နှစ်တို့အား တပ်ကုန်းမြို့နယ်၊ ဘူတာရွာ၌ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့မှာ ဖောက်ခွဲမှု (၅) ကြိမ် ကျူးလွန်ခဲ့ကြောင်းသိရပြီး ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်တွင် တပ်ကုန်းမြို့၊ ဗိုလ်မင်းရောင်ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံးအား လက် လုပ်ဗုံးဖြင့် ဖောက်ခွဲခဲ့မှု၊ ဒီဇင်ဘာလ ၂၁ ရက်တွင် တပ်ကုန်း PDF အဖွဲ့ဝင် ဖမ်းဆီးရန်ကျန် တရားခံ ညိုညိုဝင်း၏ စေခိုင်းမှုအရ တပ်ကုန်းမြို့ နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခဲ့မှု၊ ဒီဇင်ဘာလ ၂၇ ရက်တွင် တပ်ကုန်းမြို့၊ အောင်ဇေယျရပ် ကွက်ရှိ ထရန်စဖော်မာအား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခဲ့မှု၊ ၂ဝ၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် တပ်ကုန်းမြို့နယ်၊ ရွှေမြို့ကျေးရွာအုပ်စု၊ ထန်းတောကြီးကျေးရွာရှိ အုပ်ချုပ်ရေးမှူး၏ နေအိမ်အား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခဲ့မှု နှင့် ဧပြီလ ၄ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ ညိုညိုဝင်း ၏စေခိုင်းမှုအရ တပ်ကုန်းမြို့နယ်၊ ညောင်လွန့်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ညောင်လွန့်)ရှေ့၌ လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခဲ့မှု စသည်တို့ကိ ကျူးလွန်ခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

zawgyi version
တပ္ကုန္းၿမိဳ႕နယ္ရွိ အထက္တန္းေက်ာင္းတစ္ေက်ာင္းအနီး လက္လုပ္ဗုံးေဖာက္ခြဲမႈႏွင့္ အျခားေဖာက္ခြဲမႈမ်ား က်ဴလြန္ခဲ့သူ ၆ ဦးအား ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းမိဟုဆို
NP News - ဧၿပီ ၇
တပ္ကုန္းၿမိဳ႕နယ္ရွိ အထက္တန္းေက်ာင္းတစ္ေက်ာင္းအနီး လက္လုပ္ဗုံးေဖာက္ခြဲမႈအပါအဝင္ အျခားေဖာက္ခြဲမႈမ်ား က်ဴလြန္ခဲ့သူ ၆ ဦးအား ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္။
နစက သတင္းထုတ္ျပန္ေရးအဖြဲ႕၏ ဧၿပီလ ၆ ရက္ ထုတ္ျပန္ခ်က္အရ ျဖစ္စဥ္တြင္ အမ်ိဳးသား ၄ ဦး၊ အမ်ိဳးသမီး ၂ ဦး၊ ေပါင္း ၆ ဦးတို႔အား ပစၥတို (၁) လက္၊ က်ည္အိမ္ (၁) ခု၊ ၉ မမ က်ည္ (၇၅) ေတာင့္၊ ဒီတိုေနတာ (၄၃၈) ခု၊ လက္လုပ္မိုင္း (၃၄) လုံး၊ ယမ္းႀကိဳး (၆) ေခြ၊ ယမ္းစိမ္း (၁) ထုပ္ႏွင့္ လက္လုပ္မိုင္းျပဳလုပ္ရာတြင္ အသုံးျပဳေသာ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဖမ္းဆီးရမိမႈျဖစ္စဥ္မွာ ဧၿပီလ ၅ ရက္ ေန႔လည္ပိုင္းတြင္ ထြန္းထြန္းဝင္း (ခ)ပ်ံလႊား(ခ)ယံေလး(၄၃)ႏွစ္၊ တပ္ကုန္းၿမိဳ႕နယ္၊ ပင္းစုေက်း႐ြာေနသူအား RETAY 84 FS အမ်ိဳးအစား ပစၥတို (၁) လက္၊ က်ည္အိမ္ (၁) ခု၊ ၉ မမ က်ည္ (၂၄) ေတာင့္၊ ဒီတိုေနတာ (၁၃၈) ခု၊ လက္လုပ္မိုင္း (၃) လုံး၊ ယမ္းႀကိဳး (၁) ေခြႏွင့္ လက္လုပ္မိုင္းျပဳလုပ္ရာတြင္ အသုံးျပဳေသာ ဆက္ စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း ဆိုသည္။
ဖမ္းဆီးရမိတရားခံ ထြန္းထြန္းဝင္း(ခ)ပ်ံလႊား(ခ)ယံေလး ၏ ထြက္ဆိုခ်က္ အရ ညပိုင္းတြင္ တပ္ကုန္းၿမိဳ႕နယ္၊ ဗိုလ္မင္းေရာင္ရပ္ကြက္ရွိ ပုလဲေငြေရာင္ ဓာတ္ေျမ ဩဇာဆိုင္သို႔ သြားေရာက္ရွာေဖြခဲ့ရာ ဆိုင္ပိုင္ရွင္ ထက္လြင္ (၃၆)ႏွစ္အား ၉ မမ က်ည္ (၁၉) ေတာင့္၊ ယမ္းႀကိဳး (၄) ေခြ၊ ဒီတိုေနတာ (၃၀၀) ခုတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့သည့္အျပင္ သန္းထြန္းေနာင္(၄၀)ႏွစ္ႏွင့္ ခ်စ္စံပယ္(၄၁)ႏွစ္တို႔အား ၉ မမ ပစၥတိုက်ည္ (၃၂) ေတာင့္၊ လက္လုပ္မိုင္း မ်ိဳးစုံ (၃၁) လုံး၊ ယမ္းႀကိဳး (၁) ေခြ၊ ယမ္းစိမ္း (၁) ထုပ္ႏွင့္ လက္လုပ္မိုင္း ျပဳလုပ္ရာတြင္ အသုံးျပဳေသာ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း၊ ဧၿပီလ ၆ ရက္ နံနက္ပိုင္းတြင္ ဆက္စပ္တရားခံမ်ားျဖစ္သည့္ ေအာင္ကိုဦး(၄၅)ႏွစ္ႏွင့္ ေအးေအးခိုင္(၄၆)ႏွစ္တို႔အား တပ္ကုန္းၿမိဳ႕နယ္၊ ဘူတာ႐ြာ၌ ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ဖမ္းဆီးရမိတရားခံမ်ား၏ ထြက္ဆိုခ်က္အရ ၎တို႔မွာ ေဖာက္ခြဲမႈ (၅) ႀကိမ္ က်ဴးလြန္ခဲ့ေၾကာင္းသိရၿပီး ၂ဝ၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၁ ရက္တြင္ တပ္ကုန္းၿမိဳ႕၊ ဗိုလ္မင္းေရာင္ရပ္ကြက္ရွိ ၿမိဳ႕နယ္လွ်ပ္စစ္႐ုံးအား လက္ လုပ္ဗုံးျဖင့္ ေဖာက္ခြဲခဲ့မႈ၊ ဒီဇင္ဘာလ ၂၁ ရက္တြင္ တပ္ကုန္း PDF အဖြဲ႕ဝင္ ဖမ္းဆီးရန္က်န္ တရားခံ ညိဳညိဳဝင္း၏ ေစခိုင္းမႈအရ တပ္ကုန္းၿမိဳ႕ နယ္၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ႐ုံးအား လက္လုပ္ဗုံးျဖင့္ ေဖာက္ခြဲခဲ့မႈ၊ ဒီဇင္ဘာလ ၂၇ ရက္တြင္ တပ္ကုန္းၿမိဳ႕၊ ေအာင္ေဇယ်ရပ္ ကြက္ရွိ ထရန္စေဖာ္မာအား လက္လုပ္ဗုံးျဖင့္ ေဖာက္ခြဲခဲ့မႈ၊ ၂ဝ၂၂ ခုႏွစ္၊ မတ္လ ၃၁ ရက္တြင္ တပ္ကုန္းၿမိဳ႕နယ္၊ ေ႐ႊၿမိဳ႕ေက်း႐ြာအုပ္စု၊ ထန္းေတာႀကီးေက်း႐ြာရွိ အုပ္ခ်ဳပ္ေရးမႉး၏ ေနအိမ္အား လက္လုပ္ဗုံးျဖင့္ ေဖာက္ခြဲခဲ့မႈ ႏွင့္ ဧၿပီလ ၄ ရက္တြင္ ဖမ္းဆီးရန္က်န္ တရားခံ ညိဳညိဳဝင္း ၏ေစခိုင္းမႈအရ တပ္ကုန္းၿမိဳ႕နယ္၊ ေညာင္လြန႔္ေက်း႐ြာရွိ အေျခခံပညာအထက္တန္းေက်ာင္း (ေညာင္လြန႔္)ေရွ႕၌ လက္လုပ္ဗုံးျဖင့္ ေဖာက္ခြဲခဲ့မႈ စသည္တို႔ကိ က်ဴးလြန္ခဲ့ၾကေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။