တောင်ငူမြို့တွင် ဝက်ဝံများမွေးမြူစောင့်ရှောက်သူတစ်ဦး ဝက်ဝံကိုက်ခံရ၍ သေဆုံး

 1195

မျိုးကြီး (NP News) - ဧပြီ ၇
ပဲခူးတိုင်း၊ တောင်ငူမြို့တွင် ယနေ့ (ဧပြီလ ၇ ရက်) နံနက်အစောပိုင်းက ဝက်ဝံများမွေးမြူစောင့်ရှောက်သူတစ်ဦး ဝက်ဝံကိုက်ခံရ၍ သေဆုံးမှုခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူမိတ်ဆွေတစ်ဦးက အသိပေးပြောဆိုထားသည်။

ဝက်ဝံများမွေးမြူစောင့်ရှောက်သူ ဦးကိုကိုအောင်သည် တောင်ငူမြို့တွင် လက်ရှိအထိ ဝက်ဝံ ၁၂ ကောင်မွေးမြူစောင့်ရှောက်ထားခြင်းဖြစ်ပြီး အဆိုပါ (၁၂)ကောင်အနက်မှ နှစ်ကောင်က ကိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော့်ရုံးဖုန်းကို ကိုအောင်ကြီးဇနီးက မနက် ၃ နာရီကျော်လောက်က ဖုန်းခေါ်တယ်။ ကိုအောင် ဝက်ဝံကိုက်ခံရလို့ န်ရေးကားနဲ့ လူအင် အားကူညီပေးပါပြောတယ်။ ကြားကြားခြင်း မယုံနိုင်အောင်ဖြစ်ရတယ်။ ကျွန်တော်ရောက်တော့ သူက အခြေအနေမကောင်းတော့ဘူး။ သူချစ်တဲ့ ဝက်ဝံကြီးနှစ်ကောင် ခြေရင်းမှာ သေနေတယ်”ဟု ဦးကိုကိုအောင်၏ မိတ်ဆွေဖြစ်သူက ပြောဆိုထားသည်။

ဝက်ဝံနှစ်ကောင်၏အနီးတွင်ရှိသော ဦးကိုကိုအောင်၏ ရုပ်အလောင်းကို ကောက်ယူရန်ခက်ခဲသည့်အတွက် သက်ဆိုင်ရာအာဏာပိုင်များကိုခေါ်ယူကာ အဆိုပါ ဝက်ဝံနှစ်ကောင်ကို ပစ်သတ်ခဲ့ရကြောင်း သိရသည်။

ဦးကိုကိုအောင်သည် ဝက်ဝံပေါက်နှစ်ကောင်ကို တောလိုက်မုဆိုးများလက်အတွင်းမှရယူကာ ပထမဆုံးစတင်မွေးမြူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝက်ဝံမွေးမြူစောင့်ရှောက်သူဦးကိုကိုအောင်အား ပြီးခဲ့သောနှစ်များအ တွင်းက သက်ဆိုင်ရာမှ ဝက်ဝံများကို တောထဲသို့ ပြန်လွှတ်ပေးရန် အကြောင်းလာမှုများရှိခဲ့ပြီး တောထဲသို့ ဝက်ဝံများပြန်လွှတ်ရမည်ဆိုပါက ၎င်းကိုယ်တိုင်တောထဲသို့ လိုက်နေသွားမည်ဖြစ်ကြောင်းလည်း ပြောဆိုထားဖူးသည်။

zawgyi version
ေတာင္ငူၿမိဳ႕တြင္ ဝက္ဝံမ်ားေမြးျမဴေစာင့္ေရွာက္သူတစ္ဦး ဝက္ဝံကိုက္ခံရ၍ ေသဆုံး
မ်ိဳးႀကီး (NP News) - ဧၿပီ ၇

ပဲခူးတိုင္း၊ ေတာင္ငူၿမိဳ႕တြင္ ယေန႔ (ဧၿပီလ ၇ ရက္) နံနက္အေစာပိုင္းက ဝက္ဝံမ်ားေမြးျမဴေစာင့္ေရွာက္သူတစ္ဦး ဝက္ဝံကိုက္ခံရ၍ ေသဆုံးမႈခဲ့ေၾကာင္း ၎ႏွင့္နီးစပ္သူမိတ္ေဆြတစ္ဦးက အသိေပးေျပာဆိုထားသည္။

ဝက္ဝံမ်ားေမြးျမဴေစာင့္ေရွာက္သူ ဦးကိုကိုေအာင္သည္ ေတာင္ငူၿမိဳ႕တြင္ လက္ရွိအထိ ဝက္ဝံ ၁၂ ေကာင္ေမြးျမဴေစာင့္ေရွာက္ထားျခင္းျဖစ္ၿပီး အဆိုပါ (၁၂)ေကာင္အနက္မွ ႏွစ္ေကာင္က ကိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြၽန္ေတာ့္႐ုံးဖုန္းကို ကိုေအာင္ႀကီးဇနီးက မနက္ ၃ နာရီေက်ာ္ေလာက္က ဖုန္းေခၚတယ္။ ကိုေအာင္ ဝက္ဝံကိုက္ခံရလို႔ န္ေရးကားနဲ႔ လူအင္ အားကူညီေပးပါေျပာတယ္။ ၾကားၾကားျခင္း မယုံႏိုင္ေအာင္ျဖစ္ရတယ္။ ကြၽန္ေတာ္ေရာက္ေတာ့ သူက အေျခအေနမေကာင္းေတာ့ဘူး။ သူခ်စ္တဲ့ ဝက္ဝံႀကီးႏွစ္ေကာင္ ေျခရင္းမွာ ေသေနတယ္”ဟု ဦးကိုကိုေအာင္၏ မိတ္ေဆြျဖစ္သူက ေျပာဆိုထားသည္။

ဝက္ဝံႏွစ္ေကာင္၏အနီးတြင္ရွိေသာ ဦးကိုကိုေအာင္၏ ႐ုပ္အေလာင္းကို ေကာက္ယူရန္ခက္ခဲသည့္အတြက္ သက္ဆိုင္ရာအာဏာပိုင္မ်ားကိုေခၚယူကာ အဆိုပါ ဝက္ဝံႏွစ္ေကာင္ကို ပစ္သတ္ခဲ့ရေၾကာင္း သိရသည္။

ဦးကိုကိုေအာင္သည္ ဝက္ဝံေပါက္ႏွစ္ေကာင္ကို ေတာလိုက္မုဆိုးမ်ားလက္အတြင္းမွရယူကာ ပထမဆုံးစတင္ေမြးျမဴခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဝက္ဝံေမြးျမဴေစာင့္ေရွာက္သူဦးကိုကိုေအာင္အား ၿပီးခဲ့ေသာႏွစ္မ်ားအ တြင္းက သက္ဆိုင္ရာမွ ဝက္ဝံမ်ားကို ေတာထဲသို႔ ျပန္လႊတ္ေပးရန္ အေၾကာင္းလာမႈမ်ားရွိခဲ့ၿပီး ေတာထဲသို႔ ဝက္ဝံမ်ားျပန္လႊတ္ရမည္ဆိုပါက ၎ကိုယ္တိုင္ေတာထဲသို႔ လိုက္ေနသြားမည္ျဖစ္ေၾကာင္းလည္း ေျပာဆိုထားဖူးသည္။

Related news

© 2021. All rights reserved.