ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများအတွက် လုပ်ငန်းလိုင်စင်မြန်ဆန်အောင်ဆောင်ရွက်ပေးရန်လိုဟုဆို

1533

ဟိန်း (NP News) - ဧပြီ ၉
ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများသည် ဆေးကုသရေးလုပ်ငန်းများအတွက် များစွာအထောက်အကူပြုသဖြင့် လုပ်ငန်းလိုင်စင်ရရှိရေးအပါအဝင် လုပ် ငန်းများ မြန်ဆန်အောင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီကမှာကြားသည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဧပြီလ ၇ ရက်တွင်ပြုလုပ်သည့် ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။
ဆေးကုသရေးလုပ်ငန်းများအတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၏ အ ခန်းကဏ္ဍသည်လည်း များစွာအထောက်အကူပြုပါသဖြင့် ပုဂ္ဂလိကဆေး ရုံ၊ ဆေးခန်းများ၏ လုပ်ငန်းလိုင်စင်ရရှိရေးအပါအဝင် လုပ်ငန်းများမြန် ဆန်အောင်ဆောင်ရွက်ပေးရန်နှင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်စေရေးအတွက် ကြီးကြပ်ပံ့ ပိုးဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ နှင့်ပတ်သက်၍လည်း ကိုဗစ်ရောဂါပိုးသည် ရာသီဥတုအခြေ အနေပေါ်လည်း မူတည်သည်ဖြစ်ရာ လာမည့်မိုးရာသီကာလမတိုင်မီ ကာကွယ်ဆေးထိုးလုပ်ငန်းများအရှိန်အဟုန်မပြတ် ဆက်လက်ဆောင် ရွက်ပြီး ကျန်ရှိနေသေးသည့် လူဦးရေကို လွှမ်းခြုံနိုင်စေရေး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေး အမျိုးအစားအရအသုံး ပြုရမည့်ပုံစံများကွဲပြားသည်ဖြစ်ရာ ဆေးအမျိုးအစားအလိုက် လိုက်နာရမည့် လုပ်ငန်းလမ်းညွှန်များ စနစ်တကျရေးဆွဲပြဋ္ဌာန်း၍ ဆောင်ရွက်နေကြောင်းလည်း ပြောသည်။
ထို့ပြင် ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာရေးနှစ်အတွက် ဆေးဝါးဝယ်ယူရေးရန်ပုံငွေများကိုလည်း မကြာမီခွဲဝေမည်ဖြစ်ရာ ဆေးဝါးများဝယ်ယူရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများ၊ ပြည်သူ့ဆေးရုံများဝယ် ယူသည့် ဆေးဝါးမထပ်စေရေးနှင့် အမှန်တကယ်လိုအပ်မည့် ဆေးဝါးများကိုဝယ်ယူရေးအတွက် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံမှထုတ်လုပ်သောဆေးဝါးများကိုလည်း ဝယ်ယူခြင်းဖြင့် ဈေးနှုန်းသက်သာစွာဖြင့်စိတ်ချရသည့် ဆေးဝါးများကို ရရှိနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးကပြောသည်။
အလုပ်သင်ဆရာဝန်များနှင့်ပတ်သက်၍လည်း မကြာမီကာလ၌ ဆေးတက္ကသိုလ်များမှ ဘွဲကြိုပုံမှန်သင်တန်းများပြီးစီးပြီး အလုပ်သင်ဆရာဝန်များ လက်တွေ့တာဝန်ထမ်းဆောင်ကြမည်ဖြစ်ရာ အလုပ်သင်ဆရာဝန်များအား ဆေးကုသမှုများတတ်မြောက်စေရေး ရည်မှန်း၍ စနစ်တကျလေ့ကျင့်သင်ကြားပေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြစေလိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

zawgyi version
ပုဂၢလိကေဆး႐ုံ၊ ေဆးခန္းမ်ားအတြက္ လုပ္ငန္းလိုင္စင္ျမန္ဆန္ေအာင္ေဆာင္႐ြက္ေပးရန္လိုဟုဆို
ဟိန္း (NP News) - ဧၿပီ ၉
ပုဂၢလိကေဆး႐ုံ၊ ေဆးခန္းမ်ားသည္ ေဆးကုသေရးလုပ္ငန္းမ်ားအတြက္ မ်ားစြာအေထာက္အကူျပဳသျဖင့္ လုပ္ငန္းလိုင္စင္ရရွိေရးအပါအဝင္ လုပ္ ငန္းမ်ား ျမန္ဆန္ေအာင္ေဆာင္႐ြက္ေပးရန္လိုအပ္ေၾကာင္း က်န္းမာေရးဝန္ႀကီကမွာၾကားသည္။
က်န္းမာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္းက ဧၿပီလ ၇ ရက္တြင္ျပဳလုပ္သည့္ က်န္းမာေရးဝန္ႀကီးဌာန၏ ျပည္သူ႔က်န္းမာေရးႏွင့္ကုသေရးဆိုင္ရာ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ ထည့္သြင္းမွာၾကားခဲ့ျခင္းျဖစ္သည္။
ေဆးကုသေရးလုပ္ငန္းမ်ားအတြက္ ပုဂၢလိကေဆး႐ုံ၊ ေဆးခန္းမ်ား၏ အ ခန္းက႑သည္လည္း မ်ားစြာအေထာက္အကူျပဳပါသျဖင့္ ပုဂၢလိကေဆး ႐ုံ၊ ေဆးခန္းမ်ား၏ လုပ္ငန္းလိုင္စင္ရရွိေရးအပါအဝင္ လုပ္ငန္းမ်ားျမန္ ဆန္ေအာင္ေဆာင္႐ြက္ေပးရန္ႏွင့္ ပုဂၢလိကက်န္းမာေရးလုပ္ငန္းဆိုင္ရာဥပေဒ၊ နည္းဥပေဒမ်ားႏွင့္အညီ ေဆာင္႐ြက္ေစေရးအတြက္ ႀကီးၾကပ္ပံ့ ပိုးေဆာင္႐ြက္ၾကရန္လိုအပ္ေၾကာင္း ေျပာၾကားခဲ့သည္။
ကိုဗစ္-၁၉ ႏွင့္ပတ္သက္၍လည္း ကိုဗစ္ေရာဂါပိုးသည္ ရာသီဥတုအေျခ အေနေပၚလည္း မူတည္သည္ျဖစ္ရာ လာမည့္မိုးရာသီကာလမတိုင္မီ ကာကြယ္ေဆးထိုးလုပ္ငန္းမ်ားအရွိန္အဟုန္မျပတ္ ဆက္လက္ေဆာင္ ႐ြက္ၿပီး က်န္ရွိေနေသးသည့္ လူဦးေရကို လႊမ္းၿခဳံႏိုင္ေစေရး ဆက္လက္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ကာကြယ္ေဆး အမ်ိဳးအစားအရအသုံး ျပဳရမည့္ပုံစံမ်ားကြဲျပားသည္ျဖစ္ရာ ေဆးအမ်ိဳးအစားအလိုက္ လိုက္နာရမည့္ လုပ္ငန္းလမ္းၫႊန္မ်ား စနစ္တက်ေရးဆြဲျပ႒ာန္း၍ ေဆာင္႐ြက္ေနေၾကာင္းလည္း ေျပာသည္။
ထို႔ျပင္ ၂ဝ၂၂-၂ဝ၂၃ ဘ႑ာေရးႏွစ္အတြက္ ေဆးဝါးဝယ္ယူေရးရန္ပုံေငြမ်ားကိုလည္း မၾကာမီခြဲေဝမည္ျဖစ္ရာ ေဆးဝါးမ်ားဝယ္ယူရာတြင္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ကုသေရးဦးစီးဌာန၊ တိုင္းေဒသႀကီး/ျပည္နယ္ ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရးဦးစီးဌာနမ်ား၊ ျပည္သူ႔ေဆး႐ုံမ်ားဝယ္ ယူသည့္ ေဆးဝါးမထပ္ေစေရးႏွင့္ အမွန္တကယ္လိုအပ္မည့္ ေဆးဝါးမ်ားကိုဝယ္ယူေရးအတြက္ ေဆာင္႐ြက္ရန္ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံ ေဆးဝါးလုပ္ငန္းစက္႐ုံမွထုတ္လုပ္ေသာေဆးဝါးမ်ားကိုလည္း ဝယ္ယူျခင္းျဖင့္ ေဈးႏႈန္းသက္သာစြာျဖင့္စိတ္ခ်ရသည့္ ေဆးဝါးမ်ားကို ရရွိႏိုင္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးကေျပာသည္။
အလုပ္သင္ဆရာဝန္မ်ားႏွင့္ပတ္သက္၍လည္း မၾကာမီကာလ၌ ေဆးတကၠသိုလ္မ်ားမွ ဘြဲႀကိဳပုံမွန္သင္တန္းမ်ားၿပီးစီးၿပီး အလုပ္သင္ဆရာဝန္မ်ား လက္ေတြ႕တာဝန္ထမ္းေဆာင္ၾကမည္ျဖစ္ရာ အလုပ္သင္ဆရာဝန္မ်ားအား ေဆးကုသမႈမ်ားတတ္ေျမာက္ေစေရး ရည္မွန္း၍ စနစ္တက်ေလ့က်င့္သင္ၾကားေပးႏိုင္ရန္အတြက္ ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္ထားၾကေစလိုေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။