နာမည်ကြီး Kinder ချောကလက်စက်ရုံမှာ ဘယ်လ်ဂျီယံ ဆယ်လ်မိုးနီလာ ဘတ်တီးရီးယား တွေ့ရှိခြင်းကြောင့် စက်ရုံပိတ်လိုက်ရ

839

ရောင်နီ (NP News) - ဧပြီ ၉
ဥရောပနိုင်ငံအများအပြားနဲ့ အမေရိကန်ပြည်ထောင်စုမှာ ဆယ်လ်မိုးနီလာ ဘတ်တီးရီးယား ဖြစ်ပွားမှုများရှိနေပြီး အဆိုပါ ဘတ်တီးရီးယားများကိုတွေ့ရတဲ့ နာမည်ကြီး ချောကလက်စက်ရုံ Kinder ကို ဘယ်လ်ဂျီယံ အာဏာပိုင်များက ဧပြီလ ၈ ရက်၊ သောကြာနေ့မှာ စက်ရုံကို ပိတ်ပစ်ဖို့ အမိန့်ပေးခဲ့ပါတယ်။
စူပါမားကတ်တိုင်းမှာ အလွယ်တကူ ဝယ်ယူနိုင်တဲ့ Kinder ချောကလက်များ ထုတ်လုပ်မှု ပိတ်ပင်ချက်ဟာ ၎င်းရဲ့ ပိုင်ရှင် အီတလီမုန့်လုပ်ငန်းကြီး Ferrero ကို ထိခိုက်နစ်နာသွားစေနိုင်ပြီး Ferrero ကတော့ ဆယ်လ်မိုးနီးယား ဖြစ်ပွားမှု အရှိန်အဟုန်ပြင်းတာကြောင့် အရှေ့တောင်ပိုင်း Arlon မြို့မှာတဲ့ ၎င်းတို့စက်ရုံရဲ့ လုပ်ငန်းလည်ပတ်မှု ကို ရပ်ဆိုင်းလိုက်တာကို အသိအမှတ်ပြုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဘယ်လ်ဂျီယံရဲ့ အစားအသောက် ဘေးကင်းရေး အာဏာပိုင် AFSCA က Ferrero ကို ပြီးခဲ့တဲ့နာရီပိုင်းအတွင်း စက်ရုံအား ပိတ်ပစ်ဖို့ အမိန့်ထုတ်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပြီး ကုမ္ပဏီရဲ့နာမည်ကြီး Kinder အမှတ်တံဆိပ် ချောကလက်စက်ရုံထုတ်လုပ်မှုတစ်ခုလုံးကိုလည်း ပြန်လည်သိမ်းဆည်းဖို့ အမိန့်ပေးခဲ့ပါတယ်။
အာဏာပိုင်များက "စက်ရုံဟာ အစားအသောက် ဘေးကင်းရေးစည်းမျဉ်းများနဲ့ လိုအပ်ချက်များ အားလုံး လိုက်နာရင် ဆိုင်ကို ပြန်လည်ဖွင့်လှစ်ဖို့ ခွင့်ပြုလိမ့်မယ်" လို့ ၎င်းက ဆိုပါတယ်။
ဘယ်လ်ဂျီယံ စိုက်ပျိုးရေးဝန်ကြီး David Clarinval က "ဒီလိုဆုံးဖြတ်ချက်မျိုးကို ပေါ့ပေါ့တန်တန် တွေးမထားမိ ပေမယ့် လက်ရှိအခြေအနေတွေက လိုအပ်လာပါပြီ။ ကျွန်တော်တို့နိုင်ငံသားတွေရဲ့ စားနပ်ရိက္ခာဖူလုံရေးကို ဘယ်တော့မှ လျစ်လျူမရှုနိုင်ပါဘူး" လို့ ဆိုပါတယ်။
Ferrero က အတွင်းပိုင်းစွမ်းဆောင်ရည် အားနည်းမှုတွေ ရှိနေတာကို အသိအမှတ်ပြုကြောင်း၊ သတင်းရယူခြင်း နဲ့ မျှဝေခြင်းအတွက် နှောင့်နှေးမှုတွေ ဖြစ်ပေါ်နေကြောင်း ပြောကြားခဲ့ပါတယ်။
"ချက်ချင်းအကျိုးသက်ရောက်မှု" နဲ့ စက်ရုံရဲ့ Kinder Surprise၊ Kinder Mini Eggs၊ Kinder Surprise Maxi 100g နဲ့ Kinder Schoko-Bons ထုတ်လုပ်မှုတစ်ခုလုံးကို ရပ်ဆိုင်းလိုက်တယ်လို့ ဆိုပါတယ်။
"ကျွန်ုပ်တို့ ဤကိစ္စအတွက် အလွန်နောင်တရပါတယ်။ ကျွန်ုပ်တို့ရဲ့ စားသုံးသူများနဲ့ စီးပွားရေး လုပ်ဖော်ကိုင် ဖက်များအားလုံးကို စိတ်ရင်းမှန်ဖြင့် တောင်းပန်လိုပြီး အဖိုးတန် လမ်းညွှန်မှုအတွက် အစားအစာ ဘေးကင်းရေး အာဏာပိုင်များကို ကျေးဇူးတင်ရှိပါတယ်" လို့ Ferrero က ပြောကြားပါတယ်။
ဆယ်လ်မိုးနီးယား ဘတ်တီးရီးယားဟာ ဝမ်းပျက်ဝမ်းလျှော၊ ဖျားနာခြင်းနဲ့ ဗိုက်အောင့်ခြင်းအပါအဝင် ရောဂါ လက္ခဏာတွေဖြစ်စေနိုင်တဲ့ ဘတ်တီးရီးယားအမျိုးအစားဖြစ်ပြီး အစားအစာမှ ကူးစက်နိုင်တဲ့ ကူးစက်ရောဂါများ ထဲမှ တစ်ခုဖြစ်ပါတယ်။
အများစုမှာ တိရစ္ဆာန် (သို့မဟုတ်) ညစ်ညမ်းတဲ့အစာများကို စားသုံးမိတာကြောင့် ဖြစ်တတ်ပါတယ်။ ဗြိတိန်နိုင်ငံ တစ်ဝန်းမှာ ဆယ်လ်မိုးနီးယား ဖြစ်ပွားမှု ၆၃ ခုကို တွေ့ရှိထားပြီး ပြင်သစ်မှာ အနည်းဆုံး ရောဂါဖြစ်ပွားမှု ၂၁ မှုဖြစ်ပွားခဲ့ကာ ၁၅ ဦးမှာ Kinder ထုတ်ကုန်များကို စားသုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
နာမည္ႀကီး Kinder ေခ်ာကလက္စက္႐ုံမွာ ဘယ္လ္ဂ်ီယံ ဆယ္လ္မိုးနီလာ ဘတ္တီးရီးယား ေတြ႕ရွိျခင္းေၾကာင့္ စက္႐ုံပိတ္လိုက္ရေ
ရာင္နီ (NP News) - ဧၿပီ ၉
ဥေရာပႏိုင္ငံအမ်ားအျပားနဲ႔ အေမရိကန္ျပည္ေထာင္စုမွာ ဆယ္လ္မိုးနီလာ ဘတ္တီးရီးယား ျဖစ္ပြားမႈမ်ားရွိေနၿပီး အဆိုပါ ဘတ္တီးရီးယားမ်ားကိုေတြ႕ရတဲ့ နာမည္ႀကီး ေခ်ာကလက္စက္႐ုံ Kinder ကို ဘယ္လ္ဂ်ီယံ အာဏာပိုင္ မ်ားက ဧၿပီလ ၈ ရက္၊ ေသာၾကာေန႔မွာ စက္႐ုံကို ပိတ္ပစ္ဖို႔ အမိန႔္ေပးခဲ့ပါတယ္။
စူပါမားကတ္တိုင္းမွာ အလြယ္တကူ ဝယ္ယူႏိုင္တဲ့ Kinder ေခ်ာကလက္မ်ား ထုတ္လုပ္မႈ ပိတ္ပင္ခ်က္ဟာ ၎ရဲ႕ ပိုင္ရွင္ အီတလီမုန႔္လုပ္ငန္းႀကီး Ferrero ကို ထိခိုက္နစ္နာသြားေစႏိုင္ၿပီး Ferrero ကေတာ့ ဆယ္လ္မိုးနီးယား ျဖစ္ပြားမႈ အရွိန္အဟုန္ျပင္းတာေၾကာင့္ အေရွ႕ေတာင္ပိုင္း Arlon ၿမိဳ႕မွာတဲ့ ၎တို႔စက္႐ုံရဲ႕ လုပ္ငန္းလည္ပတ္မႈ ကို ရပ္ဆိုင္းလိုက္တာကို အသိအမွတ္ျပဳေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။
ဘယ္လ္ဂ်ီယံရဲ႕ အစားအေသာက္ ေဘးကင္းေရး အာဏာပိုင္ AFSCA က Ferrero ကို ၿပီးခဲ့တဲ့နာရီပိုင္းအတြင္း စက္႐ုံအား ပိတ္ပစ္ဖို႔ အမိန႔္ထုတ္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္မွာေဖာ္ျပထားၿပီး ကုမၸဏီရဲ႕နာမည္ႀကီး Kinder အမွတ္တံဆိပ္ ေခ်ာကလက္စက္႐ုံထုတ္လုပ္မႈတစ္ခုလုံးကိုလည္း ျပန္လည္သိမ္းဆည္းဖို႔ အမိန႔္ေပးခဲ့ပါတယ္။
အာဏာပိုင္မ်ားက "စက္႐ုံဟာ အစားအေသာက္ ေဘးကင္းေရးစည္းမ်ဥ္းမ်ားနဲ႔ လိုအပ္ခ်က္မ်ား အားလုံး လိုက္နာရင္ ဆိုင္ကို ျပန္လည္ဖြင့္လွစ္ဖို႔ ခြင့္ျပဳလိမ့္မယ္" လို႔ ၎က ဆိုပါတယ္။
ဘယ္လ္ဂ်ီယံ စိုက္ပ်ိဳးေရးဝန္ႀကီး David Clarinval က "ဒီလိုဆုံးျဖတ္ခ်က္မ်ိဳးကို ေပါ့ေပါ့တန္တန္ ေတြးမထားမိ ေပမယ့္ လက္ရွိအေျခအေနေတြက လိုအပ္လာပါၿပီ။ ကြၽန္ေတာ္တို႔ႏိုင္ငံသားေတြရဲ႕ စားနပ္ရိကၡာဖူလုံေရးကို ဘယ္ေတာ့မွ လ်စ္လ်ဴမရႈႏိုင္ပါဘူး" လို႔ ဆိုပါတယ္။
Ferrero က အတြင္းပိုင္းစြမ္းေဆာင္ရည္ အားနည္းမႈေတြ ရွိေနတာကို အသိအမွတ္ျပဳေၾကာင္း၊ သတင္းရယူျခင္း နဲ႔ မွ်ေဝျခင္းအတြက္ ေႏွာင့္ေႏွးမႈေတြ ျဖစ္ေပၚေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။
"ခ်က္ခ်င္းအက်ိဳးသက္ေရာက္မႈ" နဲ႔ စက္႐ုံရဲ႕ Kinder Surprise၊ Kinder Mini Eggs၊ Kinder Surprise Maxi 100g နဲ႔ Kinder Schoko-Bons ထုတ္လုပ္မႈတစ္ခုလုံးကို ရပ္ဆိုင္းလိုက္တယ္လို႔ ဆိုပါတယ္။
"ကြၽႏ္ုပ္တို႔ ဤကိစၥအတြက္ အလြန္ေနာင္တရပါတယ္။ ကြၽႏ္ုပ္တို႔ရဲ႕ စားသုံးသူမ်ားနဲ႔ စီးပြားေရး လုပ္ေဖာ္ကိုင္ ဖက္မ်ားအားလုံးကို စိတ္ရင္းမွန္ျဖင့္ ေတာင္းပန္လိုၿပီး အဖိုးတန္ လမ္းၫႊန္မႈအတြက္ အစားအစာ ေဘးကင္းေရး အာဏာပိုင္မ်ားကို ေက်းဇူးတင္ရွိပါတယ္" လို႔ Ferrero က ေျပာၾကားပါတယ္။
ဆယ္လ္မိုးနီးယား ဘတ္တီးရီးယားဟာ ဝမ္းပ်က္ဝမ္းေလွ်ာ၊ ဖ်ားနာျခင္းနဲ႔ ဗိုက္ေအာင့္ျခင္းအပါအဝင္ ေရာဂါ လကၡဏာေတြျဖစ္ေစႏိုင္တဲ့ ဘတ္တီးရီးယားအမ်ိဳးအစားျဖစ္ၿပီး အစားအစာမွ ကူးစက္ႏိုင္တဲ့ ကူးစက္ေရာဂါမ်ား ထဲမွ တစ္ခုျဖစ္ပါတယ္။
အမ်ားစုမွာ တိရစာၦန္ (သို႔မဟုတ္) ညစ္ညမ္းတဲ့အစာမ်ားကို စားသုံးမိတာေၾကာင့္ ျဖစ္တတ္ပါတယ္။ ၿဗိတိန္ႏိုင္ငံ တစ္ဝန္းမွာ ဆယ္လ္မိုးနီးယား ျဖစ္ပြားမႈ ၆၃ ခုကို ေတြ႕ရွိထားၿပီး ျပင္သစ္မွာ အနည္းဆုံး ေရာဂါျဖစ္ပြားမႈ ၂၁ မႈျဖစ္ပြားခဲ့ကာ ၁၅ ဦးမွာ Kinder ထုတ္ကုန္မ်ားကို စားသုံးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။