ကမ္ဘာကျော်မင်းသားကြီး ဗန်ဒိန်းကို ကွန်ဂိုနိုင်ငံရဲ့သံတမန်အဖြစ်ခန့်အပ်

1045

ဂျန်ဇက် (NP News) - ဧပြီ ၉
ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီး ဗန်ဒိန်းက မိမိအနေနဲ့ ကွန်ဂိုနိုင်ငံရဲ့ သံတမန်အဖြစ်ခန့်အပ်ခံရကြောင်း၊ ကွန်ဂိုအစိုးရက ၄င်းကို သံတမန်ရေးရာနိုင်ငံကူးလက်မှတ်ထုတ်ပေးခဲ့ကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါကြောင့် ၎င်းဟာ အခြားကမ္ဘာကျော်သရုပ်ဆောင်များနဲ့အတူ ကွန်ဂိုနိုင်ငံကိုသွားရောက်ဖို့ စီစဉ်ထားကြောင်းဆိုပါတယ်။
ဗန်ဒိန်းဟာ ကွန်ဂိုနိုင်ငံရဲ့ လူငယ်ရေးရာ၊ ယဉ်ကျေးမှုနဲ့ တောရိုင်းတိရိ စ္ဆာန်ဆိုင်ရာ သံတမန်လုပ်ငန်းများကို အဓိကထားလုပ်ကိုင်သွားမှာဖြစ် ကြောင်း သတင်းများကဆိုပါတယ်။ အသက် ၆၁ နှစ်အရွယ်ရှိ ဗန်ဒိန်းက "ကျွန်တော်ဟာ အာနိုးလ်၊ ဂျက်ကီချန်း၊ စတာလုံးတို့လို့ ကမ္ဘာကျော်မင်းသားတွေကို စည်းရုံးပြီး ကွန်ဂိုနိုင်ငံကိုအတူသွားရောက်ဖို့ ကြိုးပမ်းမှာပါ။ ဒါ့ပြင် ဂျနီဖာလိုပက်ဇ်လို နာမည်ကျော်အဆိုတော်တွေ၊ မက်ဆီ၊ စီရော်နယ်ဒို၊ ရော်နယ်ဒင်ဟိုတို့လိုမျိုး ကမ္ဘာကျော်ဘောလုံးသမားတွေကိုလည်းစည်းရုံးပြီး ကွန်ဂိုနိုင်ငံကိုအတူသွားရောက်ဖို့ စီစဉ်ထားပါတယ်"လို့ပြောပါတယ်။
ဘယ်လ်ဂျီယံ မင်းသားကြီး ဗန်ဒိန်းဟာ သူ့ရဲ့ကျော်ကြားမှုကိုအသုံးချပြီး ကွန်ဂိုနိုင်ငံကို နိုင်ငံတကာမှာ လူသိများထင်ရှားလာအောင်လုပ်ဖို့ ရည် ရွယ်ထားကြောင်းသိရပါတယ်။ ဒါ့ပြင် ဗန်ဒိန်းဟာ နှစ်ပေါင်းများစွာကြာမတည်ငြိမ်မှုများ၊ လက်နက်ကိုင်ပဋိပက္ခဒဏ်နဲ့ရင်ဆိုင်ခဲ့ရတဲ့ကွန်ဂိုနိုင်ငံအတွက် စိုက်ပျိုးရေးကဏ္ဍနဲ့အခြားလုပ်ငန်းတွေမှာ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုများ ပိုမိုဝင်ရောက်စေဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်းသိရပါတယ်။
ဗန်ဒိန်းဟာ ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီးတစ်ဦးဖြစ်ခဲ့သလို ကရာ တေး၊ ထိုင်းမွေထိုင်း၊ ကစ်ဘောင်ဆင်များကို ကျွမ်းကျင်သူတစ်ဦးဖြစ်ကာ ကမ္ဘာကစ်ဘောင်ဆင်ပွဲပေါင်း ၁၉ ပွဲယှဉ်ပြိုင်ခဲ့ပြီး ၁၈ ပွဲအနိုင်ရခဲ့ဖူးတဲ့တိုက်ခိုက်ရေးအတွေ့ကြုံကြွယ်ဝတဲ့ မင်းသားကြီးတစ်ဦးဖြစ်ပါတယ်။

zawgyi version
ကမာၻေက်ာ္မင္းသားႀကီး ဗန္ဒိန္းကို ကြန္ဂိုႏိုင္ငံရဲ႕သံတမန္အျဖစ္ခန႔္အပ္
ဂ်န္ဇက္ (NP News) - ဧၿပီ ၉
ကမာၻေက်ာ္႐ုပ္ရွင္မင္းသားႀကီး ဗန္ဒိန္းက မိမိအေနနဲ႔ ကြန္ဂိုႏိုင္ငံရဲ႕ သံတမန္အျဖစ္ခန႔္အပ္ခံရေၾကာင္း၊ ကြန္ဂိုအစိုးရက ၄င္းကို သံတမန္ေရးရာႏိုင္ငံကူးလက္မွတ္ထုတ္ေပးခဲ့ေၾကာင္းထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ ဒါေၾကာင့္ ၎ဟာ အျခားကမာၻေက်ာ္သ႐ုပ္ေဆာင္မ်ားနဲ႔အတူ ကြန္ဂိုႏိုင္ငံကိုသြားေရာက္ဖို႔ စီစဥ္ထားေၾကာင္းဆိုပါတယ္။
ဗန္ဒိန္းဟာ ကြန္ဂိုႏိုင္ငံရဲ႕ လူငယ္ေရးရာ၊ ယဥ္ေက်းမႈနဲ႔ ေတာ႐ိုင္းတိရိ စာၦန္ဆိုင္ရာ သံတမန္လုပ္ငန္းမ်ားကို အဓိကထားလုပ္ကိုင္သြားမွာျဖစ္ ေၾကာင္း သတင္းမ်ားကဆိုပါတယ္။ အသက္ ၆၁ ႏွစ္အ႐ြယ္ရွိ ဗန္ဒိန္းက "ကြၽန္ေတာ္ဟာ အာႏိုးလ္၊ ဂ်က္ကီခ်န္း၊ စတာလုံးတို႔လို႔ ကမာၻေက်ာ္မင္းသားေတြကို စည္း႐ုံးၿပီး ကြန္ဂိုႏိုင္ငံကိုအတူသြားေရာက္ဖို႔ ႀကိဳးပမ္းမွာပါ။ ဒါ့ျပင္ ဂ်နီဖာလိုပက္ဇ္လို နာမည္ေက်ာ္အဆိုေတာ္ေတြ၊ မက္ဆီ၊ စီေရာ္နယ္ဒို၊ ေရာ္နယ္ဒင္ဟိုတို႔လိုမ်ိဳး ကမာၻေက်ာ္ေဘာလုံးသမားေတြကိုလည္းစည္း႐ုံးၿပီး ကြန္ဂိုႏိုင္ငံကိုအတူသြားေရာက္ဖို႔ စီစဥ္ထားပါတယ္"လို႔ေျပာပါတယ္။
ဘယ္လ္ဂ်ီယံ မင္းသားႀကီး ဗန္ဒိန္းဟာ သူ႔ရဲ႕ေက်ာ္ၾကားမႈကိုအသုံးခ်ၿပီး ကြန္ဂိုႏိုင္ငံကို ႏိုင္ငံတကာမွာ လူသိမ်ားထင္ရွားလာေအာင္လုပ္ဖို႔ ရည္ ႐ြယ္ထားေၾကာင္းသိရပါတယ္။ ဒါ့ျပင္ ဗန္ဒိန္းဟာ ႏွစ္ေပါင္းမ်ားစြာၾကာမတည္ၿငိမ္မႈမ်ား၊ လက္နက္ကိုင္ပဋိပကၡဒဏ္နဲ႔ရင္ဆိုင္ခဲ့ရတဲ့ကြန္ဂိုႏိုင္ငံအတြက္ စိုက္ပ်ိဳးေရးက႑နဲ႔အျခားလုပ္ငန္းေတြမွာ ႏိုင္ငံတကာ ရင္းႏွီး ျမႇဳပ္ႏွံမႈမ်ား ပိုမိုဝင္ေရာက္ေစဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ေၾကာင္းသိရပါတယ္။