စင်ကာပူနိုင်ငံသို့ မလေးရှားမှ သက်ရှိစပါးအုံးမြွေ ၂ ကောင်ကို ခိုးဝှက်တင်သွင်းလာတဲ့ ကုန်ကားယာဉ်မောင်း ဖမ်းဆီးခံရ

786

ရောင်နီ (NP News) - ဧပြီ ၁ဝ
မလေးရှားနိုင်ငံမှ စင်ကာပူသို့ ဧပြီ ၇ ရက်နေ့က ဝင်ရောက်လာတဲ့ ကုန်တင်ကားတစ်စီးမှာ စတီရိုဖိုမ် သေတ္တာ အတွင်း သက်ရှိ စပါးအုံးမြွေနှစ်ကောင်ကို ခိုးသွင်းလာတာကြောင့် Tuas စစ်ဆေးရေးဂိတ်မှာ ယာဉ်မောင်း ဖမ်းဆီးခံခဲ့ရပါတယ်။
ဧပြီလ ၉ ရက်၊ စနေနေ့က ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဂိတ် အာဏာပိုင်အဖွဲ့ (ICA) နဲ့ အမျိုးသားဥယျာဉ်များဘုတ်အဖွဲ့ (NParks) တို့မှ အရာရှိများက မလေးရှား မှတ်ပုံတင်ထားတဲ့ ဘိလပ်မြေကုန်တင်ကားတစ်စီးရဲ့ သေတ္တာတစ်လုံးအတွင်းမှာ စပါးအုံးမြွေများ တရားမဝင် တင်ဆောင်လာတာ တွေ့ရှိခဲ့ပါတယ်။
အဆိုပါသေတ္တာမှာ နှစ်ဖက်ဖောက်ထားတဲ့ အပေါက်များပါရှိပြီး အစားအသောက်များ ထည့်သွင်းလာကြောင်း မလေးရှားယာဉ်မောင်းက ကနဦး ထွက်ဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ မြွေတွေတင်ဆောင်လာကြောင်း ဝန်ခံခဲ့ပါ တယ်။ တရားဝင် တင်သွင်းခွင့် ပါမစ်လည်း မရရှိသေးတဲ့ ယာဉ်မောင်းအား စုံစမ်းစစ်ဆေးဖို့ NParks သို့ လွှဲ ပြောင်းပေးခဲ့ပါတယ်။
အရှည် ၄ ဒသမ ၈ မီတာ နဲ့ ၃ ဒသမ ၈ မီတာရှိတဲ့ မြွေများဟာ မျိုးတုံးပျောက်ကွယ်လုနီးနီး စပါးအုံးမြွေများဖြစ်ပြီး မျိုးတုန်းပျောက်ကွယ်လုနီးပါး တောရိုင်းတိရစ္ဆာန်နဲ့ သစ်ပင်ပန်းမန်မျိုးစိတ်များ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဆိုင်ရာသဘောတူစာချုပ်အရ ကာကွယ်ထားတဲ့မျိုးစိတ်ဖြစ်ပါတယ်။
ခွင့်ပြုချက်မရှိဘဲ ကာကွယ်ထားတဲ့မျိုးစိတ်များ တင်သွင်းခြင်းဟာ မျိုးသုဉ်းလုနီးပါးမျိုးစိတ်များ (သွင်းကုန်၊ ပို့ကုန်) အက်ဥပဒေအရ ထောင်ဒဏ် နှစ်နှစ်၊ ဒဏ်ငွေ ဒေါ်လာ ၅ဝဝဝဝ (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင် တယ်လို့ သိရပါတယ်။
တောရိုင်းတိရစ္ဆာန်များ တရားမဝင်ကုန်သွယ်မှုဟာ ဇီဝမျိုးစုံမျိုးကွဲများကိုခြိမ်းခြောက်နေပြီး ဂေဟစနစ်များကို အနှောင့်အယှက်ပေးနေကာ ဇီဝလုံခြုံရေးနဲ့ သန့်ရှင်းရေးထိန်းချုပ်မှုများကို ရှောင်ဖယ်နေတာကြောင့် ကျန်းမာ ရေးအန္တရာယ်ကိုလည်း ဆိုးရွားစေနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် NParks ဟာ စင်္ကာပူနိုင်ငံသို့ မျိုးဆန်းရောဂါများဝင်ရောက်မှုမှ ကာကွယ်ဖို့၊ တိရစ္ဆာန်များရဲ့ လွတ်လပ်ခွင့်ကိုကာကွယ်ဖို့နဲ့ တရားမဝင် တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုကို ကိုင်တွယ်ဖြေရှင်းဖို့ တိရစ္ဆာန် တင်သွင်းမှုကို တင်းတင်းကြပ်ကြပ် ကြပ်မတ်ထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ငှက်များနဲ့ အင်းဆက်ပိုးမွှားများအပါအဝင် သက်ရှိတိရစ္ဆာန်များကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံတွင်းသို့ သယ်ဆောင်ခြင်း မပြုလုပ်ကြဖို့အတွက်လည်း ခရီးသွားတွေကို သတိပေးထားပါတယ်။

Zawgyi Version;
စင္ကာပူႏိုင္ငံသို႔ မေလးရွားမွ သက္ရွိစပါးအုံးေႁမြ ၂ ေကာင္ကို ခိုးဝွက္တင္သြင္းလာတဲ့ ကုန္ကားယာဥ္ေမာင္း ဖမ္းဆီးခံရ
ေရာင္နီ (NP News) - ဧၿပီ ၁ဝ
မေလးရွားႏိုင္ငံမွ စင္ကာပူသို႔ ဧၿပီ ၇ ရက္ေန႔က ဝင္ေရာက္လာတဲ့ ကုန္တင္ကားတစ္စီးမွာ စတီ႐ိုဖိုမ္ ေသတၱာ အတြင္း သက္ရွိ စပါးအုံးေႁမြႏွစ္ေကာင္ကို ခိုးသြင္းလာတာေၾကာင့္ Tuas စစ္ေဆးေရးဂိတ္မွာ ယာဥ္ေမာင္း ဖမ္းဆီးခံခဲ့ရပါတယ္။
ဧၿပီလ ၉ ရက္၊ စေနေန႔က ထုတ္ျပန္ခဲ့တဲ့ ပူးတြဲေၾကညာခ်က္မွာ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ စစ္ေဆးေရးဂိတ္ အာဏာပိုင္အဖြဲ႕ (ICA) နဲ႔ အမ်ိဳးသားဥယ်ာဥ္မ်ားဘုတ္အဖြဲ႕ (NParks) တို႔မွ အရာရွိမ်ားက မေလးရွား မွတ္ပုံတင္ထားတဲ့ ဘိလပ္ေျမကုန္တင္ကားတစ္စီးရဲ႕ ေသတၱာတစ္လုံးအတြင္းမွာ စပါးအုံးေႁမြမ်ား တရားမဝင္ တင္ေဆာင္လာတာ ေတြ႕ရွိခဲ့ပါတယ္။
အဆိုပါေသတၱာမွာ ႏွစ္ဖက္ေဖာက္ထားတဲ့ အေပါက္မ်ားပါရွိၿပီး အစားအေသာက္မ်ား ထည့္သြင္းလာေၾကာင္း မေလးရွားယာဥ္ေမာင္းက ကနဦး ထြက္ဆိုခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ေႁမြေတြတင္ေဆာင္လာေၾကာင္း ဝန္ခံခဲ့ပါ တယ္။ တရားဝင္ တင္သြင္းခြင့္ ပါမစ္လည္း မရရွိေသးတဲ့ ယာဥ္ေမာင္းအား စုံစမ္းစစ္ေဆးဖို႔ NParks သို႔ လႊဲ ေျပာင္းေပးခဲ့ပါတယ္။
အရွည္ ၄ ဒသမ ၈ မီတာ နဲ႔ ၃ ဒသမ ၈ မီတာရွိတဲ့ ေႁမြမ်ားဟာ မ်ိဳးတုံးေပ်ာက္ကြယ္လုနီးနီး စပါးအုံးေႁမြမ်ားျဖစ္ၿပီး မ်ိဳးတုန္းေပ်ာက္ကြယ္လုနီးပါး ေတာ႐ိုင္းတိရစာၦန္နဲ႔ သစ္ပင္ပန္းမန္မ်ိဳးစိတ္မ်ား အျပည္ျပည္ဆိုင္ရာ ကုန္သြယ္မႈ ဆိုင္ရာသေဘာတူစာခ်ဳပ္အရ ကာကြယ္ထားတဲ့မ်ိဳးစိတ္ျဖစ္ပါတယ္။
ခြင့္ျပဳခ်က္မရွိဘဲ ကာကြယ္ထားတဲ့မ်ိဳးစိတ္မ်ား တင္သြင္းျခင္းဟာ မ်ိဳးသုဥ္းလုနီးပါးမ်ိဳးစိတ္မ်ား (သြင္းကုန္၊ ပို႔ကုန္) အက္ဥပေဒအရ ေထာင္ဒဏ္ ႏွစ္ႏွစ္၊ ဒဏ္ေငြ ေဒၚလာ ၅ဝဝဝဝ (သို႔မဟုတ္) ဒဏ္ႏွစ္ရပ္လုံး ခ်မွတ္ႏိုင္ တယ္လို႔ သိရပါတယ္။
ေတာ႐ိုင္းတိရစာၦန္မ်ား တရားမဝင္ကုန္သြယ္မႈဟာ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ားကိုၿခိမ္းေျခာက္ေနၿပီး ေဂဟစနစ္မ်ားကို အေႏွာင့္အယွက္ေပးေနကာ ဇီဝလုံၿခဳံေရးနဲ႔ သန႔္ရွင္းေရးထိန္းခ်ဳပ္မႈမ်ားကို ေရွာင္ဖယ္ေနတာေၾကာင့္ က်န္းမာ ေရးအႏၲရာယ္ကိုလည္း ဆိုး႐ြားေစႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဒါ့ေၾကာင့္ NParks ဟာ စကၤာပူႏိုင္ငံသို႔ မ်ိဳးဆန္းေရာဂါမ်ားဝင္ေရာက္မႈမွ ကာကြယ္ဖို႔၊ တိရစာၦန္မ်ားရဲ႕ လြတ္လပ္ခြင့္ကိုကာကြယ္ဖို႔နဲ႔ တရားမဝင္ ေတာ႐ိုင္းတိရစာၦန္ကုန္သြယ္မႈကို ကိုင္တြယ္ေျဖရွင္းဖို႔ တိရစာၦန္ တင္သြင္းမႈကို တင္းတင္းၾကပ္ၾကပ္ ၾကပ္မတ္ထားေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ငွက္မ်ားနဲ႔ အင္းဆက္ပိုးမႊားမ်ားအပါအဝင္ သက္ရွိတိရစာၦန္မ်ားကို ခြင့္ျပဳခ်က္မရွိဘဲ ႏိုင္ငံတြင္းသို႔ သယ္ေဆာင္ ျခင္း မျပဳလုပ္ၾကဖို႔အတြက္လည္း ခရီးသြားေတြကို သတိေပးထားပါတယ္။