ချင်းတွင်းမြစ်ရေသည် မြို့ ၂ မြို့တွင် စိုးရိမ်ရေမှတ်အထက်ရှိနေပြီး မြစ်ကြောင်းတလျှောက် မြို့ ၄ မြို့ တွင် စိုးရိမ်ရေမှတ်ထိ ရောက်နိုင်

319

အမရာဟန် (NP News) -ဇွန် ၂၈
ချင်းတွင်းမြစ်ရေသည် မြို့ ၂ မြို့တွင် စိုးရိမ်ရေမှတ်အထက် ရှိနေပြီး မြစ်ကြောင်းတလျှောက် မြို့ ၄ မြို့ တွင် စိုးရိမ်ရေမှတ်အထိ ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇွန်လ ၂၈ ရက်) နံနက်ပိုင်းက သတင်းထုတ်ပြန်ထားသည်။
ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၂ လက်မခန့်တွင် ရောက်ရှိနေပြီး လာမည့် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်း နိုင်ကာ ဖောင်းပြင် မြို့တွင်မူ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့်တွင် ရောက်ရှိနေပြီး လာမည့် ၁ ရက်အတွင်း ၃ လက်မခန့်မြင့်တက်လာနိုင် ကြောင်း နှင့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ထို့ပြင် ချင်းတွင်းမြစ်ရေသည် ကလေးဝမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၂ ပေကျော်တွင် ရောက်ရှိနေရာ အဆိုပါမြစ်ရေသည် လာမည့် ၃၆ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပြီး မင်းကင်း မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲခန့်တွင် ရောက်ရှိနေရာမှ အဆိုပါမြစ်ရေသည် လာမည့် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မုံရွာမြို့ တွင် မူ ချင်းတွင်း မြစ်ရေသည် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၁ ပေခန့်တွင် ရောက်ရှိနေရာ လာမည့် ၁ ရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သောကြောင့် မော်လိုက်မြို့နယ်၊ ကလေးဝမြို့နယ်၊ မင်းကင်း မြို့နယ်နှင့် မုံရွာမြို့နယ်များအတွင်းရှိမြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန် နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေး ထားသည်။
ပုံစာ - ရေတက်နေချိန် ချင်းတွင်း မြစ်ကမ်းဘေး မြင်ကွင်း ပုံဟောင်း

Zawgyi Version:
ခ်င္းတြင္းျမစ္ေရသည္ ၿမိဳ႕ ၂ ၿမိဳ႕တြင္ စိုးရိမ္ေရမွတ္အထက္ရွိေနၿပီး ျမစ္ေၾကာင္းတေလွ်ာက္ ၿမိဳ႕ ၄ ၿမိဳ႕ တြင္ စိုးရိမ္ေရ မွတ္ထိ ေရာက္ႏိုင္
အမရာဟန္ (NP News) -ဇြန္ ၂၈
ခ်င္းတြင္းျမစ္ေရသည္ ၿမိဳ႕ ၂ ၿမိဳ႕တြင္ စိုးရိမ္ေရမွတ္အထက္ ရွိေနၿပီး ျမစ္ေၾကာင္းတေလွ်ာက္ ၿမိဳ႕ ၄ ၿမိဳ႕ တြင္ စိုးရိမ္ေရမွတ္အထိ ေရာက္ႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔ (ဇြန္လ ၂၈ ရက္) နံနက္ပိုင္းက သတင္းထုတ္ျပန္ထားသည္။
ခ်င္းတြင္းျမစ္ေရသည္ ဟုမၼလင္းၿမိဳ႕တြင္ ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္အထက္သို႔ ၂ လက္မခန႔္တြင္ ေရာက္ရွိေနၿပီး လာမည့္ ၁ ရက္အတြင္း စိုးရိမ္ေရမွတ္ေအာက္သို႔ ျပန္လည္က်ဆင္း ႏိုင္ကာ ေဖာင္းျပင္ ၿမိဳ႕တြင္မူ ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္အထက္သို႔ ေပဝက္ခန႔္တြင္ ေရာက္ရွိေနၿပီး လာမည့္ ၁ ရက္အတြင္း ၃ လက္မခန႔္ျမင့္တက္လာႏိုင္ ေၾကာင္း ႏွင့္ ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္အထက္ ဆက္လက္တည္ရွိႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္။
ထို႔ျပင္ ခ်င္းတြင္းျမစ္ေရသည္ ကေလးဝၿမိဳ႕ တြင္ ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္ေအာက္ ၂ ေပေက်ာ္တြင္ ေရာက္ရွိေနရာ အဆိုပါျမစ္ေရသည္ လာမည့္ ၃၆ နာရီအတြင္း ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္သို႔ ေရာက္ရွိႏိုင္ၿပီး မင္းကင္း ၿမိဳ႕တြင္ ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္ေအာက္ ၁ ေပခြဲခန႔္တြင္ ေရာက္ရွိေနရာမွ အဆိုပါျမစ္ေရသည္ လာမည့္ ၁ ရက္အတြင္း ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္သို႔ ေရာက္ရွိႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
မုံ႐ြာၿမိဳ႕ တြင္ မူ ခ်င္းတြင္း ျမစ္ေရသည္ ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္ေအာက္ ၁ ေပခန႔္တြင္ ေရာက္ရွိေနရာ လာမည့္ ၁ ရက္ အတြင္း ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္သို႔ ေရာက္ရွိႏိုင္ေသာေၾကာင့္ ေမာ္လိုက္ၿမိဳ႕နယ္၊ ကေလးဝၿမိဳ႕နယ္၊ မင္းကင္း ၿမိဳ႕နယ္ႏွင့္ မုံ႐ြာၿမိဳ႕နယ္မ်ားအတြင္းရွိျမစ္ကမ္းအနီးႏွင့္ ေျမနိမ့္ပိုင္းေနထိုင္သူမ်ားအေနျဖင့္ ႀကိဳတင္သတိျပဳႏိုင္ရန္ ႏွင့္ ျမစ္ေရျမင့္တက္လာပါက အခ်ိန္မီေရွာင္ရွားႏိုင္ရန္ မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက အသိေပး ထားသည္။