သင်္ကြန်ကာလ ရန်ကုန်မြို့တွင်း အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် ဖောက်ခွဲရေးများလုပ်ဆောင်မည့်သူ ၁၆ ဦးအား လက်နက်/ ခဲယမ်းများနှင့်အတူ ဖမ်းမိ

 1804

NP News - ဧပြီ ၁၄
သင်္ကြန်ကာလအတွင်း အပြစ်မဲ့ပြည်သူများအား ထိတ်လန့်ကြောက်ရွံ့စေရန် ရည်ရွယ်၍ ဖောက်ခွဲ ဖျက်ဆီးခြင်း စသည့်လုပ်ရပ်များအား ဆောင်ရွက်ရန် ကြိုးပမ်းအားထုတ်နေသည့် အသက် ၂၈ နှစ် အရွယ်အမျိုးသမီး သီရိဝေ(ခ) မဝေအပါအဝင် ကျူးလွန်သူ ၁၆ ဦးအား သင်္ကြန်ကာလမတိုင်ခင် ၂ဝ၂၂ ခုနှစ်၊ ဧပြီလ ၅ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ BOC မှတ်တိုင်အနီး၌ ဖမ်းဆီးရမိခဲ့ကြောင်း နစကဘက်မှ ဧပြီလ ၁၃ ရက်၊ သင်္ကြန်အကြိုနေ့ ညပိုင်းတွင် သတင်း ထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်အရ UMCD နှင့် GOD အမည်ခံ အကြမ်းဖက်အဖွဲ့များသည် CRPH၊ NUG အကြမ်းဖက်အဖွဲ့များ၏စေခိုင်းမှုဖြင့် နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် မဟာသင်္ကြန်ပွဲတော် ကာလအတွင်း အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများ ပြည်သူနှင့် သက်ဆိုင်သောနေရာ ၇ နေရာဖြစ်သည့် ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်ရှိ ပိုင်အိုးနီးယားကလပ်၊ လှိုင်သာယာမြို့နယ်၊ ဘုရားလမ်းရှိ မော်ဒန်ဝမ်းတူး KTV ၊ မြောက်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပအဝိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာအေးဗီလာ၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းရှိ Sky Way Club ၊ လှိုင်သာယာမြို့နယ်ရှိ ထွန်းဖောင်ဒေးရှင်းရုံး၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံတို့တွင် ဖောက်ခွဲမှုများ ပြုလုပ်ရန် စီစဉ်ထားကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ကနဦး ဖမ်းဆီးရမိခဲ့သည့် သီရိဝေ(ခ)မဝေ ၏ ထွက်ဆိုချက်အရ အဆိုပါနေ့ နေ့လည်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ရွှေနံ့သာစံပြ ကျေးရွာ၊ စံပြ(၁၉) လမ်းရှိ Land of Grace Flim Studio ၌ လက်လုပ်မိုင်းများ ပြုလုပ်လျက်ရှိသည့် တရားခံ ရန်ပိုင်ဌေး(၃၉)နှစ်၊ ဒန်နီရယ်(ခ) နေပွဲသော(၃၉)နှစ်၊ ပိုင်သက်စံ(၂၈)နှစ်၊ စောကော်မူး(ခ)ဂိုချွန်း(၂၈)နှစ်၊ မြတ် ထွေး (၃ဝ)နှစ်နှင့် နော်ရှီးခူဆဲ(၃၅)နှစ်တို့ ၆ ဦးအား M-16 ၁ လက်၊ ပွိုင့်-22 ၁ လက်၊ လက်လုပ်သေနတ် ၃ လက်၊ လက်လုပ်မိုင်း ၅ လုံး၊ ကျည်မျိုးစုံ ၇၃ဝ တောင့်၊ ကျည်အိမ် ၂ ခု၊ မှန်ပြောင်း ၁ လက်၊ အသံတိတ်ပြောင်း ၁ ခု၊ ဒီတိုနေတာ ၁၈ဝ ချောင်း၊ အဝေးထိန်းခလုတ် ၇ ခုနှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ညနေပိုင်း၌ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ကျွန်းရွှေဝါလမ်းရှိ ရှမွေလ(ခ)ဦးရှင်ကြီး၏နေအိမ်၌ ရှမွေလ(ခ)ဦးရှင်ကြီး(၃၈)နှစ်၊ ကျော်ဇောဝင်း (၃၃)နှစ်နှင့် ဇေယျာထွန်း (၃၂)နှစ် တို့ သုံးဦးအား MK-12 ၁ လက်၊ ကျည်အိမ် ၂ ခု၊ MK-12 ပြောင်းကာ ၁ ခု၊ MK-12 ဒင် ၁ ခု၊ လက်လုပ်သေနတ် ၆ လက်၊ ကျည်မျိုးစုံ ၁ဝ၃၅ တောင့်၊ မှန်ပြောင်း ၁ လက်၊ ရှေ့ထွက်မိုင်း(ပြုလုပ်ဆဲ) ၁ လုံး၊ လက်လုပ်မိုင်း ၅ လုံး၊ ယမ်းချောင်း ၈ဝ ချောင်း၊ ဒီတိုနေတာ ၃၂ဝ ချောင်းအပါအဝင် မိုင်းနှင့်ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း၊ လှိုင်သာယာမြို့နယ်၊ တပင်ရွှေထီးလမ်း၊ 81 ဘီယာဆိုင်၌ God Of Death (GOD) အမည်ခံ အကြမ်းဖက်အဖွဲ့မှ သက်ပိုင်စိုး(၂၅)နှစ်၊ ထွန်းမင်းကျော် (၂၃)နှစ်နှင့် အေးချမ်းကိုကို (၂၂)နှစ်တို့ ၃ ဦးတို့အား လက်လုပ်မိုင်း ၁ဝ လုံးဖြင့် လည်းကောင်း၊ မရမ်းကုန်းမြို့နယ်၊ ကုန်းမြင့်ရိပ်သာလမ်း၊ အမှတ်(၉၃/A)ရှိ Linn Studio ၌ ကျော်ကျော်အောင် (ခ)ကျော် ကြီး(၃၁)နှစ်အား လည်းကောင်း ထပ်မံဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး သီရိဝေ(ခ)မဝေ၏ ထွက်ဆိုချက်အရ ဧပြီလ ၁၁ ရက် ညပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ ၉ ရပ်ကွက်၊ အညာစုလမ်း၊ အမှတ်(၁၇၉) နေအိမ်၌ ဇော်မင်းသိန်း(၃၉)နှစ်နှင့် လှမင်းသိန်း(၃၂)နှစ်တို့ ၂ ဦးအား ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၆ ဦးတို့အား M-16 ၁ လက်၊ MK-12 ၁ လက်၊ ပွိုင့်-22 ၁ လက်၊ လက်လုပ်သေနတ် ၉ လက်၊ လက်လုပ်မိုင်း မျိုးစုံ ၂၁ လုံး၊ ကျည်မျိုးစုံ ၁၇၆၅ တောင့်၊ ကျည်အိမ် ၄ ခု၊ MK-12 ပြောင်းကာ ၁ ခု၊ MK-12 ဒင် ၁ ခု၊ မှန်ပြောင်း ၂ လက်၊ အသံတိတ်ပြောင်း ၁ ခု၊ ဒီတိုနေတာ ၅ဝဝ ချောင်း၊ အဝေးထိန်းခလုတ် ၇ ခု၊ ယမ်းချောင်း ၈ဝ ချောင်း၊ လက်လုပ်သေနတ်နှင့် လက်လုပ်မိုင်း ပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ၂ဝ၂၁ ခုနှစ်၊ ဇူလိုင်လတွင် သီရိဝေ(ခ)မဝေ၊ ရှမွေလှ (ခ) ဦးရှင်ကြီး၊ ကျော်ဇောဝင်း၊ သက်ပိုင်စိုးနှင့် အေးချမ်းကိုကို တို့သည် ဖမ်းဆီးရန်ကျန် တရားခံ ကိုကျား ဆိုသူ၏ ချိတ်ဆက်ပေးမှုဖြင့် KNLA တပ်မဟာ(၆) နယ်မြေ၌လည်းကောင်း၊ ဇွန်လခန့်တွင် ကျော်ကျော်အောင်(ခ) ကျော်ကြီးသည် လိုင်ဇာမြို့ရှိ KIA ဗဟိုဌာနချုပ်၌ လည်းကောင်း အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း ၁ လ တက်ရောက်ခဲ့သည်ကို ဖော်ထုတ်သိရှိခဲ့ရကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်မှ ဆိုသည်။

ထို့အပြင် Union Myanmar Civil Development(UMCD) အမည်ခံအကြမ်းဖက်အဖွဲ့အား ၂ဝ၂၁ ခုနှစ်၊ ဩဂုတ်လခန့်တွင် ထိုင်းနိုင်ငံသို့ တိမ်းရှောင်နေသော ဖမ်းဆီးရန်ကျန် တရားခံ မာရီယာနှင့် သီရိဝေ(ခ) မဝေတို့ ခေါင်းဆောင်၍ ရှမွေလှ(ခ)ဦးရှင်ကြီး၊ ကျော်ဇောဝင်း၊ ဇေယျာထွန်း၊ ဇော်မင်းသိန်း၊ လှမင်းသိန်းနှင့် ဖမ်းဆီးရန်ကျန်တရားခံ အမ်မာ၊ မျောက်၊ ခင်မောင်လင်း (ခ)ကိုလင်း၊ ကြယ်ခေါင်၊ ဆိုဖီယာ၊ ကိုဇန်၊ ရိန်းဂျား၊ ပင်လယ် တို့ပါဝင်သော အင်အား ၁ဝဝ ဦးခန့်ဖြင့်လည်းကောင်း၊ God of Death(GOD) အဖွဲ့အား ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလခန့်တွင် ဖမ်းဆီးရန်ကျန် တရားခံ စိုးလေး ခေါင်းဆောင်၍ သက်ပိုင်စိုး၊ ထွန်းမင်းကျော်၊ အေးချမ်းကိုကို၊ ကျော်ကျော်အောင်(ခ) ကျော်ကြီး တို့ ပါဝင်သော အဖွဲ့ဝင် ၃ဝ ဦးခန့်ဖြင့်လည်း ကောင်း အသီးသီးဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖောက်ခွဲဖျက်ဆီးရေးပြုလုပ်ရန်အတွက် လိုအပ်သော ငွေကြေးများအား ဖမ်းဆီးရန်ကျန် တရားခံ မာရီယာ ထံမှ ရရှိခဲ့သည့်အပြင် KNLA တပ်မဟာ(၆) နယ်မြေ၌ သင်တန်းတက်ရောက်စဉ် လေ့ကျင့်ခန်းပြုလုပ်ခဲ့သည့် ဓာတ်ပုံ များအား လူမှုကွန်ရက်ပေါ်မှတစ်ဆင့်ဖြန့်ဝေ၍ ပြည်တွင်း/ပြည်ပရှိ အစွန်းရောက် NLD ပါတီ ဝင်များ၊ NUG၊ CRPH အမည်ခံအကြမ်းဖက်အဖွဲ့များထံမှ လက်ခံရရှိကြခြင်းဖြစ်ကြောင်းကို ဖော်ထုတ်ရမိထားကြောင်း နစက ထုတ်ပြန်ချက်ထဲတွင် အသေးစိတ်ဖော်ပြထားသည်။

ထို့ကြောင့် ဖမ်းဆီးရမိထားသောသူများအား ဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ပြီး ကွင်းဆက်တရားခံများကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ် ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
သၾကၤန္ကာလ ရန္ကုန္ၿမိဳ႕တြင္း အမ်ားျပည္သူႏွင့္သက္ဆိုင္ေသာေနရာမ်ားတြင္ ေဖာက္ခြဲေရးမ်ားလုပ္ေဆာင္မည့္သူ ၁၆ ဦးအား လက္နက္/ ခဲယမ္းမ်ားႏွင့္အတူ ဖမ္းမိ
NP News - ဧၿပီ ၁၄
သၾကၤန္ကာလအတြင္း အျပစ္မဲ့ျပည္သူမ်ားအား ထိတ္လန႔္ေၾကာက္႐ြံ႕ေစရန္ ရည္႐ြယ္၍ ေဖာက္ခြဲ ဖ်က္ဆီးျခင္း စသည့္လုပ္ရပ္မ်ားအား ေဆာင္႐ြက္ရန္ ႀကိဳးပမ္းအားထုတ္ေနသည့္ အသက္ ၂၈ ႏွစ္ အ႐ြယ္အမ်ိဳးသမီး သီရိေဝ(ခ) မေဝအပါအဝင္ က်ဴးလြန္သူ ၁၆ ဦးအား သၾကၤန္ကာလမတိုင္ခင္ ၂ဝ၂၂ ခုႏွစ္၊ ဧၿပီလ ၅ ရက္ နံနက္ပိုင္းက ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္၊ BOC မွတ္တိုင္အနီး၌ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကဘက္မွ ဧၿပီလ ၁၃ ရက္၊ သၾကၤန္အႀကိဳေန႔ ညပိုင္းတြင္ သတင္း ထုတ္ျပန္ခဲ့သည္။

ဖမ္းဆီးရမိသူမ်ား၏ထြက္ဆိုခ်က္အရ UMCD ႏွင့္ GOD အမည္ခံ အၾကမ္းဖက္အဖြဲ႕မ်ားသည္ CRPH၊ NUG အၾကမ္းဖက္အဖြဲ႕မ်ား၏ေစခိုင္းမႈျဖင့္ ႏိုင္ငံေတာ္၏အုပ္ခ်ဳပ္မႈယႏၲရား ပ်က္ျပားေစရန္ႏွင့္ မဟာသၾကၤန္ပြဲေတာ္ ကာလအတြင္း အျပစ္မဲ့ျပည္သူမ်ား ထိတ္လန႔္မႈျဖစ္ေစရန္ရည္႐ြယ္၍ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ အမ်ား ျပည္သူႏွင့္ သက္ဆိုင္ေသာေနရာ ၇ ေနရာျဖစ္သည့္ ဒဂုံၿမိဳ႕နယ္၊ ျပည္လမ္းအေရွ႕ရပ္ကြက္ရွိ ပိုင္အိုးနီးယားကလပ္၊ လႈိင္သာယာၿမိဳ႕နယ္၊ ဘုရားလမ္းရွိ ေမာ္ဒန္ဝမ္းတူး KTV ၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေျမာက္ဥကၠလာပအဝိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္ရွိ ကမာၻေအးဗီလာ၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ကမ္းနားလမ္းရွိ Sky Way Club ၊ လႈိင္သာယာၿမိဳ႕နယ္ရွိ ထြန္းေဖာင္ေဒးရွင္း႐ုံး၊ ေက်ာက္တံတားၿမိဳ႕နယ္၊ မဟာဗႏၶဳလပန္းၿခံတို႔တြင္ ေဖာက္ခြဲမႈမ်ား ျပဳလုပ္ရန္ စီစဥ္ထားၾကျခင္းျဖစ္ေၾကာင္း ေဖာ္ထုတ္သိရွိခဲ့ရသည္။

ကနဦး ဖမ္းဆီးရမိခဲ့သည့္ သီရိေဝ(ခ)မေဝ ၏ ထြက္ဆိုခ်က္အရ အဆိုပါေန႔ ေန႔လည္ပိုင္းတြင္ မဂၤလာဒုံၿမိဳ႕နယ္၊ ပုလဲၿမိဳ႕သစ္၊ ေ႐ႊနံ႔သာစံျပ ေက်း႐ြာ၊ စံျပ(၁၉) လမ္းရွိ Land of Grace Flim Studio ၌ လက္လုပ္မိုင္းမ်ား ျပဳလုပ္လ်က္ရွိသည့္ တရားခံ ရန္ပိုင္ေဌး(၃၉)ႏွစ္၊ ဒန္နီရယ္(ခ) ေနပြဲေသာ(၃၉)ႏွစ္၊ ပိုင္သက္စံ(၂၈)ႏွစ္၊ ေစာေကာ္မူး(ခ)ဂိုခြၽန္း(၂၈)ႏွစ္၊ ျမတ္ ေထြး (၃ဝ)ႏွစ္ႏွင့္ ေနာ္ရွီးခူဆဲ(၃၅)ႏွစ္တို႔ ၆ ဦးအား M-16 ၁ လက္၊ ပြိဳင့္-22 ၁ လက္၊ လက္လုပ္ေသနတ္ ၃ လက္၊ လက္လုပ္မိုင္း ၅ လုံး၊ က်ည္မ်ိဳးစုံ ၇၃ဝ ေတာင့္၊ က်ည္အိမ္ ၂ ခု၊ မွန္ေျပာင္း ၁ လက္၊ အသံတိတ္ေျပာင္း ၁ ခု၊ ဒီတိုေနတာ ၁၈ဝ ေခ်ာင္း၊ အေဝးထိန္းခလုတ္ ၇ ခုႏွင့္ လက္လုပ္မိုင္းျပဳလုပ္ရာတြင္ အသုံးျပဳေသာ ဆက္စပ္ ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ညေနပိုင္း၌ မဂၤလာဒုံၿမိဳ႕နယ္၊ ပုလဲၿမိဳ႕သစ္၊ ကြၽန္းေ႐ႊဝါလမ္းရွိ ရွေမြလ(ခ)ဦးရွင္ႀကီး၏ေနအိမ္၌ ရွေမြလ(ခ)ဦးရွင္ႀကီး(၃၈)ႏွစ္၊ ေက်ာ္ေဇာဝင္း (၃၃)ႏွစ္ႏွင့္ ေဇယ်ာထြန္း (၃၂)ႏွစ္ တို႔ သုံးဦးအား MK-12 ၁ လက္၊ က်ည္အိမ္ ၂ ခု၊ MK-12 ေျပာင္းကာ ၁ ခု၊ MK-12 ဒင္ ၁ ခု၊ လက္လုပ္ေသနတ္ ၆ လက္၊ က်ည္မ်ိဳးစုံ ၁ဝ၃၅ ေတာင့္၊ မွန္ေျပာင္း ၁ လက္၊ ေရွ႕ထြက္မိုင္း(ျပဳလုပ္ဆဲ) ၁ လုံး၊ လက္လုပ္မိုင္း ၅ လုံး၊ ယမ္းေခ်ာင္း ၈ဝ ေခ်ာင္း၊ ဒီတိုေနတာ ၃၂ဝ ေခ်ာင္းအပါအဝင္ မိုင္းႏွင့္ဆက္စပ္ပစၥည္းမ်ားျဖင့္လည္းေကာင္း၊ လႈိင္သာယာၿမိဳ႕နယ္၊ တပင္ေ႐ႊထီးလမ္း၊ 81 ဘီယာဆိုင္၌ God Of Death (GOD) အမည္ခံ အၾကမ္းဖက္အဖြဲ႕မွ သက္ပိုင္စိုး(၂၅)ႏွစ္၊ ထြန္းမင္းေက်ာ္ (၂၃)ႏွစ္ႏွင့္ ေအးခ်မ္းကိုကို (၂၂)ႏွစ္တို႔ ၃ ဦးတို႔အား လက္လုပ္မိုင္း ၁ဝ လုံးျဖင့္ လည္းေကာင္း၊ မရမ္းကုန္းၿမိဳ႕နယ္၊ ကုန္းျမင့္ရိပ္သာလမ္း၊ အမွတ္(၉၃/A)ရွိ Linn Studio ၌ ေက်ာ္ေက်ာ္ေအာင္ (ခ)ေက်ာ္ ႀကီး(၃၁)ႏွစ္အား လည္းေကာင္း ထပ္မံဖမ္းဆီး ရမိခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ဆက္လက္ၿပီး သီရိေဝ(ခ)မေဝ၏ ထြက္ဆိုခ်က္အရ ဧၿပီလ ၁၁ ရက္ ညပိုင္းတြင္ မရမ္းကုန္းၿမိဳ႕နယ္၊ ၉ ရပ္ကြက္၊ အညာစုလမ္း၊ အမွတ္(၁၇၉) ေနအိမ္၌ ေဇာ္မင္းသိန္း(၃၉)ႏွစ္ႏွင့္ လွမင္းသိန္း(၃၂)ႏွစ္တို႔ ၂ ဦးအား ထပ္မံ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္တြင္ အမ်ိဳးသား ၁၄ ဦး၊ အမ်ိဳးသမီး ၂ ဦး၊ စုစုေပါင္း ၁၆ ဦးတို႔အား M-16 ၁ လက္၊ MK-12 ၁ လက္၊ ပြိဳင့္-22 ၁ လက္၊ လက္လုပ္ေသနတ္ ၉ လက္၊ လက္လုပ္မိုင္း မ်ိဳးစုံ ၂၁ လုံး၊ က်ည္မ်ိဳးစုံ ၁၇၆၅ ေတာင့္၊ က်ည္အိမ္ ၄ ခု၊ MK-12 ေျပာင္းကာ ၁ ခု၊ MK-12 ဒင္ ၁ ခု၊ မွန္ေျပာင္း ၂ လက္၊ အသံတိတ္ေျပာင္း ၁ ခု၊ ဒီတိုေနတာ ၅ဝဝ ေခ်ာင္း၊ အေဝးထိန္းခလုတ္ ၇ ခု၊ ယမ္းေခ်ာင္း ၈ဝ ေခ်ာင္း၊ လက္လုပ္ေသနတ္ႏွင့္ လက္လုပ္မိုင္း ျပဳလုပ္ရာတြင္အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။

ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္အရ ၂ဝ၂၁ ခုႏွစ္၊ ဇူလိုင္လတြင္ သီရိေဝ(ခ)မေဝ၊ ရွေမြလွ (ခ) ဦးရွင္ႀကီး၊ ေက်ာ္ေဇာဝင္း၊ သက္ပိုင္စိုးႏွင့္ ေအးခ်မ္းကိုကို တို႔သည္ ဖမ္းဆီးရန္က်န္ တရားခံ ကိုက်ား ဆိုသူ၏ ခ်ိတ္ဆက္ေပးမႈျဖင့္ KNLA တပ္မဟာ(၆) နယ္ေျမ၌လည္းေကာင္း၊ ဇြန္လခန႔္တြင္ ေက်ာ္ေက်ာ္ေအာင္(ခ) ေက်ာ္ႀကီးသည္ လိုင္ဇာၿမိဳ႕ရွိ KIA ဗဟိုဌာနခ်ဳပ္၌ လည္းေကာင္း အၾကမ္းဖက္ ေဖာက္ခြဲေရးသင္တန္း ၁ လ တက္ေရာက္ခဲ့သည္ကို ေဖာ္ထုတ္သိရွိခဲ့ရေၾကာင္း နစကသတင္းထုတ္ျပန္ေရးအဖြဲ႕ဘက္မွ ဆိုသည္။

ထို႔အျပင္ Union Myanmar Civil Development(UMCD) အမည္ခံအၾကမ္းဖက္အဖြဲ႕အား ၂ဝ၂၁ ခုႏွစ္၊ ဩဂုတ္လခန႔္တြင္ ထိုင္းႏိုင္ငံသို႔ တိမ္းေရွာင္ေနေသာ ဖမ္းဆီးရန္က်န္ တရားခံ မာရီယာႏွင့္ သီရိေဝ(ခ) မေဝတို႔ ေခါင္းေဆာင္၍ ရွေမြလွ(ခ)ဦးရွင္ႀကီး၊ ေက်ာ္ေဇာဝင္း၊ ေဇယ်ာထြန္း၊ ေဇာ္မင္းသိန္း၊ လွမင္းသိန္းႏွင့္ ဖမ္းဆီးရန္က်န္တရားခံ အမ္မာ၊ ေမ်ာက္၊ ခင္ေမာင္လင္း (ခ)ကိုလင္း၊ ၾကယ္ေခါင္၊ ဆိုဖီယာ၊ ကိုဇန္၊ ရိန္းဂ်ား၊ ပင္လယ္ တို႔ပါဝင္ေသာ အင္အား ၁ဝဝ ဦးခန႔္ျဖင့္လည္းေကာင္း၊ God of Death(GOD) အဖြဲ႕အား ၂ဝ၂၁ ခုႏွစ္၊ ေအာက္တိုဘာလခန႔္တြင္ ဖမ္းဆီးရန္က်န္ တရားခံ စိုးေလး ေခါင္းေဆာင္၍ သက္ပိုင္စိုး၊ ထြန္းမင္းေက်ာ္၊ ေအးခ်မ္းကိုကို၊ ေက်ာ္ေက်ာ္ေအာင္(ခ) ေက်ာ္ႀကီး တို႔ ပါဝင္ေသာ အဖြဲ႕ဝင္ ၃ဝ ဦးခန႔္ျဖင့္လည္း ေကာင္း အသီးသီးဖြဲ႕စည္းခဲ့ေၾကာင္း ေဖာ္ထုတ္သိရွိရသည္။

ေဖာက္ခြဲဖ်က္ဆီးေရးျပဳလုပ္ရန္အတြက္ လိုအပ္ေသာ ေငြေၾကးမ်ားအား ဖမ္းဆီးရန္က်န္ တရားခံ မာရီယာ ထံမွ ရရွိခဲ့သည့္အျပင္ KNLA တပ္မဟာ(၆) နယ္ေျမ၌ သင္တန္းတက္ေရာက္စဥ္ ေလ့က်င့္ခန္းျပဳလုပ္ခဲ့သည့္ ဓာတ္ပုံ မ်ားအား လူမႈကြန္ရက္ေပၚမွတစ္ဆင့္ျဖန႔္ေဝ၍ ျပည္တြင္း/ျပည္ပရွိ အစြန္းေရာက္ NLD ပါတီ ဝင္မ်ား၊ NUG၊ CRPH အမည္ခံအၾကမ္းဖက္အဖြဲ႕မ်ားထံမွ လက္ခံရရွိၾကျခင္းျဖစ္ေၾကာင္းကို ေဖာ္ထုတ္ရမိထားေၾကာင္း နစက ထုတ္ျပန္ခ်က္ထဲတြင္ အေသးစိတ္ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ဖမ္းဆီးရမိထားေသာသူမ်ားအား ဥပေဒအရ ထိေရာက္စြာအေရးယူသြားမည္ျဖစ္ၿပီး ကြင္းဆက္တရားခံမ်ားကိုလည္း ဆက္လက္စုံစမ္းေဖာ္ထုတ္ ဖမ္းဆီးအေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.