နီပေါ၏ လက်ရှိ စီးပွားရေးအကျပ်အတည်းမှာ သီရိလင်္ကာနည်းတူ ချွတ်ခြုံကျမှုလမ်းကြောင်းသို့ ဦးတည်နေဟုဆို

979

Htay Oung (NP News)- ဧပြီ ၁၅
နီပေါနိုင်ငံ၏ လက်ရှိ စီးပွားရေးအခြေအနေမှာ အခြားတောင်အာရှနိုင်ငံဖြစ်သည့် သီရိလင်္ကာ၌ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး ဘဏ္ဍာရေးအကျပ်အတည်းတွင် စုံးစုံးမြုပ်ရသကဲ့သို့ အလားတူ အ အကျပ်အတည်းဆီသို့ ဦးတည်သွားနေပုံရသည်ဟု Dhaka Tribune က ဧပြီလ ၁၄ ရက်တွင်ရေးသားသည်။
သီရိလင်္ကာကဲ့သို့ပင် နီပေါသည်လည်း နိုင်ငံ၏ သွင်းကုန်အသုံးစရိတ်များအတွက် လိုအပ်သည့် နိုင်ငံခြား အ ရန်ငွေကို ခရီးသွားလုပ်ငန်းနှင့် ကန့်သတ်ကုန်ပစ္စည်းများ ပြည်ပတင်ပို့မှုအပေါ် မှီခိုနေရသည်။ Covid-19 ကပ် ရောဂါကြောင့် ခရီးသွားလုပ်ငန်းပျက်ပြားခဲ့ရသော သီရီလင်္ကာနည်းတူ နီပေါတွင်လည်း ရင်ဆိုင်ခဲ့ရသည်။ ခရီး သွားလာရေး ပြန်လည်ကောင်းမွန်ဖွယ် လက္ခဏာများကို နှစ်နိုင်ငံစလုံးတွင် တွေ့မြင်ရသော်လည်း ရုရှား-ယူက ရိန်း စစ်ပွဲဖြစ်ပွားမှုမှာ နှစ်နိုင်ငံစလုံး၏ စီးပွားရေးမျှခြေတို့ကို နောက်တစ်ကြိမ် ထပ်မံနှောင့်ယှက်သလို ဖြစ်ခဲ့ သည်။
ဟိမဝန္တာတောင်ပေါ်နိုင်ငံ နီပေါသည် ရေနံ၊ အစားအစာ၊ သကြား၊ ပဲအမျိုး မျိုး၊ ဆေးဝါးနှင့် သယ်ယူပို့ဆောင် ရေး ကိရိယာတို့ပါဝင်သော မရှိမဖြစ်လိုအပ်သည့် သွင်းကုန်များအပေါ်၌ ကြီးမားစွာ မှီခိုနေရသည်။ အကယ်၍ တိုင်းပြည်၏ နိုင်ငံခြားငွေ အရန်ငွေကို ထိန်းသိမ်းရန် ပျက်ကွက်ပါက စီးပွားရေး အကျပ်အတည်းသို့ ဦးတည် စေမည့် ငွေဖြစ်လွယ်မှု အခက်အခဲနှင့် ရင်ဆိုင်ရနိုင်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။
တောင်အာရှနိုင်ငံများ ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအသင်း SAAC ဝင် တိုင်းပြည်၏ နိုင်ငံခြားငွေ အရန် ငွေပမာဏ ကျဆင်းသွားပြီးနောက် မော်တော်ကား၊ အလှကုန်နှင့် ရွှေအပါအဝင် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ တင်သွင်းမှုတို့ကို မကြာသေးမီက ကန့်သတ်ခဲ့ရသည်။
နီပေါနိုင်ငံ၏ စုစုပေါင်းအသားတင် နိုင်ငံခြားငွေအရန်ငွေမှာ ၂၀၂၁- ခုနှစ် ဇူလိုင်လလယ်တွင် နီပေါရူပီး ၁၆.၂ ထရီလီယံရှိရာ မှ ၂၀၂၂-ခုနှစ် ဖေဖော်ဝါရီလလယ်တွင် ၁.၃၉ ထရီလီယံသို့ ကျဆင်းသွားခဲ့ကြောင်း ခတ္တမန္ဒူ ပို့စ်သတင်းစာအရ သိရသည်။
သီရိလင်္ကာနိုင်ငံသည် ၂၀၂၀- ဇန်နဝါရီတွင် နိုင်ငံခြားငွေ အရန်ငွေပမာဏ ၇ဝ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း နီပေါ တွင် ၁၆% ကျော် ပိုမိုကျဆင်းကာ ဖေဖော်ဝါရီ လလယ်အထိ ၇-လအတွင်း ရူပီးငွေ ၁.၁၇ ထရီလီယံ (ကန်ဒေါ် လာ ၉.၅၉ ဘီလီယံ) သို့ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း တွေရရှိရသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်နေသူနိုင်ငံသားများ၏ နီပေါသို့ ပြန်ပို့ငွေပမာဏမှာ ၅ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့သည်။
စိတ်ဝင်စားစရာမှာ သီရိလင်္ကာသည် ၎င်း၏နိုင်ငံခြားကြွေးမြီ ဒေါ်လာ ၅၁ ဘီလီယံကို ပေးချေနိုင်ခြင်း မရှိတော့ ကြောင်း အင်္ဂါနေ့တွင် ကြေညာပြီးနောက် ပြည်ပရောက် သီရိလင်္ကာနိုင်ငံသားတို့က နိုင်ငံတော်အား စားနပ်ရိ က္ခာနှင့် လောင်စာဆီများ ဝယ်ယူနိုင်ရေး ကူညီသည့်အနေဖြင့် အိမ်ပြန်ငွေပို့ကြရန် တိုက်တွန်းလိုက်ခြင်းဖြစ် သည်။
နီပေါနိုင်ငံ၌ ပြီးခဲ့သည့်နှစ်တွင် နိုင်ငံရေးအကျပ်အတည်း စတင်ရာမှ စီးပွားရေးအခက်အခဲသို့ ဦးတည်လာရ သည့် အခြေအနေနှင့် ချိန်ဆကြည့်နိုင်သည်။ ဗဟိုဘဏ်ဖြစ်သည့် ရက်စ်တြာဘဏ်၏ အုပ်ချုပ်ရေးမှူးမှာ ပြီးခဲ့သည့် သီတင်းပတ်တွင် ရာထူးမှ ဖယ်ရှားခြင်း ခံရသည်။
အဖြစ်အပျက်တို့မှာ စိတ်ဝင်စားစရာ ကောင်းပုံရသော်လည်း သီရိလင်္ကာအကျပ်အတည်းနှင့် ယခုကိစ္စကို နှိုင်းယှဉ်ခံရသည့်အတွက် အံ့သြမိကြောင်း နီပေါဘဏ္ဍာရေးဝန်ကြီးက မှတ်ချက်ပြုသည်။
ဗဟိုဘဏ်၏လက်ထောက်ပြောရေးဆိုခွင့်ရှိသူကမူ တိုင်းပြည်၏ နိုင်ငံခြားအရန်ငွေများမှာ ဖိအားပေးခံနေ ရ သည်ဟု ယုံကြည်ရကြောင်း၊ အခြားကုန်ပစ္စည်းများ တင်သွင်းရာတွင် မရှိမဖြစ် ကုန်ပစ္စည်းများဝင်ရောက်မှုကို မထိခိုက်စေဘဲ ကန့်သတ်ရန် တစ်ခုခု ဆုံးဖြတ်လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ တင်သွင်းသူများသည် ၎င်းတို့ကုန်အ တွက် အပြည့်အဝပေးချေပါက လူသုံးကုန်ပစ္စည်း ၅၀ အထိ တင်သွင်းခွင့်ပြုထားကြောင်း၊ သွင်းကုန်ပစ္စည်း တား ဆီးခြင်း မဟုတ်သော်လည်း ယခုအစီအစဉ်မှာ ကုန်သည်များအတွက် စိတ်ဓါတ်ကျစရာဖြစ်နေကြောင်း Reuters သတင်းဌာနသို့ ပြောဆိုသည်။
ကူးစက်ရောဂါ၏ စီးပွားရေးအပေါ် သက်ရောက်မှုကို တားဆီးရန် တာဝန်ရှိသူများက အသုံးစရိတ်များအား တိုး မြင့်လာသောကြောင့် နီပေါအစိုးရကြွေးမြီမှာ ပြည်တွင်း အသား တင်ကုန်ထုတ်လုပ်မှု (GDP) ၏ ၄၃% ကျော် အထိ မြင့်တက်လာခဲ့ကြောင်း၊ ၂၀၂၀-၂၁ ခုနှစ်ကုန်တွင် GDP မှာ ရူပီး ၄.၂၆ ထရီလီယံရှိခဲ့ပြီး နိုင်ငံ၏စီးပွား ရေးကြံ့ခိုင်မှု အညွှန်းကိန်းများသည် ပုံမှန်ရှိနေကြောင်း၊ နိုင်ငံ၏ ကြွေးမြီသည် ဒေသတွင်း အခြားနိုင်ငံများထက် များစွာ နည်းပါးကြောင်း နီပေါဘဏ္ဍာရေး ဝန်ကြီးဌာနက ဆိုသည်။
နီပေါနိုင်ငံ၏ အခြေအနေမှာ သီရိလင်္ကာထက် များစွာသာလွန်ပုံရပြီး နိုင်ငံခြားငွေ အရန်ငွေပမာဏမှာ ၂-ဆဖြစ်နေ၍ အစိုးရကြွေးမြီမှာလည်း အထူးမြင့်မား ခြင်း မရှိကြောင်း ထွန်းသစ်စ ဈေးကွက်စီးပွားရေးဆိုင်ရာ ပညာရှင် အဲလက်စ်ဟုမ်းစ်က BBC သို့ ရှင်းပြသည်။
သို့သော် နီပေါစီးပွားရေးပညာရှင် မင်းဗဟာဒူးရှာရက်သာကမူ နိုင်ငံတော်အနေဖြင့် ပထမအဆင့် အကျပ်အ တည်း၌ ဆိုက်ရောက်နေပြီဖြစ်ကြောင်း ယုံကြည်သည်။ အစိုးရက စနစ်တကျ စီမံခန့်ခွဲခြင်း မရှိလျှင် စီးပွားရေး အကျပ်အတည်းမှာ ပိုမိုနက်ရှိုင်းလာမည်ကို စိုးရိမ်လျှက်ရှိသည်။

zawgyi version
နီေပါ၏ လက္ရွိ စီးပြားေရးအက်ပ္အတည္းမွာ သီရိလကၤာနည္းတူ ခြၽတ္ၿခဳံက်မႈ လမ္းေၾကာင္း သို႔ ဦးတည္ေနဟုဆို
Htay Oung (NP News)- ဧၿပီ ၁၅
နီေပါႏိုင္ငံ၏ လက္ရွိ စီးပြားေရးအေျခအေနမွာ အျခားေတာင္အာရွႏိုင္ငံျဖစ္သည့္ သီရိလကၤာ၌ ၁၉၄၈ ခုႏွစ္ လြတ္လပ္ေရးရၿပီးေနာက္ပိုင္း အဆိုး႐ြားဆုံး ဘ႑ာေရးအက်ပ္အတည္းတြင္ စုံးစုံးျမဳပ္ရသကဲ့သို႔ အလားတူ အ အက်ပ္အတည္းဆီသို႔ ဦးတည္သြားေနပုံရသည္ဟု Dhaka Tribune က ဧၿပီလ ၁၄ ရက္တြင္ေရးသားသည္။
သီရိလကၤာကဲ့သို႔ပင္ နီေပါသည္လည္း ႏိုင္ငံ၏ သြင္းကုန္အသုံးစရိတ္မ်ားအတြက္ လိုအပ္သည့္ ႏိုင္ငံျခား အ ရန္ေငြကို ခရီးသြားလုပ္ငန္းႏွင့္ ကန႔္သတ္ကုန္ပစၥည္းမ်ား ျပည္ပတင္ပို႔မႈအေပၚ မွီခိုေနရသည္။ Covid-19 ကပ္ ေရာဂါေၾကာင့္ ခရီးသြားလုပ္ငန္းပ်က္ျပားခဲ့ရေသာ သီရီလကၤာနည္းတူ နီေပါတြင္လည္း ရင္ဆိုင္ခဲ့ရသည္။ ခရီး သြားလာေရး ျပန္လည္ေကာင္းမြန္ဖြယ္ လကၡဏာမ်ားကို ႏွစ္ႏိုင္ငံစလုံးတြင္ ေတြ႕ျမင္ရေသာ္လည္း ႐ုရွား-ယူက ရိန္း စစ္ပြဲျဖစ္ပြားမႈမွာ ႏွစ္ႏိုင္ငံစလုံး၏ စီးပြားေရးမွ်ေျခတို႔ကို ေနာက္တစ္ႀကိမ္ ထပ္မံေႏွာင့္ယွက္သလို ျဖစ္ခဲ့ သည္။
ဟိမဝႏၲာေတာင္ေပၚႏိုင္ငံ နီေပါသည္ ေရနံ၊ အစားအစာ၊ သၾကား၊ ပဲအမ်ိဳး မ်ိဳး၊ ေဆးဝါးႏွင့္ သယ္ယူပို႔ေဆာင္ ေရး ကိရိယာတို႔ပါဝင္ေသာ မရွိမျဖစ္လိုအပ္သည့္ သြင္းကုန္မ်ားအေပၚ၌ ႀကီးမားစြာ မွီခိုေနရသည္။ အကယ္၍ တိုင္းျပည္၏ ႏိုင္ငံျခားေငြ အရန္ေငြကို ထိန္းသိမ္းရန္ ပ်က္ကြက္ပါက စီးပြားေရး အက်ပ္အတည္းသို႔ ဦးတည္ ေစမည့္ ေငြျဖစ္လြယ္မႈ အခက္အခဲႏွင့္ ရင္ဆိုင္ရႏိုင္ေၾကာင္း ကြၽမ္းက်င္သူမ်ားက ဆိုသည္။
ေတာင္အာရွႏိုင္ငံမ်ား ေဒသဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးအသင္း SAAC ဝင္ တိုင္းျပည္၏ ႏိုင္ငံျခားေငြ အရန္ ေငြပမာဏ က်ဆင္းသြားၿပီးေနာက္ ေမာ္ေတာ္ကား၊ အလွကုန္ႏွင့္ ေ႐ႊအပါအဝင္ မရွိမျဖစ္လိုအပ္ေသာ ကုန္ပစၥည္းမ်ား တင္သြင္းမႈတို႔ကို မၾကာေသးမီက ကန႔္သတ္ခဲ့ရသည္။
နီေပါႏိုင္ငံ၏ စုစုေပါင္းအသားတင္ ႏိုင္ငံျခားေငြအရန္ေငြမွာ ၂၀၂၁- ခုႏွစ္ ဇူလိုင္လလယ္တြင္ နီေပါ႐ူပီး ၁၆.၂ ထရီလီယံရွိရာ မွ ၂၀၂၂-ခုႏွစ္ ေဖေဖာ္ဝါရီလလယ္တြင္ ၁.၃၉ ထရီလီယံသို႔ က်ဆင္းသြားခဲ့ေၾကာင္း ခတၱမႏၵဴ ပို႔စ္သတင္းစာအရ သိရသည္။
သီရိလကၤာႏိုင္ငံသည္ ၂၀၂၀- ဇန္နဝါရီတြင္ ႏိုင္ငံျခားေငြ အရန္ေငြပမာဏ ၇ဝ ရာခိုင္ႏႈန္း က်ဆင္းခဲ့ေသာ္လည္း နီေပါ တြင္ ၁၆% ေက်ာ္ ပိုမိုက်ဆင္းကာ ေဖေဖာ္ဝါရီ လလယ္အထိ ၇-လအတြင္း ႐ူပီးေငြ ၁.၁၇ ထရီလီယံ (ကန္ေဒၚ လာ ၉.၅၉ ဘီလီယံ) သို႔ က်ဆင္းခဲ့ျခင္းျဖစ္ေၾကာင္း ေတြရရွိရသည္။ တစ္ခ်ိန္တည္းမွာပင္ ႏိုင္ငံရပ္ျခားတြင္ အလုပ္လုပ္ကိုင္ေနသူႏိုင္ငံသားမ်ား၏ နီေပါသို႔ ျပန္ပို႔ေငြပမာဏမွာ ၅ ရာခိုင္ႏႈန္းနီးပါး က်ဆင္းခဲ့သည္။
စိတ္ဝင္စားစရာမွာ သီရိလကၤာသည္ ၎၏ႏိုင္ငံျခားေႂကြးၿမီ ေဒၚလာ ၅၁ ဘီလီယံကို ေပးေခ်ႏိုင္ျခင္း မရွိေတာ့ ေၾကာင္း အဂၤါေန႔တြင္ ေၾကညာၿပီးေနာက္ ျပည္ပေရာက္ သီရိလကၤာႏိုင္ငံသားတို႔က ႏိုင္ငံေတာ္အား စားနပ္ရိ ကၡာႏွင့္ ေလာင္စာဆီမ်ား ဝယ္ယူႏိုင္ေရး ကူညီသည့္အေနျဖင့္ အိမ္ျပန္ေငြပို႔ၾကရန္ တိုက္တြန္းလိုက္ျခင္းျဖစ္ သည္။
နီေပါႏိုင္ငံ၌ ၿပီးခဲ့သည့္ႏွစ္တြင္ ႏိုင္ငံေရးအက်ပ္အတည္း စတင္ရာမွ စီးပြားေရးအခက္အခဲသို႔ ဦးတည္လာရ သည့္ အေျခအေနႏွင့္ ခ်ိန္ဆၾကည့္ႏိုင္သည္။ ဗဟိုဘဏ္ျဖစ္သည့္ ရက္စ္ၾတာဘဏ္၏ အုပ္ခ်ဳပ္ေရးမႉးမွာ ၿပီးခဲ့သည့္ သီတင္းပတ္တြင္ ရာထူးမွ ဖယ္ရွားျခင္း ခံရသည္။
အျဖစ္အပ်က္တို႔မွာ စိတ္ဝင္စားစရာ ေကာင္းပုံရေသာ္လည္း သီရိလကၤာအက်ပ္အတည္းႏွင့္ ယခုကိစၥကို ႏႈိင္းယွဥ္ခံရသည့္အတြက္ အံ့ၾသမိေၾကာင္း နီေပါဘ႑ာေရးဝန္ႀကီးက မွတ္ခ်က္ျပဳသည္။
ဗဟိုဘဏ္၏လက္ေထာက္ေျပာေရးဆိုခြင့္ရွိသူကမူ တိုင္းျပည္၏ ႏိုင္ငံျခားအရန္ေငြမ်ားမွာ ဖိအားေပးခံေန ရ သည္ဟု ယုံၾကည္ရေၾကာင္း၊ အျခားကုန္ပစၥည္းမ်ား တင္သြင္းရာတြင္ မရွိမျဖစ္ ကုန္ပစၥည္းမ်ားဝင္ေရာက္မႈကို မထိခိုက္ေစဘဲ ကန႔္သတ္ရန္ တစ္ခုခု ဆုံးျဖတ္လုပ္ကိုင္ရမည္ျဖစ္ေၾကာင္း၊ တင္သြင္းသူမ်ားသည္ ၎တို႔ကုန္အ တြက္ အျပည့္အဝေပးေခ်ပါက လူသုံးကုန္ပစၥည္း ၅၀ အထိ တင္သြင္းခြင့္ျပဳထားေၾကာင္း၊ သြင္းကုန္ပစၥည္း တား ဆီးျခင္း မဟုတ္ေသာ္လည္း ယခုအစီအစဥ္မွာ ကုန္သည္မ်ားအတြက္ စိတ္ဓါတ္က်စရာျဖစ္ေနေၾကာင္း Reuters သတင္းဌာနသို႔ ေျပာဆိုသည္။
ကူးစက္ေရာဂါ၏ စီးပြားေရးအေပၚ သက္ေရာက္မႈကို တားဆီးရန္ တာဝန္ရွိသူမ်ားက အသုံးစရိတ္မ်ားအား တိုး ျမင့္လာေသာေၾကာင့္ နီေပါအစိုးရေႂကြးၿမီမွာ ျပည္တြင္း အသား တင္ကုန္ထုတ္လုပ္မႈ (GDP) ၏ ၄၃% ေက်ာ္ အထိ ျမင့္တက္လာခဲ့ေၾကာင္း၊ ၂၀၂၀-၂၁ ခုႏွစ္ကုန္တြင္ GDP မွာ ႐ူပီး ၄.၂၆ ထရီလီယံရွိခဲ့ၿပီး ႏိုင္ငံ၏စီးပြား ေရးႀကံ့ခိုင္မႈ အၫႊန္းကိန္းမ်ားသည္ ပုံမွန္ရွိေနေၾကာင္း၊ ႏိုင္ငံ၏ ေႂကြးၿမီသည္ ေဒသတြင္း အျခားႏိုင္ငံမ်ားထက္ မ်ားစြာ နည္းပါးေၾကာင္း နီေပါဘ႑ာေရး ဝန္ႀကီးဌာနက ဆိုသည္။
နီေပါႏိုင္ငံ၏ အေျခအေနမွာ သီရိလကၤာထက္ မ်ားစြာသာလြန္ပုံရၿပီး ႏိုင္ငံျခားေငြ အရန္ေငြပမာဏမွာ ၂-ဆျဖစ္ေန၍ အစိုးရေႂကြးၿမီမွာလည္း အထူးျမင့္မား ျခင္း မရွိေၾကာင္း ထြန္းသစ္စ ေဈးကြက္စီးပြားေရးဆိုင္ရာ ပညာရွင္ အဲလက္စ္ဟုမ္းစ္က BBC သို႔ ရွင္းျပသည္။
သို႔ေသာ္ နီေပါစီးပြားေရးပညာရွင္ မင္းဗဟာဒူးရွာရက္သာကမူ ႏိုင္ငံေတာ္အေနျဖင့္ ပထမအဆင့္ အက်ပ္အ တည္း၌ ဆိုက္ေရာက္ေနၿပီျဖစ္ေၾကာင္း ယုံၾကည္သည္။ အစိုးရက စနစ္တက် စီမံခန႔္ခြဲျခင္း မရွိလွ်င္ စီးပြားေရး အက်ပ္အတည္းမွာ ပိုမိုနက္ရႈိင္းလာမည္ကို စိုးရိမ္လွ်က္ရွိသည္။