ရန်ကုန်မြို့ရှိ ကမ္ဘာ့ရတနာဘဏ်မှ ဘဏ်မန်နေဂျာတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

1050

ပုံစာ- ရန်ကုန်ရှိ ကမ္ဘာ့ရတနာဘဏ်ခွဲတစ်ခုအားတွေ့ရစဉ်
NP News - ဧပြီ ၁၈
ရန်ကုန်မြို့ရှိ ကမ္ဘာ့ရတနာဘဏ်မန်နေဂျာဖြစ်သူ ဦးစောမိုးဝင်းသည် ယနေ့ (ဧပြီလ ၁၈ ရက်) နံနက် ၈ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ဦးစောမိုးဝင်းသည် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၁၉) ရပ်ကွက်၊ မောင်းမကန်လမ်းရှိ ကမ္ဘာ့ရတနာဘဏ်ရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း အနီးတွင်နေထိုင်သူတစ်ဦးက NP News ကို ပြောကြားသည်။
ဘဏ်မန်နေဂျာဦးစောမိုးဝင်းသည် ဘဏ်ဖွင့်ရန်အတွက် ကားပေါ်မှအ ဆင်းတွင် နောက်မှလိုက်ပါလာသည့် Honda Fit (ခဲရောင်)ကားပေါ်မှ လူတစ်စုက သေနတ်ဖြင့်ပစ်ခတ်ခဲ့ကာ ဝမ်းဗိုက်ယာဘက်တွင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသည့်အခြေအနေရှိကာ ဆေးရုံသို့ ပို့ဆောင်ကုသနေကြောင်း သိရသည်။
ဖြစ်စဉ်နေရာမှ Thai Arms 380 auto ကျည်ခွံ ၁ ခုနှင့် ကျည် ၁ တောင့်တို့တွေ့ရှိကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခဲ့ထွက်ပြေးခဲ့သော လူတစ်စုနှင့် ကားကို ဖမ်းဆီးရမိရေးအတွက် နစက၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ စစ်ဆေးမှုများပြုလုပ်နေကြောင်းလည်း အနီးတွင်နေထိုင်သူတစ်ဦးက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် သေနတ်ဖြင့် ပစ်ခတ်ခံရသော ဘဏ်မန်နေဂျာဖြစ်သူ ဦးစောမိုးဝင်းသည် သေဆုံးသွားပြီဟု သတင်းများထွက် ပေါ်နေသော် လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
zawgyi version
ရန္ကုန္ၿမိဳ႕ရွိ ကမာၻ႔ရတနာဘဏ္မွ ဘဏ္မန္ေနဂ်ာတစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္ခံရ
NP News - ဧၿပီ ၁၈
ရန္ကုန္ၿမိဳ႕ရွိ ကမာၻ႔ရတနာဘဏ္မန္ေနဂ်ာျဖစ္သူ ဦးေစာမိုးဝင္းသည္ ယေန႔ (ဧၿပီလ ၁၈ ရက္) နံနက္ ၈ နာရီ ၂၅ မိနစ္အခ်ိန္ခန႔္တြင္ ေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။
ဦးေစာမိုးဝင္းသည္ ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္၊ (၁၉) ရပ္ကြက္၊ ေမာင္းမကန္လမ္းရွိ ကမာၻ႔ရတနာဘဏ္ေရွ႕တြင္ ေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း အနီးတြင္ေနထိုင္သူတစ္ဦးက NP News ကို ေျပာၾကားသည္။
ဘဏ္မန္ေနဂ်ာဦးေစာမိုးဝင္းသည္ ဘဏ္ဖြင့္ရန္အတြက္ ကားေပၚမွအ ဆင္းတြင္ ေနာက္မွလိုက္ပါလာသည့္ Honda Fit (ခဲေရာင္)ကားေပၚမွ လူတစ္စုက ေသနတ္ျဖင့္ပစ္ခတ္ခဲ့ကာ ဝမ္းဗိုက္ယာဘက္တြင္ က်ည္ေဖာက္ဝင္ဒဏ္ရာရရွိခဲ့ၿပီး စိုးရိမ္ရသည့္အေျခအေနရွိကာ ေဆး႐ုံသို႔ ပို႔ေဆာင္ကုသေနေၾကာင္း သိရသည္။
ျဖစ္စဥ္ေနရာမွ Thai Arms 380 auto က်ည္ခြံ ၁ ခုႏွင့္ က်ည္ ၁ ေတာင့္တို႔ေတြ႕ရွိေၾကာင္း သိရသည္။
ထိုသို႔ ပစ္ခတ္ခဲ့ထြက္ေျပးခဲ့ေသာ လူတစ္စုႏွင့္ ကားကို ဖမ္းဆီးရမိေရးအတြက္ နစက၏ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ပိတ္ဆို႔ စစ္ေဆးမႈမ်ားျပဳလုပ္ေနေၾကာင္းလည္း အနီးတြင္ေနထိုင္သူတစ္ဦးက ဆက္လက္ေျပာၾကားသည္။
လက္ရွိတြင္ ေသနတ္ျဖင့္ ပစ္ခတ္ခံရေသာ ဘဏ္မန္ေနဂ်ာျဖစ္သူ ဦးေစာမိုးဝင္းသည္ ေသဆုံးသြားၿပီဟု သတင္းမ်ားထြက္ ေပၚေနေသာ္ လည္း သီးျခားအတည္ျပဳႏိုင္ျခင္းမရွိေသးေပ။