ပြင်သစ်သမ္မတမက်ခရွန် ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် သမ္မတသက်တမ်းနှစ်ကြိမ်ဆက် တာဝန်ယူမယ်

 822

ဂျန်ဇက် (NP News) ဧပြီ ၂၅
ပြပြင်သစ်သမ္မတမက်ခရွန်ဟာ ဧပြီလ ၂၄ ရက်၊ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ပြင်သစ်သမ္မတရွေးကောက်ပွဲမှာ ပြိုင်ဘက် မာရီနီ လီပန်ကို အနိုင်ရခဲ့ပြီးနောက် ပြင်သစ်သမ္မတအဖြစ် နောက်ထပ်ငါးနှစ်ကြာ ထပ်မံတာဝန်ထမ်း ဆောင်ခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။

အသက် ၄၄ နှစ်အရွယ်ရှိ မက်ခရွန်ဟာ ရွေးကောက်ပွဲမှာဆန္ဒမဲ ၅၈ ဒသမ ၅၅ ရာခိုင်နှုန်းရရှိခဲ့ပြီး လီပန်ကတော့ ဆန္ဒမဲပေါင်း ၄၁ ဒသမ ဒသမ ၄၅ ရာခိုင်နှုန်းရရှိခဲ့ရာ လက်ယာစွန်းရောက်နိုင်ငံရေးသမားတွေထဲ ဆန္ဒမဲ အများဆုံးရသူဖြစ်လာခဲ့ပါတယ်။ မက်ခရွန်ဟာ နောက်ဆုံးနှစ် ၂ဝ အတွင်း ပြင်သစ်သမ္မတအဖြစ် နှစ်ကြိမ် ဆက်တိုက်ရွေးချယ်ခံရတဲ့ ပထမဆုံးသမ္မတဖြစ်လာခဲ့ပါတယ်။

လီပန်ဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် ဆန္ဒမဲအများအပြားရရှိခြင်းက အောင်ပွဲတစ်ခုဖြစ်တယ်လို့ ဆိုပါ တယ်။ ပြင်သစ်သမ္မတရွေးကောက်ပွဲမှာ မက်ခရွန် ထပ်မံအနိုင်ရတဲ့အပေါ် ဥရောပ နိုင်ငံများရဲ့ခေါင်းဆောင်တွေ က ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်

ဥရောပနိုင်ငံရဲ့ခေါင်းဆောင်တွေဟာ လက်ယာစွန်းရောက်ပါတီတစ်ခုရဲ့ခေါင်းဆောင်ဖြစ်တဲ့ လီပန်အနိုင်ရခဲ့ပါက ဥရောပသမဂ္ဂရဲ့မူဝါဒတွေကို ဆန့်ကျင်မှုတွေ လုပ်ဆောင်လာကို အစောပိုင်းက စိုးရိမ်မှုမြင့်တက်နေခဲ့ကြပါတယ်။

ရွေးကောက်ပွဲမှာအနိုင်ရပြီးနောက် မက်ခရွန်က "ရွေးကောက်ပွဲအဖြေရလဒ်ဟာ ပြင်သစ်လူမျိုးမျိုးချစ်တွေရဲ့ အမြင်မတူမှုတွေနဲ့ ဒေါသဖြစ်မှုတွေကို ဖြေရှင်းနိုင်အောင်ကြိုးပမ်းရမယ်ဆိုတာ သိမြင်ခဲ့တယ်။ ပြင်သစ် မျိုးချစ် အုပ်စုတွေနဲ့ အမြင်မတူမှုတွေ၊ ဒေါသဖြစ်မှုတွေကို ဖြေရှင်းနိုင်ရေးက ကျွန်တော်နဲ့ ကျွန်တော့်အစိုးရအဖွဲ့ရဲ့ တာဝန်တွေဖြစ်လာမှာပါ" လို့ပြောကြားခဲ့ပါတယ်။

https://www.bbc.com/news/world-europe-61209058

Zawgyi Version;
ျပင္သစ္သမၼတ မက္ခ႐ြန္ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရၿပီးေနာက္ သမၼတသက္တမ္းႏွစ္ႀကိမ္ဆက္ တာဝန္ယူမယ္
ဂ်န္ဇက္ (NP News) ဧၿပီ ၂၅
ျပျပင္သစ္သမၼတမက္ခ႐ြန္ဟာ ဧၿပီလ ၂၄ ရက္၊ တနဂၤေႏြေန႔က က်င္းပခဲ့တဲ့ ျပင္သစ္သမၼတေ႐ြးေကာက္ပြဲမွာ ၿပိဳင္ဘက္ မာရီနီ လီပန္ကို အႏိုင္ရခဲ့ၿပီးေနာက္ ျပင္သစ္သမၼတအျဖစ္ ေနာက္ထပ္ငါးႏွစ္ၾကာ ထပ္မံတာဝန္ထမ္း ေဆာင္ခြင့္ရမွာျဖစ္တယ္လို႔ သိရပါတယ္။

အသက္ ၄၄ ႏွစ္အ႐ြယ္ရွိ မက္ခ႐ြန္ဟာ ေ႐ြးေကာက္ပြဲမွာဆႏၵမဲ ၅၈ ဒသမ ၅၅ ရာခိုင္ႏႈန္းရရွိခဲ့ၿပီး လီပန္ကေတာ့ ဆႏၵမဲေပါင္း ၄၁ ဒသမ ဒသမ ၄၅ ရာခိုင္ႏႈန္းရရွိခဲ့ရာ လက္ယာစြန္းေရာက္ႏိုင္ငံေရးသမားေတြထဲ ဆႏၵမဲ အမ်ားဆုံးရသူျဖစ္လာခဲ့ပါတယ္။ မက္ခ႐ြန္ဟာ ေနာက္ဆုံးႏွစ္ ၂ဝ အတြင္း ျပင္သစ္သမၼတအျဖစ္ ႏွစ္ႀကိမ္ ဆက္တိုက္ေ႐ြးခ်ယ္ခံရတဲ့ ပထမဆုံးသမၼတျဖစ္လာခဲ့ပါတယ္။

လီပန္ဟာ ေ႐ြးေကာက္ပြဲမွာ ရႈံးနိမ့္ခဲ့ေပမယ့္ ဆႏၵမဲအမ်ားအျပားရရွိျခင္းက ေအာင္ပြဲတစ္ခုျဖစ္တယ္လို႔ ဆိုပါ တယ္။ ျပင္သစ္သမၼတေ႐ြးေကာက္ပြဲမွာ မက္ခ႐ြန္ ထပ္မံအႏိုင္ရတဲ့အေပၚ ဥေရာပ ႏိုင္ငံမ်ားရဲ႕ေခါင္းေဆာင္ေတြ က ႀကိဳဆိုဂုဏ္ျပဳခဲ့ၾကတယ္လို႔ သိရပါတယ္

ဥေရာပႏိုင္ငံရဲ႕ေခါင္းေဆာင္ေတြဟာ လက္ယာစြန္းေရာက္ပါတီတစ္ခုရဲ႕ေခါင္းေဆာင္ျဖစ္တဲ့ လီပန္အႏိုင္ရခဲ့ပါက ဥေရာပသမဂၢရဲ႕မူဝါဒေတြကို ဆန႔္က်င္မႈေတြ လုပ္ေဆာင္လာကို အေစာပိုင္းက စိုးရိမ္မႈျမင့္တက္ေနခဲ့ၾကပါတယ္။

ေ႐ြးေကာက္ပြဲမွာအႏိုင္ရၿပီးေနာက္ မက္ခ႐ြန္က "ေ႐ြးေကာက္ပြဲအေျဖရလဒ္ဟာ ျပင္သစ္လူမ်ိဳးမ်ိဳးခ်စ္ေတြရဲ႕ အျမင္မတူမႈေတြနဲ႔ ေဒါသျဖစ္မႈေတြကို ေျဖရွင္းႏိုင္ေအာင္ႀကိဳးပမ္းရမယ္ဆိုတာ သိျမင္ခဲ့တယ္။ ျပင္သစ္ မ်ိဳးခ်စ္ အုပ္စုေတြနဲ႔ အျမင္မတူမႈေတြ၊ ေဒါသျဖစ္မႈေတြကို ေျဖရွင္းႏိုင္ေရးက ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္အစိုးရအဖြဲ႕ရဲ႕ တာဝန္ေတြျဖစ္လာမွာပါ" လို႔ေျပာၾကားခဲ့ပါတယ္။

https://www.bbc.com/news/world-europe-61209058

Related news

© 2021. All rights reserved.