ရုရှားခရီးစဥ်သည် နိုင်ငံအတွက် ခြေလှမ်းအသစ်ချနိုင်ခဲ့ပြီး ရုရှားနှင့်ကာဇက်စတန်ခရီးမှာ အောင်မြင်သောခရီးစဥ်ဖြစ်

134

သုတကျော် (NP News) - စက်တင်ဘာ ၂၉
ရုရှားခရီးစဥ်သည် နိုင်ငံအတွက် ခြေလှမ်းအသစ် ချနိုင်ခဲ့ပြီး ရုရှားနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံ ခရီးစဥ်မှာ အောင်မြင်သောခရီးစဥ်ဖြစ်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထူးလေယာဉ်ပေါ်၌ မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားစဥ် ထည့်သွင်းပြောကြားသည်။
မော်စကိုမြို့တွင် ပြုလုပ်သော ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic week forum) ကိုတက်ရောက်ရန်အတွက် သမ္မတကြီးပူတင်၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့ရာ သမ္မတကြီးပူတင်၊ ဘယ်လာရုစ်သမ္မတ ၊ အာမေးနီးယားဝန်ကြီးချုပ်၊ အီသီယိုးပီးယားဝန်ကြီးချုပ်၊ အခြားခေါင်းဆောင်များ၊ IAEA ၏ ညွှန်ကြားရေးမှူးချုပ်တို့နှင့်တွေ့ဆုံကာ နှစ်ဖက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်း ဆွေးနွေးနိုင်ခဲ့ပြီး အဆိုပါ ဒီညီလာခံသည် ထူးခြားသော ညီလာခံတစ်ခုဖြစ်ကြောင်း ပြောသည်။
"အဓိက ကတော့ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးနဲ့ပတ်သက်ပြီးတော့ အမြင်ချင်းဖလှယ်ကြတာလည်းဖြစ်ပါတယ်။ ဒါက တော့ ကျွန်တော်တို့လည်း IAEA အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့အတွက်ကြောင့် အဏုမြူစွမ်းအင်ကို လူသားအကျိုးပြုလုပ်ငန်းတွေမှာ အသုံးပြုနိုင်အောင် အမြင်ချင်းဖလှယ် တာလည်းဖြစ်ပါတယ်။ ရရှိခဲ့တဲ့အကျိုးကတော့ တော်တော်လေးကောင်းတယ်လို့ ပြောရမှာဖြစ်ပါတယ်" ဟု ပြောကြားသည်။
ရုရှားသမ္မတကြီး ပူတင်နှင့် သီးခြားတွေ့ဆုံနိုင်ခဲ့ရာ မတ်လ တွေ့ဆုံမှုအပြီး တွေ့ဆုံခဲ့သောရလာဒ်များကိုမူတည်ကာ တိုးတက်မှုအခြေအနေများကို မည်သို့တိုးတက်ရေးကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။
"ပထမဦးဆုံးအနေနဲ့က ကူးသန်းရောင်းဝယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စ၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ကာကွယ်ရေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးကိစ္စ၊ အာကာသနှင့် အဏုမြူဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ဒါတွေကို ကျွန်တော်တို့ဆွေးနွေးနိုင်ခဲ့တာရှိပါတယ်" ဟု ပြောကြားသည်။
ကာဇက်စတန်သမ္မတနှင့် ဒုတိယအကြိမ်ဆွေးနွေးခြင်းဖြစ်ကာ ကာဇက်စတန်နှင့် မြန်မာသည် သံတမန်ဆက်ဆံမှု ၂၆ နှစ်ရှိပြီး ၂၆ နှစ်ပြည့်ပြီး နောက်ရက်တွင် ယင်းနိုင်ငံသို့ ရောက်ခဲ့ခြင်း ဖြစ်ကာ ကာဇက်စတန်သမ္မတ ကလည် အဆိုပါအချက်ကို အလေးထားပြောကြားပြီး မြန်မာနိုင်ငံ ခေါင်းဆောင်တစ်ဦးအနေဖြင့် ပထမဆုံး လာသည့်ခရီးစဥ်ဖြစ်ကာ New Step ခြေလှမ်းသစ်တစ်ခုကို စခဲ့ခြင်းဖြစ်သည်ဟု ပြောကြောင်းလည်း ပြောကြားသည်။
"နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်တွေမှာ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ရေး၊ နောက်တစ်ခါ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်တွေ၊ သိပ္ပံနှင့်နည်းပညာ ကိစ္စ ရပ်တွေ၊ ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ၊ ကျန်းမာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရမယ့်ကိစ္စရပ်တွေ ဒါတွေ ကျွန်တော်တို့ ပြောဆိုဆွေးနွေးနိုင်ခဲ့တာ ရှိပါတယ်" ဟု ပြောကြားသည်။
ယခူခရီးစဥ်သည် အောင်မြင်သော ခရီးစဥ် ဖြစ်ကြောင်းလည်း ပြောကြားသည်။
"အောင်မြင်တဲ့ ခရီးစဉ်ပါခင်ဗျာ။ ကျွန်တော်တို့က သွားတဲ့အချိန်မှာ အဏုမြူကိစ္စနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင် ခဲ့တယ်။ နောက်တစ်ခါ အာကာသနဲ့ ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘော တူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ အဲ့တာလည်း နိုင်ငံအတွက် ခြေလှမ်းသစ်တွေ စပြီး ချလိုက်တာပေါ့။ နောက်တစ်ခုက ကာဇက်စတန် နိုင်ငံပေါ့။ ကာဇက်စတန် နိုင်ငံက တရားဝင် လွတ်လပ်ရေးရတာတော့ ၁၉၉၁ ခုနှစ် နောက်ပိုင်းကြမှ လွတ်လပ် ရေး ရတာပါ။ ဒါပေမယ့် သမိုင်းကြောင်းအခြေခံက အများကြီး ကိပါတယ်။ သူရဲ့ လူသားအရင်းအမြစ် သဘာဝအရင်းအမြစ်တွေကို အသုံးချပြီး လုပ်တဲ့အခါမှာ အခုတိုး တက်မှုတွေက မျက်ဝါးထင်ထင် မြင်ရတာပေါ့။ ဒီလိုပဲ အက်စတာနာမြို့တော် တည်လာတာ ကျွန်တော်တို့ နေပြည်တော်ထက် နည်းနည်းလေးပဲ စောပါတယ်။ မြေအနေအထားပေးတဲ့အတွက်ကြောင့် တည်ဆောက်ရေးက အားရ အတုယူစရာတွေ တွေ့တာပေါ့။ ကျွန်တော် သွားကြည်ခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံလည်း ဒီလိုမျိုး တိုးတက်တဲ့ မြို့ပြ တည်ဆောက်မှုတွေ ဘယ်လိုလုပ်ကြမလဲဆိုတာလည်း စဉ်းစား လုပ်ကိုင်လို့ ရတာပေါ့။ ဒါကလည်း အောင်မြင်မှုလို့ ကျွန်တော် ပြောချင်ပါတယ်" ဟု ပြောကြားသည်။

Zawgyi Version:
႐ုရွားခရီးစဥ္သည္ ႏိုင္ငံအတြက္ ေျခလွမ္းအသစ္ခ်ႏိုင္ခဲ့ၿပီး ႐ုရွားႏွင့္ကာဇက္စတန္ခရီးမွာ ေအာင္ျမင္ေသာခရီးစဥ္ျဖစ္
သုတေက်ာ္ (NP News) - စက္တင္ဘာ ၂၉
႐ုရွားခရီးစဥ္သည္ ႏိုင္ငံအတြက္ ေျခလွမ္းအသစ္ ခ်ႏိုင္ခဲ့ၿပီး ႐ုရွားႏိုင္ငံႏွင့္ ကာဇက္စတန္ႏိုင္ငံ ခရီးစဥ္မွာ ေအာင္ျမင္ေသာခရီးစဥ္ျဖစ္ေၾကာင္း ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အထူးေလယာဥ္ေပၚ၌ မီဒီယာမ်ား၏ ေမးျမန္းမႈမ်ားကို ျပန္လည္ေျဖၾကားစဥ္ ထည့္သြင္းေျပာၾကားသည္။
ေမာ္စကိုၿမိဳ႕တြင္ ျပဳလုပ္ေသာ ကမာၻ႔အဏုျမဴသီတင္းပတ္ဖိုရမ္ (World Atomic week forum) ကိုတက္ေရာက္ရန္အတြက္ သမၼတႀကီးပူတင္၏ ဖိတ္ၾကားခ်က္အရ သြားေရာက္ခဲ့ရာ သမၼတႀကီးပူတင္၊ ဘယ္လာ႐ုစ္သမၼတ ၊ အာေမးနီးယားဝန္ႀကီးခ်ဳပ္၊ အီသီယိုးပီးယားဝန္ႀကီးခ်ဳပ္၊ အျခားေခါင္းေဆာင္မ်ား၊ IAEA ၏ ၫႊန္ၾကားေရးမႉးခ်ဳပ္တို႔ႏွင့္ေတြ႕ဆုံကာ ႏွစ္ဖက္ ပူးေပါင္းေဆာင္႐ြက္ႏိုင္မည့္ အေျခအေနမ်ားကိုလည္း ေဆြးေႏြးႏိုင္ခဲ့ၿပီး အဆိုပါ ဒီညီလာခံသည္ ထူးျခားေသာ ညီလာခံတစ္ခုျဖစ္ေၾကာင္း ေျပာသည္။
"အဓိက ကေတာ့ အဏုျမဴစြမ္းအင္ကို ၿငိမ္းခ်မ္းစြာ အသုံးျပဳေရးနဲ႔ပတ္သက္ၿပီးေတာ့ အျမင္ခ်င္းဖလွယ္ၾကတာလည္းျဖစ္ပါတယ္။ ဒါက ေတာ့ ကြၽန္ေတာ္တို႔လည္း IAEA အဖြဲ႕ဝင္ႏိုင္ငံတစ္ခုျဖစ္တဲ့အတြက္ေၾကာင့္ အဏုျမဴစြမ္းအင္ကို လူသားအက်ိဳးျပဳလုပ္ငန္းေတြမွာ အသုံးျပဳႏိုင္ေအာင္ အျမင္ခ်င္းဖလွယ္ တာလည္းျဖစ္ပါတယ္။ ရရွိခဲ့တဲ့အက်ိဳးကေတာ့ ေတာ္ေတာ္ေလးေကာင္းတယ္လို႔ ေျပာရမွာျဖစ္ပါတယ္" ဟု ေျပာၾကားသည္။
႐ုရွားသမၼတႀကီး ပူတင္ႏွင့္ သီးျခားေတြ႕ဆုံႏိုင္ခဲ့ရာ မတ္လ ေတြ႕ဆုံမႈအၿပီး ေတြ႕ဆုံခဲ့ေသာရလာဒ္မ်ားကိုမူတည္ကာ တိုးတက္မႈအေျခအေနမ်ားကို မည္သို႔တိုးတက္ေရးကို တိုးျမႇင့္ေဆာင္႐ြက္ႏိုင္ရန္ ေဆြးေႏြးခဲ့ေၾကာင္း ေျပာၾကားသည္။
"ပထမဦးဆုံးအေနနဲ႔က ကူးသန္းေရာင္းဝယ္ေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈကိစၥ၊ စြမ္းအင္၊ သယ္ယူပို႔ေဆာင္ေရး၊ ကာကြယ္ေရးဆိုင္ရာ ပူး ေပါင္းေဆာင္႐ြက္ေရးကိစၥ၊ အာကာသႏွင့္ အဏုျမဴဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးကိစၥ ဒါေတြကို ကြၽန္ေတာ္တို႔ေဆြးေႏြးႏိုင္ခဲ့တာရွိပါတယ္" ဟု ေျပာၾကားသည္။
ကာဇက္စတန္သမၼတႏွင့္ ဒုတိယအႀကိမ္ေဆြးေႏြးျခင္းျဖစ္ကာ ကာဇက္စတန္ႏွင့္ ျမန္မာသည္ သံတမန္ဆက္ဆံမႈ ၂၆ ႏွစ္ရွိၿပီး ၂၆ ႏွစ္ျပည့္ၿပီး ေနာက္ရက္တြင္ ယင္းႏိုင္ငံသို႔ ေရာက္ခဲ့ျခင္း ျဖစ္ကာ ကာဇက္စတန္သမၼတ ကလည္ အဆိုပါအခ်က္ကို အေလးထားေျပာၾကားၿပီး ျမန္မာႏိုင္ငံ ေခါင္းေဆာင္တစ္ဦးအေနျဖင့္ ပထမဆုံး လာသည့္ခရီးစဥ္ျဖစ္ကာ New Step ေျခလွမ္းသစ္တစ္ခုကို စခဲ့ျခင္းျဖစ္သည္ဟု ေျပာေၾကာင္းလည္း ေျပာၾကားသည္။
"ႏွစ္ဖက္ ပူးေပါင္းေဆာင္႐ြက္ေရးနယ္ပယ္ေတြမွာ စီးပြားေရးအရ ပူးေပါင္းေဆာင္႐ြက္ေရး၊ ေနာက္တစ္ခါ ရင္းႏွီးျမႇဳပ္ႏွံမႈကိစၥရပ္ေတြ၊ သိပၸံႏွင့္နည္းပညာ ကိစၥ ရပ္ေတြ၊ ပညာေရးဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈေတြ၊ က်န္းမာေရးဆိုင္ရာ ပူးေပါင္း ေဆာင္႐ြက္ရမယ့္ကိစၥရပ္ေတြ ဒါေတြ ကြၽန္ေတာ္တို႔ ေျပာဆိုေဆြးေႏြးႏိုင္ခဲ့တာ ရွိပါတယ္" ဟု ေျပာၾကားသည္။
ယခူခရီးစဥ္သည္ ေအာင္ျမင္ေသာ ခရီးစဥ္ ျဖစ္ေၾကာင္းလည္း ေျပာၾကားသည္။
"ေအာင္ျမင္တဲ့ ခရီးစဥ္ပါခင္ဗ်ာ။ ကြၽန္ေတာ္တို႔က သြားတဲ့အခ်ိန္မွာ အဏုျမဴကိစၥနဲ႔ပတ္သက္ၿပီး ပူးေပါင္းေဆာင္႐ြက္ေရး သေဘာတူညီခ်က္ လက္မွတ္ေရးထိုးႏိုင္ ခဲ့တယ္။ ေနာက္တစ္ခါ အာကာသနဲ႔ ပတ္သက္တဲ့ ပူးေပါင္းေဆာင္႐ြက္ေရး သေဘာ တူညီခ်က္ လက္မွတ္ေရးထိုးႏိုင္ခဲ့တယ္။ အဲ့တာလည္း ႏိုင္ငံအတြက္ ေျခလွမ္းသစ္ေတြ စၿပီး ခ်လိုက္တာေပါ့။ ေနာက္တစ္ခုက ကာဇက္စတန္ ႏိုင္ငံေပါ့။ ကာဇက္စတန္ ႏိုင္ငံက တရားဝင္ လြတ္လပ္ေရးရတာေတာ့ ၁၉၉၁ ခုႏွစ္ ေနာက္ပိုင္းၾကမွ လြတ္လပ္ ေရး ရတာပါ။ ဒါေပမယ့္ သမိုင္းေၾကာင္းအေျခခံက အမ်ားႀကီး ကိပါတယ္။ သူရဲ႕ လူသားအရင္းအျမစ္ သဘာဝအရင္းအျမစ္ေတြကို အသုံးခ်ၿပီး လုပ္တဲ့အခါမွာ အခုတိုး တက္မႈေတြက မ်က္ဝါးထင္ထင္ ျမင္ရတာေပါ့။ ဒီလိုပဲ အက္စတာနာၿမိဳ႕ေတာ္ တည္လာတာ ကြၽန္ေတာ္တို႔ ေနျပည္ေတာ္ထက္ နည္းနည္းေလးပဲ ေစာပါတယ္။ ေျမအေနအထားေပးတဲ့အတြက္ေၾကာင့္ တည္ေဆာက္ေရးက အားရ အတုယူစရာေတြ ေတြ႕တာေပါ့။ ကြၽန္ေတာ္ သြားၾကည္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံလည္း ဒီလိုမ်ိဳး တိုးတက္တဲ့ ၿမိဳ႕ျပ တည္ေဆာက္မႈေတြ ဘယ္လိုလုပ္ၾကမလဲဆိုတာလည္း စဥ္းစား လုပ္ကိုင္လို႔ ရတာေပါ့။ ဒါကလည္း ေအာင္ျမင္မႈလို႔ ကြၽန္ေတာ္ ေျပာခ်င္ပါတယ္" ဟု ေျပာၾကားသည္။