မြဝတီမြို့ရှိ ကာစီနိုရုံမှာ ထိုင်းအမျိုးသမီး ၃ဝဝ နီးပါးပြည့်တန်ဆာအဖြစ် အတင်းအကြပ်ခိုင်းစေခံနေရဟုဆို

 1386

ဂျန်ဇက် (NP News) - ဧပြီ ၂၉
ထိုင်းအမျိုးသမီး ၃ဝဝ နီးပါးဟာ ထိုင်း-မြန်မာနယ်စပ်ဒေသဖြစ်တဲ့ မြဝတီမြို့ရှိ ကာစီနိုရုံမှာ လိင်ပိုင်းဆိုင်ရာလုပ်ငန်းတွေကို အတင်းအကြပ်ခိုင်းစေခံနေရကြောင်းပြန်လည်လွတ်မြောက်လာတဲ့ အသက် ၂၅ နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီးတစ်ဦးကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ ထိုင်းအမျိုးသမီးဟာ မြဝတီမြို့ရှိ ကာစီနိုရုံမှာ အတင်းအကြပ်ခိုင်းစေခံရတဲ့အကြောင်းအရာကို ထိုင်းတော်ဝင်ရဲ တပ်ဖွဲ့ထံမှာအမှုဖွင့်တိုင်ကြားခဲ့ကြောင်းသိရပါတယ်။ အသက် ၂၅ နှစ်အ ရွယ်ရှိ ထိုင်းအမျိုးသမီးက ဒီနှစ်အစောပိုင်းက အွန်လိုင်းမှာတိုက်ရိုက် live အသံလွှင့်အစီအစဉ်တစ်ခုကျင်းပခဲ့ပြီး အဲဒီအစီအစဉ်ကို ကျင်းပတဲ့ Idol တစ်ဦးက ထိုင်းနဲ့မြန်မာနိုင်ငံကြားနယ်စပ်မြို့ရှိ ဖျော်ဖြေရေးလုပ် ငန်းမှာ လာရောက်လုပ်ကိုင်ဖို့ ဖိတ်ခေါ်မှုများရှိခဲ့ကြောင်းဝန်ခံပြောဆိုထားပါတယ်။

ဒါ့ပြင် Idol က မြန်မာနိုင်ငံရှိ ဖျော်ဖြေရေးလုပ်ငန်းမှာပါဝင်လုပ်ကိုင်ချိန်အတွင်း လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်စရာမလိုကြောင်းဆိုတဲ့အချက်ကိုလည်း အခိုင်မာပြောဆိုခဲ့ရာ အလုပ်ကို လက်ခံလိုက်တဲ့အတွက် မြန်မာနိုင်ငံမြဝတီမြို့ရှိ ကာစီနိုရုံကိုရောက်ရှိလာခဲ့ကြောင်း အသက် ၂၅ နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီးက ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါပေမယ့် ကာစီနိုရုံကိုရောက်ရှိချိန်မှာ ကာစီနိုရုံရှိဝန်ထမ်းများက ပြည့်တန်ဆာလုပ်ငန်းများ လုပ်ခိုင်းလျက်ရှိပြီး ပြည့်တန်ဆာအ ဖြစ်မလုပ်ကိုင်ဘူးဆိုရင် ထိုင်းဘတ် ၂၅ဝဝဝ ပြန်ပေးရမယ့်အကြောင်းကိုပြောဆိုခဲ့ကြောင်း ကာစီနိုရုံမှ ပြန်လည်လွတ်မြောက်လာတဲ့ ထိုင်းအမျိုးသမီးကပြောပါတယ်။

မြဝတီမြို့ရှိ ကာစီနိုရုံမှာ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းအမျိုးသမီး ၃ဝဝ ခန့် ပိတ်မိနေကြောင်း ပြန်လည်လွတ်မြောက်လာတဲ့ ထိုင်းအမျိုး သမီးကပြောဆိုပါတယ်။ အဆိုပါအမျိုးသမီးဟာ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ရမှုကနေ လွတ်မြောက်နိုင်ဖို့ထိုင်းနိုင်ငံရှိ Survive network ကို အကူညီတောင်းခံခဲ့ကြောင်း ထိုင်းဘန်ကောက်ပိုစ့်ကဖော်ပြထားပါတယ်။

Survive network ဟာ အဆိုပါ အမျိုးသမီးက ကူညီကယ်ဆယ်ပေးဖို့ ပေးပိုတဲ့မက်ဆေ့များနဲ့ ၄င်းတို့ရောက်ရှိနေတဲ့နေရာကို သိရှိခဲ့ကြောင်း ပြောပါတယ်။ ထိုင်းအမျိုးသမီးများဟာ ထိုင်းနဲ့ မြန်မာနိုင်ငံနယ်စပ်ရှိ သောင်းရင်းမြစ်ကနေ မီတာ ၄ဝဝ အကွာရှိ ကာစီနိုရုံမှာ ဖမ်းဆီးထိန်း သိမ်းခံနေရတာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါထိုင်းအမျိုးသမီးနဲ့ အခြားထိုင်းအမျိုးသမီးတို့ဟာ ဧပြီလ ၁ဝ ရက်ညပိုင်းမှာ ကာစီနိုရုံကစတင်ထွက်ပြေးခဲ့ကြောင်း၊ ၄င်းတို့ဟာ နယ်စပ်ကိုစတင်ပြေးခဲ့ပြီး နယ်စပ်ဒေသရှိ မြန်မာလုံခြုံရေးတပ်ဖွဲ့များ ဖမ်းဆီးဖို့ ကြိုးပမ်းချိန်မှာ အော်ဟစ်အကူညီတောင်းခံခဲ့ရာ ထိုင်းဘက်ခြမ်းရှိ နယ်စပ်ဒေသလုံခြုံ ရေးတပ်ဖွဲ့များက သောင်းရင်းမြစ်ကို ဖြတ်ကူးခဲ့ဖို့ အကူညီပေးခဲ့တာကြောင့် လွတ်မြောက်သွားခဲ့ကြောင်း ထိုင်းဘန်ကောက်ပိုစ့်သတင်းမှာဖော်ပြထားပါတယ်။

https://www.bangkokpost.com/thailand/general/2301926/

zawgyi version
ျမဝတီၿမိဳ႕ရွိ ကာစီႏို႐ုံမွာ ထိုင္းအမ်ိဳးသမီး ၃ဝဝ နီးပါး ျပည့္တန္ဆာအျဖစ္ အတင္းအၾကပ္ခိုင္းေစခံေနရဟုဆို
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၉

ထိုင္းအမ်ိဳးသမီး ၃ဝဝ နီးပါးဟာ ထိုင္း-ျမန္မာနယ္စပ္ေဒသျဖစ္တဲ့ ျမဝတီၿမိဳ႕ရွိ ကာစီႏို႐ုံမွာ လိင္ပိုင္းဆိုင္ရာလုပ္ငန္းေတြကို အတင္းအၾကပ္ခိုင္းေစခံေနရေၾကာင္းျပန္လည္လြတ္ေျမာက္လာတဲ့ အသက္ ၂၅ ႏွစ္အ႐ြယ္ရွိ ထိုင္းအမ်ိဳးသမီးတစ္ဦးကထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ျပန္လည္လြတ္ေျမာက္လာတဲ့ ထိုင္းအမ်ိဳးသမီးဟာ ျမဝတီၿမိဳ႕ရွိ ကာစီႏို႐ုံမွာ အတင္းအၾကပ္ခိုင္းေစခံရတဲ့အေၾကာင္းအရာကို ထိုင္းေတာ္ဝင္ရဲ တပ္ဖြဲ႕ထံမွာအမႈဖြင့္တိုင္ၾကားခဲ့ေၾကာင္းသိရပါတယ္။ အသက္ ၂၅ ႏွစ္အ ႐ြယ္ရွိ ထိုင္းအမ်ိဳးသမီးက ဒီႏွစ္အေစာပိုင္းက အြန္လိုင္းမွာတိုက္႐ိုက္ live အသံလႊင့္အစီအစဥ္တစ္ခုက်င္းပခဲ့ၿပီး အဲဒီအစီအစဥ္ကို က်င္းပတဲ့ Idol တစ္ဦးက ထိုင္းနဲ႔ျမန္မာႏိုင္ငံၾကားနယ္စပ္ၿမိဳ႕ရွိ ေဖ်ာ္ေျဖေရးလုပ္ ငန္းမွာ လာေရာက္လုပ္ကိုင္ဖို႔ ဖိတ္ေခၚမႈမ်ားရွိခဲ့ေၾကာင္းဝန္ခံေျပာဆိုထားပါတယ္။

ဒါ့ျပင္ Idol က ျမန္မာႏိုင္ငံရွိ ေဖ်ာ္ေျဖေရးလုပ္ငန္းမွာပါဝင္လုပ္ကိုင္ခ်ိန္အတြင္း လိင္ပိုင္းဆိုင္ရာဝန္ေဆာင္မႈလုပ္ငန္းမ်ား လုပ္ကိုင္စရာမလိုေၾကာင္းဆိုတဲ့အခ်က္ကိုလည္း အခိုင္မာေျပာဆိုခဲ့ရာ အလုပ္ကို လက္ခံလိုက္တဲ့အတြက္ ျမန္မာႏိုင္ငံျမဝတီၿမိဳ႕ရွိ ကာစီႏို႐ုံကိုေရာက္ရွိလာခဲ့ေၾကာင္း အသက္ ၂၅ ႏွစ္အ႐ြယ္ရွိ ထိုင္းအမ်ိဳးသမီးက ထုတ္ေဖာ္ေျပာဆိုထားပါတယ္။ ဒါေပမယ့္ ကာစီႏို႐ုံကိုေရာက္ရွိခ်ိန္မွာ ကာစီႏို႐ုံရွိဝန္ထမ္းမ်ားက ျပည့္တန္ဆာလုပ္ငန္းမ်ား လုပ္ခိုင္းလ်က္ရွိၿပီး ျပည့္တန္ဆာအ ျဖစ္မလုပ္ကိုင္ဘူးဆိုရင္ ထိုင္းဘတ္ ၂၅ဝဝဝ ျပန္ေပးရမယ့္အေၾကာင္းကိုေျပာဆိုခဲ့ေၾကာင္း ကာစီႏို႐ုံမွ ျပန္လည္လြတ္ေျမာက္လာတဲ့ ထိုင္းအမ်ိဳးသမီးကေျပာပါတယ္။

ျမဝတီၿမိဳ႕ရွိ ကာစီႏို႐ုံမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ထိုင္းအမ်ိဳးသမီး ၃ဝဝ ခန႔္ ပိတ္မိေနေၾကာင္း ျပန္လည္လြတ္ေျမာက္လာတဲ့ ထိုင္းအမ်ိဳး သမီးကေျပာဆိုပါတယ္။ အဆိုပါအမ်ိဳးသမီးဟာ ျပည့္တန္ဆာလုပ္ငန္းလုပ္ကိုင္ရမႈကေန လြတ္ေျမာက္ႏိုင္ဖို႔ထိုင္းႏိုင္ငံရွိ Survive network ကို အကူညီေတာင္းခံခဲ့ေၾကာင္း ထိုင္းဘန္ေကာက္ပိုစ့္ကေဖာ္ျပထားပါတယ္။

Survive network ဟာ အဆိုပါ အမ်ိဳးသမီးက ကူညီကယ္ဆယ္ေပးဖို႔ ေပးပိုတဲ့မက္ေဆ့မ်ားနဲ႔ ၄င္းတို႔ေရာက္ရွိေနတဲ့ေနရာကို သိရွိခဲ့ေၾကာင္း ေျပာပါတယ္။ ထိုင္းအမ်ိဳးသမီးမ်ားဟာ ထိုင္းနဲ႔ ျမန္မာႏိုင္ငံနယ္စပ္ရွိ ေသာင္းရင္းျမစ္ကေန မီတာ ၄ဝဝ အကြာရွိ ကာစီႏို႐ုံမွာ ဖမ္းဆီးထိန္း သိမ္းခံေနရတာျဖစ္ေၾကာင္းသိရပါတယ္။ အဆိုပါထိုင္းအမ်ိဳးသမီးနဲ႔ အျခားထိုင္းအမ်ိဳးသမီးတို႔ဟာ ဧၿပီလ ၁ဝ ရက္ညပိုင္းမွာ ကာစီႏို႐ုံကစတင္ထြက္ေျပးခဲ့ေၾကာင္း၊ ၄င္းတို႔ဟာ နယ္စပ္ကိုစတင္ေျပးခဲ့ၿပီး နယ္စပ္ေဒသရွိ ျမန္မာလုံၿခဳံေရးတပ္ဖြဲ႕မ်ား ဖမ္းဆီးဖို႔ ႀကိဳးပမ္းခ်ိန္မွာ ေအာ္ဟစ္အကူညီေတာင္းခံခဲ့ရာ ထိုင္းဘက္ျခမ္းရွိ နယ္စပ္ေဒသလုံၿခဳံ ေရးတပ္ဖြဲ႕မ်ားက ေသာင္းရင္းျမစ္ကို ျဖတ္ကူးခဲ့ဖို႔ အကူညီေပးခဲ့တာေၾကာင့္ လြတ္ေျမာက္သြားခဲ့ေၾကာင္း ထိုင္းဘန္ေကာက္ပိုစ့္သတင္းမွာေဖာ္ျပထားပါတယ္။

https://www.bangkokpost.com/thailand/general/2301926/

Picture

L Mone

29/04/2022 18:10

မြန်မာမတွေ မပါဘူးလားလို့ မေးကြည့်ပါ့လား😇

Picture

L Mone

29/04/2022 18:14

အဲဒီ ကာစီနိုရုံကို ထိုင်း ဂျိမ်းစဘွန်းတွေ မလွှတ်ဘူးလားဗျာ။မီတာ 400 များ👍

Related news

© 2021. All rights reserved.