ထိုင်း-မြန်မာနယ်စပ်မှာမူးယစ်မှောင်ခိုသယ်ဆောင်သူအဖွဲ့နဲ့ထိုင်းနယ်ခြားစောင့်အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး စိတ်ကြွဆေးပြား ၄ ဒသမ ၅သန်းကျော် ဖမ်းဆီးရမိဟုဆို

846

ဂျန်ဇက် (NP News) - ဧပြီ ၃ဝ
ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တွေဟာ ထိုင်း-မြန်မာနယ်စပ်ဒေသတစ် လျှောက်ကို ကင်းလှည့်ချိန်အတွင်း မူးယစ်ဆေးဝါးမှောင်ခိုသယ်ဆောင်သူအဖွဲ့နဲ့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် မက်သက်ဖီတမင်း စိတ်ကြွဆေးပြား (၄ ဒသမ ၅) သန်းကျော်ပါဝင်တဲ့ အိတ်ပေါင်း (၄၅) အိပ်ကို သိမ်းဆည်းရမိခဲ့သလို မူးယစ်ဆေးဝါးမှောင်ခို သယ်ဆောင်သူ (၈)ဦးကို သုတ်သင်နိုင်ခဲ့ကြောင်းသိရပါတယ်။
ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဟာ စနေနေ့(ဧပြီလ ၃ဝ ရက်)နံနက်ပိုင်းက ထိုင်းနိုင်ငံ Mae Fa Luang ဒေသ Ton Muang ကျေးရွာအနီးမှာ မူးယစ်ဆေးပြားအိတ်များကို သယ်ဆောင်လာသူ (၁ဝ) ဦးနဲ့ တွေ့ဆုံခဲ့ကြောင်း၊အဆိုပါ လူ (၁ဝ) ဦးဟာ ထိုင်းနယ်စပ်ကိုဖြတ်သန်းပြီး လမ်းလျှောက်လာခဲ့ကြောင်း ထိုင်းမီဒီယာတွေကဖော်ပြပါတယ်။
ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က အဆိုပါ မူးယစ်ဆေးဝါးမှောင်ခို သယ် ဆောင်လာသူတွေကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းချိန်မှာထွက်ပြေးဖို့ကြိုးပမ်းခဲ့ရာအပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ မူးယစ်ဆေးဝါးမှောင်ခိုသယ်ဆောင်သူအဖွဲ့ နဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ကြား အပြန်အလှန် ပစ်ခတ်မှု (၁ဝ)မိနစ်ကြာဖြစ်ပွားခဲ့ပြီးနောက် ထိုင်းလုံခြုံ ရေးတပ်ဖွဲ့များ ထပ်မံရောက်ရှိလာခဲ့ရာ မူးယစ်ဆေးဝါးမှောင်ခို သယ် ဆောင်သူ အချို့ထွက်ပြေးသွားခဲ့ကြောင်းသိရပါတယ်။
နယ်ခြားစောင့်တပ်ဖွဲ့ဟာ ထွက်ပြေးသွားတဲ့မူးယစ်ဆေးဝါးမှောင်ခိုသယ်သူများ ကျန်ရှိတဲ့အိတ်များကို ရှာဖွေခဲ့ရာ စိတ်ကြွဆေးပြား ၄ ဒသမ ၅ သန်းကျော်တွေ့ရှိခဲ့ပြီး သိမ်းဆည်းခဲ့ကြောင်းသိရပါတယ်။
https://www.bangkokpost.com/thailand/general/2302850/8-drug-couriers-killed-in-border-clash-4-5m-speed-pills-seized

zawgyi version
ထိုင္း-ျမန္မာနယ္စပ္မွာမူးယစ္ေမွာင္ခိုသယ္ေဆာင္သူအဖြဲ႕နဲ႔ထိုင္းနယ္ျခားေစာင့္အဖြဲ႕တို႔ ပစ္ခတ္မႈျဖစ္ခဲ့ၿပီး စိတ္ႂကြေဆးျပား ၄ ဒသမ ၅သန္းေက်ာ္ ဖမ္းဆီးရမိဟုဆို
ဂ်န္ဇက္ (NP News) - ဧၿပီ ၃ဝ
ထိုင္းနယ္ျခားေစာင့္တပ္ဖြဲ႕ေတြဟာ ထိုင္း-ျမန္မာနယ္စပ္ေဒသတစ္ ေလွ်ာက္ကို ကင္းလွည့္ခ်ိန္အတြင္း မူးယစ္ေဆးဝါးေမွာင္ခိုသယ္ေဆာင္သူအဖြဲ႕နဲ႔ ပစ္ခတ္တိုက္ခိုက္မႈျဖစ္ပြားခဲ့ၿပီးေနာက္ မက္သက္ဖီတမင္း စိတ္ႂကြေဆးျပား (၄ ဒသမ ၅) သန္းေက်ာ္ပါဝင္တဲ့ အိတ္ေပါင္း (၄၅) အိပ္ကို သိမ္းဆည္းရမိခဲ့သလို မူးယစ္ေဆးဝါးေမွာင္ခို သယ္ေဆာင္သူ (၈)ဦးကို သုတ္သင္ႏိုင္ခဲ့ေၾကာင္းသိရပါတယ္။
ထိုင္းနယ္ျခားေစာင့္တပ္ဖြဲ႕ဟာ စေနေန႔(ဧၿပီလ ၃ဝ ရက္)နံနက္ပိုင္းက ထိုင္းႏိုင္ငံ Mae Fa Luang ေဒသ Ton Muang ေက်း႐ြာအနီးမွာ မူးယစ္ေဆးျပားအိတ္မ်ားကို သယ္ေဆာင္လာသူ (၁ဝ) ဦးနဲ႔ ေတြ႕ဆုံခဲ့ေၾကာင္း၊အဆိုပါ လူ (၁ဝ) ဦးဟာ ထိုင္းနယ္စပ္ကိုျဖတ္သန္းၿပီး လမ္းေလွ်ာက္လာခဲ့ေၾကာင္း ထိုင္းမီဒီယာေတြကေဖာ္ျပပါတယ္။
ထိုင္းနယ္ျခားေစာင့္တပ္ဖြဲ႕က အဆိုပါ မူးယစ္ေဆးဝါးေမွာင္ခို သယ္ ေဆာင္လာသူေတြကို စစ္ေဆးဖို႔ ရပ္တန႔္ခိုင္းခ်ိန္မွာထြက္ေျပးဖို႔ႀကိဳးပမ္းခဲ့ရာအျပန္အလွန္ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ေၾကာင္းသိရပါတယ္။ မူးယစ္ေဆးဝါးေမွာင္ခိုသယ္ေဆာင္သူအဖြဲ႕ နဲ႔ ထိုင္းနယ္ျခားေစာင့္တပ္ဖြဲ႕ၾကား အျပန္အလွန္ ပစ္ခတ္မႈ (၁ဝ)မိနစ္ၾကာျဖစ္ပြားခဲ့ၿပီးေနာက္ ထိုင္းလုံၿခဳံ ေရးတပ္ဖြဲ႕မ်ား ထပ္မံေရာက္ရွိလာခဲ့ရာ မူးယစ္ေဆးဝါးေမွာင္ခို သယ္ ေဆာင္သူ အခ်ိဳ႕ထြက္ေျပးသြားခဲ့ေၾကာင္းသိရပါတယ္။
နယ္ျခားေစာင့္တပ္ဖြဲ႕ဟာ ထြက္ေျပးသြားတဲ့မူးယစ္ေဆးဝါးေမွာင္ခိုသယ္သူမ်ား က်န္ရွိတဲ့အိတ္မ်ားကို ရွာေဖြခဲ့ရာ စိတ္ႂကြေဆးျပား ၄ ဒသမ ၅ သန္းေက်ာ္ေတြ႕ရွိခဲ့ၿပီး သိမ္းဆည္းခဲ့ေၾကာင္းသိရပါတယ္။
https://www.bangkokpost.com/thailand/general/2302850/8-drug-couriers-killed-in-border-clash-4-5m-speed-pills-seized