ရန်ကုန်ရှိ ဆံပင်ညှပ်ဆိုင်တစ်ခုတွင် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

 1097

NP News - မေ ၂
ရန်ကုန်ရှိ ဆံပင်ညှပ်ဆိုင်တစ်ခုတွင် မေလ ၁ ရက် ညနေ ၇ နာရီဝန်း ကျင်ခန့်က မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဖြစ်သော ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးဖြစ်သူ ဦးရန်နိုင်ရွှေသည် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီဝင် ဦးရန်နိုင်ရွှေသည် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့သစ်အနောက်ရပ်ကွက်၊ ဗိုလ်ချုပ်နေဝင်းလမ်းမဘေးရှိ လပ်ကီးရှိုင်းဆံပင်ညှပ်ဆိုင်တွင် ဆံပင်ညှပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆံပင်ညှပ်နေစဉ်အချိန်တွင် ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားနှစ်ဦးမှ ရောက်ရှိလာကာ ဦးရန်နိုင်ရွှေကို သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်များက ပြောသည်။

“သူက ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးလို့တော့ သိရတယ်။ ဆံပင်ညှပ်နေတဲ့အချိန်မှာ ပစ်သွားတာလို့ ပြောတယ်။ သေနတ်သံတော့ ၄၊ ၅ ချက်လောက်ကြားရတယ်ဗျ။ ပြီးတော့ လုံခြုံရေးတွေ ရောက်လာပြီး စစ်တာတွေ လုပ်တာတွေ့တယ်” ဟု ဒေသခံသတင်းအရင်းအမြစ်တစ်ဦးကပြောသည်။

ဦးရန်နိုင်ရွှေ ပစ်ခတ်ခံရပြီးနောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်လာကာ အနီးပတ်ဝန်းကျင်နှင့် အခင်းဖြစ်ပွားရာနေရာသို့ စစ်ဆေးမှုများပြုလုပ်သွားကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဝင် ဦးရန်နိုင်ရွှေအား သန်လျင်မြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(ပကဖ)က ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုမှုများရှိလာသည်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ လက်ရှိကာလအထိ ပြည်ခိုင်ဖြိုးပါတီ ဝင်များ ပစ်ခတ်သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များရှိသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များလည်း ပစ်ခတ်သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များရှိခဲ့သည်။

zawgyi version
ရန္ကုန္ရွိ ဆံပင္ညႇပ္ဆိုင္တစ္ခုတြင္ ျပည္ခိုင္ၿဖိဳးပါတီဝင္တစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရ
NP News - ေမ ၂

ရန္ကုန္ရွိ ဆံပင္ညႇပ္ဆိုင္တစ္ခုတြင္ ေမလ ၁ ရက္ ညေန ၇ နာရီဝန္း က်င္ခန႔္က ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္ျဖစ္ေသာ ျပည္ ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဝင္ တစ္ဦးျဖစ္သူ ဦးရန္ႏိုင္ေ႐ႊသည္ ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ျပည္ခိုင္ၿဖိဳးပါတီဝင္ ဦးရန္ႏိုင္ေ႐ႊသည္ ရန္ကုန္တိုင္း၊ သန္လ်င္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္အေနာက္ရပ္ကြက္၊ ဗိုလ္ခ်ဳပ္ေနဝင္းလမ္းမေဘးရွိ လပ္ကီးရႈိင္းဆံပင္ညႇပ္ဆိုင္တြင္ ဆံပင္ညႇပ္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ဆံပင္ညႇပ္ေနစဥ္အခ်ိန္တြင္ ဆိုင္ကယ္တစ္စီးျဖင့္ အမ်ိဳးသားႏွစ္ဦးမွ ေရာက္ရွိလာကာ ဦးရန္ႏိုင္ေ႐ႊကို ေသနတ္ျဖင့္ ဝင္ေရာက္ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံသတင္းအရင္းအျမစ္မ်ားက ေျပာသည္။

“သူက ျပည္ခိုင္ၿဖိဳးပါတီဝင္တစ္ဦးလို႔ေတာ့ သိရတယ္။ ဆံပင္ညႇပ္ေနတဲ့အခ်ိန္မွာ ပစ္သြားတာလို႔ ေျပာတယ္။ ေသနတ္သံေတာ့ ၄၊ ၅ ခ်က္ေလာက္ၾကားရတယ္ဗ်။ ၿပီးေတာ့ လုံၿခဳံေရးေတြ ေရာက္လာၿပီး စစ္တာေတြ လုပ္တာေတြ႕တယ္” ဟု ေဒသခံသတင္းအရင္းအျမစ္တစ္ဦးကေျပာသည္။

ဦးရန္ႏိုင္ေ႐ႊ ပစ္ခတ္ခံရၿပီးေနာက္ပိုင္းတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားေရာက္လာကာ အနီးပတ္ဝန္းက်င္ႏွင့္ အခင္းျဖစ္ပြားရာေနရာသို႔ စစ္ေဆးမႈမ်ားျပဳလုပ္သြားေၾကာင္း သိရသည္။

ျပည္ခိုင္ၿဖိဳးပါတီဝင္ ဦးရန္ႏိုင္ေ႐ႊအား သန္လ်င္ၿမိဳ႕နယ္ျပည္သူ႔ကာ ကြယ္ေရးတပ္ဖြဲ႕(ပကဖ)က ပစ္ခတ္သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုမႈမ်ားရွိလာသည္။

၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ လက္ရွိကာလအထိ ျပည္ခိုင္ၿဖိဳးပါတီ ဝင္မ်ား ပစ္ခတ္သတ္ျဖတ္ခံရသည့္ ျဖစ္စဥ္မ်ားရွိသလို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဝင္မ်ားလည္း ပစ္ခတ္သတ္ျဖတ္ခံရသည့္ ျဖစ္စဥ္မ်ားရွိခဲ့သည္။

Picture

L Mone

03/05/2022 15:20

အမျိူးကောင်းသားတွေကို တလှည့်စီ သတ်ဖြတ်နေကြတယ် မုဆိုးမတွေပဲ များကုန်မှာပေါ့။မုဆိုးမနဲ့ ဆောက်ပျိူမတွေက ဒီတိုင်းပြည်ကို လီးနဲ့ကာကွယ်မလား ဆောက်ပတ်နဲ့ ကာကွယ်မလား ဆိုတာ စဉ်းစားကြပါ

Related news

© 2021. All rights reserved.