မြောက်ဒဂုံတွင် သံဃာတော်တစ်ပါး ကားတိုက်ခံရ၍ နေရာတွင်ပျံလွန်တော်မူပြီး ကျူးလွန်သူကိုမဖမ်းမိသေး

634

သန့်ဇင်(NP News)-စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် သံဃာတော်တစ်ပါး ကားတိုက်ခံရ၍ နေရာတွင်ပျံလွန်တော်မူပြီး ကျူးလွန်သူကိုမဖမ်းမိသေးကြောင်း မြို့လုလင်နာရေးကူညီမူအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာ ၁၆ရက်)၊ နံနက်အစောပိုင်းအချိန်က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အမှတ်(၂)လမ်းမကြီး၊ သင်တန်း ကျောင်းမှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အမှတ် (၂) လမ်းမပေါ်မှာ ဗိုက်မှာဒဏ်ရာနဲ့တစ်ယောက်လဲနေလို့ဆိုပြီး ဖုန်းဆက်လို့သွားလိုက်တာ။ အဲဒီမှာ ဗိုက်မှာလည်းဒဏ်ရာ ရှိတယ်။ ဦးခေါင်းကလည်းပွင့်ထွက်သွားတယ်။ မျက်နှာတစ်ခြမ်းပွင့်သွားတာပေါ့နော်။ ပြောရမယ်ဆိုရင် တိုက်ပြေးပုံစံမျိုးပေါ့။ ကားကတိုက်ပြီး သူ့ကို ကြိတ်သွားတာမျိုးပေါ့”ဟု မြို့လုလင်နာရေးကူညီမူအသင်းမှတာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် သက်တော် (၅၀)နှစ်ကျော်အရွယ်ခန့်ရှိ သံဃာတော်တစ်ပါးတွင် ဦခေါင်းကြေမွဒဏ်ရာ၊ ဝမ်းဗိုက်ပွင့်ဒဏ်ရာ တို့ဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပျံလွန်တော်မူသွားသည့် သံဃာတော်၏ ရုပ်အလောင်းအား မြောက်ဥက္ကာလာဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး ယာဉ်တိုက်မှုမှ ကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယမန်နေ့(စက်တင်ဘာ ၁၅ရက်) နံနက် ၉ နာရီဝန်းကျင်အချိန်ခန့်ကလည်း အင်းစိန်မြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ ထန်းပင်ကုန်း မှတ်တိုင်အနီးတွင် အသက် (၄၅) နှစ်အရွယ်အမျိုးသမီးတစ်ဦး YBS (104) အကြိတ်ခံရကာ နေရာတွင်ပွဲချင်းပြီးသေဆုံးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့၊ နံနက် ၆ နာရီအချိန်ခန့်ကလည်း မင်္ဂလာဒုံမြိုနယ်၊ အမှတ်(၃)လမ်းမကြီး၊ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ရှေ့တွင် Express ကားပေါ်မှဆင်းကာ လမ်းဖြတ်ကူးလာသည့် အသက် (၅၀)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး ဖယ်ရီကားအတိုက်ခံရကာ ပွဲချင်းပြီး သေဆုံးသွားခဲ့သေးကြောင်း သိရသည်။

Zawgyi Version:
ေျမာက္ဒဂုံတြင္ သံဃာေတာ္တစ္ပါး ကားတိုက္ခံရ၍ ေနရာတြင္ပ်ံလြန္ေတာ္မူၿပီး က်ဴးလြန္သူကိုဖမ္းမိေသး
သန႔္ဇင္(NP News)-စက္တင္ဘာ ၁၆
ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္တြင္ သံဃာေတာ္တစ္ပါး ကားတိုက္ခံရ၍ ေနရာတြင္ပ်ံလြန္ေတာ္မူၿပီး က်ဴးလြန္သူကိုဖမ္းမိေသးေၾကာင္း ၿမိဳ႕လုလင္နာေရးကူညီမူအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(စက္တင္ဘာ ၁၆ရက္)၊ နံနက္အေစာပိုင္းအခ်ိန္က ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္၊ အမွတ္(၂)လမ္းမႀကီး၊ သင္တန္း ေက်ာင္းမွတ္တိုင္အနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“အမွတ္ (၂) လမ္းမေပၚမွာ ဗိုက္မွာဒဏ္ရာနဲ႔တစ္ေယာက္လဲေနလို႔ဆိုၿပီး ဖုန္းဆက္လို႔သြားလိုက္တာ။ အဲဒီမွာ ဗိုက္မွာလည္းဒဏ္ရာ ရွိတယ္။ ဦးေခါင္းကလည္းပြင့္ထြက္သြားတယ္။ မ်က္ႏွာတစ္ျခမ္းပြင့္သြားတာေပါ့ေနာ္။ ေျပာရမယ္ဆိုရင္ တိုက္ေျပးပုံစံမ်ိဳးေပါ့။ ကားကတိုက္ၿပီး သူ႔ကို ႀကိတ္သြားတာမ်ိဳးေပါ့”ဟု ၿမိဳ႕လုလင္နာေရးကူညီမူအသင္းမွတာဝန္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။
အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ သက္ေတာ္ (၅၀)ႏွစ္ေက်ာ္အ႐ြယ္ခန႔္ရွိ သံဃာေတာ္တစ္ပါးတြင္ ဦေခါင္းေၾကမြဒဏ္ရာ၊ ဝမ္းဗိုက္ပြင့္ဒဏ္ရာ တို႔ျဖင့္ အခင္းျဖစ္ေနရာတြင္ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ပ်ံလြန္ေတာ္မူသြားသည့္ သံဃာေတာ္၏ ႐ုပ္အေလာင္းအား ေျမာက္ဥကၠာလာေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားၿပီး ယာဥ္တိုက္မႈမွ က်ဴးလြန္သူအား ေဖာ္ထုတ္ဖမ္းဆီးအေရးယူႏိုင္ေရးဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ယမန္ေန႔(စက္တင္ဘာ ၁၅ရက္) နံနက္ ၉ နာရီဝန္းက်င္အခ်ိန္ခန႔္ကလည္း အင္းစိန္ၿမိဳ႕နယ္၊ ရန္ကုန္-ျပည္လမ္း၊ ထန္းပင္ကုန္း မွတ္တိုင္အနီးတြင္ အသက္ (၄၅) ႏွစ္အ႐ြယ္အမ်ိဳးသမီးတစ္ဦး YBS (104) အႀကိတ္ခံရကာ ေနရာတြင္ပြဲခ်င္းၿပီးေသဆုံးသြားခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အလားတူ ယင္းေန႔၊ နံနက္ ၆ နာရီအခ်ိန္ခန႔္ကလည္း မဂၤလာဒုံၿမိဳနယ္၊ အမွတ္(၃)လမ္းမႀကီး၊ စက္သုံးဆီအေရာင္းဆိုင္တစ္ဆိုင္ေရွ႕တြင္ Express ကားေပၚမွဆင္းကာ လမ္းျဖတ္ကူးလာသည့္ အသက္ (၅၀)ႏွစ္အ႐ြယ္ အမ်ိဳးသမီးႀကီးတစ္ဦး ဖယ္ရီကားအတိုက္ခံရကာ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေသးေၾကာင္း သိရသည္။