ဂျပန်စွမ်းအင်ကုမ္ပဏီ ရဲတံခွန်ဓါတ်ငွေ့စီမံကိန်းမှ လုပ်ငန်းများ ပြန်ရုတ်သိမ်း

 1137

ဂျန်ဇက် (NP News) - မေ ၂
ဂျပန်စွမ်းအင် ကုမ္ပဏီဖြစ်တဲ့ ENEOS Holdings ဟာ မြန်မာနိုင်ငံမှာလုပ်ကိုင်နေတဲ့ ရဲတံခွန်ဓါတ်ငွေ့စီမံကိန်းရှိ လုပ်ငန်းများကို ပြန်ရုတ်သိမ်းလိုက်ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်း PTTEP နဲ့ မလေးရှားစွမ်းအင်ကုမ္ပဏီ Petronas တို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရဲတံခွန်စီမံကိန်းမှ နှုတ်ထွက်ကြောင်း ကြေညာခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ENEOS Holdings က နှုတ်ထွက်ကြောင်း ထပ်မံကြေညာခဲ့တာဖြစ်ပါတယ်။

ဂျပန် စွမ်းအင်ကုမ္ပဏီဟာ ရဲတံခွန်ဓါတ်ငွေ့စီမံကိန်းကို ဂျပန် မစ်ဆူဘီရှီ စီးပွားရေးလုပ်ငန်းစုနဲ့အတူ လုပ်ကိုင်နေခြင်းဖြစ်ရာ ၎င်းတို့ ကုမ္ပဏီနှစ်ခုဟာ ရဲတံခွန်ဓါတ်ငွေ့စီမံကိန်းမှာ အစုရှယ်ယာ ၁၉ ဒသမ ၃ရာခိုင်နှုန်းပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ ENEOS Holdings ဟာ အဆိုပါ ဓါတ်ငွေ့စီမံကိန်းမှာ နှစ်ပေါင်း ၂ဝ ကျော်ကြာလုပ်ကိုင်ခဲ့ကြောင်းသိရပါတယ်။

ENEOS က"မြန်မာနိုင်ငံရဲ့ လက်ရှိအခြေနေတွေကို ပြန်လည်စဉ်းစားသုံးသပ်ခဲ့တယ်။ အဲဒီလိုမျိုး စဉ်းစားခဲ့ပြီးနောက် ဓါတ်ငွေ့စီမံကိန်းမှာ ပါဝင်လုပ်ကိုင်မှုပြန်ရုတ်သိမ်းခဲ့ဖို့ စီစဉ်ခဲ့တယ်။ လက်ရှိအချိန်မှာ ဓါတ် ငွေ့စီမံကိန်းမှ နှုတ်ထွက်ကြောင်းကို နစကထံ အသိပေးမှာဖြစ်တယ်။ နစကဘက်က ခွင့်ပြုချက်ရပြီဆိုရင် စီမံကိန်းက ထွက်ခဲ့တာ စတင်သက် ရောက်မှာပါ"လို့ပြောပါတယ်။

မလေးရှားအခြေစိုက် Petronas နဲ့ ထိုင်း အခြေစိုက်စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ PTTEP တို့ဟာ ပြီးခဲ့တဲ့သောကြာနေ့(ဧပြီလ ၂၉ ရက်)မှာ ရဲတံခွန်ဓါတ်ငွေ့စီမံကိန်းမှ ထွက်ကြောင်းကြေညာခဲ့ပါတယ်။ မလေးရှား Petronas ဟာ ရဲတံခွန်ဓါတ်ငွေ့စီမံကိန်းမှာ ရှယ်ယာ ၄၁ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ထိုင်းစွမ်းအင် ကုမ္ပဏီက ရှယ်ယာ ၁၉ ဒသမ ၃ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ် ပွားခဲ့ပြီးနောက် ပြည်ပစီးပွားရေးလုပ်ငန်းရှင်များဟာ လုပ်ငန်းများလုပ် ကိုင်နေမှုများကို ပြန်လည်ရုတ်သိမ်းခဲ့ရာ အမေရိကန်အခြေစိုက်ချီဗရွန် နဲ့ ပြင်သစ်အခြေစိုက် တိုတယ်လ်စွမ်းအင်ကုမ္ပဏီတို့ဟာလည်း မြန်မာ့ရေနံ နဲ့ စွမ်းအင်ကုမ္ပဏီတို့မှာပါဝင်လုပ်ကိုင်မှု ရုတ်သိမ်းခဲ့ကြောင်းသိရပါတယ်။

https://www.dailymail.co.uk/wires/afp/article-10773929/Japans-ENEOS-withdraws-Myanmar-gas-project.html

https://www.naturalgasworld.com/japans-eneos-exits-myanmar-gas-project-97950

https://www.theaustralian.com.au/news/latest-news/japans-eneos-withdraws-from-myanmar-gas-project/news-story/98b036918f78854f51af28c63d387b3c

zawgyi version
ဂ်ပန္စြမ္းအင္ကုမၸဏီ ရဲတံခြန္ဓါတ္ေငြ႕စီမံကိန္းမွလုပ္ငန္းမ်ား ျပန္႐ုတ္သိမ္း
ဂ်န္ဇက္ (NP News) - ေမ ၂

ဂ်ပန္စြမ္းအင္ ကုမၸဏီျဖစ္တဲ့ ENEOS Holdings ဟာ ျမန္မာႏိုင္ငံမွာလုပ္ကိုင္ေနတဲ့ ရဲတံခြန္ဓါတ္ေငြ႕စီမံကိန္းရွိ လုပ္ငန္းမ်ားကို ျပန္႐ုတ္သိမ္းလိုက္ၿပီျဖစ္တယ္လို႔ ဆိုပါတယ္။

ထိုင္း PTTEP နဲ႔ မေလးရွားစြမ္းအင္ကုမၸဏီ Petronas တို႔ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ရဲတံခြန္စီမံကိန္းမွ ႏႈတ္ထြက္ေၾကာင္း ေၾကညာခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ENEOS Holdings က ႏႈတ္ထြက္ေၾကာင္း ထပ္မံေၾကညာခဲ့တာျဖစ္ပါတယ္။

ဂ်ပန္ စြမ္းအင္ကုမၸဏီဟာ ရဲတံခြန္ဓါတ္ေငြ႕စီမံကိန္းကို ဂ်ပန္ မစ္ဆူဘီရွီ စီးပြားေရးလုပ္ငန္းစုနဲ႔အတူ လုပ္ကိုင္ေနျခင္းျဖစ္ရာ ၎တို႔ ကုမၸဏီႏွစ္ခုဟာ ရဲတံခြန္ဓါတ္ေငြ႕စီမံကိန္းမွာ အစုရွယ္ယာ ၁၉ ဒသမ ၃ရာခိုင္ႏႈန္းပိုင္ဆိုင္ထားတယ္လို႔ သိရပါတယ္။ ENEOS Holdings ဟာ အဆိုပါ ဓါတ္ေငြ႕စီမံကိန္းမွာ ႏွစ္ေပါင္း ၂ဝ ေက်ာ္ၾကာလုပ္ကိုင္ခဲ့ေၾကာင္းသိရပါတယ္။

ENEOS က"ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေျခေနေတြကို ျပန္လည္စဥ္းစားသုံးသပ္ခဲ့တယ္။ အဲဒီလိုမ်ိဳး စဥ္းစားခဲ့ၿပီးေနာက္ ဓါတ္ေငြ႕စီမံကိန္းမွာ ပါဝင္လုပ္ကိုင္မႈျပန္႐ုတ္သိမ္းခဲ့ဖို႔ စီစဥ္ခဲ့တယ္။ လက္ရွိအခ်ိန္မွာ ဓါတ္ ေငြ႕စီမံကိန္းမွ ႏႈတ္ထြက္ေၾကာင္းကို နစကထံ အသိေပးမွာျဖစ္တယ္။ နစကဘက္က ခြင့္ျပဳခ်က္ရၿပီဆိုရင္ စီမံကိန္းက ထြက္ခဲ့တာ စတင္သက္ ေရာက္မွာပါ"လို႔ေျပာပါတယ္။

မေလးရွားအေျခစိုက္ Petronas နဲ႔ ထိုင္း အေျခစိုက္စြမ္းအင္ကုမၸဏီျဖစ္တဲ့ PTTEP တို႔ဟာ ၿပီးခဲ့တဲ့ေသာၾကာေန႔(ဧၿပီလ ၂၉ ရက္)မွာ ရဲတံခြန္ဓါတ္ေငြ႕စီမံကိန္းမွ ထြက္ေၾကာင္းေၾကညာခဲ့ပါတယ္။ မေလးရွား Petronas ဟာ ရဲတံခြန္ဓါတ္ေငြ႕စီမံကိန္းမွာ ရွယ္ယာ ၄၁ ရာခိုင္ႏႈန္း ပိုင္ဆိုင္ၿပီး ထိုင္းစြမ္းအင္ ကုမၸဏီက ရွယ္ယာ ၁၉ ဒသမ ၃ ရာခိုင္ႏႈန္း ပိုင္ဆိုင္ထားတယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံမွာ အာဏာသိမ္းမႈျဖစ္ ပြားခဲ့ၿပီးေနာက္ ျပည္ပစီးပြားေရးလုပ္ငန္းရွင္မ်ားဟာ လုပ္ငန္းမ်ားလုပ္ ကိုင္ေနမႈမ်ားကို ျပန္လည္႐ုတ္သိမ္းခဲ့ရာ အေမရိကန္အေျခစိုက္ခ်ီဗ႐ြန္ နဲ႔ ျပင္သစ္အေျခစိုက္ တိုတယ္လ္စြမ္းအင္ကုမၸဏီတို႔ဟာလည္း ျမန္မာ့ေရနံ နဲ႔ စြမ္းအင္ကုမၸဏီတို႔မွာပါဝင္လုပ္ကိုင္မႈ ႐ုတ္သိမ္းခဲ့ေၾကာင္းသိရပါတယ္။

https://www.dailymail.co.uk/wires/afp/article-10773929/Japans-ENEOS-withdraws-Myanmar-gas-project.html

https://www.naturalgasworld.com/japans-eneos-exits-myanmar-gas-project-97950

https://www.theaustralian.com.au/news/latest-news/japans-eneos-withdraws-from-myanmar-gas-project/news-story/98b036918f78854f51af28c63d387b3c

Related news

© 2021. All rights reserved.