ပြည်တွင်း၌ ရွှေကုန်ကြမ်းပြတ်လတ်မှုမရှိစေရေးအတွက် နိုင်ငံခြားမှ ရွှေကုန်ကြမ်းများတင်သွင်းမည်

 1360

ဖူးပြည့် (NP News) - မေ ၄
ပြည်တွင်း၌ ရွှေကုန်ကြမ်းပြတ်လတ်မှုမရှိစေရေးအတွက် နိုင်ငံခြားမှ ရွှေကုန်ကြမ်းများတင်သွင်းရန် ဆောင်ရွက် လျက်ရှိပြီး အဆိုပါ ဆောင်ရွက်ချက်သည် ပြည်တွင်းရှိ ရွှေတွင်းများမှ ရွှေထွက်ရှိနှုန်းကျဆင့်မည့် အချိန်နှင့်တွက်ဆကာဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က NP News သို့ မေလ ၄ ရက်ကပြောသည်။

ရွှေကုန်ကြမ်းပြတ်လပ်မှုမရှိစေရေးအတွက် မေလ ၃ ရက်က ရွှေကုန် သည်ကြီးများနှင့်ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်းများအသင်း (YGEA)တို့ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ တွေ့ဆုံဆွေးနွေးရာတွင် ရွှေဈေးကွက်တွင် ရွှေကုန်ကြမ်းပြတ်လတ်မှုမရှိရေးအတွက် နိုင်ငံခြားမှ တင်သွင်းနိုင်ရေးကို ဆောင်ရွက်ရန်၊ ရွှေဆိုင်နှင့်ရွှေကုန်သည်များမှ YGEA ရွှေဈေးနှုန်း၏ ၅ဝဝဝ ပေါင်းထည့်၍ ရောင်းဝယ်ခြင်းကို ဆောင် ရွက်ရန်၊ ဗဟိုဘဏ်မှ ရွှေရောင်းချပေးရေးအတွက်တင်ပြရန်၊ ရွှေတွင်းလိုင်စင်ရှိ ပုဂ္ဂိုလ်များနှင့်ဆက်သွယ်၍ ရွှေဝယ်ယူမှုကိုဆောင်ရွက်ရန် နှင့် နယ်စပ်ဖြတ်ကျော်ရောင်းဝယ်မှုများတွင် တိုင်းနှင့်ပြည်နယ်အသင်းများနှင့်ဆက် သွယ်၍ တားဆီးဆောင်ရွက်ရန်စသည့် ဆုံးဖြတ်ချက် ၅ ရပ်ကို ဆုံးဖြတ်ခဲ့ ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်းများအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က “ရွှေကုန်ကြမ်းကတော့ ပြတ်လတ်တာ မဟုတ်သေးဘူး။ နိုင်ငံခြားကနေ ကုန်ကြမ်းသွင်းမှာက အခုလောလောဆယ်အတွက်မဟုတ်ဘူး ဇွန်၊ ဇူလိုင်၊ ဩဂုတ် သုံးလက ရွှေတွင်းတွေအားလုံးမှာ ရေကြီးပြီးတော့ တွင်းတွေပြိုကုန်ပြီး ရေဝင်သွားတဲ့ အချိန်ဖြစ်တယ်။ အခုလောလောဆယ်ကတော့ ရန်ကုန်မှာကုန်ကြမ်းရှိသေးတယ်။ နောက်သုံးလအတွက်ကြိုပြီးတော့ လုပ်တာဖြစ်တယ်”ဟု ပြောသည်။

သင်္ကြန်ကာလပြီးဆုံးချိန်တွင် ဓာတ်ဆီများပြတ်လပ်မည့် ကောလာဟ လများ၊ ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်လာ သည့် နှစ်သောင်းကျပ်တန်ငွေစက္ကူထွက်ရှိလာမည့် ကောလာဟလများကြောင့် ရောင်းချသည့်ရွှေများ၏ ၇၅ ရာခိုင်နှုန်းကို သိမ်းဆည်းသူများက ဝယ်ယူကြပြီး ၂၅ ရာခိုင် နှုန်းခန့်သာ ဝယ်ရောင်းလုပ်ကိုင်သည့် ကုန်သည် များလက်ထဲတွင် ကျန်နေခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံနှင့်အခွန်လွတ်စာချုပ်ချုပ်ဆိုထားသည့် အာဆီယံ ၇ နိုင်ငံအပါအဝင် ဂျပန် နှင့် အိန္ဒိယနိုင်ငံတို့မှ ရွှေကုန်ကြမ်းတင်သွင်းသွားမည်ဖြစ်ကြောင်းသိရသည်။

“အဓိကတော့ အာဆီယံ ၇ နိုင်ငံရယ်၊ ဂျပန်ရယ် အိန္ဒိယရယ်က ကျွန် တော်တို့နဲ့ အခွန်လွတ် စာချုပ် ရေးထိုးထားတယ်။ ကျွန်တော်တို့က ရွှေတင်သွင်းရင်လည်း အခွန်ကောက်လို့မရဘူး။ အဲဒီနိုင်ငံတွေကပဲ အဓိက ထားသွင်းမယ်။ အရင်တုန်းကတော့ ပို့တာပဲလုပ်ဖူးတယ်။ကိုရီးယား၊ ဂျပန်ကို ပို့တာရှိတယ်။ သွင်းတာက အခုမှဖြစ်တယ်။ ဆိုင်တွေမှာ ပြည့်ပြည့်စုံစုံဖြစ်သွားအောင်လို့လုပ်တဲ့သဘောပါပဲ။ နိုင်ငံတကာရွှေဈေး ကွက်နဲ့ မြန်မာရွှေဈေးကွက်နဲ့ ချိတ်ဆက်ချင်တဲ့သဘောပါပဲ”ဟု ဦးမျိုးမြင့်က ဆက်လက်ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ရွှေကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့ပါက အခွန် ၁ ရာခိုင်နှုန်းပေးဆောင်ရ ကြောင်း သိရသည်။ နိုင်ငံခြားမှ ရွှေကုန်ကြမ်းဝယ်ယူရာတွင် ပမာဏကန့်သတ်ထားခြင်းမရှိဘဲ လိုအပ်သည့် ပမာဏကို ဝယ်ယူနိုင်ကြောင်း ဦးမျိုးမြင့်က ပြောသည်။

လက်ရှိအချိန်တွင် ပြည်တွင်းရွှေဈေးနှုန်းပြန်လည်ကျဆင်းနေပြီဖြစ်ပြီး YGEA ၏ မေလ ၄ ရက် နံနက် ၁ဝ နာရီဈေးနှုန်းအရ အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၉၈၉၃ဝဝ ရှိကြောင်းသိရသည်။ ကမ္ဘာ့ရွှေဈေးနှုန်းသည်လည်း တစ်အောင်စလျှင် ၁၈၆၅ ဒေါ်လာသို့ကျဆင်းသွားပြီး ပြည်တွင်းငွေလဲလှယ်နှုန်းသည်လည်း ၁ ဒေါ်လာလျှင် ငွေကျပ် ၁၉ဝဝ ကျော်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

“အရောင်းအဝယ်တော့ဖြစ်နေပါတယ်။ မနေ့ကဆိုရင်တော့ ဒေါ်လာလဲလှယ်နှုန်းက ၁၉ဝဝ ကျော်ဖြစ်သွားတဲ့အတွက် ရွှေဈေးကျိုးသွား ပြီဆိုပြီးတော့ ဆိုင်တွေမှာ တော်တော်များများပြန်ရောင်းတာတွေရှိပါတယ်”ဟု ဦးမျိုးမြင့်ကပြောသည်။

zawgyi version
ျပည္တြင္း၌ ေ႐ႊကုန္ၾကမ္းျပတ္လတ္မႈမရွိေစေရးအတြက္ ႏိုင္ငံျခားမွ ေ႐ႊကုန္ၾကမ္းမ်ားတင္သြင္းမည္
ဖူးျပည့္ (NP News) - ေမ ၄

ျပည္တြင္း၌ ေ႐ႊကုန္ၾကမ္းျပတ္လတ္မႈမရွိေစေရးအတြက္ ႏိုင္ငံျခားမွ ေ႐ႊကုန္ၾကမ္းမ်ားတင္သြင္းရန္ ေဆာင္႐ြက္ လ်က္ရွိၿပီး အဆိုပါ ေဆာင္႐ြက္ခ်က္သည္ ျပည္တြင္းရွိ ေ႐ႊတြင္းမ်ားမွ ေ႐ႊထြက္ရွိႏႈန္းက်ဆင့္မည့္ အခ်ိန္ႏွင့္တြက္ဆကာေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA) မွ ဥကၠ႒ ဦးမ်ိဳးျမင့္က NP News သို႔ ေမလ ၄ ရက္ကေျပာသည္။

ေ႐ႊကုန္ၾကမ္းျပတ္လပ္မႈမရွိေစေရးအတြက္ ေမလ ၃ ရက္က ေ႐ႊကုန္ သည္ႀကီးမ်ားႏွင့္ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္းမ်ားအသင္း (YGEA)တို႔ ေဆြးေႏြးခဲ့ၾကေၾကာင္းသိရသည္။ ေတြ႕ဆုံေဆြးေႏြးရာတြင္ ေ႐ႊေဈးကြက္တြင္ ေ႐ႊကုန္ၾကမ္းျပတ္လတ္မႈမရွိေရးအတြက္ ႏိုင္ငံျခားမွ တင္သြင္းႏိုင္ေရးကို ေဆာင္႐ြက္ရန္၊ ေ႐ႊဆိုင္ႏွင့္ေ႐ႊကုန္သည္မ်ားမွ YGEA ေ႐ႊေဈးႏႈန္း၏ ၅ဝဝဝ ေပါင္းထည့္၍ ေရာင္းဝယ္ျခင္းကို ေဆာင္ ႐ြက္ရန္၊ ဗဟိုဘဏ္မွ ေ႐ႊေရာင္းခ်ေပးေရးအတြက္တင္ျပရန္၊ ေ႐ႊတြင္းလိုင္စင္ရွိ ပုဂၢိဳလ္မ်ားႏွင့္ဆက္သြယ္၍ ေ႐ႊဝယ္ယူမႈကိုေဆာင္႐ြက္ရန္ ႏွင့္ နယ္စပ္ျဖတ္ေက်ာ္ေရာင္းဝယ္မႈမ်ားတြင္ တိုင္းႏွင့္ျပည္နယ္အသင္းမ်ားႏွင့္ဆက္ သြယ္၍ တားဆီးေဆာင္႐ြက္ရန္စသည့္ ဆုံးျဖတ္ခ်က္ ၅ ရပ္ကို ဆုံးျဖတ္ခဲ့ ေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္းမ်ားအသင္း ဥကၠ႒ ဦးမ်ိဳးျမင့္က “ေ႐ႊကုန္ၾကမ္းကေတာ့ ျပတ္လတ္တာ မဟုတ္ေသးဘူး။ ႏိုင္ငံျခားကေန ကုန္ၾကမ္းသြင္းမွာက အခုေလာေလာဆယ္အတြက္မဟုတ္ဘူး ဇြန္၊ ဇူလိုင္၊ ဩဂုတ္ သုံးလက ေ႐ႊတြင္းေတြအားလုံးမွာ ေရႀကီးၿပီးေတာ့ တြင္းေတြၿပိဳကုန္ၿပီး ေရဝင္သြားတဲ့ အခ်ိန္ျဖစ္တယ္။ အခုေလာေလာဆယ္ကေတာ့ ရန္ကုန္မွာကုန္ၾကမ္းရွိေသးတယ္။ ေနာက္သုံးလအတြက္ႀကိဳၿပီးေတာ့ လုပ္တာျဖစ္တယ္”ဟု ေျပာသည္။

သၾကၤန္ကာလၿပီးဆုံးခ်ိန္တြင္ ဓာတ္ဆီမ်ားျပတ္လပ္မည့္ ေကာလာဟ လမ်ား၊ ယခုရက္ပိုင္းအတြင္းျဖစ္ေပၚလာ သည့္ ႏွစ္ေသာင္းက်ပ္တန္ေငြစကၠဴထြက္ရွိလာမည့္ ေကာလာဟလမ်ားေၾကာင့္ ေရာင္းခ်သည့္ေ႐ႊမ်ား၏ ၇၅ ရာခိုင္ႏႈန္းကို သိမ္းဆည္းသူမ်ားက ဝယ္ယူၾကၿပီး ၂၅ ရာခိုင္ ႏႈန္းခန႔္သာ ဝယ္ေရာင္းလုပ္ကိုင္သည့္ ကုန္သည္ မ်ားလက္ထဲတြင္ က်န္ေနခဲ့ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ျမန္မာႏိုင္ငံႏွင့္အခြန္လြတ္စာခ်ဳပ္ခ်ဳပ္ဆိုထားသည့္ အာဆီယံ ၇ ႏိုင္ငံအပါအဝင္ ဂ်ပန္ ႏွင့္ အိႏၵိယႏိုင္ငံတို႔မွ ေ႐ႊကုန္ၾကမ္းတင္သြင္းသြားမည္ျဖစ္ေၾကာင္းသိရသည္။

“အဓိကေတာ့ အာဆီယံ ၇ ႏိုင္ငံရယ္၊ ဂ်ပန္ရယ္ အိႏၵိယရယ္က ကြၽန္ ေတာ္တို႔နဲ႔ အခြန္လြတ္ စာခ်ဳပ္ ေရးထိုးထားတယ္။ ကြၽန္ေတာ္တို႔က ေ႐ႊတင္သြင္းရင္လည္း အခြန္ေကာက္လို႔မရဘူး။ အဲဒီႏိုင္ငံေတြကပဲ အဓိက ထားသြင္းမယ္။ အရင္တုန္းကေတာ့ ပို႔တာပဲလုပ္ဖူးတယ္။ကိုရီးယား၊ ဂ်ပန္ကို ပို႔တာရွိတယ္။ သြင္းတာက အခုမွျဖစ္တယ္။ ဆိုင္ေတြမွာ ျပည့္ျပည့္စုံစုံျဖစ္သြားေအာင္လို႔လုပ္တဲ့သေဘာပါပဲ။ ႏိုင္ငံတကာေ႐ႊေဈး ကြက္နဲ႔ ျမန္မာေ႐ႊေဈးကြက္နဲ႔ ခ်ိတ္ဆက္ခ်င္တဲ့သေဘာပါပဲ”ဟု ဦးမ်ိဳးျမင့္က ဆက္လက္ေျပာသည္။

ျမန္မာႏိုင္ငံအေနျဖင့္ ေ႐ႊကုန္ၾကမ္းမွ ကုန္ေခ်ာထုတ္လုပ္ၿပီး ျပည္ပသို႔တင္ပို႔ပါက အခြန္ ၁ ရာခိုင္ႏႈန္းေပးေဆာင္ရ ေၾကာင္း သိရသည္။ ႏိုင္ငံျခားမွ ေ႐ႊကုန္ၾကမ္းဝယ္ယူရာတြင္ ပမာဏကန႔္သတ္ထားျခင္းမရွိဘဲ လိုအပ္သည့္ ပမာဏကို ဝယ္ယူႏိုင္ေၾကာင္း ဦးမ်ိဳးျမင့္က ေျပာသည္။

လက္ရွိအခ်ိန္တြင္ ျပည္တြင္းေ႐ႊေဈးႏႈန္းျပန္လည္က်ဆင္းေနၿပီျဖစ္ၿပီး YGEA ၏ ေမလ ၄ ရက္ နံနက္ ၁ဝ နာရီေဈးႏႈန္းအရ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ၁၉၈၉၃ဝဝ ရွိေၾကာင္းသိရသည္။ ကမာၻ႔ေ႐ႊေဈးႏႈန္းသည္လည္း တစ္ေအာင္စလွ်င္ ၁၈၆၅ ေဒၚလာသို႔က်ဆင္းသြားၿပီး ျပည္တြင္းေငြလဲလွယ္ႏႈန္းသည္လည္း ၁ ေဒၚလာလွ်င္ ေငြက်ပ္ ၁၉ဝဝ ေက်ာ္သို႔ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။

“အေရာင္းအဝယ္ေတာ့ျဖစ္ေနပါတယ္။ မေန႔ကဆိုရင္ေတာ့ ေဒၚလာလဲလွယ္ႏႈန္းက ၁၉ဝဝ ေက်ာ္ျဖစ္သြားတဲ့အတြက္ ေ႐ႊေဈးက်ိဳးသြား ၿပီဆိုၿပီးေတာ့ ဆိုင္ေတြမွာ ေတာ္ေတာ္မ်ားမ်ားျပန္ေရာင္းတာေတြရွိပါတယ္”ဟု ဦးမ်ိဳးျမင့္ကေျပာသည္။

Related news

© 2021. All rights reserved.