ကျားဖောင်လုပ်ငန်းသို့ ပို့ဆောင်ကာ လုပ်အားခကိုပါ ခေါင်းပုံဖြတ်ရယူခဲ့သူ(၂)ဦးကို အလုပ်နှင့် ထောင်ဒဏ်(၁ဝ)နှစ်စီချမှတ်

 1472

NP News - မေ ၈
ဧရာဝတီတိုင်းဒေသကြီးတွင်နေထိုင်သူ အသက်၂၅ နှစ်အရွယ်ရှိသူကို ရန်ကုန်တိုင်းသေဒကြီး ဒလမြို့နယ်တွင် နေထိုင်သူ ၂ ဦးမှ ကျားဖောင်လုပ်ငန်းသို့ပို့ဆောင်ကာ ၎င်းရရှိမည့် လုပ်အားခများကိုပါ ခေါင်းပုံဖြတ်ရယူခဲ့ခြင်းကြောင့် အလုပ်နှင့် ထောင်ဒဏ်(၁ဝ)နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြိုနယ်နေ မောင်-----(၂၅နှစ်) အား ရန်ကုန်တိုင်းဒေသကြီး ဒလမြိုနယ်နေ ဝင်းလင်းထွန်း(ခ) ကောင်းကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နေ အောင်ဗလ(ခ) ဗလကြီးတို့က ဖျာပုံမြို့နယ် ခါးပြတ်ရွာရှိ “သဉ္ဇာထွန်း” ကျားဖောင်သို့ ပို့ဆောင်ကာ နှစ်လခန့်လုပ်ကိုင်ခဲ့ပြီး လုပ်အားခ ငွေကျပ် ၇ဝဝဝဝဝ အား ခေါင်းပုံဖြတ်ရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုအား ဒလမြိုမရဲစခန်း (ပ)၂ဝ၈၆/ ၂ဝ၁၉၊ လူကုန်ကူးမှု တား ဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၅/၃၂ ဖြင့် အမှုဖွင့်ခဲ့ပြီး တောင်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မေလ ၅ ရက်တွင် အမှုမှတရားခံ ဗလကြီး(ခ) အောင်ဗလနှင့် ဝင်းလင်းထွန်း(ခ) ကောင်းကြီးတို့နှစ်ဦးအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၅ အရ အလုပ်နှင့်ထောင် ဒဏ် ၁ဝ နှစ်စီ ကျခံစေရန်အမိန့်ချမှတ်ခဲ့ကြောင်း နစက ၏ ထုတ်ပြန်ချက်အရသိရသည်။

ကျားဖောက်လုပ်ငန်းသည် အလုပ်သမားရရှိရန်မလွယ်ကူခြင်းကြောင့် လုပ်ငန်ရှင်များက လူပွဲစားများကို အားကိုးနေကြရပြီး ပွဲစားများအနေဖြင့်လည်း လိမ်လည်ပြောဆိုပြီးစည်းရုံးသိမ်းသွင်းနေမှုများလည်းရှိကြောင်း မြေပြင်သတင်းများအရသိရသည်။

ထို့ပြင် ကျားဖောက်လုပ်ငန်းသည် ပြီးခဲ့သည့်နှစ်များအတွင်း အလုပ် သမားများအပေါ် ဆိုးရွားသည့် လူအခွင့်အရေးချိုးဖောက်မှုများ၊ လူကုန်ကူးခံရမှုများ၊ ညှင်းပန်နှိပ်စက်၍ခိုင်းစေခြင်းများ၊မကြာခဏ လူသေဆုံးရခြင်းများအပြင် လစာခေါင်းပုံဖြတ်ခံရခြင်းများရှိခဲ့သည့်အတွက် မြန်မာ နိုင်ငံလူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိများအနေဖြင့် ကျားဖောင်လုပ်ငန်းခွင်အထိသွားရောက်စုံစမ်းစစ်ဆေးပေးခဲ့ရခြင်းများရှိခဲ့ကြောင်းသိရ သည်။

၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်း သား ကိုမြတ်သူရထွန်းကို လူခေါ်ပွဲစားများက ကျားဖောင်လုပ်ငန်းထဲသို့ ရောင်းစားခဲ့သည့်ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ပြီးနောက် ကျားဖောင်လုပ်ငန်းကို အဓိက ကိုင်တွယ်နေသည့်ငါးလုပ်ငန်းဦးစီးဌာနက ၂ဝ၂ဝ – ၂ဝ၂၁ ငါးဖမ်း ရာသီတွင် မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေအရ လုပ်ငန်းလိုင်စင်ရှိသူများသာ ပင်လယ်ပြင်ထွက်၍ ငါးဖမ်းခွင့်ရမည်ဟု ကြေညာခဲ့သည်။ လုပ်ငန်းလိုင်စင်အရ သင်္ဘော ၁ စီးလျှင် ကျားဖောင် ၈ ဖောင်သာ ငါးဖမ်းခွင့်ပြုမည်ဟု တင်းကြပ်ခဲ့သည်။

ကျားဖောင်လုပ်ငန်း အများစုသည် ဖျာပုံမြို့နယ်၌တည်ရှိပြီး ဒေါ်ညိမ်း၊ နောက်မီး၊ ခါးပြတ် စသည့် ကျေးရွာများက အဓိကလုပ်ကိုင်ကြောင်းသိရသည်။

https://npnewsmm.com/news/6277b66c33c21a503a1edd5a

zawgyi version
က်ားေဖာင္လုပ္ငန္းသို႔ ပို႔ေဆာင္ကာ လုပ္အားခကိုပါ ေခါင္းပုံျဖတ္ရယူခဲ့သူ(၂)ဦးကို အလုပ္ႏွင့္ ေထာင္ဒဏ္(၁ဝ)ႏွစ္စီခ်မွတ္
NP News - ေမ ၈

ဧရာဝတီတိုင္းေဒသႀကီးတြင္ေနထိုင္သူ အသက္၂၅ ႏွစ္အ႐ြယ္ရွိသူကို ရန္ကုန္တိုင္းေသဒႀကီး ဒလၿမိဳ႕နယ္တြင္ ေနထိုင္သူ ၂ ဦးမွ က်ားေဖာင္လုပ္ငန္းသို႔ပို႔ေဆာင္ကာ ၎ရရွိမည့္ လုပ္အားခမ်ားကိုပါ ေခါင္းပုံျဖတ္ရယူခဲ့ျခင္းေၾကာင့္ အလုပ္ႏွင့္ ေထာင္ဒဏ္(၁ဝ)ႏွစ္ခ်မွတ္လိုက္ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ဧရာဝတီတိုင္းေဒသႀကီး မအူပင္ၿမိဳနယ္ေန ေမာင္-----(၂၅ႏွစ္) အား ရန္ကုန္တိုင္းေဒသႀကီး ဒလၿမိဳနယ္ေန ဝင္းလင္းထြန္း(ခ) ေကာင္းႀကီးႏွင့္ ဧရာဝတီတိုင္းေဒသႀကီး ဖ်ာပုံၿမိဳ႕ေန ေအာင္ဗလ(ခ) ဗလႀကီးတို႔က ဖ်ာပုံၿမိဳ႕နယ္ ခါးျပတ္႐ြာရွိ “သၪၨာထြန္း” က်ားေဖာင္သို႔ ပို႔ေဆာင္ကာ ႏွစ္လခန႔္လုပ္ကိုင္ခဲ့ၿပီး လုပ္အားခ ေငြက်ပ္ ၇ဝဝဝဝဝ အား ေခါင္းပုံျဖတ္ရယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါအမႈအား ဒလၿမိဳမရဲစခန္း (ပ)၂ဝ၈၆/ ၂ဝ၁၉၊ လူကုန္ကူးမႈ တား ဆီးကာကြယ္ေရးဥပေဒပုဒ္မ ၂၅/၃၂ ျဖင့္ အမႈဖြင့္ခဲ့ၿပီး ေတာင္ပိုင္းခ႐ိုင္တရား႐ုံးသို႔ တရားစြဲတင္ပို႔ခဲ့ရာ ေမလ ၅ ရက္တြင္ အမႈမွတရားခံ ဗလႀကီး(ခ) ေအာင္ဗလႏွင့္ ဝင္းလင္းထြန္း(ခ) ေကာင္းႀကီးတို႔ႏွစ္ဦးအား လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ဥပေဒပုဒ္မ ၂၅ အရ အလုပ္ႏွင့္ေထာင္ ဒဏ္ ၁ဝ ႏွစ္စီ က်ခံေစရန္အမိန႔္ခ်မွတ္ခဲ့ေၾကာင္း နစက ၏ ထုတ္ျပန္ခ်က္အရသိရသည္။

က်ားေဖာက္လုပ္ငန္းသည္ အလုပ္သမားရရွိရန္မလြယ္ကူျခင္းေၾကာင့္ လုပ္ငန္ရွင္မ်ားက လူပြဲစားမ်ားကို အားကိုးေနၾကရၿပီး ပြဲစားမ်ားအေနျဖင့္လည္း လိမ္လည္ေျပာဆိုၿပီးစည္း႐ုံးသိမ္းသြင္းေနမႈမ်ားလည္းရွိေၾကာင္း ေျမျပင္သတင္းမ်ားအရသိရသည္။

ထို႔ျပင္ က်ားေဖာက္လုပ္ငန္းသည္ ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း အလုပ္ သမားမ်ားအေပၚ ဆိုး႐ြားသည့္ လူအခြင့္အေရးခ်ိဳးေဖာက္မႈမ်ား၊ လူကုန္ကူးခံရမႈမ်ား၊ ညႇင္းပန္ႏွိပ္စက္၍ခိုင္းေစျခင္းမ်ား၊မၾကာခဏ လူေသဆုံးရျခင္းမ်ားအျပင္ လစာေခါင္းပုံျဖတ္ခံရျခင္းမ်ားရွိခဲ့သည့္အတြက္ ျမန္မာ ႏိုင္ငံလူ႔အခြင့္အေရးေကာ္မရွင္မွ တာဝန္ရွိမ်ားအေနျဖင့္ က်ားေဖာင္လုပ္ငန္းခြင္အထိသြားေရာက္စုံစမ္းစစ္ေဆးေပးခဲ့ရျခင္းမ်ားရွိခဲ့ေၾကာင္းသိရ သည္။

၂ဝ၁၉ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ ဒဂုံတကၠသိုလ္ ေနာက္ဆုံးႏွစ္ေက်ာင္း သား ကိုျမတ္သူရထြန္းကို လူေခၚပြဲစားမ်ားက က်ားေဖာင္လုပ္ငန္းထဲသို႔ ေရာင္းစားခဲ့သည့္ျဖစ္စဥ္ျဖစ္ေပၚခဲ့ၿပီးေနာက္ က်ားေဖာင္လုပ္ငန္းကို အဓိက ကိုင္တြယ္ေနသည့္ငါးလုပ္ငန္းဦးစီးဌာနက ၂ဝ၂ဝ – ၂ဝ၂၁ ငါးဖမ္း ရာသီတြင္ ျမန္မာ့ပင္လယ္ငါးလုပ္ငန္းဥပေဒအရ လုပ္ငန္းလိုင္စင္ရွိသူမ်ားသာ ပင္လယ္ျပင္ထြက္၍ ငါးဖမ္းခြင့္ရမည္ဟု ေၾကညာခဲ့သည္။ လုပ္ငန္းလိုင္စင္အရ သေဘၤာ ၁ စီးလွ်င္ က်ားေဖာင္ ၈ ေဖာင္သာ ငါးဖမ္းခြင့္ျပဳမည္ဟု တင္းၾကပ္ခဲ့သည္။

က်ားေဖာင္လုပ္ငန္း အမ်ားစုသည္ ဖ်ာပုံၿမိဳ႕နယ္၌တည္ရွိၿပီး ေဒၚညိမ္း၊ ေနာက္မီး၊ ခါးျပတ္ စသည့္ ေက်း႐ြာမ်ားက အဓိကလုပ္ကိုင္ေၾကာင္းသိရသည္။

https://npnewsmm.com/news/6277b66c33c21a503a1edd5a

Related news

© 2021. All rights reserved.