ထားဝယ်ရှိ စီးပွားရေးလုပ်ငန်းရှင်များထံ PDF အဖွဲ့က ခြိမ်းခြောက်ဆက်ကြေးတောင်းမှု ပိုများလာ

200

Pearl (NP News)စက်တင်ဘာ၁၅
ထားဝယ်တွင် PDF အဖွဲ့က စီးပွားရေးလုပ်ငန်းရှင်များကိုခြိမ်းခြောက်၍ ဆက်ကြေး တောင်းမှုပို များလာကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံ NP News မှ ဆက်သွယ်မေး မြန်းထားသည့်အချက် အလက်များအရ သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်တွင် PDF အဖွဲ့က Facebook လူမှုကွန်ရက် စာမျက် နှာမှတစ်ဆင့် အလှူခံဟုဆိုကာ ဆက်ကြေးကောက်ခံမှုများပြုလုပ်နေသကဲ့သို့ စီးပွားရေးလုပ်ငန်းရှင် များ၏ဖုန်းများကိုဆက်သွယ်၍လည်း ဆက်ကြေးကောက်ခံမှုများ ယခုနောက်ပိုင်း ပိုမိုလုပ်ဆောင်လာခဲ့ ကြောင်းသိရသည်။
“ထားဝယ်ဘက်ကနည်းနည်းဆိုးတယ်။ ထားဝယ်ဟစ်တိုင်ထဲသာ ကြည့်လိုက်။ တောက် လျှောက်အလှူခံနေတာ။ တချို့ဆိုရင် ဖုန်းဆက်ပြီး အလှူခံတာလည်းရှိတယ်။ ဖုန်းနံပါတ်စိမ်းရင် တောင်မကိုင်ရဲဘူး။ ဟိုဘက်အဖွဲ့အစည်းတွေက အလှူခံတာတို့ ဘာတို့လုပ်လို့ မလှူဘူးဆိုရင် ရန်ရှာ ခံရမှာလေ။ အလှူခံလို့မရရင် ရန်ရှာတာတွေရှိ တယ်။ မတော်တဆ ကိုယ့်ဆီဖုန်းဆက်လို့ကိုင်လိုက် ရင် သူတို့အလှူခံတာကိုမထည့်ရင်လည်း ပြဿနာ ရှာမယ်။ ကြောက်လို့လှူရင် ဒီဘက်ကသိရင် သောင်းကျန်းသူကိုထောက်ပံ့လို့ ရှိတာအသိမ်းခံ ရမှာလေ။ စီးပွားရေးသမားတွေက ကျဉ်းထဲကျပ် ထဲမှာ} ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News သို့ ပြောသည်။
ထိုသို့ စီးပွားရေးလုပ်ငန်းရှင်များထံ ဆက်သွယ်ဆက်ကြေးတောင်း၍မရသည့်အခါ ခြိမ်းခြောက် မှုများပြုလုပ်သည့်အပြင် လုပ်ငန်းသုံး စက်ယန္တရားများကို သိမ်းခြင်း၊ မီးရှို့ခြင်းတို့ကိုလည်း ဆောင်ရွက် နေကြောင်း သိရသည်။
“တချို့လုပ်ငန်းရှင်ဆိုရင် စက်တွေဘာတွေ မီးရှို့ခံရတာတွေရှိတယ်။ စက်ယန္တရားတွေ။ ဘက် ဟိုးတို့ဘာတို့ပေါ့။ လုပ်ငန်းရှင်းတွေကလည်း ကျီးလန့်စာစားပြီးနေနေရတာ ကျွန်တော်ကိုယ်တိုင်လည်း ပါတယ်။ စက်တွေကားတွေဆိုရင် သိန်း (၅၀ဝ) နဲ့ရွေး၊ သိန်း (၁၀ဝဝ)နဲ့ရွေးဆိုပြီးလုပ်တာ။ မီးစက်တွေ လည်းကိုလည်း အဲဒီလိုသိမ်းပြီးရွေးခိုင်း တာ။ ဒီဘက်မှာလည်း အဖွဲ့အစည်းကလည်း များတယ်။ PDF လည်းရှိတယ်။ တပ်မဟာ (၆)လည်း ရှိတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ထားဝယ်ဒေသနှင့် မြန်မာ-ထိုင်းနယ်စပ် တစ်လျှောက်ကျင်လည်နေသည့် KTLA ၊ KNU နှင့် PDF အဖွဲ့များသည် ခြိမ်းခြောက်ဆက်ကြေး ကောက်ခံခြင်းဖြင့်သာ အဓိကစီးပွားရှာနေကြကြောင်း ဒေသခံ များ၏ပြောကြားချက်များအရ သိရသည်။

Zawgyi Version:
ထားဝယ္ရွိ စီးပြားေရးလုပ္ငန္းရွင္မ်ားထံ PDF အဖြဲ႕က ၿခိမ္းေျခာက္ဆက္ေၾကးေတာင္းမႈ ပိုမ်ားလာ
Pearl (NP News)စက္တင္ဘာ၁၅
ထားဝယ္တြင္ PDF အဖြဲ႕က စီးပြားေရးလုပ္ငန္းရွင္မ်ားကိုၿခိမ္းေျခာက္၍ ဆက္ေၾကး ေတာင္းမႈပို မ်ားလာေၾကာင္း စီးပြားေရးလုပ္ငန္းရွင္မ်ားထံ NP News မွ ဆက္သြယ္ေမး ျမန္းထားသည့္အခ်က္ အလက္မ်ားအရ သိရသည္။
တနသၤာရီတိုင္းေဒသႀကီး ထားဝယ္ၿမိဳ႕နယ္တြင္ PDF အဖြဲ႕က Facebook လူမႈကြန္ရက္ စာမ်က္ ႏွာမွတစ္ဆင့္ အလႉခံဟုဆိုကာ ဆက္ေၾကးေကာက္ခံမႈမ်ားျပဳလုပ္ေနသကဲ့သို႔ စီးပြားေရးလုပ္ငန္းရွင္ မ်ား၏ဖုန္းမ်ားကိုဆက္သြယ္၍လည္း ဆက္ေၾကးေကာက္ခံမႈမ်ား ယခုေနာက္ပိုင္း ပိုမိုလုပ္ေဆာင္လာခဲ့ ေၾကာင္းသိရသည္။
“ထားဝယ္ဘက္ကနည္းနည္းဆိုးတယ္။ ထားဝယ္ဟစ္တိုင္ထဲသာ ၾကည့္လိုက္။ ေတာက္ ေလွ်ာက္အလႉခံေနတာ။ တခ်ိဳ႕ဆိုရင္ ဖုန္းဆက္ၿပီး အလႉခံတာလည္းရွိတယ္။ ဖုန္းနံပါတ္စိမ္းရင္ ေတာင္မကိုင္ရဲဘူး။ ဟိုဘက္အဖြဲ႕အစည္းေတြက အလႉခံတာတို႔ ဘာတို႔လုပ္လို႔ မလႉဘူးဆိုရင္ ရန္ရွာ ခံရမွာေလ။ အလႉခံလို႔မရရင္ ရန္ရွာတာေတြရွိ တယ္။ မေတာ္တဆ ကိုယ့္ဆီဖုန္းဆက္လို႔ကိုင္လိုက္ ရင္ သူတို႔အလႉခံတာကိုမထည့္ရင္လည္း ျပႆနာ ရွာမယ္။ ေၾကာက္လို႔လႉရင္ ဒီဘက္ကသိရင္ ေသာင္းက်န္းသူကိုေထာက္ပံ့လို႔ ရွိတာအသိမ္းခံ ရမွာေလ။ စီးပြားေရးသမားေတြက က်ဥ္းထဲက်ပ္ ထဲမွာ} ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News သို႔ ေျပာသည္။
ထိုသို႔ စီးပြားေရးလုပ္ငန္းရွင္မ်ားထံ ဆက္သြယ္ဆက္ေၾကးေတာင္း၍မရသည့္အခါ ၿခိမ္းေျခာက္ မႈမ်ားျပဳလုပ္သည့္အျပင္ လုပ္ငန္းသုံး စက္ယႏၲရားမ်ားကို သိမ္းျခင္း၊ မီးရႈိ႕ျခင္းတို႔ကိုလည္း ေဆာင္႐ြက္ ေနေၾကာင္း သိရသည္။
“တခ်ိဳ႕လုပ္ငန္းရွင္ဆိုရင္ စက္ေတြဘာေတြ မီးရႈိ႕ခံရတာေတြရွိတယ္။ စက္ယႏၲရားေတြ။ ဘက္ ဟိုးတို႔ဘာတို႔ေပါ့။ လုပ္ငန္းရွင္းေတြကလည္း က်ီးလန႔္စာစားၿပီးေနေနရတာ ကြၽန္ေတာ္ကိုယ္တိုင္လည္း ပါတယ္။ စက္ေတြကားေတြဆိုရင္ သိန္း (၅၀ဝ) နဲ႔ေ႐ြး၊ သိန္း (၁၀ဝဝ)နဲ႔ေ႐ြးဆိုၿပီးလုပ္တာ။ မီးစက္ေတြ လည္းကိုလည္း အဲဒီလိုသိမ္းၿပီးေ႐ြးခိုင္း တာ။ ဒီဘက္မွာလည္း အဖြဲ႕အစည္းကလည္း မ်ားတယ္။ PDF လည္းရွိတယ္။ တပ္မဟာ (၆)လည္း ရွိတယ္”ဟု ၎က ဆက္လက္ေျပာသည္။
ထားဝယ္ေဒသႏွင့္ ျမန္မာ-ထိုင္းနယ္စပ္ တစ္ေလွ်ာက္က်င္လည္ေနသည့္ KTLA ၊ KNU ႏွင့္ PDF အဖြဲ႕မ်ားသည္ ၿခိမ္းေျခာက္ဆက္ေၾကး ေကာက္ခံျခင္းျဖင့္သာ အဓိကစီးပြားရွာေနၾကေၾကာင္း ေဒသခံ မ်ား၏ေျပာၾကားခ်က္မ်ားအရ သိရသည္။