ဓါးပြများကြောင့် လူပေါင်း သိန်းချီထွက်ပြေးရခြင်းဖြင့် အာဖရိတိုက် လူဦးရေအများဆုံးနိုင်ငံမှာ “ရိုင်းစိုင်းတဲ့ဥပဒေမဲ့ အနောက်အရပ်” ဖြစ်နေ

 819

Htay Oung (NP News) - မေ ၉
အနောက်အာဖရိက နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဇမ်ဖာရာပြည်နယ်ရှိ မြို့ ၃ မြို့မှာ သေနတ်သမား များက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၄၈ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ သက်ဆိုင်ရာတာဝန်ရှိ သူများနဲ့ ဒေသခံတို့က မေလ ၈ ရက်၊ တနင်္ဂနွေနေ့မှာ ပြောဆိုခဲ့ကြောင်း AFP က ယမန်နေ့ ရေးသားပါတယ်။

ဓားပြတွေလို့ အများသိထားကြတဲ့ ရာဇဝတ်ဂိုဏ်းများဟာ နိုင်ဂျီးရီးယားအနောက် မြောက်ပိုင်းနှင့် အလယ်ပိုင်း တို့မှာ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ကျေးရွာများကို စီးနင်းလုယက်ခြင်း၊ ကျွဲ၊ နွားများ ခိုးယူခြင်းနဲ့ နိုင်ငံသားများကို ပြန် ပေးဆွဲ ငွေတောင်းခံခြင်းတို့ကို လုပ်ဆောင်ခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။

“သောကြာနေ့ မွန်းလွဲပိုင်း ဓါးပြတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရွာ ၃ ရွာမှာ သူတို့လက်ချက်နဲ့ သေဆုံးသူ စုစုပေါင်း ၄၈ ဦး ရှိပါတယ်” လို့ ခရိုင်အုပ်ချုပ်ရေးအကြီးအကဲက ပြောပြပါတယ်။ ဒါဇင်နဲ့ချီတဲ့ သေနတ်သမားတွေ ဟာ မော်တော်ဆိုင်ကယ်များစီးနင်းလာကြပြီး ကျေးရွာ ၃ ရွာကို တစ်ပြိုင်တည်း လိုလို အချိန်ကိုက် ဝင်ရောက် လာကြတာဖြစ်ကြောင်း၊ ထွက်ပြေးဖို့ကြိုးပမ်းတဲ့ ရွာသားတစ်ယောက်ချင်းစီကို သွေးအေးအေးနဲ့ ပစ်သတ်ခဲ့ ကြောင်း သိရှိရပါတယ်။

ဒမ်မာရီဆိုတဲ့ရွာဟာ အပြင်းထန်ဆုံးတိုက်ခိုက်ခံရတာဖြစ်ပြီး သေနတ်သမားက လူပေါင်း ၃၂ ယောက်ကို သတ်ဖြတ်ခဲ့ကြောင်း တချို့တွေဟာ ဆေးရုံမှာ ကုသမှုခံယူနေစဉ် သေဆုံးကြရတာဖြစ်ကြောင်း၊ ဓါးပြတွေဟာ ရဲ ကင်းလှည့်မော်တော်ယာဉ်တစ်စီးကို မီးတင်ရှို့ခဲ့ကြစဉ်မှာ လုံခြုံရေးဝန်ထမ်း ၂ ဦး သေဆုံးခဲ့ကြောင်း၊ နယ်မြေမှာ တပ်စွဲထားတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ကြပြီးနောက် ဓါးပြများ ထွက်ပြေးသွား ကြောင်း၊ တိုက်ခိုက်သူတွေဟာ နွားများနဲ့ စားနပ်ရိက္ခာများကို လုယက်ခြင်းမပြုမီ သေနတ်ဖြင့် အရမ်းကာရော ပစ်ခတ်ခဲ့ကြောင်း အခင်းဖြစ်ရပ်မှာ သေဆုံးသူ ၄၈ ဦးကို ကျေးရွာသားများက ကောက်ယူ မြှုပ်နှံခဲ့ရကြောင်း ခရိုင်အကြီးအကဲက AFP ကို ပြောပြပါတယ်။

အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးရန် မေတ္တာရပ်ခံချက်ကို နိုင်ဂျီးရီးယားရဲတပ်ဖွဲ့က တုန့်ပြန် ခြင်း မရှိခဲ့ပါ။

အတ္တလန်တိတ်သမုဒ္ဒရာ ဂီနီယာပင်လယ်ကွေ့ကိုမေးတင်ထားတဲ့ နိုင်ဂျီရီးယားနိုင်ငံဟာ အာဖရိကတိုက်မှာ လူဦးရေအများဆုံးဖြစ်ပြီး လူပေါင်း ၂၁၁ သန်းကျော် နေထိုင်ပါတယ်။ မြို့တော် လာဂို့စ်ဟာ ကမ္ဘာ့အကြီးဆုံး မြို့ပြ များ စာရင်းဝင်ဖြစ်ပြီး အာဖရိကတိုက်မှာလဲ ဒုတိယအကြီးဆုံးမြို့ဖြစ်ပါတယ်။ ၁၉၆ဝ ခုနှစ်မှ လွတ်လပ်ရေး ရရှိခဲ့ တဲ့ ရာစုနှစ်ချီ ဗြိတိသျှကိုလိုနီဟောင်းဖြစ်ပြီး အင်္ဂလိပ်ဘာသာကို တရားဝင် ရုံးသုံးသတ်မှတ်ထားပါတယ်။

သို့သော်လည်း ဘာသာစကားအမျိုးပေါင်း ၅ဝဝ ကို ပြောဆိုကြတဲ့ လူမျိုးစုပေါင်း ၂၅ဝ ကျော်မှာ အဓိက လူမျိုး စုကြီး ၃ ခုရှိပါတယ်။ ၁၉၆၇ မှ ၁၉၇ဝ ပြည့်နှစ်အထိ ပြည်တွင်းစစ်ကို ကြုံတွေခဲ့ရပြီး အာဏာရှင်တစ်လှည့် ဒီမို ကရေစီတစ်လှည့် နိုင်ငံရေးစံနစ်မှနေပြီး ၁၉၉၉ ခုနှစ်ရောက်မှ ဖက်ဒရယ်သမ္မတနိုင်ငံဖြစ်လာခဲ့ပါတယ်။ မြောက် ပိုင်းမှာ အစ္စလာလမ်ဘာသာဝင်များနဲ့ တောင်ပိုင်းမှာ ခရစ်ယာန်ဘာသာဝင်အများစုတို့က နိုင်ငံ့လူဦးရေထက် ဝက်ရှိပါတယ်။

နိုင်ငံတကာရေးရာများမှာ အလယ်အလတ်ပါဝါရှိတဲ့နိုင်ငံဖြစ်ပြီး ထွန်းသစ်စကမ္ဘာ့နိုင်ငံများမှာ အင်အားအကြီး ဆုံးလို့ သတ်မှတ်နိုင်ပါတယ်။ အမေရိကန်မှာ တက္ကဆက်ဆိုရင် အာဖရိကမှာ နိုင်ဂျီးရီးယားလို့ ပြောကြပါတယ်။ သို့သော်လည်း လူသားဖွံ့ဖြိုးမှု အညွှန်းကိန်းမှာ အနိမ့်ကျဆုံးဖြစ်နေပြီး အဂတိလိုက်စားမှု အများဆုံးနိုင်ငံလည်း ဖြစ်နေပါတယ်။

ဓါးပြတွေ ပုန်းအောင်းနေတဲ့နယ်မြေများကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ စစ်တပ်က ကြိုးပမ်းခဲ့ပေမယ့် ရာဇဝတ် ကောင်တွေဟာ သူတို့ရဲ့တိုက်ခိုက်မှုများကို မကြာသေးမီ တိုးမြှင့်လာခဲ့ပါတယ်။ ဓါးပြတွေ စခန်းချတဲ့နေရာဟာ ပြည်နယ် ၄ ခု ဆုံရာ နက်ရှိုင်းတဲ့ တောအုပ်ကြီးအတွင်းမှာ ရှိနေပါတယ်။

ပြီးခဲ့တဲ့ နှစ်လအတွင်း ပြည်နယ်မြိုတော် ၂ ခုအကြား မီးရထားတစ်စီးကို ဗုံးခွဲတိုက်ခိုက်ပြီး ခရီးသည် ဒါဇင်ပေါင်း များစွာမှာ ပြန်ပေးဆွဲခံရခြင်း၊ ရွာသား ၁ဝဝ ကျော်ကို သတ်ဖြတ်ခံရခြင်းနဲ့ အစောင့်လိုက်ကင်းသမား တစ်ဒါ ဇင်ခန့် အသတ်ခံရမှုများဖြစ်ပွားခဲ့ပါတယ်။ အခုနှစ်ဆန်း ဇန်နဝါရီလ အနောက်မြောက်ပိုင်းပြည်နယ်မှာ သေနတ်သမားများက လူ ၂ဝဝ ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။ ပြည်နယ်လေယာဉ်ကွင်းကိုတောင် စီးနင်း တိုက်ခိုက်လာကြတဲ့အတွက် လေဆိပ်ကို ပိတ်ထားရကြောင်း၊ နိုင်ဂျီးရီးယားဟာ “Wild Wild West” “ရိုင်းစိုင်းတဲ့ ဥပဒေမဲ့ အနောက်အရပ်” ဖြစ်နေပြီလို့ မတ်လ ၂၉ ရက်နေ့မှာ Al Jazeera က ရေးသားဖော်ပြခဲ့ ပါတယ်။

နိုင်ငံတကာလက်နက်ကိုင်ပဋိပက္ခဆိုင်ရာ တည်နေရာနဲ့ မှတ်တမ်းကောက်ယူသူများ (ACLED) အဆိုအရ ဓားပြ တွေ သတ်ဖြတ်ခဲ့တဲ့ အရပ်သားအရေအတွက်ဟာ ၂ဝ၂၁ ခုနှစ်မှာ ၂၆ဝဝ ခန့်ရှိပြီး ၂ဝ၂ဝ ခုနှစ်ထက် ၂၅ဝ ရာခိုင်နှုန်း တိုးမြင့်လာတယ်လို့ သိရှိရပါတယ်။

စစ်ဘက်တပ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ နိုင်ဂျီးရီးယားသမ္မတ မိုဟန်မက်ဒူဘူဟာရီဟာ ရာထူး ၂ ကြိမ်ဆက်တိုက် အာဏာရရှိခဲ့သူဖြစ်ပြီး လာမည့်နှစ် ရာထူးသက်တမ်းမကုန်ဆုံးမှ ဓားပြအကြမ်းဖက်မှုများကို အဆုံးသတ်စေဖို့ အပြင်းအထန်ဖိအားပေး ခံနေရပါတယ်။

အဆိုပါ အကြမ်းဖက်မှုများကြောင့် အိမ်နီးချင်း နိုင်ဂျာသို့ လူပေါင်းထောင်သောင်းချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နိုဝင်ဘာတစ်လတည်းမှာပဲ ခိုလှုံခွင့်တောင်းခံသူ ၁၁ဝဝဝ ကျော်ရှိကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

ဓားပြတွေကြောင့် လူပေါင်း ၇ဝဝဝဝဝ ကျော် နေရပ်ရွှေ့ပြောင်းခဲ့ရပြီး အိုးအိမ်မဲ့ဖြစ်ရသူတို့အတွက် ခိုလှုံရေး စခန်း ၈ ခု ဖွင့်လှစ်ပေးထားရတယ်လို့ ပြည်နယ်အရာရှိတစ်ဦးထံမှ သိရှိရပါတယ်။

#နိုင်ဂျီးရီးယားဓါးပြများ
(AFP, May 8, 2022, “Gunmen kill 48 in northwest Nigeria attacks” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

https://www.dhakatribune.com/africa/2022/05/08/gunmen-kill-48-in-northwest-nigeria-attacks
https://www.aljazeera.com/features/2022/3/29/who-are-the-armed-bandits-of-northwest-nigeria
https://abcnews.go.com/International/nigeria-africas-largest-economic-power/story?id=23620945

Zawgyi Version;
ဓါးျပမ်ားေၾကာင့္ လူေပါင္း သိန္းခ်ီထြက္ေျပးရျခင္းျဖင့္ အာဖရိတိုက္ လူဦးေရအမ်ားဆုံးႏိုင္ငံမွာ “႐ိုင္းစိုင္းတဲ့ဥပေဒမဲ့ အေနာက္အရပ္” ျဖစ္ေန
Htay Oung (NP News) - ေမ ၉
အေနာက္အာဖရိက ႏိုင္ဂ်ီးရီးယားႏိုင္ငံ အေနာက္ေျမာက္ပိုင္း ဇမ္ဖာရာျပည္နယ္ရွိ ၿမိဳ႕ ၃ ၿမိဳ႕မွာ ေသနတ္သမား မ်ားက ဝင္ေရာက္တိုက္ခိုက္ခဲ့တဲ့အတြက္ လူ ၄၈ ဦးထက္မနည္း ေသဆုံးခဲ့ရတယ္လို႔ သက္ဆိုင္ရာတာဝန္ရွိ သူမ်ားနဲ႔ ေဒသခံတို႔က ေမလ ၈ ရက္၊ တနဂၤေႏြေန႔မွာ ေျပာဆိုခဲ့ေၾကာင္း AFP က ယမန္ေန႔ ေရးသားပါတယ္။

ဓားျပေတြလို႔ အမ်ားသိထားၾကတဲ့ ရာဇဝတ္ဂိုဏ္းမ်ားဟာ ႏိုင္ဂ်ီးရီးယားအေနာက္ ေျမာက္ပိုင္းႏွင့္ အလယ္ပိုင္း တို႔မွာ ညႇဥ္းပန္းႏွိပ္စက္ျခင္း၊ ေက်း႐ြာမ်ားကို စီးနင္းလုယက္ျခင္း၊ ကြၽဲ၊ ႏြားမ်ား ခိုးယူျခင္းနဲ႔ ႏိုင္ငံသားမ်ားကို ျပန္ ေပးဆြဲ ေငြေတာင္းခံျခင္းတို႔ကို လုပ္ေဆာင္ခဲ့ၾကတာ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ပါၿပီ။

“ေသာၾကာေန႔ မြန္းလြဲပိုင္း ဓါးျပေတြ ဝင္ေရာက္တိုက္ခိုက္ခဲ့တဲ့ ႐ြာ ၃ ႐ြာမွာ သူတို႔လက္ခ်က္နဲ႔ ေသဆုံးသူ စုစုေပါင္း ၄၈ ဦး ရွိပါတယ္” လို႔ ခ႐ိုင္အုပ္ခ်ဳပ္ေရးအႀကီးအကဲက ေျပာျပပါတယ္။ ဒါဇင္နဲ႔ခ်ီတဲ့ ေသနတ္သမားေတြ ဟာ ေမာ္ေတာ္ဆိုင္ကယ္မ်ားစီးနင္းလာၾကၿပီး ေက်း႐ြာ ၃ ႐ြာကို တစ္ၿပိဳင္တည္း လိုလို အခ်ိန္ကိုက္ ဝင္ေရာက္ လာၾကတာျဖစ္ေၾကာင္း၊ ထြက္ေျပးဖို႔ႀကိဳးပမ္းတဲ့ ႐ြာသားတစ္ေယာက္ခ်င္းစီကို ေသြးေအးေအးနဲ႔ ပစ္သတ္ခဲ့ ေၾကာင္း သိရွိရပါတယ္။

ဒမ္မာရီဆိုတဲ့႐ြာဟာ အျပင္းထန္ဆုံးတိုက္ခိုက္ခံရတာျဖစ္ၿပီး ေသနတ္သမားက လူေပါင္း ၃၂ ေယာက္ကို သတ္ျဖတ္ခဲ့ေၾကာင္း တခ်ိဳ႕ေတြဟာ ေဆး႐ုံမွာ ကုသမႈခံယူေနစဥ္ ေသဆုံးၾကရတာျဖစ္ေၾကာင္း၊ ဓါးျပေတြဟာ ရဲ ကင္းလွည့္ေမာ္ေတာ္ယာဥ္တစ္စီးကို မီးတင္ရႈိ႕ခဲ့ၾကစဥ္မွာ လုံၿခဳံေရးဝန္ထမ္း ၂ ဦး ေသဆုံးခဲ့ေၾကာင္း၊ နယ္ေျမမွာ တပ္စြဲထားတဲ့လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားနဲ႔ အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္ၾကၿပီးေနာက္ ဓါးျပမ်ား ထြက္ေျပးသြား ေၾကာင္း၊ တိုက္ခိုက္သူေတြဟာ ႏြားမ်ားနဲ႔ စားနပ္ရိကၡာမ်ားကို လုယက္ျခင္းမျပဳမီ ေသနတ္ျဖင့္ အရမ္းကာေရာ ပစ္ခတ္ခဲ့ေၾကာင္း အခင္းျဖစ္ရပ္မွာ ေသဆုံးသူ ၄၈ ဦးကို ေက်း႐ြာသားမ်ားက ေကာက္ယူ ျမႇဳပ္ႏွံခဲ့ရေၾကာင္း ခ႐ိုင္အႀကီးအကဲက AFP ကို ေျပာျပပါတယ္။

အခုျဖစ္ရပ္နဲ႔ပတ္သက္ၿပီး တစ္စုံတစ္ရာ မွတ္ခ်က္ေပးရန္ ေမတၱာရပ္ခံခ်က္ကို ႏိုင္ဂ်ီးရီးယားရဲတပ္ဖြဲ႕က တုန႔္ျပန္ ျခင္း မရွိခဲ့ပါ။

အတၱလန္တိတ္သမုဒၵရာ ဂီနီယာပင္လယ္ေကြ႕ကိုေမးတင္ထားတဲ့ ႏိုင္ဂ်ီရီးယားႏိုင္ငံဟာ အာဖရိကတိုက္မွာ လူဦးေရအမ်ားဆုံးျဖစ္ၿပီး လူေပါင္း ၂၁၁ သန္းေက်ာ္ ေနထိုင္ပါတယ္။ ၿမိဳ႕ေတာ္ လာဂို႔စ္ဟာ ကမာၻ႔အႀကီးဆုံး ၿမိဳ႕ျပ မ်ား စာရင္းဝင္ျဖစ္ၿပီး အာဖရိကတိုက္မွာလဲ ဒုတိယအႀကီးဆုံးၿမိဳ႕ျဖစ္ပါတယ္။ ၁၉၆ဝ ခုႏွစ္မွ လြတ္လပ္ေရး ရရွိခဲ့ တဲ့ ရာစုႏွစ္ခ်ီ ၿဗိတိသွ်ကိုလိုနီေဟာင္းျဖစ္ၿပီး အဂၤလိပ္ဘာသာကို တရားဝင္ ႐ုံးသုံးသတ္မွတ္ထားပါတယ္။

သို႔ေသာ္လည္း ဘာသာစကားအမ်ိဳးေပါင္း ၅ဝဝ ကို ေျပာဆိုၾကတဲ့ လူမ်ိဳးစုေပါင္း ၂၅ဝ ေက်ာ္မွာ အဓိက လူမ်ိဳး စုႀကီး ၃ ခုရွိပါတယ္။ ၁၉၆၇ မွ ၁၉၇ဝ ျပည့္ႏွစ္အထိ ျပည္တြင္းစစ္ကို ႀကဳံေတြခဲ့ရၿပီး အာဏာရွင္တစ္လွည့္ ဒီမို ကေရစီတစ္လွည့္ ႏိုင္ငံေရးစံနစ္မွေနၿပီး ၁၉၉၉ ခုႏွစ္ေရာက္မွ ဖက္ဒရယ္သမၼတႏိုင္ငံျဖစ္လာခဲ့ပါတယ္။ ေျမာက္ ပိုင္းမွာ အစၥလာလမ္ဘာသာဝင္မ်ားနဲ႔ ေတာင္ပိုင္းမွာ ခရစ္ယာန္ဘာသာဝင္အမ်ားစုတို႔က ႏိုင္ငံ့လူဦးေရထက္ ဝက္ရွိပါတယ္။

ႏိုင္ငံတကာေရးရာမ်ားမွာ အလယ္အလတ္ပါဝါရွိတဲ့ႏိုင္ငံျဖစ္ၿပီး ထြန္းသစ္စကမာၻ႔ႏိုင္ငံမ်ားမွာ အင္အားအႀကီး ဆုံးလို႔ သတ္မွတ္ႏိုင္ပါတယ္။ အေမရိကန္မွာ တကၠဆက္ဆိုရင္ အာဖရိကမွာ ႏိုင္ဂ်ီးရီးယားလို႔ ေျပာၾကပါတယ္။ သို႔ေသာ္လည္း လူသားဖြံ႕ၿဖိဳးမႈ အၫႊန္းကိန္းမွာ အနိမ့္က်ဆုံးျဖစ္ေနၿပီး အဂတိလိုက္စားမႈ အမ်ားဆုံးႏိုင္ငံလည္း ျဖစ္ေနပါတယ္။

ဓါးျပေတြ ပုန္းေအာင္းေနတဲ့နယ္ေျမမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ဖို႔ စစ္တပ္က ႀကိဳးပမ္းခဲ့ေပမယ့္ ရာဇဝတ္ ေကာင္ေတြဟာ သူတို႔ရဲ႕တိုက္ခိုက္မႈမ်ားကို မၾကာေသးမီ တိုးျမႇင့္လာခဲ့ပါတယ္။ ဓါးျပေတြ စခန္းခ်တဲ့ေနရာဟာ ျပည္နယ္ ၄ ခု ဆုံရာ နက္ရႈိင္းတဲ့ ေတာအုပ္ႀကီးအတြင္းမွာ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္လအတြင္း ျပည္နယ္ၿမိဳေတာ္ ၂ ခုအၾကား မီးရထားတစ္စီးကို ဗုံးခြဲတိုက္ခိုက္ၿပီး ခရီးသည္ ဒါဇင္ေပါင္း မ်ားစြာမွာ ျပန္ေပးဆြဲခံရျခင္း၊ ႐ြာသား ၁ဝဝ ေက်ာ္ကို သတ္ျဖတ္ခံရျခင္းနဲ႔ အေစာင့္လိုက္ကင္းသမား တစ္ဒါ ဇင္ခန႔္ အသတ္ခံရမႈမ်ားျဖစ္ပြားခဲ့ပါတယ္။ အခုႏွစ္ဆန္း ဇန္နဝါရီလ အေနာက္ေျမာက္ပိုင္းျပည္နယ္မွာ ေသနတ္သမားမ်ားက လူ ၂ဝဝ ေက်ာ္ကို သတ္ျဖတ္ခဲ့ပါတယ္။ ျပည္နယ္ေလယာဥ္ကြင္းကိုေတာင္ စီးနင္း တိုက္ခိုက္လာၾကတဲ့အတြက္ ေလဆိပ္ကို ပိတ္ထားရေၾကာင္း၊ ႏိုင္ဂ်ီးရီးယားဟာ “Wild Wild West” “႐ိုင္းစိုင္းတဲ့ ဥပေဒမဲ့ အေနာက္အရပ္” ျဖစ္ေနၿပီလို႔ မတ္လ ၂၉ ရက္ေန႔မွာ Al Jazeera က ေရးသားေဖာ္ျပခဲ့ ပါတယ္။

ႏိုင္ငံတကာလက္နက္ကိုင္ပဋိပကၡဆိုင္ရာ တည္ေနရာနဲ႔ မွတ္တမ္းေကာက္ယူသူမ်ား (ACLED) အဆိုအရ ဓားျပ ေတြ သတ္ျဖတ္ခဲ့တဲ့ အရပ္သားအေရအတြက္ဟာ ၂ဝ၂၁ ခုႏွစ္မွာ ၂၆ဝဝ ခန႔္ရွိၿပီး ၂ဝ၂ဝ ခုႏွစ္ထက္ ၂၅ဝ ရာခိုင္ႏႈန္း တိုးျမင့္လာတယ္လို႔ သိရွိရပါတယ္။

စစ္ဘက္တပ္မႉးေဟာင္းတစ္ဦးျဖစ္တဲ့ ႏိုင္ဂ်ီးရီးယားသမၼတ မိုဟန္မက္ဒူဘူဟာရီဟာ ရာထူး ၂ ႀကိမ္ဆက္တိုက္ အာဏာရရွိခဲ့သူျဖစ္ၿပီး လာမည့္ႏွစ္ ရာထူးသက္တမ္းမကုန္ဆုံးမွ ဓားျပအၾကမ္းဖက္မႈမ်ားကို အဆုံးသတ္ေစဖို႔ အျပင္းအထန္ဖိအားေပး ခံေနရပါတယ္။

အဆိုပါ အၾကမ္းဖက္မႈမ်ားေၾကာင့္ အိမ္နီးခ်င္း ႏိုင္ဂ်ာသို႔ လူေပါင္းေထာင္ေသာင္းခ်ီ ထြက္ေျပးတိမ္းေရွာင္ခဲ့ရၿပီး ႏိုဝင္ဘာတစ္လတည္းမွာပဲ ခိုလႈံခြင့္ေတာင္းခံသူ ၁၁ဝဝဝ ေက်ာ္ရွိေၾကာင္း ကုလသမဂၢက ေျပာပါတယ္။

ဓားျပေတြေၾကာင့္ လူေပါင္း ၇ဝဝဝဝဝ ေက်ာ္ ေနရပ္ေ႐ႊ႕ေျပာင္းခဲ့ရၿပီး အိုးအိမ္မဲ့ျဖစ္ရသူတို႔အတြက္ ခိုလႈံေရး စခန္း ၈ ခု ဖြင့္လွစ္ေပးထားရတယ္လို႔ ျပည္နယ္အရာရွိတစ္ဦးထံမွ သိရွိရပါတယ္။

#ႏိုင္ဂ်ီးရီးယားဓါးျပမ်ား
(AFP, May 8, 2022, “Gunmen kill 48 in northwest Nigeria attacks” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

https://www.dhakatribune.com/africa/2022/05/08/gunmen-kill-48-in-northwest-nigeria-attacks
https://www.aljazeera.com/features/2022/3/29/who-are-the-armed-bandits-of-northwest-nigeria
https://abcnews.go.com/International/nigeria-africas-largest-economic-power/story?id=23620945

Related news

© 2021. All rights reserved.