သီရိလင်္ကာမှာ အစိုးရထောက်ခံသူအုပ်စုများနဲ့ ဆန့်ကျင့်သူအုပ်စုများ အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ညမထွက်ရအမိန့် ထုတ်ပြန်

 893

ဂျန်ဇက် (NP News) - မေ ၉

သီရိလင်္ကာနိုင်ငံမှာ ပြိုင်ဘက်အုပ်စုများကြား အပြန်အလှန်တိုက်ခိုက်မှုများဖြစ်ခဲ့ပြီးနောက် မြို့တော်ကိုလံဘိုမြို့မှာ ညမထွက်ရအမိန့်ကို မေ ၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရပါတယ်။

သမ္မတ ရာဂျာပက်ဆာကိုထောက်ခံသူများဟာ တုတ်များ၊ဂေါက်ရိုက်တံများ ကိုင်ဆောင်ပြီး သမ္မတရုံးအပြင်ဘက်မှာ လက်နက်မပါဘဲ ဆန္ဒပြနေတဲ့ ဆန္ဒပြသူများကို ဧပြီ ၉ ရက်နေ့ကတည်းက တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ သမ္မတကို ထောက်ခံသူများရဲ့ရိုက်နှက်တိုက်ခိုက်များကြောင့် အနည်းဆုံး လူပေါင်း ၂၀ ဒဏ်ရာရခဲ့တယ်လို့ သတင်းများက ဖော်ပြထားပါတယ်။ အစိုးရအဖွဲ့ကို ဆန်ကျင့်ဆန္ဒပြသူများတည်ဆောက်ထားတဲ့ တဲများ ၊ယာယီအဆောက်အဦးများကို ဖျက်ဆီးခဲ့တဲ့ အစိုးရထောက်ခံသူအုပ်စုများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များ အသုံးပြုဖြိုခွင်းခဲ့ရကြောင်း သိရပါတယ်။ သီရိလင်္ကာနိုင်ငံဟာ ဒေဝါလီခံရလုနီးပါးဖြစ်နေပြီး နိုင်ငံခြားချေးငွေများကို ပြန်ဆပ်ဖို့ဆိုင်းငံ့ထားရကြောင်း သိရပါတယ်။ ဒါ့အပြင် စီးပွားရေး အကျပ်တည်းများကြောင့် လိုအပ်ချက်များစွဖြစ်ပေါ်ခဲ့ပြီး လောင်စာဆီ၊ ဆေးဝါးနဲ့ အစားအစာများ လိုအပ်မှုမြင့်တက်နေခဲ့ပါတယ်။

အထွေထွေလိုအပ်ချက်များမြင့်တက်လာတဲ့အတွက် ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြမှုများ
ဖြစ်ပေါ်ခဲ့ပြီးနောက် နိုင်ငံရေးပြဿနာများဖြစ်ပေါ်လာခဲ့ပါတယ်။ အတိုက်ခံပါတီတွေဟာ သီရိလင်္ကာလက်ရှိအစိုးရကို လွှတ်တော်အတွင်းအယုံကြည်မရှိအဆိုတင်သွင်းပြီးဖြုတ်ချဖို့ ကြိုးပမ်းနေခဲ့ပါတယ်။ သမ္မတရာဂျာပက်ဆာကိုထောက်ခံသူများက ဆန္ဒပြအုပ်စုများတောင်းဆိုတဲ့ ရာထူးကနုတ်ထွက်ရေးတောင်းဆိုမှုများကို မသိကျိုးကျွံပြုနေဖို့ တိုက်တွန်းခဲ့ပါတယ်။ အစိုးရကို ဆန်ကျင့်ရေးဆန္ဒပြအုပ်စုတွေဟာ သမ္မတရာဂျာပက်ဆာကို ရာထူးကနုတ်ထွက်ဖို့ တောင်းဆိုနေပေမယ့် သမ္မတကို ထောက်ခံသူများကတော့ ရာဂျာပက်ဆာကို သမ္မတအဖြစ် ဆက်ရှိလိုနေကြောင်း သိရပါတယ်။ အစိုးရကိုထောက်ခံသူအုပ်စုများဟာ အစိုးရဆန့်ကျင်ရေးအုပ်စုများကို ရိုက်နှက်ဖြိုခွင်းခဲ့ပြီးနောက် အလုပ်သမားသမဂ္ဂများက ဒီသီတင်းပတ်တစ်ခုလုံးနိုင်ငံတဝှမ်း ဆန္ဒပြမှုများ လုပ်ဆောင်ဖို့တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံမှာ သမဂ္ဂပေါင်း ၁၀၀၀ ကျော်ရှိနေပြီး ကျန်းမာရေး၊ ဆိပ်ကမ်း၊ ပညာရေးနဲ့ အဓိက ဝန်ဆောင်မှုကဏ္ဍတွေဟာ ကိုယ်ပိုင်သမဂ္ဂများဖွဲ့စည်းထားကြပါတယ်။

https://www.thenationalnews.com/world/asia/2022/05/09/sri-lanka-imposes-indefinite-curfew-in-capital-after-rivals-clash/

Zawgyi Version
သီရိလကၤာမွာ အစိုးရေထာက္ခံသူအုပ္စုမ်ားနဲ႔ ဆန႔္က်င့္သူအုပ္စုမ်ား အျပန္အလွန္ တိုက္ခိုက္မႈျဖစ္ပြားၿပီးေနာက္ ညမထြက္ရအမိန႔္ ထုတ္ျပန္
ဂ်န္ဇက္ (NP News) - ေမ ၉
သီရိလကၤာႏိုင္ငံမွာ ၿပိဳင္ဘက္အုပ္စုမ်ားၾကား အျပန္အလွန္တိုက္ခိုက္မႈမ်ားျဖစ္ခဲ့ၿပီးေနာက္ ၿမိဳ႕ေတာ္ကိုလံဘိုၿမိဳ႕မွာ ညမထြက္ရအမိန႔္ကို ေမ ၉ ရက္ေန႔မွာ ထုတ္ျပန္ေၾကညာလိုက္ေၾကာင္း သိရပါတယ္။

သမၼတ ရာဂ်ာပက္ဆာကိုေထာက္ခံသူမ်ားဟာ တုတ္မ်ား၊ေဂါက္႐ိုက္တံမ်ား ကိုင္ေဆာင္ၿပီး သမၼတ႐ုံးအျပင္ဘက္မွာ လက္နက္မပါဘဲ ဆႏၵျပေနတဲ့ ဆႏၵျပသူမ်ားကို ဧၿပီ ၉ ရက္ေန႔ကတည္းက တိုက္ခိုက္ခဲ့ေၾကာင္း သိရပါတယ္။ သမၼတကို ေထာက္ခံသူမ်ားရဲ႕႐ိုက္ႏွက္တိုက္ခိုက္မ်ားေၾကာင့္ အနည္းဆုံး လူေပါင္း ၂၀ ဒဏ္ရာရခဲ့တယ္လို႔ သတင္းမ်ားက ေဖာ္ျပထားပါတယ္။ အစိုးရအဖြဲ႔ကို ဆန္က်င့္ဆႏၵျပသူမ်ားတည္ေဆာက္ထားတဲ့ တဲမ်ား ၊ယာယီအေဆာက္အဦးမ်ားကို ဖ်က္ဆီးခဲ့တဲ့ အစိုးရေထာက္ခံသူအုပ္စုမ်ားကို ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဗုံးမ်ား၊ မီးသတ္ပိုက္မ်ား အသုံးျပဳၿဖိဳခြင္းခဲ့ရေၾကာင္း သိရပါတယ္။ သီရိလကၤာႏိုင္ငံဟာ ေဒဝါလီခံရလုနီးပါးျဖစ္ေနၿပီး ႏိုင္ငံျခားေခ်းေငြမ်ားကို ျပန္ဆပ္ဖို႔ဆိုင္းငံ့ထားရေၾကာင္း သိရပါတယ္။ ဒါ့အျပင္ စီးပြားေရး အက်ပ္တည္းမ်ားေၾကာင့္ လိုအပ္ခ်က္မ်ားစြျဖစ္ေပၚခဲ့ၿပီး ေလာင္စာဆီ၊ ေဆးဝါးနဲ႔ အစားအစာမ်ား လိုအပ္မႈျမင့္တက္ေနခဲ့ပါတယ္။

အေထြေထြလိုအပ္ခ်က္မ်ားျမင့္တက္လာတဲ့အတြက္ ျပည္သူမ်ား လမ္းေပၚထြက္ ဆႏၵျပမႈမ်ား
ျဖစ္ေပၚခဲ့ၿပီးေနာက္ ႏိုင္ငံေရးျပႆနာမ်ားျဖစ္ေပၚလာခဲ့ပါတယ္။ အတိုက္ခံပါတီေတြဟာ သီရိလကၤာလက္ရွိအစိုးရကို လႊတ္ေတာ္အတြင္းအယုံၾကည္မရွိအဆိုတင္သြင္းၿပီးျဖဳတ္ခ်ဖို႔ ႀကိဳးပမ္းေနခဲ့ပါတယ္။ သမၼတရာဂ်ာပက္ဆာကိုေထာက္ခံသူမ်ားက ဆႏၵျပအုပ္စုမ်ားေတာင္းဆိုတဲ့ ရာထူးကႏုတ္ထြက္ေရးေတာင္းဆိုမႈမ်ားကို မသိက်ိဳးကြၽံျပဳေနဖို႔ တိုက္တြန္းခဲ့ပါတယ္။ အစိုးရကုိ ဆန္က်င့္ေရးဆႏၵျပအုပ္စုေတြဟာ သမၼတရာဂ်ာပက္ဆာကို ရာထူးကႏုတ္ထြက္ဖို႔ ေတာင္းဆိုေနေပမယ့္ သမၼတကို ေထာက္ခံသူမ်ားကေတာ့ ရာဂ်ာပက္ဆာကို သမၼတအျဖစ္ ဆက္ရွိလိုေနေၾကာင္း သိရပါတယ္။ အစိုးရကိုေထာက္ခံသူအုပ္စုမ်ားဟာ အစိုးရဆန႔္က်င္ေရးအုပ္စုမ်ားကို ႐ိုက္ႏွက္ၿဖိဳခြင္းခဲ့ၿပီးေနာက္ အလုပ္သမားသမဂၢမ်ားက ဒီသီတင္းပတ္တစ္ခုလုံးႏိုင္ငံတဝွမ္း ဆႏၵျပမႈမ်ား လုပ္ေဆာင္ဖို႔တိုက္တြန္းေတာင္းဆိုခဲ့ပါတယ္။

သီရိလကၤာႏိုင္ငံမွာ သမဂၢေပါင္း ၁၀၀၀ ေက်ာ္ရွိေနၿပီး က်န္းမာေရး၊ ဆိပ္ကမ္း၊ ပညာေရးနဲ႔ အဓိက ၀န္ေဆာင္မႈက႑ေတြဟာ ကိုယ္ပိုင္သမဂၢမ်ားဖြဲ႕စည္းထားၾကပါတယ္။

Related news

© 2021. All rights reserved.