တိုင်းပြည်ငြိမ်းချမ်းရေးအတွက် “ဝ”တပ်ဖွဲ့UWSA အပါအဝင် EAOs (၉)ဖွဲ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့မည်

 9133

မျိုးကြီး (NP News) - မေ ၉
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ “ဝ”တပ်ဖွဲ့ UWSA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၉)ဖွဲ့ တက်ရောက်မည်ဟု သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက NP News ကို ပြောသည်။

ငြိမ်းချမ်းရေးအတွက် နစကဥက္ကဋ္ဌနှင့်တွေ့ဆုံဆွေးနွေးပွဲကို NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် DKBA၊ KNU/KNLA-PC၊ PNLO၊ NMSP၊ ALP နှင့် RCSS/SSA တို့တက်ရောက်မည်ဖြစ်သည်။ ယင်းအပြင် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော “ဝ”တပ်ဖွဲ့ UWSA၊ မိုင်းလားတပ်ဖွဲ့ NDAA နှင့် ရှမ်းတပ်ဖွဲ့တစ်ခုဖြစ်သော SSPP/SSA တို့ကလည်း နစကဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနေးပွဲကို တက်ရောက်မည်ဟူ၍ စာရင်းပေးထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ “ တစ်ချို့အဖွဲ့တွေကတော့ သိပြီးသားပဲ။ ကြေညာချက်တွေထုတ်ပြီးတော့ မတက်ဘူးဆိုတဲ့ဟာမျိုးတွေလည်း တွေ့ရတယ်။ တစ်ချို့အဖွဲ့တွေကတော့ ကျွန်တော်တို့ ဆီကိုအကြောင်းကြားလာတာတော့ သူတို့မှာ ညှိနှိုင်းတိုင်ပင်နေတုန်းပဲရှိပါသေးတယ်။ စောင့်ဆိုင်းစေချင်တဲ့ သဘောမျိုးလေးပြောလာတာရှိပါတယ်။ ဒါတွေကတော့ ဒီနေ့အထိရယ်၊ ညှိနှိုင်းတိုင်ပင်နေဆဲ အဖွဲ့တွေကိုလည်း ကျွန်တော်တို့က ထပ်စောင့်ပေးဖို့ရှိပါတယ် ”ဟု ၎င်းက ဆက်လက်ပြောသည်။

ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ရက်တစ်ရက်တည်း သတ်မှတ်ခြင်းမျိုးထက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုချင်းစီအလိုက် အဆင်ပြေနိုင်မည့်အချိန်တွင် သီးခြားစီ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်းလည်း သိရသည်။ “ ကျွန်တော်တို့ကတော့ အမြန်ဆုံးစတင်မယ်။ ဒါပေမဲ့ သူတို့ အဆင်ပြေမယ့်အချိန်ကိုပဲ ဦးစားပေးပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်ပြောနိုင်တာတော့ မကြာမီအချိန်အတွင်းမှာပဲ ဖြစ်လာပါလိမ့်မယ်ဗျ ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။ ဆွေးနွေးပွဲသို့ တက်ရောက်လာမည့်အဖွဲ့များနှင့် ငြိမ်းချမ်းရေးပိုမိုတိုးတက်ခိုင်မာရေး၊ တိုင်းရင်းသားများတောင်းဆိုနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုစနစ် ပြီပြင်စွာပေါ်ပေါက်လာစေရေးတို့ကို အဓိကထား ဆွေးနေးသွားမည်ဟု ၎င်းက ပြောသည်။

အခြားတစ်ဖက်တွင်မူ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေကြမည့်အစား ငြိမ်းချမ်းရေးဆွေးနွေးကာ အနာဂတ်မျိုးဆက်များအတွက် အမွေကောင်းများထားခဲ့မည်ဆိုသည့် နစကဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ် KNU၊ KIO/KIA၊ CNF၊ ABSDF နှင့် KNPP တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက မတက်ရောက်နိုင်ကြောင်း ငြင်းဆန်ထားကြသည်။ “ ပါဝင်သင့်ပါဝင်ထိုက်တဲ့သူတွေဆိုတာ သူတို့မှလွဲလို့ ဘယ်သူရှိဦးမလဲဗျာ။ ဒီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေပေါ့နော်။ EAO အဖွဲ့တွေအနေနဲ့ သူတို့တောင်းဆိုတာသည် ဘာကိုတောင်းဆိုတာလဲ၊ တိုင်းရင်းသားလူမျိုးများအရေး၊ တိုင်းရင်းသားဒေသများအရေး တောင်းဆိုလာတာပဲ။ ဒါတွေကို ဆွေးနွေးပါမယ်လို့ ပြောတဲ့အချိန်မှာ ပါဝင်သင့်ပါဝင်ထိုက်သူဆိုတာ သူတို့မှအပ ဘယ်သူများရှိအုံးမလဲ။ ကျွန်တော်တို့အမြင်ကတော့ အဲဒီလိုပဲ မြင်ပါတယ်။ သူတို့က လက်နက်ကိုင်လမ်းစဉ် မစွန့် လွှတ်ချင်လို့ မဆွေးနွေးတာတော့ သူတို့ရဲ့ သဘောထားပဲ ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက မှတ်ချက်ပြုသည်။

၂၀၂၁ နိုင်ငံရေးပြဿနာ ကာလအတွင်း၌ တိုက်ပွဲများမဖြစ်ဘဲ တည်ငြိမ်အေးချမ်းမှုများရရှိနေခဲ့သော ရခိုင်ပြည်နယ်ဘက်မှ AA အဖွဲ့မှာမူ တက်ရောက်ဖြစ်-မဖြစ်ကို စောင့်ကြည့်သွားဦးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟူ၍ နာမည်ကြီးသော AA၊ TNLA၊ MNDAA တို့မှာ သဘောထားယတိပြတ်ပေးထားခြင်းမျိုး မရှိသည်ကို တွေ့ရသည်။
https://npnewsmm.com/

Zawgyi Version
တုိင္းျပည္ျငိမ္းခ်မ္းေရးအတြက္ “ဝ”တပ္ဖြဲ႕UWSA အပါအဝင္ EAOs (၉)ဖြဲ႕က ဗုိလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္ႏွင့္ ေတြ႔မည္
မ်ဳိးၾကီး (NP News) - ေမ ၉
နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၏ ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးပြဲသို႔ “ဝ”တပ္ဖြဲ႕ UWSA အပါအဝင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း (၉)ဖြဲ႕ တက္ေရာက္မည္ဟု သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက NP News ကို ေျပာသည္။

ၿငိမ္းခ်မ္းေရးအတြက္ နစကဥကၠ႒ႏွင့္ေတြ႕ဆုံေဆြးေႏြးပြဲကို NCA လက္မွတ္ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားျဖစ္သည့္ DKBA၊ KNU/KNLA-PC၊ PNLO၊ NMSP၊ ALP ႏွင့္ RCSS/SSA တို႔တက္ေရာက္မည္ျဖစ္သည္။ ယင္းအျပင္ NCA လက္မွတ္မေရးထိုးရေသးသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားျဖစ္ေသာ “ဝ”တပ္ဖြဲ႕ UWSA၊ မိုင္းလားတပ္ဖြဲ႕ NDAA ႏွင့္ ရွမ္းတပ္ဖြဲ႕တစ္ခုျဖစ္ေသာ SSPP/SSA တို႔ကလည္း နစကဥကၠ႒၏ ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏးပြဲကို တက္ေရာက္မည္ဟူ၍ စာရင္းေပးထားေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။ “ တစ္ခ်ိဳ႕အဖြဲ႕ေတြကေတာ့ သိၿပီးသားပဲ။ ေၾကညာခ်က္ေတြထုတ္ၿပီးေတာ့ မတက္ဘူးဆိုတဲ့ဟာမ်ိဳးေတြလည္း ေတြ႕ရတယ္။ တစ္ခ်ိဳ႕အဖြဲ႕ေတြကေတာ့ ကြၽန္ေတာ္တို႔ ဆီကိုအေၾကာင္းၾကားလာတာေတာ့ သူတို႔မွာ ညႇိႏႈိင္းတိုင္ပင္ေနတုန္းပဲရွိပါေသးတယ္။ ေစာင့္ဆိုင္းေစခ်င္တဲ့ သေဘာမ်ိဳးေလးေျပာလာတာရွိပါတယ္။ ဒါေတြကေတာ့ ဒီေန႔အထိရယ္၊ ညႇိႏႈိင္းတိုင္ပင္ေနဆဲ အဖြဲ႕ေတြကိုလည္း ကြၽန္ေတာ္တို႔က ထပ္ေစာင့္ေပးဖို႔ရွိပါတယ္ ”ဟု ၎က ဆက္လက္ေျပာသည္။

ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးပြဲကို ရက္တစ္ရက္တည္း သတ္မွတ္ျခင္းမ်ဳိးထက္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕တစ္ခုခ်င္းစီအလိုက္ အဆင္ေျပႏိုင္မည့္အခ်ိန္တြင္ သီးျခားစီ ေတြ႕ဆုံေဆြးေႏြးမည္ျဖစ္ေၾကာင္းလည္း သိရသည္။ “ ကြၽန္ေတာ္တို႔ကေတာ့ အျမန္ဆုံးစတင္မယ္။ ဒါေပမဲ့ သူတို႔ အဆင္ေျပမယ့္အခ်ိန္ကိုပဲ ဦးစားေပးၿပီးေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။ ကြၽန္ေတာ္ေျပာႏိုင္တာေတာ့ မၾကာမီအခ်ိန္အတြင္းမွာပဲ ျဖစ္လာပါလိမ့္မယ္ဗ် ” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။ ေဆြးေႏြးပြဲသို႔ တက္ေရာက္လာမည့္အဖြဲ႕မ်ားႏွင့္ ၿငိမ္းခ်မ္းေရးပိုမိုတိုးတက္ခိုင္မာေရး၊ တိုင္းရင္းသားမ်ားေတာင္းဆိုေနသည့္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံေသာ ျပည္ေထာင္စုစနစ္ ၿပီျပင္စြာေပၚေပါက္လာေစေရးတို႔ကို အဓိကထား ေဆြးေႏးသြားမည္ဟု ၎က ေျပာသည္။

အျခားတစ္ဖက္တြင္မူ အျပန္အလွန္ပစ္ခတ္တုိက္ခုိက္ေနၾကမည့္အစား ျငိမ္းခ်မ္းေရးေဆြးေႏြးကာ အနာဂတ္မ်ဳိးဆက္မ်ားအတြက္ အေမြေကာင္းမ်ားထားခဲ့မည္ဆုိသည့္ နစကဥကၠ႒၏ ျငိမ္းခ်မ္းေရးဖိတ္ေခၚမႈအေပၚ KNU၊ KIO/KIA၊ CNF၊ ABSDF ႏွင့္ KNPP တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားက မတက္ေရာက္ႏိုင္ေၾကာင္း ျငင္းဆန္ထားၾကသည္။ “ ပါဝင္သင့္ပါဝင္ထိုက္တဲ့သူေတြဆိုတာ သူတို႔မွလြဲလို႔ ဘယ္သူရွိဦးမလဲဗ်ာ။ ဒီတိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြေပါ့ေနာ္။ EAO အဖြဲ႕ေတြအေနနဲ႔ သူတို႔ေတာင္းဆိုတာသည္ ဘာကိုေတာင္းဆိုတာလဲ၊ တိုင္းရင္းသားလူမ်ိဳးမ်ားအေရး၊ တိုင္းရင္းသားေဒသမ်ားအေရး ေတာင္းဆိုလာတာပဲ။ ဒါေတြကို ေဆြးေႏြးပါမယ္လို႔ ေျပာတဲ့အခ်ိန္မွာ ပါဝင္သင့္ပါဝင္ထိုက္သူဆိုတာ သူတို႔မွအပ ဘယ္သူမ်ားရွိအုံးမလဲ။ ကြၽန္ေတာ္တို႔အျမင္ကေတာ့ အဲဒီလိုပဲ ျမင္ပါတယ္။ သူတို႔က လက္နက္ကိုင္လမ္းစဥ္ မစြန႔္ လႊတ္ခ်င္လို႔ မေဆြးေႏြးတာေတာ့ သူတို႔ရဲ႕ သေဘာထားပဲ ” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက မွတ္ခ်က္ျပဳသည္။

၂၀၂၁ ႏုိင္ငံေရးျပႆနာ ကာလအတြင္း၌ တုိက္ပြဲမ်ားမျဖစ္ဘဲ တည္ျငိမ္ေအးခ်မ္းမႈမ်ားရရွိေနခဲ့ေသာ ရခုိင္ျပည္နယ္ဘက္မွ AA အဖြဲ႔မွာမူ တက္ေရာက္ျဖစ္-မျဖစ္ကုိ ေစာင့္ၾကည့္သြားဦးမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားျပီး ေျမာက္ပုိင္းမဟာမိတ္သုံးဖြဲ႔ဟူ၍ နာမည္ၾကီးေသာ AA၊ TNLA၊ MNDAA တုိ႔မွာ သေဘာထားယတိျပတ္ေပးထားျခင္းမ်ဳိး မရွိသည္ကုိ ေတြ႔ရသည္။

Picture

L Mone

09/05/2022 19:54

လူလိမ် လူညာ ဆိုတာ ဘယ်သူမှ မကြိုက်ကြပါဘူး အိုကေ ကျွန်တော်ပြောလာတာ ကြာပြိ 2008 ကို ကျွန်တော်မြင်တာက ကြားခံတစ်ခုလို မြင်ခဲ့တာပါ။အခု တော့ ကြားခံတစ်ခုကို စားသုံးတတ်သူတွေက စစားပါတော့မယ်။စားပြီးရင် အသုံးပြုပြိးရင် ပြင်ရတဲ့ အပိုင်းပြင်ပေါ့ ပြင်လည်းမထူးတာတွေ စွန့်ကြပေါ့ဗျာ။ဘာသာရေးအခြေခံတဲ့ နိုင်ငံရေးကို ကျွန်တော် သိပ်အားမပေးချင်ဘူး။ဒါပေမဲ့ မလိုမုန်းထား မနာလို လုယက် လိမ်ညာ ပြီး ဘာသာရေး ရန်ပွဲ ဖန်တီးတာမျိူးကိုတော့ အားလုံးသော ဘာသာကြီးလေးခုက ဂရုတစိုက် ဘက်မလိုက်တမ်း မညှာတမ်း ထိမ်းပေးကြစေချင်ပါတယ်။

Picture

Kyaw Kyaw

09/05/2022 19:59

ငြိမ်းချမ်းပါ​စေ မြန်မာပြည်

Picture

ချဉ်ပေါင်ရွက်သည် မောင်မှိုင်း

09/05/2022 21:08

မြန်မြန်ငြိမ်းချမ်းပါစေ

Picture

L Mone

09/05/2022 22:35

ဘာသာရေး အာမခံချက်ကို ရတိပြတ် ထည့်သွင်းပွင့်လင်းစွာ ဖြေရှင်းပေးစေချင်ပါ၏။န်ုင်ငံရေးထက် ဘာသာရေးက ဝင်ဝင်နှောက်နေတာ အတော်ဆိုးလွန်းနေပါတယ်။ခုတုံးလုပ်ခံနေတဲ့ မြန်မာပြည်တွင်းက ဘာသာကြီးနှစ်ခုကတော့ ခရာစ်ယန်နဲ့မူစလင်တွေဖြစ်ကြတယ်လို့ အကြမ်းဖျင်း ကွက်ကွက်ကွင်းကွင်း မြင်နေကြရပါတယ်။လူနည်းစုဆိုတဲ့ သူတွေကို လူများစုက တကယ်အနိုင်ကျင့်ရင်ရေးကြပါ။လက်ခံပါတယ် သတင်းမှန်မီဒီယာတွေမှန်သမျှကိုပေါ့။အဲလိုမဟုတ်ပဲ အလကားနေရင် ပြည်ပအလှူခံရဖို့အရေး လူဦးရေနဲ့မလိုက်အောင် ဘာသာရေးအဆောက်အဦးတွေ ဇွတ်ဆောက်နေပြီး အပြစ်ပဲ လက်ညှိူးထိူး ရန်စနေတယကတော့ ဘယ်ဘုရားမှ မကြိုက်နိုင်သလို ဗုဒ္ဓဘာသာဝင်တွေကလည်း လုံးဝ လုံးဝ ကြိုက်ကြမည်မဟုတ်ကြောင်း တင်ပြလိုပါ၏

Related news

© 2021. All rights reserved.