သန်လျင်တွင် ရေတပ်မှတပ်ကြပ်အဆင့်ရှိသူတစ်ဦး ကားမောင်းနေစဉ် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရပြီး ကားပါတိမ်းမှောက်

 2406

NP News - မေ ၁၁
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ရေတပ်မှတပ်ကြပ်အဆင့်ရှိသူတစ်ဦး ကားမောင်းနေစဉ် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရပြီးနောက် ၎င်းမောင်းလာသောကားပါ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါမြို့နယ်တွင် နေထိုင်သူတစ်ဦးက NP News ကို ပြောသည်။

ရေတပ်မှတပ်ကြပ်အဆင့်ရှိသူ ဦးဇော်ထွန်းဆိုသူသည် ယနေ့ (မေလ ၁၁ ရက်)နံနက်အစောပိုင်းတွင် အောင်ချမ်းသာလမ်းမှ ကားမောင်းလာစဉ် WH ဟိုတယ်အနီးတွင် ဘေးချင်းယှဉ်ကာ မောင်းနှင်လာသော ကားတစ်စီးပေါ်မှ လူတစ်စု၏ ပစ်ခတ်ခဲ့ခြင်းခံခဲ့ရကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးဇော်ထွန်းသည် သေနတ်ဒဏ်ရာများရရှိခဲ့ပြီး ၎င်းမောင်းနှင်လာသောကားသည်လည်း ဓာတ်တိုင်ကိုဝင်တိုက်ကာ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ဦးဇော်ထွန်းသည် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့တာဝန်ခံတစ်ဦးဖြစ်ပြီး ၎င်းကို သန်လျင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သေနတ်ဖြင့် ၁၃ ချက်ပစ်ကာ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုမှုများလည်းရှိနေသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသည့်အတွက် ဦးဇော်ထွန်းသေဆုံးသွားကြောင်း ပြောဆိုမှုများရှိနေသည်ကို တွေ့ရ သည်။

သို့သော် NP News က ရရှိသော သတင်းများအရ ဦးဇော်ထွန်းသည် ရေတပ်မှတပ်ကြပ်အဆင့်ရှိသူတစ်ဦးဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် လက်တွင်သာ ဒဏ်ရာရရှိခဲ့ပြီး သေဆုံးခဲ့ခြင်းမရှိကြောင်း သတင်းအရင်းအမြစ်များက ပြောဆိုထားသည်။

https://npnewsmm.com/news/627b873c8ce1c1768676f87f

zawgyi verison
သန္လ်င္တြင္ ေရတပ္မွတပ္ၾကပ္အဆင့္ရွိသူတစ္ဦး ကားေမာင္းေနစဥ္ ေသနတ္ျဖင့္ပစ္ခတ္ခံခဲ့ရၿပီး ကားပါတိမ္းေမွာက္
NP News - ေမ ၁၁

ရန္ကုန္တိုင္း၊ သန္လ်င္ၿမိဳ႕နယ္တြင္ ေရတပ္မွတပ္ၾကပ္အဆင့္ရွိသူတစ္ဦး ကားေမာင္းေနစဥ္ ေသနတ္ျဖင့္ပစ္ခတ္ခံခဲ့ရၿပီးေနာက္ ၎ေမာင္းလာေသာကားပါ တိမ္းေမွာက္မႈျဖစ္ပြားခဲ့ေၾကာင္း အဆိုပါၿမိဳ႕နယ္တြင္ ေနထိုင္သူတစ္ဦးက NP News ကို ေျပာသည္။

ေရတပ္မွတပ္ၾကပ္အဆင့္ရွိသူ ဦးေဇာ္ထြန္းဆိုသူသည္ ယေန႔ (ေမလ ၁၁ ရက္)နံနက္အေစာပိုင္းတြင္ ေအာင္ခ်မ္းသာလမ္းမွ ကားေမာင္းလာစဥ္ WH ဟိုတယ္အနီးတြင္ ေဘးခ်င္းယွဥ္ကာ ေမာင္းႏွင္လာေသာ ကားတစ္စီးေပၚမွ လူတစ္စု၏ ပစ္ခတ္ခဲ့ျခင္းခံခဲ့ရေၾကာင္း သိရသည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ဦးေဇာ္ထြန္းသည္ ေသနတ္ဒဏ္ရာမ်ားရရွိခဲ့ၿပီး ၎ေမာင္းႏွင္လာေသာကားသည္လည္း ဓာတ္တိုင္ကိုဝင္တိုက္ကာ တိမ္းေမွာက္သြားခဲ့ေၾကာင္း သိရသည္။

ဦးေဇာ္ထြန္းသည္ စစ္ဘက္ေရးရာလုံၿခဳံေရးအဖြဲ႕တာဝန္ခံတစ္ဦးျဖစ္ၿပီး ၎ကို သန္လ်င္ၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးအဖြဲ႕က ေသနတ္ျဖင့္ ၁၃ ခ်က္ပစ္ကာ ရွင္းလင္းခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ေျပာဆိုမႈမ်ားလည္းရွိေနသည္။

ေသနတ္ျဖင့္ ပစ္ခတ္ခံရသည့္အတြက္ ဦးေဇာ္ထြန္းေသဆုံးသြားေၾကာင္း ေျပာဆိုမႈမ်ားရွိေနသည္ကို ေတြ႕ရ သည္။

သို႔ေသာ္ NP News က ရရွိေသာ သတင္းမ်ားအရ ဦးေဇာ္ထြန္းသည္ ေရတပ္မွတပ္ၾကပ္အဆင့္ရွိသူတစ္ဦးျဖစ္ၿပီး ပစ္ခတ္ခံရမႈေၾကာင့္ လက္တြင္သာ ဒဏ္ရာရရွိခဲ့ၿပီး ေသဆုံးခဲ့ျခင္းမရွိေၾကာင္း သတင္းအရင္းအျမစ္မ်ားက ေျပာဆိုထားသည္။

https://npnewsmm.com/news/627b873c8ce1c1768676f87f

Related news

© 2021. All rights reserved.