ယူအေအီးကမ်းလွန်မှာ သင်္ဘောတိုက်မိမှုတွေဖြစ်ပွား

 97

Pika (NP News) - ဇွန် ၁၈

Hormuz ရေလက်ကြားအနီးမှာ သင်္ဘောတစ်စီးနဲ့ အခြားသင်္ဘောနှစ်စီးတို့ တိုက်မိမှုဖြစ်ပွာခဲ့တယ်လို့ သတင်းရင်းမြစ်တွေက‌ ရိုက်တာသတင်းဌာနကို‌ ပြောကြားခဲ့ပါတယ်။ ဗြိတိန်ရေကြောင်းလုံခြုံရေးကုမ္ပဏီ Ambrey က ယူအေအီးကမ်းလွန်မှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကို သတင်းပေးပို့ခဲ့ပြီးနောက် ယခုလိုဖော်ပြချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒါ့ပြင် ယူအေအီးနိုင်ငံ Khor Fakkan မြို့ အရှေ့ဘက်ရေမိုင်(၂၂)မိုင်အကွာမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်ဟာ လုံခြုံရေးနဲ့သက်ဆိုင်တာမျိုးမရှိဘူးလို့ Ambrey ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ သင်္ဘောတိုက်မိမှု ဘာကြောင့်ဖြစ်ပွားရတယ်ဆိုတဲ့အချက်ကိုလည်း လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့ Ambrey ကုမ္ပဏီကပြောကြားခဲ့ပါတယ်။ အစ္စရေးနဲ့ အီရန်ကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေ မြင့်တက်နေချိန်မှာပဲ အဲဒီသင်္ဘောတိုက်မိမှုဖြစ်ရပ်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Hormuz ရေလက်ကြားနဲ့ ပိုကျယ်တဲ့ပင်လယ်ကွေ့တစ်ဝိုက်မှာ ကုန်တင်သင်္ဘောတွေရဲ့ ရေကြောင်းစနစ်တွေအပေါ် အီလက်ထရွန်းနစ်ဆိုင်ရာနှောင့်ယှက်မှုတွေ မြင့်တက်လာခဲ့တယ်လို့လည်း ရေကြောင်းသတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။

zawgyi version
ယူေအအီးကမ္းလြန္မွာ သေဘၤာတိုက္မိမႈေတြျဖစ္ပြား
Pika (NP News) - ဇြန္ ၁၈

Hormuz ေရလက္ၾကားအနီးမွာ သေဘၤာတစ္စီးနဲ႔ အျခားသေဘၤာႏွစ္စီးတို႔ တိုက္မိမႈျဖစ္ပြာခဲ့တယ္လို႔ သတင္းရင္းျမစ္ေတြက‌ ႐ိုက္တာသတင္းဌာနကို‌ ေျပာၾကားခဲ့ပါတယ္။ ၿဗိတိန္ေရေၾကာင္းလုံၿခဳံေရးကုမၸဏီ Ambrey က ယူေအအီးကမ္းလြန္မွာျဖစ္ပြားခဲ့တဲ့ ျဖစ္ရပ္ကို သတင္းေပးပို႔ခဲ့ၿပီးေနာက္ ယခုလိုေဖာ္ျပခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

ဒါ့ျပင္ ယူေအအီးႏိုင္ငံ Khor Fakkan ၿမိဳ႕ အေရွ႕ဘက္ေရမိုင္(၂၂)မိုင္အကြာမွာ ျဖစ္ပြားခဲ့တဲ့ျဖစ္ရပ္ဟာ လုံၿခဳံေရးနဲ႔သက္ဆိုင္တာမ်ိဳးမရွိဘူးလို႔ Ambrey ကုမၸဏီက ေျပာၾကားခဲ့ပါတယ္။ သေဘၤာတိုက္မိမႈ ဘာေၾကာင့္ျဖစ္ပြားရတယ္ဆိုတဲ့အခ်က္ကိုလည္း လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔ Ambrey ကုမၸဏီကေျပာၾကားခဲ့ပါတယ္။ အစၥေရးနဲ႔ အီရန္ၾကား အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈေတြ ျမင့္တက္ေနခ်ိန္မွာပဲ အဲဒီသေဘၤာတိုက္မိမႈျဖစ္ရပ္ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

ဒါ့ျပင္ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း Hormuz ေရလက္ၾကားနဲ႔ ပိုက်ယ္တဲ့ပင္လယ္ေကြ႕တစ္ဝိုက္မွာ ကုန္တင္သေဘၤာေတြရဲ႕ ေရေၾကာင္းစနစ္ေတြအေပၚ အီလက္ထ႐ြန္းနစ္ဆိုင္ရာေႏွာင့္ယွက္မႈေတြ ျမင့္တက္လာခဲ့တယ္လို႔လည္း ေရေၾကာင္းသတင္းရင္းျမစ္ေတြက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.