အမေရိကန်၌ ဈေးနှုန်းမြင့်တက်ခြင်းနှင့် ငွေကြေးဖောင်းပွခြင်းတို့မှာ နှစ်ပေါင်း ၄ဝ အတွင်း မကြုံစဖူး အရှိန်အဟုန်ဖြင့်မြင့်တက်နေ

 1506

Htay Oung (NP News) - မေ ၁၂
ဆိုးရွားစွာ မြင့်တက်လာတဲ့ ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်နေစဉ် အတိုးနှုန်း တစ်ရာခိုင်နှုန်း ထက်ဝက်ကို မြှင့်တင်ဖို့ အမေရိကန်အရန်ဘဏ်စနစ်က ဆုံးဖြတ်လိုက်ခြင်းဟာ ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်လိမ့်မယ်လို့ ဘွန်းမြို့အခြေစိုက် Deutsche Welle (DW) ဂျာမန်အစိုးရပိုင်မီဒီယာက မေလ ၁၁ ရက်မှာ ရေးသားပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးတို့မှာ Central Bank ခေါ် ဗဟိုဘဏ်ဆိုတာ ရှိတတ်ကြပါတယ်၊။ နိုင်ငံရဲ့ ငွေကြေးစံနစ်တည်ငြိမ်ဖို့အတွက် အစိုးရရဲ့ ငွေ ကြေးမူဝါဒကို ထိန်းကျောင်းရာမှာ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်ပါတယ်။ အစိုးရက ခန့်ထားသူများနဲ့ဖွဲ့စည်းထားတဲ့ ဘုတ်အဖွဲ့ဖြစ်သော် လည်းများသောအားဖြင့် သီးခြားလွတ်စွာဆောင်ရွက်လေ့ရှိပါတယ်။ ငွေ ကြေးထုတ်ဝေမှုကို ဆုံးဖြတ်ခြင်း၊ ဘဏ်များအပေါ် ကြီးကြပ်ခြင်း၊ အ ကျပ်အတည်းကြုံတွေ့ရလျှင် ဘဏ်များကို ငွေထုတ်ချေးခြင်း၊ ဘဏ်အသုံးပြုသူများကို အကာအကွယ်ပေးပြီး နိုင်ငံဖွံဖြိုးတိုးတက်ရေးကို ချဲ့ထွင်ပေးဖို့ ဆောင်ရွက်ပေးကြပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ဗဟိုဘဏ်သာ အရည်အချင်းပြည့် ဝပြီး ဖြောင့်မတ် မှန်ကန်ရင် အဲ့ဒီနိုင်ငံရဲ့ ပုဂ္ဂလိဘဏ်တစ်ခုခုအနေနဲ့ ဒေဝါလီခံရတဲ့အထိ မဖြစ်နိုင်သလို၊ နိုင်ငံမှာ ငွေကြေးက သောင်းကနင်းဖြစ်ဖို့ဆိုတာလဲ အလွန်နည်းပါလိမ့်မယ်။

အမေရိကန်မှာ ဗဟိုဘဏ်ကို Federal Reserve System ဖက်ဒရယ်အရန်စနစ် The Fed #ဖက်ဒ်လို့ အတို ကောက် ခေါ်ဝေါ်ကြပါတယ်။ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကို ဆက်တိုက်ကြုံတွေ့နေရစဉ် ၁၉၁၃-ခုနှစ်မှာ အက်ဥပဒေပြဌာန်းပြီး ဖွဲ့စည်းထားတဲ့ ဘုတ်အဖွဲ့ဖြစ်ပါတယ်။

ဘဏ်တိုးနှုန်း ဝ.၅ ရာခိုင်နှုန်း တိုးမြှင့်ဖို့ ဖက်ဒရယ်အရံစနစ်ရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်သမိုင်းမှာ နှစ်ပေါင်း ၂ဝ အတွင်း အမြင့်ဆုံးနှုန်းထားဖြစ်နေပါတယ်။ မြင့်တက်နေတဲ့ ဈေးနှုန်းများကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အခြားနိုင်ငံအတော်များများရဲ့ အတိုးနှုန်းလျှော့ချလိုက်တာကိုလဲ တွေ့ရှိရပါတယ်။

(၂)ရက်ကြာ ကျင်းပသည့် ဖက်ဒရယ်အရန်စနစ်ဘုတ်အဖွဲ့ အစည်းအ ဝေးအပြီး ဗုဒ္ဓဟူးနေ့(မေလ ၁၁ ရက်)မှာ လူအများ စိုးရိမ်တ ကြီး ကြိုတင်မျှော်လင့်ထားတဲ့အတိုင်း ယခုကြေညာချက်ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။အမေရိကန်ရဲ့ ငွေကြေးဖောင်းပွမှုဟာ နှစ်ပေါင်း ၄ဝ အတွင်း မကြုံစဖူး အရှိန်အဟုန်နဲ့ မြင့်တက်နေပြီး လာမည့်လများမှာ ယခုထက်ပိုမို မြင့်တက်လာမယ်လို့ မှန်းဆရပါတယ်။

"ကျွန်တော်တို့ရဲ့ ငွေကြေးဖောင်းပွမှုကို လျှော့ချဖို့ မလွဲမသွေ လိုအပ်နေပါတယ်" လို့ ဥက္ကဋ္ဌက သတင်းစာရှင်း လင်းပွဲတွင် ပြောပြပါတယ်။ တစ်ရာခိုင်နှုန်း ထက်ဝက်ထက်ပိုတဲ့ အတိုးနှုန်းမြှင့်တင်ဖို့အတွက် လာမည့် အစည်း အဝေးတွေမှာ ဆုံးဖြတ်ဖို့ ရှိနေပေမဲ့ လေးပုံသုံးပုံအထိ တိုးမြှင့်ဖို့ကိုတော့ ယခုအချိန်ထိ ထည့်သွင်း စဉ်းစားခြင်း မရှိသေးကြောင်း ဆက်လက်ပြောဆိုပါတယ်။

ဖက်ဒ် ဥက္ကဋ္ဌရဲ့ သတင်းစာရှင်းလင်းပွဲအပြီးမှာ အမေရိကန်ကုမ္ပဏီများရဲ့ စတော့ရှယ်ယာဈေးများဟာ သိသိသာသာမြင့်တက်ခဲ့ပြီး S&P အညွှန်းကိန်းလို့ခေါ်ကြတဲ့ အမေရိကန်စတော့ဈေးကွက် အညွှန်းကိန်းမှာလဲ ၁.၇ ရာခိုင်နှုန်းခုန်တက်ပြီး အမှတ် ၅ဝဝ အထိ ရောက်ရှိသွားပါတယ်။
ဖက်ဒ်ရဲ့အဓိကကျတဲ့ နှုန်းထားမြှင့်တင်မှုဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ကူးစက်ကပ်ရောဂါ စတင်ကတည်းက အမြင့်ဆုံးအမှတ်ဖြစ်သည့် ဝ.၇၅ ရာခိုင်နှုန်း မှ ၁ ရာခိုင်နှုန်းအထိသာ ရောက်ရှိနေခဲ့ရာက ဆွဲတင်လိုက်သလိုဖြစ်လာပါတယ်။

လျင်မြန်စွာမြင့်တက်နေသောဈေးနှုန်းများကိုကိုင်တွယ်ဖို့အတွက် နိုင်ငံရဲ့ ဒေါ်လာ ၉ ထရီလျံ အထိဖြစ်ပေါ်နေ တဲ့ ဘဏ္ဍာရေးလက်ကျန်ရှင်း တမ်းကို လျှော့ချမည့် အစီအစဉ်ကိုလည်း ကြေငြာခဲ့ပါတယ်။ အခြားတစ်ဖက်မှာလဲ အစိုးရအနေနဲ့ ငွေချေးစာချုပ်များနဲ့ ငွေကြေးဖောင်းပွမှုကြီးထွားလာစေတဲ့ ယခင် ဝယ်ယူထားတဲ့ အခြားပိုင်ဆိုင် မှုများကို ရောင်းချဖို့၊ အဲ့ဒီရင်းနှီးမြှုပ်နှံ့မှုများကို ပြန်လည်ဆွဲတင်ပေးဖို့ ဖြစ် ကြောင်း သိရှိရပါတယ်။

ရုရှားက ယူကရိန်းနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်ခြင်းကဲ့သို့ ပြင်ပအကြောင်းရင်းခံ အကျိုးဆက်တို့ရဲ့ "မသေချာမရေရာမှု " တွေဟာ ငွေကြေးဖောင်းပွမှုအပေါ် ထပ်လောင်းဖိအားဖြစ်စေရန် ဖန်တီးနေပြီး စီးပွားရေး လုပ်ဆောင်မှုအပေါ် ချိန်ဆကြရဖွယ် ရှိနေကြောင်း၊ တရုတ်နိုင်ငံမှာ COVID ရောဂါနဲ့ ဆက်စပ်ပြီး လော့ဒေါင်း ကန့်သတ်ပိတ်ဆို့ခြင်းများဟာ ထောက်ပံ့ရေး ကွင်း ဆက်ပြတ်တောက်မှုများကို ပိုမိုဆိုးရွားစေတဲ့အတွက် ငွေ ကြေးဖောင်းပွမှုကို တိုးမြင့်လာစေနိုင်ကြောင်း ဘဏ်မူဝါဒချမှတ်ရေးအဖွဲ့ ဖက်ဒရယ်ပွင့်လင်း ဈေးကွက်ကော်မ တီ FOMC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံအတော်များများရဲ့ ဗဟိုဘဏ်များအနေနဲ့ ငွေကြေးဖောင်းပွမှုဒဏ်မှ စီးပွားရေးလုပ်ငန်းများနဲ့ စားသုံးသူ များကို အကာအကွယ်ပေးရန်အတွက် ချေးငွေကုန်ကျစရိတ်များကို တင်းကျပ်နေကြပါတယ်။ ဒါပေမဲ့ အဲ့ဒီ ဆောင်ရွက်မှုတွေဟာ စီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေနိုင်ပြီး အရေးကြီးတဲ့ လုပ်ငန်းတွေမှာ စီးပွားရေးကျဆင်းမှုဖြစ်လာအောင် တွန်းပို့သလို ဖြစ်လာနိုင်တယ်လို့ စိုးရိမ်မှုများလည်းရှိနေပါတယ်။

ကပ်ရောဂါဘေးမှာ ဒယီးဒယိုင်ဖြစ်နေရဆဲ နိုင်ငံများစွာတို့မှာလဲ ယူကရိန်းစစ်ပွဲကြောင့် ထောက်ပံ့ရေးကွင်း ဆက်ပြတ်တောက်ရတဲ့ ထပ်လောင်းဖိအားများနှင့် ရင်ဆိုင်နေရတဲ့အတွက် ဈေးနှုန်းများ မြင့်တက်လာနေပါတယ်။

တခြားနိုင်ငံတွေကငွေကြေးဖောင်းပွမှုကိုဘယ်လိုတုံ့ပြန်နေကြပါသလဲ။
အတိုးနှုန်း နှိမ့်ချတယ်လို့ မရှိခဲ့ဖူးတဲ့ အနောက်နိုင်ငံအများစုတို့ဟာ ၂ဝဝ၈ ခုနှစ် ဘဏ္ဍာရေး ထိပ်တိုက်တွေ့မှုနောက်ပိုင်း ၎င်းတို့ရဲ့ အတိုး နှုန်းကို သုည သို့မဟုတ် သုညအနီးတစ်ဝှိုက်မှာ အနည်းနှင့်အများဆိုသလို ထိန်းထားလေ့ရှိပါတယ်။

သို့သော်လဲ ကိုဗစ်ကပ်ရောဂါကျရောက်တဲ့အတွက် အလုပ်ပျက်အကိုင်ပျက်ဖြစ်ရခြင်းနဲ့ တန်ဖိုးကြီး ကုသရေး ယန္တရားများကို သုံးစွဲရတဲ့ ကမ္ဘာ့နိုင်ငံအများ အပြားတို့မှာ ငွေကြေးဖောင်းပွ လာရပါတယ်။ ဆက်လက် မြင့် တက်ဖို့ အရှိန်ယူနေဆဲမှာ ယူကရိန်းပဋိပက္ခများက ထပ်လောင်းဖိအားပေးလိုက်တဲ့အခါ အထူးသဖြင့် အစား အသောက်နဲ့ လောင်စာဆီဈေးနှုန်းများဟာ ယခင်နဲ့ မတူတဲ့ ဈေးနှုန်းများ ဖြစ်ပေါ် လာရပါတယ်။
ဗုဒ္ဓဟူးနေ့ အမေရိကန် ဖက်ဒရယ်အရန်ဘဏ်က ကြေငြာချက်မထုတ်ပြန်မီ နာရီပိုင်းအလိုမှာ အိန္ဒိယနိုင်ငံက သူရဲ့ ဘဏ်တိုးနှုန်းကို တိုးမြှင့်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ အာရှရဲ့ တတိယ အကြီးဆုံးစီးပွားရေးအဖွဲ့အစည်း ဖြစ်တဲ့ အိန္ဒိယဗဟိုဘဏ်ဟာ ချေးငှားစရိတ်ကို အခြေခံအမှတ် ၄ဝ ကို ၄.၄ဝ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ပါတယ်။ ၂ဝ၁၈ ခုနှစ် ဩဂုတ်လနောက်ပိုင်း ပထမဆုံးအကြိမ် အတိုးနှုန်းမြှင့်တင်မှုဟာ ချက်ချင်း အကျိုးသက်ရောက် စေရမယ်လို့လဲ ဆိုထားပါတယ်။

"မုန်တိုင်းတွေ အများအပြားက ပြိုင်တူတိုက်ခတ်နေပါတယ်။ ဒီနေ့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေက သင်္ဘောကို တည်ငြိမ်အောင်လုပ်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတွေပါ" “ ကြောက်ခမန်းလိလိ အဖြစ်ရဆုံး ကတော့ ဆက်တိုက်ဖြစ်ပေါ် ပြန်နှံ့နေတဲ့ ငွေကြေးဖောင်းပွမှု ဖိအားတွေဟာ တစ်နေ့ထက် တစ်နေ့ ပိုမိုပြင်းထန်လာခြင်း ပါပဲ..” ဟု အိန္ဒိယအရန်ဘဏ်အုပ်ချုပ်ရေးမှူးက မှတ်ချက်ပေးပါတယ်။

ယူကရိန်း ပဋိပက္ခကြောင့် စားသုံးဆီများ ပြတ်လပ်သွားပြီး အိန္ဒိယမှာ စားသောက်ကုန် ဈေးနှုန်းများ လျင်မြန်စွာ ဈေးတက်လာရတယ်လို့ အုပချုပ်ရေးမှူးက ဆက်လက်ပြောဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ နိုင်ငံတကာမှာ စား အုန်းဆီနဲ့ ပဲပိစပ်ဆီ အပါအဝင် စားသုံးဆီအများဆုံး တင်သွင်းနေရတဲ့ တိုင်းပြည်ဖြစ်ပါတယ်။

အင်္ဂါနေ့တွင်၊ Australia's Reserve သြစတြေးလျအရန်ဘဏ်ဟာ အခြေခံအချက် ၂၅ ခုကို ကြေညာခဲ့ရာမှာ ခန့်မှန်းထားကြသည်ထက် ပိုမိုများပြားနေပြီး ငွေသားနှုန်းထားကို ဝ.၃၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးထားတာ တွေ့ရပါ တယ်။ ဒါဟာ ဆယ်စုနှစ် တစ်ခုကျော်ကာလအတွင်း ပထမဆုံးတိုးမြှင့်လာတာ ဖြစ်ပါတယ်။

အင်္ဂလန်ဘဏ်က အတိုးနှုန်းကို ဝ.၇၅ ရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်း အထိ စတုတ္ထအကြိမ်မြောက်အဖြစ် ကြာသပတေးနေ့မှာ ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။

ဥရောပဗဟိုဘဏ်ကတော့ အဲ့ဒါတွေနဲ့ ဆန့်ကျင်ဘက်လို့ ဆိုရမလိုပါဘဲ၊ "အတိုးနှုန်းမြှင့်တင်ဖို့အတွက် ကြိုတင် လမ်းကြောင်းသတ်မှတ်ဖို့ ဆွေးနွေးကြတာ မရှိသေးကြောင်း" ဥရောပဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက အင်တာဗျူး တစ်ခုမှာပြောဆိုခဲ့လို့ဖြစ်ပါတယ်။

https://www.dw.com/en/us-fed-raises-interest-rates-to-tackle-inflation/a-61686332

zawgyi version
အေမရိကန္၌ ေဈးႏႈန္းျမင့္တက္ျခင္းႏွင့္ ေငြေၾကးေဖာင္းပြျခင္းတို႔မွာ ႏွစ္ေပါင္း ၄ဝ အတြင္း မႀကဳံစဖူး အရွိန္အဟုန္ျဖင့္ ျမင့္တက္ေန
Htay Oung (NP News) - ေမ ၁၂

ဆိုး႐ြားစြာ ျမင့္တက္လာတဲ့ ေငြေၾကးေဖာင္းပြမႈကို တိုက္ဖ်က္ေနစဥ္ အတိုးႏႈန္း တစ္ရာခိုင္ႏႈန္း ထက္ဝက္ကို ျမႇင့္တင္ဖို႔ အေမရိကန္အရန္ဘဏ္စနစ္က ဆုံးျဖတ္လိုက္ျခင္းဟာ ၂ဝဝဝ ျပည့္ႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ျဖစ္လိမ့္မယ္လို႔ ဘြန္းၿမိဳ႕အေျခစိုက္ Deutsche Welle (DW) ဂ်ာမန္အစိုးရပိုင္မီဒီယာက ေမလ ၁၁ ရက္မွာ ေရးသားပါတယ္။

ကမာၻ႔ႏိုင္ငံအသီးသီးတို႔မွာ Central Bank ေခၚ ဗဟိုဘဏ္ဆိုတာ ရွိတတ္ၾကပါတယ္၊။ ႏိုင္ငံရဲ႕ ေငြေၾကးစံနစ္တည္ၿငိမ္ဖို႔အတြက္ အစိုးရရဲ႕ ေငြ ေၾကးမူဝါဒကို ထိန္းေက်ာင္းရာမွာ အျမင့္ဆုံးအာဏာပိုင္အဖြဲ႕အစည္းျဖစ္ပါတယ္။ အစိုးရက ခန႔္ထားသူမ်ားနဲ႔ဖြဲ႕စည္းထားတဲ့ ဘုတ္အဖြဲ႕ျဖစ္ေသာ္ လည္းမ်ားေသာအားျဖင့္ သီးျခားလြတ္စြာေဆာင္႐ြက္ေလ့ရွိပါတယ္။ ေငြ ေၾကးထုတ္ေဝမႈကို ဆုံးျဖတ္ျခင္း၊ ဘဏ္မ်ားအေပၚ ႀကီးၾကပ္ျခင္း၊ အ က်ပ္အတည္းႀကဳံေတြ႕ရလွ်င္ ဘဏ္မ်ားကို ေငြထုတ္ေခ်းျခင္း၊ ဘဏ္အသုံးျပဳသူမ်ားကို အကာအကြယ္ေပးၿပီး ႏိုင္ငံဖြံၿဖိဳးတိုးတက္ေရးကို ခ်ဲ႕ထြင္ေပးဖို႔ ေဆာင္႐ြက္ေပးၾကပါတယ္။ ႏိုင္ငံတစ္ႏိုင္ငံမွာ ဗဟိုဘဏ္သာ အရည္အခ်င္းျပည့္ ဝၿပီး ေျဖာင့္မတ္ မွန္ကန္ရင္ အဲ့ဒီႏိုင္ငံရဲ႕ ပုဂၢလိဘဏ္တစ္ခုခုအေနနဲ႔ ေဒဝါလီခံရတဲ့အထိ မျဖစ္ႏိုင္သလို၊ ႏိုင္ငံမွာ ေငြေၾကးက ေသာင္းကနင္းျဖစ္ဖို႔ဆိုတာလဲ အလြန္နည္းပါလိမ့္မယ္။

အေမရိကန္မွာ ဗဟိုဘဏ္ကို Federal Reserve System ဖက္ဒရယ္အရန္စနစ္ The Fed #ဖက္ဒ္လို႔ အတို ေကာက္ ေခၚေဝၚၾကပါတယ္။ ကမာၻ႔စီးပြားေရးပ်က္ကပ္ကို ဆက္တိုက္ႀကဳံေတြ႕ေနရစဥ္ ၁၉၁၃-ခုႏွစ္မွာ အက္ဥပေဒျပဌာန္းၿပီး ဖြဲ႕စည္းထားတဲ့ ဘုတ္အဖြဲ႕ျဖစ္ပါတယ္။

ဘဏ္တိုးႏႈန္း ဝ.၅ ရာခိုင္ႏႈန္း တိုးျမႇင့္ဖို႔ ဖက္ဒရယ္အရံစနစ္ရဲ႕ ဆုံးျဖတ္ခ်က္ဟာ အေမရိကန္သမိုင္းမွာ ႏွစ္ေပါင္း ၂ဝ အတြင္း အျမင့္ဆုံးႏႈန္းထားျဖစ္ေနပါတယ္။ ျမင့္တက္ေနတဲ့ ေဈးႏႈန္းမ်ားကို ကိုင္တြယ္ေျဖရွင္းဖို႔အတြက္ အျခားႏိုင္ငံအေတာ္မ်ားမ်ားရဲ႕ အတိုးႏႈန္းေလွ်ာ့ခ်လိုက္တာကိုလဲ ေတြ႕ရွိရပါတယ္။

(၂)ရက္ၾကာ က်င္းပသည့္ ဖက္ဒရယ္အရန္စနစ္ဘုတ္အဖြဲ႕ အစည္းအ ေဝးအၿပီး ဗုဒၶဟူးေန႔(ေမလ ၁၁ ရက္)မွာ လူအမ်ား စိုးရိမ္တ ႀကီး ႀကိဳတင္ေမွ်ာ္လင့္ထားတဲ့အတိုင္း ယခုေၾကညာခ်က္ထြက္ေပၚလာျခင္း ျဖစ္ပါတယ္။အေမရိကန္ရဲ႕ ေငြေၾကးေဖာင္းပြမႈဟာ ႏွစ္ေပါင္း ၄ဝ အတြင္း မႀကဳံစဖူး အရွိန္အဟုန္နဲ႔ ျမင့္တက္ေနၿပီး လာမည့္လမ်ားမွာ ယခုထက္ပိုမို ျမင့္တက္လာမယ္လို႔ မွန္းဆရပါတယ္။

"ကြၽန္ေတာ္တို႔ရဲ႕ ေငြေၾကးေဖာင္းပြမႈကို ေလွ်ာ့ခ်ဖို႔ မလြဲမေသြ လိုအပ္ေနပါတယ္" လို႔ ဥကၠ႒က သတင္းစာရွင္း လင္းပြဲတြင္ ေျပာျပပါတယ္။ တစ္ရာခိုင္ႏႈန္း ထက္ဝက္ထက္ပိုတဲ့ အတိုးႏႈန္းျမႇင့္တင္ဖို႔အတြက္ လာမည့္ အစည္း အေဝးေတြမွာ ဆုံးျဖတ္ဖို႔ ရွိေနေပမဲ့ ေလးပုံသုံးပုံအထိ တိုးျမႇင့္ဖို႔ကိုေတာ့ ယခုအခ်ိန္ထိ ထည့္သြင္း စဥ္းစားျခင္း မရွိေသးေၾကာင္း ဆက္လက္ေျပာဆိုပါတယ္။

ဖက္ဒ္ ဥကၠ႒ရဲ႕ သတင္းစာရွင္းလင္းပြဲအၿပီးမွာ အေမရိကန္ကုမၸဏီမ်ားရဲ႕ စေတာ့ရွယ္ယာေဈးမ်ားဟာ သိသိသာသာျမင့္တက္ခဲ့ၿပီး S&P အၫႊန္းကိန္းလို႔ေခၚၾကတဲ့ အေမရိကန္စေတာ့ေဈးကြက္ အၫႊန္းကိန္းမွာလဲ ၁.၇ ရာခိုင္ႏႈန္းခုန္တက္ၿပီး အမွတ္ ၅ဝဝ အထိ ေရာက္ရွိသြားပါတယ္။
ဖက္ဒ္ရဲ႕အဓိကက်တဲ့ ႏႈန္းထားျမႇင့္တင္မႈဟာ လြန္ခဲ့တဲ့ ၂ ႏွစ္အတြင္း ကူးစက္ကပ္ေရာဂါ စတင္ကတည္းက အျမင့္ဆုံးအမွတ္ျဖစ္သည့္ ဝ.၇၅ ရာခိုင္ႏႈန္း မွ ၁ ရာခိုင္ႏႈန္းအထိသာ ေရာက္ရွိေနခဲ့ရာက ဆြဲတင္လိုက္သလိုျဖစ္လာပါတယ္။

လ်င္ျမန္စြာျမင့္တက္ေနေသာေဈးႏႈန္းမ်ားကိုကိုင္တြယ္ဖို႔အတြက္ ႏိုင္ငံရဲ႕ ေဒၚလာ ၉ ထရီလ်ံ အထိျဖစ္ေပၚေန တဲ့ ဘ႑ာေရးလက္က်န္ရွင္း တမ္းကို ေလွ်ာ့ခ်မည့္ အစီအစဥ္ကိုလည္း ေၾကျငာခဲ့ပါတယ္။ အျခားတစ္ဖက္မွာလဲ အစိုးရအေနနဲ႔ ေငြေခ်းစာခ်ဳပ္မ်ားနဲ႔ ေငြေၾကးေဖာင္းပြမႈႀကီးထြားလာေစတဲ့ ယခင္ ဝယ္ယူထားတဲ့ အျခားပိုင္ဆိုင္ မႈမ်ားကို ေရာင္းခ်ဖို႔၊ အဲ့ဒီရင္းႏွီးျမႇဳပ္ႏွံ႔မႈမ်ားကို ျပန္လည္ဆြဲတင္ေပးဖို႔ ျဖစ္ ေၾကာင္း သိရွိရပါတယ္။

႐ုရွားက ယူကရိန္းႏိုင္ငံအတြင္း က်ဴးေက်ာ္ဝင္ေရာက္ျခင္းကဲ့သို႔ ျပင္ပအေၾကာင္းရင္းခံ အက်ိဳးဆက္တို႔ရဲ႕ "မေသခ်ာမေရရာမႈ " ေတြဟာ ေငြေၾကးေဖာင္းပြမႈအေပၚ ထပ္ေလာင္းဖိအားျဖစ္ေစရန္ ဖန္တီးေနၿပီး စီးပြားေရး လုပ္ေဆာင္မႈအေပၚ ခ်ိန္ဆၾကရဖြယ္ ရွိေနေၾကာင္း၊ တ႐ုတ္ႏိုင္ငံမွာ COVID ေရာဂါနဲ႔ ဆက္စပ္ၿပီး ေလာ့ေဒါင္း ကန႔္သတ္ပိတ္ဆို႔ျခင္းမ်ားဟာ ေထာက္ပံ့ေရး ကြင္း ဆက္ျပတ္ေတာက္မႈမ်ားကို ပိုမိုဆိုး႐ြားေစတဲ့အတြက္ ေငြ ေၾကးေဖာင္းပြမႈကို တိုးျမင့္လာေစႏိုင္ေၾကာင္း ဘဏ္မူဝါဒခ်မွတ္ေရးအဖြဲ႕ ဖက္ဒရယ္ပြင့္လင္း ေဈးကြက္ေကာ္မ တီ FOMC ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ႏိုင္ငံအေတာ္မ်ားမ်ားရဲ႕ ဗဟိုဘဏ္မ်ားအေနနဲ႔ ေငြေၾကးေဖာင္းပြမႈဒဏ္မွ စီးပြားေရးလုပ္ငန္းမ်ားနဲ႔ စားသုံးသူ မ်ားကို အကာအကြယ္ေပးရန္အတြက္ ေခ်းေငြကုန္က်စရိတ္မ်ားကို တင္းက်ပ္ေနၾကပါတယ္။ ဒါေပမဲ့ အဲ့ဒီ ေဆာင္႐ြက္မႈေတြဟာ စီးပြားေရးတိုးတက္မႈကို အဟန႔္အတားျဖစ္ေစႏိုင္ၿပီး အေရးႀကီးတဲ့ လုပ္ငန္းေတြမွာ စီးပြားေရးက်ဆင္းမႈျဖစ္လာေအာင္ တြန္းပို႔သလို ျဖစ္လာႏိုင္တယ္လို႔ စိုးရိမ္မႈမ်ားလည္းရွိေနပါတယ္။

ကပ္ေရာဂါေဘးမွာ ဒယီးဒယိုင္ျဖစ္ေနရဆဲ ႏိုင္ငံမ်ားစြာတို႔မွာလဲ ယူကရိန္းစစ္ပြဲေၾကာင့္ ေထာက္ပံ့ေရးကြင္း ဆက္ျပတ္ေတာက္ရတဲ့ ထပ္ေလာင္းဖိအားမ်ားႏွင့္ ရင္ဆိုင္ေနရတဲ့အတြက္ ေဈးႏႈန္းမ်ား ျမင့္တက္လာေနပါတယ္။

တျခားႏိုင္ငံေတြကေငြေၾကးေဖာင္းပြမႈကိုဘယ္လိုတုံ႔ျပန္ေနၾကပါသလဲ။
အတိုးႏႈန္း ႏွိမ့္ခ်တယ္လို႔ မရွိခဲ့ဖူးတဲ့ အေနာက္ႏိုင္ငံအမ်ားစုတို႔ဟာ ၂ဝဝ၈ ခုႏွစ္ ဘ႑ာေရး ထိပ္တိုက္ေတြ႕မႈေနာက္ပိုင္း ၎တို႔ရဲ႕ အတိုး ႏႈန္းကို သုည သို႔မဟုတ္ သုညအနီးတစ္ဝႈိက္မွာ အနည္းႏွင့္အမ်ားဆိုသလို ထိန္းထားေလ့ရွိပါတယ္။

သို႔ေသာ္လဲ ကိုဗစ္ကပ္ေရာဂါက်ေရာက္တဲ့အတြက္ အလုပ္ပ်က္အကိုင္ပ်က္ျဖစ္ရျခင္းနဲ႔ တန္ဖိုးႀကီး ကုသေရး ယႏၲရားမ်ားကို သုံးစြဲရတဲ့ ကမာၻ႔ႏိုင္ငံအမ်ား အျပားတို႔မွာ ေငြေၾကးေဖာင္းပြ လာရပါတယ္။ ဆက္လက္ ျမင့္ တက္ဖို႔ အရွိန္ယူေနဆဲမွာ ယူကရိန္းပဋိပကၡမ်ားက ထပ္ေလာင္းဖိအားေပးလိုက္တဲ့အခါ အထူးသျဖင့္ အစား အေသာက္နဲ႔ ေလာင္စာဆီေဈးႏႈန္းမ်ားဟာ ယခင္နဲ႔ မတူတဲ့ ေဈးႏႈန္းမ်ား ျဖစ္ေပၚ လာရပါတယ္။
ဗုဒၶဟူးေန႔ အေမရိကန္ ဖက္ဒရယ္အရန္ဘဏ္က ေၾကျငာခ်က္မထုတ္ျပန္မီ နာရီပိုင္းအလိုမွာ အိႏၵိယႏိုင္ငံက သူရဲ႕ ဘဏ္တိုးႏႈန္းကို တိုးျမႇင့္ခဲ့ေၾကာင္း ေတြ႕ရွိရပါတယ္။ အာရွရဲ႕ တတိယ အႀကီးဆုံးစီးပြားေရးအဖြဲ႕အစည္း ျဖစ္တဲ့ အိႏၵိယဗဟိုဘဏ္ဟာ ေခ်းငွားစရိတ္ကို အေျခခံအမွတ္ ၄ဝ ကို ၄.၄ဝ ရာခိုင္ႏႈန္းအထိ တိုးျမႇင့္လိုက္ပါတယ္။ ၂ဝ၁၈ ခုႏွစ္ ဩဂုတ္လေနာက္ပိုင္း ပထမဆုံးအႀကိမ္ အတိုးႏႈန္းျမႇင့္တင္မႈဟာ ခ်က္ခ်င္း အက်ိဳးသက္ေရာက္ ေစရမယ္လို႔လဲ ဆိုထားပါတယ္။

"မုန္တိုင္းေတြ အမ်ားအျပားက ၿပိဳင္တူတိုက္ခတ္ေနပါတယ္။ ဒီေန႔ ကြၽန္ေတာ္တို႔ရဲ႕ လုပ္ေဆာင္မႈေတြက သေဘၤာကို တည္ၿငိမ္ေအာင္လုပ္ဖို႔ အေရးႀကီးတဲ့ ေျခလွမ္းေတြပါ" “ ေၾကာက္ခမန္းလိလိ အျဖစ္ရဆုံး ကေတာ့ ဆက္တိုက္ျဖစ္ေပၚ ျပန္ႏွံ႔ေနတဲ့ ေငြေၾကးေဖာင္းပြမႈ ဖိအားေတြဟာ တစ္ေန႔ထက္ တစ္ေန႔ ပိုမိုျပင္းထန္လာျခင္း ပါပဲ..” ဟု အိႏၵိယအရန္ဘဏ္အုပ္ခ်ဳပ္ေရးမႉးက မွတ္ခ်က္ေပးပါတယ္။

ယူကရိန္း ပဋိပကၡေၾကာင့္ စားသုံးဆီမ်ား ျပတ္လပ္သြားၿပီး အိႏၵိယမွာ စားေသာက္ကုန္ ေဈးႏႈန္းမ်ား လ်င္ျမန္စြာ ေဈးတက္လာရတယ္လို႔ အုပခ်ဳပ္ေရးမႉးက ဆက္လက္ေျပာဆိုပါတယ္။ အိႏၵိယႏိုင္ငံဟာ ႏိုင္ငံတကာမွာ စား အုန္းဆီနဲ႔ ပဲပိစပ္ဆီ အပါအဝင္ စားသုံးဆီအမ်ားဆုံး တင္သြင္းေနရတဲ့ တိုင္းျပည္ျဖစ္ပါတယ္။

အဂၤါေန႔တြင္၊ Australia's Reserve ၾသစေၾတးလ်အရန္ဘဏ္ဟာ အေျခခံအခ်က္ ၂၅ ခုကို ေၾကညာခဲ့ရာမွာ ခန႔္မွန္းထားၾကသည္ထက္ ပိုမိုမ်ားျပားေနၿပီး ေငြသားႏႈန္းထားကို ဝ.၃၅ ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ေပးထားတာ ေတြ႕ရပါ တယ္။ ဒါဟာ ဆယ္စုႏွစ္ တစ္ခုေက်ာ္ကာလအတြင္း ပထမဆုံးတိုးျမႇင့္လာတာ ျဖစ္ပါတယ္။

အဂၤလန္ဘဏ္က အတိုးႏႈန္းကို ဝ.၇၅ ရာခိုင္ႏႈန္းမွ ၁ ရာခိုင္ႏႈန္း အထိ စတုတၳအႀကိမ္ေျမာက္အျဖစ္ ၾကာသပေတးေန႔မွာ ျပင္ဆင္သတ္မွတ္လိုက္ပါတယ္။

ဥေရာပဗဟိုဘဏ္ကေတာ့ အဲ့ဒါေတြနဲ႔ ဆန႔္က်င္ဘက္လို႔ ဆိုရမလိုပါဘဲ၊ "အတိုးႏႈန္းျမႇင့္တင္ဖို႔အတြက္ ႀကိဳတင္ လမ္းေၾကာင္းသတ္မွတ္ဖို႔ ေဆြးေႏြးၾကတာ မရွိေသးေၾကာင္း" ဥေရာပဗဟိုဘဏ္ဒုတိယဥကၠ႒က အင္တာဗ်ဴး တစ္ခုမွာေျပာဆိုခဲ့လို႔ျဖစ္ပါတယ္။

https://www.dw.com/en/us-fed-raises-interest-rates-to-tackle-inflation/a-61686332

Related news

© 2021. All rights reserved.