ရုရှားတွင်ပြုလုပ်သော အစားအစာနှင့် ခရီးသွားပြပွဲကို မြန်မာမှ တက်ရောက်ပြသရာ စိတ်ဝင်စားမှုများပြား

283

ချယ်ရီ (NP News) - ဇူလိုင် ၁၄
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်မြို့၌ကျင်းပသော အစားအစာနှင့် ခရီးသွားပြပွဲကို မြန်မာနိုင်ငံမှလည်း တက်ရောက်ပြသခဲ့ပြီး လာရောက်သူများအနေဖြင့် မြန်မာ့ရိုးရာအစားအသောက်၊ အဝတ်ထည်၊ အကအလှများအပေါ် စိတ်ဝင်စားမှုများပြားစွာ ရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါပြပွဲကို ပြီးခဲ့သည့်ဇူလိုင်လ (၁၁ ရက်မှ ၁၃ ရက်)အထိ“In Siberia-THERE is!” ခေါင်းစဉ်ဖြင့် နိုဗိုစီဗစ်ဒေသရှိ စက်မှု၊ ကုန်သွယ်ရေးနှင့် စွန့်ဦးတီထွင်မှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ဆိုက်ဗေးရီးယားရှိ စားသောက်ဆိုင်နှင့် ဟိုတယ်လုပ်ငန်းရှင်များ ဖက်ဒရေးရှင်းတို့ ပူးပေါင်းဆောင်ရွက်ကာ ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးနောင်းနောင်းဟန် ဦးဆောင်မှုနှင့် ညီနောင်အသင်းများက မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားမြှင့်တင်ရေးပြခန်းဖြင့် ပါဝင်ပြသခဲ့ကြောင်း သိရသည်။
ပြပွဲ၏ မြန်မာ ခရီးသွားပြခန်းတွင် မြန်မာ့ရိုးရာအစားအစာများဖြစ်သော မုန့်ဟင်းခါး၊ လက်ဖက်၊ မြန်မာဝိုင်အစရှိသည်တို့ကို နမူနာ ပြင်ဆင်ချက်ပြုတ်ပြသပြီး ပြခန်းသို့ လာရောက်သူများကို ဧည့်ခံကျွေးမွေးခြင်း၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများနှင့် ခရီးသွား ဆွဲဆောင်မှုများအကြောင်း ရှင်းလင်း မိတ်ဆက်ပြောကြားခြင်းနှင့် ရုရှား − မြန်မာ နှစ်နိုင်ငံမှ ဟိုတယ်၊ ခရီးသွားနှင့် အစားအသောက် လုပ်ငန်း ဆောင်ရွက်သူများအချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရန် ချိတ်ဆက်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထို့အပြင် မြန်မာ့ရှေးခေတ်စစ်သူကြီးဝတ်စုံများ၊ မှူးမတ်ဝတ်စုံများ၊ သူငယ်တော်ဝတ်စုံများဖြင့် တွဲဖက်ကာ ဓာတ်ပုံရိုက်ခြင်း၊ မြန်မာ့ရုပ်သေးအက၊ မြန်မာ့ရိုးရာစောင်း၊ ဦးရွှေရိုး ဒေါ်မိုးအကတို့ဖြင့် ဖျော်ဖြေခြင်းတို့ ပြသခဲ့ရာ ပြခန်းသို့ လာရောက်သူများ အထူးစိတ်ဝင်စားကြကြောင်း သိရသည်။
အဆိုပါပြပွဲသို့ ပါဝင်ပြသခြင်းဖြင့် မြန်မာ့ရိုးရာအစားအစာများ၊ မြန်မာ့ယဉ်ကျေးမှု အနုပညာများနှင့် မြန်မာနိုင်ငံ၏ အထင်ကရ ခရီးစဉ်ဒေသများအကြောင်းကို ပြပွဲသို့ လာရောက်သူများထံ တိုက်ရိုက်ဖြန့်ဝေဆောင်ရွက်နိုင်ခြင်း၊ ရုရှားခရီးသွားများ မြန်မာနိုင်ငံ အကြောင်းပိုမိုသိရှိကာ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး ရုရှားခရီးသွားဈေးကွက် မြှင့်တင်နိုင်ရန်အတွက် အထောက်အကူဖြစ်စေမှုအဖြစ် ဆောင်ရွက်နိုင်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
႐ုရွားတြင္ျပဳလုပ္ေသာ အစားအစာႏွင့္ ခရီးသြားျပပြဲကို ျမန္မာမွ တက္ေရာက္ျပသရာ စိတ္ဝင္စားမႈမ်ားျပား
ခ်ယ္ရီ (NP News) - ဇူလိုင္ ၁၄
႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ႏိုဗိုစီဗစ္ၿမိဳ႕၌က်င္းပေသာ အစားအစာႏွင့္ ခရီးသြားျပပြဲကို ျမန္မာႏိုင္ငံမွလည္း တက္ေရာက္ျပသခဲ့ၿပီး လာေရာက္သူမ်ားအေနျဖင့္ ျမန္မာ့႐ိုးရာအစားအေသာက္၊ အဝတ္ထည္၊ အကအလွမ်ားအေပၚ စိတ္ဝင္စားမႈမ်ားျပားစြာ ရွိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါျပပြဲကို ၿပီးခဲ့သည့္ဇူလိုင္လ (၁၁ ရက္မွ ၁၃ ရက္)အထိ“In Siberia-THERE is!” ေခါင္းစဥ္ျဖင့္ ႏိုဗိုစီဗစ္ေဒသရွိ စက္မႈ၊ ကုန္သြယ္ေရးႏွင့္ စြန႔္ဦးတီထြင္မႈဖြံ႕ၿဖိဳးတိုးတက္ေရးဝန္ႀကီးဌာနႏွင့္ ဆိုက္ေဗးရီးယားရွိ စားေသာက္ဆိုင္ႏွင့္ ဟိုတယ္လုပ္ငန္းရွင္မ်ား ဖက္ဒေရးရွင္းတို႔ ပူးေပါင္းေဆာင္႐ြက္ကာ က်င္းပျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္မွ ဒုတိယဥကၠ႒ ဦးေနာင္းေနာင္းဟန္ ဦးေဆာင္မႈႏွင့္ ညီေနာင္အသင္းမ်ားက ျမန္မာႏိုင္ငံကိုယ္စားျပဳ ခရီးသြားျမႇင့္တင္ေရးျပခန္းျဖင့္ ပါဝင္ျပသခဲ့ေၾကာင္း သိရသည္။
ျပပြဲ၏ ျမန္မာ ခရီးသြားျပခန္းတြင္ ျမန္မာ့႐ိုးရာအစားအစာမ်ားျဖစ္ေသာ မုန႔္ဟင္းခါး၊ လက္ဖက္၊ ျမန္မာဝိုင္အစရွိသည္တို႔ကို နမူနာ ျပင္ဆင္ခ်က္ျပဳတ္ျပသၿပီး ျပခန္းသို႔ လာေရာက္သူမ်ားကို ဧည့္ခံေကြၽးေမြးျခင္း၊ ျမန္မာႏိုင္ငံ၏ ခရီးစဥ္ေဒသမ်ားႏွင့္ ခရီးသြား ဆြဲေဆာင္မႈမ်ားအေၾကာင္း ရွင္းလင္း မိတ္ဆက္ေျပာၾကားျခင္းႏွင့္ ႐ုရွား − ျမန္မာ ႏွစ္ႏိုင္ငံမွ ဟိုတယ္၊ ခရီးသြားႏွင့္ အစားအေသာက္ လုပ္ငန္း ေဆာင္႐ြက္သူမ်ားအခ်င္းခ်င္း အျပန္အလွန္ ပူးေပါင္းေဆာင္႐ြက္ႏိုင္ရန္ ခ်ိတ္ဆက္ျခင္းမ်ားကို ေဆာင္႐ြက္ခဲ့ၾကေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ထို႔အျပင္ ျမန္မာ့ေရွးေခတ္စစ္သူႀကီးဝတ္စုံမ်ား၊ မႉးမတ္ဝတ္စုံမ်ား၊ သူငယ္ေတာ္ဝတ္စုံမ်ားျဖင့္ တြဲဖက္ကာ ဓာတ္ပုံ႐ိုက္ျခင္း၊ ျမန္မာ့႐ုပ္ေသးအက၊ ျမန္မာ့႐ိုးရာေစာင္း၊ ဦးေ႐ႊ႐ိုး ေဒၚမိုးအကတို႔ျဖင့္ ေဖ်ာ္ေျဖျခင္းတို႔ ျပသခဲ့ရာ ျပခန္းသို႔ လာေရာက္သူမ်ား အထူးစိတ္ဝင္စားၾကေၾကာင္း သိရသည္။
အဆိုပါျပပြဲသို႔ ပါဝင္ျပသျခင္းျဖင့္ ျမန္မာ့႐ိုးရာအစားအစာမ်ား၊ ျမန္မာ့ယဥ္ေက်းမႈ အႏုပညာမ်ားႏွင့္ ျမန္မာႏိုင္ငံ၏ အထင္ကရ ခရီးစဥ္ေဒသမ်ားအေၾကာင္းကို ျပပြဲသို႔ လာေရာက္သူမ်ားထံ တိုက္႐ိုက္ျဖန႔္ေဝေဆာင္႐ြက္ႏိုင္ျခင္း၊ ႐ုရွားခရီးသြားမ်ား ျမန္မာႏိုင္ငံ အေၾကာင္းပိုမိုသိရွိကာ လာေရာက္လည္ပတ္ရန္ ဖိတ္ေခၚျခင္းတို႔ကို ေဆာင္႐ြက္ႏိုင္ခဲ့ၿပီး ႐ုရွားခရီးသြားေဈးကြက္ ျမႇင့္တင္ႏိုင္ရန္အတြက္ အေထာက္အကူျဖစ္ေစမႈအျဖစ္ ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။