သဘာဝဓာတ်ငွေ့စီမံကိန်းကြီး(၄)ခု သက်တမ်း ကြာမြင့်နေပြီဖြစ်သောကြောင့် စီမံကိန်းအသစ်များ ရှာဖွေတူးဖော်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

 275

သန့်ဇင် (NP News) - စက်တင်ဘာ ၂၄
သဘာဝဓာတ်ငွေ့စီမံကိန်းကြီး(၄)ခု သက်တမ်းကြာမြင့်နေပြီဖြစ်သောကြောင့် စီမံကိန်းအသစ်များ ရှာဖွေတူးဖော်ရန် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ယမန်နေ့ (စက်တင်ဘာ ၂၃ ရက်)၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းအောက်ရှိ ကမ်းလွန်ရေနံအခြေစိုက်စခန်း (သာကေတ)ကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရတနာ၊ ဇောတိက၊ ရဲတံခွန်နှင့် ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းကြီးလေးခုတို့မှ သဘာဝဓာတ်ငွေ့များ ထုတ်လုပ်၍ အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ပြင် ပြည်တွင်းသုံးအဖြစ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများ၊ CNG သုံးမော်တော်ယာဉ်များ၊ စက်ရုံအလုပ်ရုံများအတွက်လည်း သဘာဝဓာတ်ငွေ့များ ဖြန့်ဖြူးပေးလျက်ရှိသဖြင့် နိုင်ငံတော်အတွက် လွန်စွာအရေးကြီးသည့် စီမံကိန်းကြီးများဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
သို့သော် အဆိုပါစီမံကိန်းကြီးများသည် သက်တမ်းကာလအားဖြင့် ကြာမြင့်နေပြီဖြစ်သည့်အတွက် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုမှာ တဖြည်းဖြည်း လျော့နည်းလာပြီဖြစ်သဖြင့် စီမံကိန်းအသစ်များ ရှာဖွေတူးဖော်နိုင်ရေး ကြိုးပမ်းဆောင် ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

ထို့ကြောင့် ကုန်းတွင်း နှင့် ကမ်းလွန်လုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်နိုင်ရန် နိုင်ငံတကာစွမ်းအင် ကုမ္ပဏီများအား လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ရေနံတွင်းသစ်များ နေရာသတ်မှတ်နိုင်ရေး တိုင်းတာရရှိခဲ့သော ဆိုက်စမစ်အချက်အလက်များ ဘူမိရူပဆန်းစစ် အကဲဖြတ်ခြင်းလုပ်ငန်းကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရန်လိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထို့ပြင် ပုဂ္ဂလိကရေနံတူးဖော်ခြင်းလုပ်ငန်းများအား နည်းစနစ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ရေနံလက်ယက်တွင်းလုပ်ငန်း များအစား နည်းစနစ်ကျတွင်း (Standard Well) များ ဖြစ်ပေါ်လာစေရေး အလေးထားဆောင်ရွက်သွားရန်လိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့နောက် ကမ်းလွန်ရေနံ အခြေစိုက်စခန်း(သာကေတ)သည် စွမ်းအင်ဝန်ကြီး ဌာန၏ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းသုံး ပစ္စည်းများအား လက်ခံသိုလှောင်၍ ကုန်းတွင်း၊ ကမ်းလွန် လုပ်ငန်းများအတွက် ထောက်ပံ့ပို့ဆောင်ဖြန့်ဖြူးပေးနေသည့် အရေးပါသော ထောက်ပံ့ ရေးစခန်းတစ်ခု ဖြစ်သဖြင့် ပစ္စည်းများစနစ်တကျ သိုလှောင်သိမ်းဆည်းရန်၊ မီးဘေးလုံခြုံရေးနှင့် စခန်းလုံခြုံရေးအတွက် အလေးထားဆောင်ရွက်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
သဘာဝဓာတ္ေငြ႕စီမံကိန္းႀကီး(၄)ခု သက္တမ္း ၾကာျမင့္ေနၿပီျဖစ္ေသာေၾကာင့္ စီမံကိန္းအသစ္မ်ား ရွာေဖြတူးေဖာ္ရန္ ျပည္ေထာင္စုဝန္ႀကီး တိုက္တြန္း
သန႔္ဇင္ (NP News) - စက္တင္ဘာ ၂၄
သဘာဝဓာတ္ေငြ႕စီမံကိန္းႀကီး(၄)ခု သက္တမ္းၾကာျမင့္ေနၿပီျဖစ္ေသာေၾကာင့္ စီမံကိန္းအသစ္မ်ား ရွာေဖြတူးေဖာ္ရန္ လွ်ပ္စစ္ႏွင့္စြမ္းအင္ဖြံ႕ၿဖိဳးေရးေကာ္မရွင္ဥကၠ႒ ႏိုင္ငံေတာ္သမၼတ႐ုံးဝန္ႀကီးဌာန(၁) ျပည္ေထာင္စုဝန္ႀကီး ဦးတင္ေအာင္စန္းက တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ယမန္ေန႔ (စက္တင္ဘာ ၂၃ ရက္)၊ နံနက္ပိုင္းက ရန္ကုန္တိုင္းေဒသႀကီး သာေကတၿမိဳ႕နယ္ရွိ ျမန္မာ့ေရနံႏွင့္သဘာဝဓာတ္ေငြ႕လုပ္ငန္းေအာက္ရွိ ကမ္းလြန္ေရနံအေျခစိုက္စခန္း (သာေကတ)ကို သြားေရာက္ၾကည့္ရႈစစ္ေဆးစဥ္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ရတနာ၊ ေဇာတိက၊ ရဲတံခြန္ႏွင့္ ေ႐ႊကမ္းလြန္သဘာဝဓာတ္ေငြ႕ စီမံကိန္းႀကီးေလးခုတို႔မွ သဘာဝဓာတ္ေငြ႕မ်ား ထုတ္လုပ္၍ အိမ္နီးခ်င္းႏိုင္ငံမ်ားသို႔ တင္ပို႔ေရာင္းခ်ျခင္းျဖင့္ ႏိုင္ငံေတာ္၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရးကို အေထာက္အကူျဖစ္ေစေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ထို႔ျပင္ ျပည္တြင္းသုံးအျဖစ္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ျခင္းလုပ္ငန္းမ်ား၊ CNG သုံးေမာ္ေတာ္ယာဥ္မ်ား၊ စက္႐ုံအလုပ္႐ုံမ်ားအတြက္လည္း သဘာဝဓာတ္ေငြ႕မ်ား ျဖန႔္ျဖဴးေပးလ်က္ရွိသျဖင့္ ႏိုင္ငံေတာ္အတြက္ လြန္စြာအေရးႀကီးသည့္ စီမံကိန္းႀကီးမ်ားျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
သို႔ေသာ္ အဆိုပါစီမံကိန္းႀကီးမ်ားသည္ သက္တမ္းကာလအားျဖင့္ ၾကာျမင့္ေနၿပီျဖစ္သည့္အတြက္ သဘာဝဓာတ္ေငြ႕ထုတ္လုပ္မႈမွာ တျဖည္းျဖည္း ေလ်ာ့နည္းလာၿပီျဖစ္သျဖင့္ စီမံကိန္းအသစ္မ်ား ရွာေဖြတူးေဖာ္ႏိုင္ေရး ႀကိဳးပမ္းေဆာင္ ႐ြက္သြားရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းေျပာၾကားခဲ့သည္။

ထို႔ေၾကာင့္ ကုန္းတြင္း ႏွင့္ ကမ္းလြန္လုပ္ကြက္မ်ားတြင္ ေရနံႏွင့္သဘာဝဓာတ္ေငြ႕ ရွာေဖြထုတ္လုပ္ႏိုင္ရန္ ႏိုင္ငံတကာစြမ္းအင္ ကုမၸဏီမ်ားအား လာေရာက္ရင္းႏွီးျမႇဳပ္ႏွံႏိုင္ေရး ဖိတ္ေခၚေဆာင္႐ြက္ၾကရန္လိုအပ္ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ေရနံတြင္းသစ္မ်ား ေနရာသတ္မွတ္ႏိုင္ေရး တိုင္းတာရရွိခဲ့ေသာ ဆိုက္စမစ္အခ်က္အလက္မ်ား ဘူမိ႐ူပဆန္းစစ္ အကဲျဖတ္ျခင္းလုပ္ငန္းကို သတ္မွတ္ခ်ိန္အတြင္း ၿပီးစီးေအာင္ ေဆာင္႐ြက္ၾကရန္လိုေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

ထို႔ျပင္ ပုဂၢလိကေရနံတူးေဖာ္ျခင္းလုပ္ငန္းမ်ားအား နည္းစနစ္တက် လုပ္ကိုင္ေဆာင္႐ြက္ႏိုင္ရန္အတြက္ ေရနံလက္ယက္တြင္းလုပ္ငန္း မ်ားအစား နည္းစနစ္က်တြင္း (Standard Well) မ်ား ျဖစ္ေပၚလာေစေရး အေလးထားေဆာင္႐ြက္သြားရန္လိုေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ထို႔ေနာက္ ကမ္းလြန္ေရနံ အေျခစိုက္စခန္း(သာေကတ)သည္ စြမ္းအင္ဝန္ႀကီး ဌာန၏ ေရနံႏွင့္သဘာဝဓာတ္ေငြ႕လုပ္ငန္းသုံး ပစၥည္းမ်ားအား လက္ခံသိုေလွာင္၍ ကုန္းတြင္း၊ ကမ္းလြန္ လုပ္ငန္းမ်ားအတြက္ ေထာက္ပံ့ပို႔ေဆာင္ျဖန႔္ျဖဴးေပးေနသည့္ အေရးပါေသာ ေထာက္ပံ့ ေရးစခန္းတစ္ခု ျဖစ္သျဖင့္ ပစၥည္းမ်ားစနစ္တက် သိုေလွာင္သိမ္းဆည္းရန္၊ မီးေဘးလုံၿခဳံေရးႏွင့္ စခန္းလုံၿခဳံေရးအတြက္ အေလးထားေဆာင္႐ြက္ၾကရန္လည္း ျပည္ေထာင္စုဝန္ႀကီးက မွာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.