ဆန်စပါးအသင်းချုပ်နှင့်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ပူးပေါင်းကာဆန်စပါးကြိတ်ခွဲထုတ်လုပ်မှုသင်တန်းဖွင့်လှစ်

 215

ပြည့်ဖြိုး(NP News) စက်တင်ဘာ၂၂
ဆန်စပါးအသင်းချုပ်နှင့်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတိုပူးပေါင်းကာ ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှုသင်တန်းဖွင့်လှစ်သွားမည်ဟု မြန်မာနိုင်ငံဆန်စပါးသင်းချုပ်မှသိရသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း ဆောင်ရွက်မှုအဖြစ် ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှု နည်းပညာသင်တန်း ကို စက်မှု နည်းပညာ လေ့ကျင့်သင်ကြားရေးသင်တန်းကျောင်းမှာစတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။
" ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရေးနဲ့ပတ်သက်တဲ့ နည်းပညာသင်ကြားမှုပုံစံသင်တန်းကို အစက ဩဂုတ်အတွင်းဖွင့်ဖို့ စီစဉ်ခဲ့တာဖြစ်ပြီး အခုကတော့ စက်တင်ဘာ မှာ သင်တန်းကိုစတင်ခေါ်ယူလိုက်တာဖြစ်ပါတယ်လို့ " မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
သင်တန်းကာလ (၄)လ ဖြစ်ပြီး ၊သင်တန်းပြီးဆုံးပါက ဆန်စက်များတွင် အလုပ်အကိုင်ရရှိနိုင်မည့် Fully Funded Internship Training အဖြစ် သင်တန်းကြေးအခမဲ့ ဖြင့် သင်တန်းကာလ အတွင်း နေထိုင်စားသောက် စရိတ်ငြိမ်း ဖြစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သင်တန်း ကို GTHS, GTI သင်ကြားတက်ရောက်ခဲ့သူများ၊ စက်မှု/လျှပ်စစ်အင်ဂျင်နီယာပညာ သင်ကြားခဲ့သူများ၊ GTHS နဲ့ AGTI ဘွဲ့ရများ၊ ဆန်စက်များနှင့် ကုန်ထုတ်စက်ရုံများတွင် လက်ရှိ တာဝန် ထမ်းဆောင်နေသူ များကို ဝင်ခွင့်အရည်အချင်း စစ်ဆေးသည့်စနစ် (Entry Interview) ဖြင့် သင်တန်းသား/သူ များကို ရွေးချယ်လက်ခံမည်ဖြစ်ကြောင်းသိရသည်။
စိတ်ပါဝင်စားပြီး ၊သတ်မှတ်ချက်ဖြင့် ကိုက်ညီသူများအနေဖြင့် စက်တင်ဘာ ၂၂ ရက် ကနေ အောက်တိုဘာ ၁၀ ရက်အတွင်း ဗဟန်းမြို့နယ်၊S နတ်မောက်လမ်းသွယ် - ၁၊ ဗိုလ်ချို-၂ ၊ ရန်ကုန်ရှိစက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) တို့တွင် လျှောက်ထားသွားနိုင်ကြောင်းသိရှိရသည်။

Zawgyi Version:
ဆန္စပါးအသင္းခ်ဳပ္ႏွင့္သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာနတို႔ပူးေပါင္းကာဆန္စပါးႀကိတ္ခြဲထုတ္လုပ္မႈသင္တန္းဖြင့္လွစ္
ျပည့္ၿဖိဳး(NP News) စက္တင္ဘာ၂၂
ဆန္စပါးအသင္းခ်ဳပ္ႏွင့္သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာနတိုပူးေပါင္းကာ ဆန္စပါးႀကိတ္ခြဲထုတ္လုပ္မႈသင္တန္းဖြင့္လွစ္သြားမည္ဟု ျမန္မာႏိုင္ငံဆန္စပါးသင္းခ်ဳပ္မွသိရသည္။
သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာန၊ နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရး ဦးစီးဌာနႏွင့္ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္တို႔ ပူးေပါင္း ေဆာင္႐ြက္မႈအျဖစ္ ဆန္စပါးႀကိတ္ခြဲထုတ္လုပ္မႈ နည္းပညာသင္တန္း ကို စက္မႈ နည္းပညာ ေလ့က်င့္သင္ၾကားေရးသင္တန္းေက်ာင္းမွာစတင္ဖြင့္လွစ္သြားမည္ျဖစ္သည္။
" ဆန္စပါးႀကိတ္ခြဲထုတ္လုပ္ေရးနဲ႔ပတ္သက္တဲ့ နည္းပညာသင္ၾကားမႈပုံစံသင္တန္းကို အစက ဩဂုတ္အတြင္းဖြင့္ဖို႔ စီစဥ္ခဲ့တာျဖစ္ၿပီး အခုကေတာ့ စက္တင္ဘာ မွာ သင္တန္းကိုစတင္ေခၚယူလိုက္တာျဖစ္ပါတယ္လို႔ " ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွတာဝန္ရွိသူတစ္ဦးက ေျပာသည္။
သင္တန္းကာလ (၄)လ ျဖစ္ၿပီး ၊သင္တန္းၿပီးဆုံးပါက ဆန္စက္မ်ားတြင္ အလုပ္အကိုင္ရရွိႏိုင္မည့္ Fully Funded Internship Training အျဖစ္ သင္တန္းေၾကးအခမဲ့ ျဖင့္ သင္တန္းကာလ အတြင္း ေနထိုင္စားေသာက္ စရိတ္ၿငိမ္း ျဖစ္သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။
သင္တန္း ကို GTHS, GTI သင္ၾကားတက္ေရာက္ခဲ့သူမ်ား၊ စက္မႈ/လွ်ပ္စစ္အင္ဂ်င္နီယာပညာ သင္ၾကားခဲ့သူမ်ား၊ GTHS နဲ႔ AGTI ဘြဲ႕ရမ်ား၊ ဆန္စက္မ်ားႏွင့္ ကုန္ထုတ္စက္႐ုံမ်ားတြင္ လက္ရွိ တာဝန္ ထမ္းေဆာင္ေနသူ မ်ားကို ဝင္ခြင့္အရည္အခ်င္း စစ္ေဆးသည့္စနစ္ (Entry Interview) ျဖင့္ သင္တန္းသား/သူ မ်ားကို ေ႐ြးခ်ယ္လက္ခံမည္ျဖစ္ေၾကာင္းသိရသည္။
စိတ္ပါဝင္စားၿပီး ၊သတ္မွတ္ခ်က္ျဖင့္ ကိုက္ညီသူမ်ားအေနျဖင့္ စက္တင္ဘာ ၂၂ ရက္ ကေန ေအာက္တိုဘာ ၁၀ ရက္အတြင္း ဗဟန္းၿမိဳ႕နယ္၊S နတ္ေမာက္လမ္းသြယ္ - ၁၊ ဗိုလ္ခ်ိဳ-၂ ၊ ရန္ကုန္ရွိစက္မႈနည္းပညာ ေလ့က်င့္သင္ၾကားေရးသင္တန္းေက်ာင္း ႏွင့္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္(MRF) တို႔တြင္ ေလွ်ာက္ထားသြားႏိုင္ေၾကာင္းသိရွိရသည္။

Related news

© 2021. All rights reserved.