အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဒဲလက်စ်လေဆိပ် ၂ ခုမှာ တယ်လီကွန်းများပြတ်တောက်မှုကြောင့် လေယာဉ်ခရီးစဉ် ၁၈၀၀ ကျော် ဖျက်သိမ်းလိုက်ရ

251

ရောင်နီ (NP News) - စက်တင်ဘာ ၂၁
Federal Aviation Administration (FAA) မှ မြေပြင်ရပ်နားဖို့ အချက်ပြတဲ့တယ်လီကွန်းတွေ ပြတ်တောက်မှုကြောင့် အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဒဲလက်စ်လေဆိပ်၂ ခုမှာ လေယာဉ်ခရီးစဉ် ၁၈၀၀ ကျော် နှောင့်နှေးခဲ့ကာ ရာနဲ့ချီတဲ့လေဆိပ်ခရီးစဉ်တွေ ဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၈ ရက်က FAA ဟာ Denver အပြည်ပြည်ဆိုင်ရာလေဆိပ် ချဉ်းကပ်ထိန်းချုပ်ရေး မျှော်စင်နဲ့ Denver လေကြောင်းထိန်းချုပ်မှုအကြား အလိုအလျောက် စနစ်ဆိုင်ရာပြဿနာတွေ ရှိခဲ့ပြီး ပျံသန်းမှုတွေအတွက် manual handoff လုပ်ထုံးလုပ်နည်းတွေ လိုအပ်မှု ရှိခဲ့တာကြောင့် လေယာဉ်ပျံသန်းမှုမှာ ပျမ်းမျှ မိနစ် ၃၀ မှ ၄၅ မိနစ်အထိ နှောင့်နှေးမှုတွေဖြစ်စေခဲ့ပါတယ်။ FAA အနေနဲ့ အကြောင်းရင်းကို ဆုံးဖြတ်ဖို့ ကုမ္ပဏီနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီပျက်တောက်မှုကြောင့် American Airlines မှ လေကြောင်းခရီးစဉ် ၂၀၀ ကျော်ကို ဖျက်သိမ်း၊ ခရီးစဉ် ၅၀၀ ကျော်ကို နှောင့်နှေးခဲ့ရပြီး Southwest လေကြောင်းလိုင်းက လေယာဉ်ခရီးစဉ် ပေါင်း ၁၁၀၀ ကျော် (သို့) ၎င်းရဲ့အချိန်ဇယားရဲ့ ၂၇ ရာခိုင်နှုန်း ရွှေ့ဆိုင်းခဲ့ရတယ်လို့ FlightAware ရဲ့ အဆိုအရ သိရပါတယ်။
FAA ဟာ ၂၀၂၅ ခုနှစ်အတွင်းမှာပဲ ဆက်သွယ်ရေးဆိုင်ရာ ပြဿနာများစွာကို ရင်ဆိုင်နေရတာ တွေ့ရပါတယ်။

Zawgyi Version:
အေမရိကန္ႏိုင္ငံ၊ တကၠဆက္ျပည္နယ္၊ ဒဲလက္စ္ေလဆိပ္ ၂ ခုမွာ တယ္လီကြန္းမ်ားျပတ္ေတာက္မႈေၾကာင့္ ေလယာဥ္ခရီးစဥ္ ၁၈၀၀ ေက်ာ္ ဖ်က္သိမ္းလိုက္ရ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၁
Federal Aviation Administration (FAA) မွ ေျမျပင္ရပ္နားဖို႔ အခ်က္ျပတဲ့တယ္လီကြန္းေတြ ျပတ္ေတာက္မႈေၾကာင့္ အေမရိကန္ႏိုင္ငံ၊ တကၠဆက္ျပည္နယ္၊ ဒဲလက္စ္ေလဆိပ္၂ ခုမွာ ေလယာဥ္ခရီးစဥ္ ၁၈၀၀ ေက်ာ္ ေႏွာင့္ေႏွးခဲ့ကာ ရာနဲ႔ခ်ီတဲ့ေလဆိပ္ခရီးစဥ္ေတြ ဖ်က္သိမ္းလိုက္ရတယ္လို႔ သိရပါတယ္။
စက္တင္ဘာ ၁၈ ရက္က FAA ဟာ Denver အျပည္ျပည္ဆိုင္ရာေလဆိပ္ ခ်ဥ္းကပ္ထိန္းခ်ဳပ္ေရး ေမွ်ာ္စင္နဲ႔ Denver ေလေၾကာင္းထိန္းခ်ဳပ္မႈအၾကား အလိုအေလ်ာက္ စနစ္ဆိုင္ရာျပႆနာေတြ ရွိခဲ့ၿပီး ပ်ံသန္းမႈေတြအတြက္ manual handoff လုပ္ထုံးလုပ္နည္းေတြ လိုအပ္မႈ ရွိခဲ့တာေၾကာင့္ ေလယာဥ္ပ်ံသန္းမႈမွာ ပ်မ္းမွ် မိနစ္ ၃၀ မွ ၄၅ မိနစ္အထိ ေႏွာင့္ေႏွးမႈေတြျဖစ္ေစခဲ့ပါတယ္။ FAA အေနနဲ႔ အေၾကာင္းရင္းကို ဆုံးျဖတ္ဖို႔ ကုမၸဏီနဲ႔ ပူးေပါင္း ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။ ဒီပ်က္ေတာက္မႈေၾကာင့္ American Airlines မွ ေလေၾကာင္းခရီးစဥ္ ၂၀၀ ေက်ာ္ကို ဖ်က္သိမ္း၊ ခရီးစဥ္ ၅၀၀ ေက်ာ္ကို ေႏွာင့္ေႏွးခဲ့ရၿပီး Southwest ေလေၾကာင္းလိုင္းက ေလယာဥ္ခရီးစဥ္ ေပါင္း ၁၁၀၀ ေက်ာ္ (သို႔) ၎ရဲ႕အခ်ိန္ဇယားရဲ႕ ၂၇ ရာခိုင္ႏႈန္း ေ႐ႊ႕ဆိုင္းခဲ့ရတယ္လို႔ FlightAware ရဲ႕ အဆိုအရ သိရပါတယ္။
FAA ဟာ ၂၀၂၅ ခုႏွစ္အတြင္းမွာပဲ ဆက္သြယ္ေရးဆိုင္ရာ ျပႆနာမ်ားစြာကို ရင္ဆိုင္ေနရတာ ေတြ႕ရပါတယ္။