မျောက်ကျောက်ဗိုင်းရပ်စ်ရောဂါနဲ့ပတ်သက်ပြီး ပေါ်တူဂီအစိုးရ စိုးရိမ်မှုမြင့်တက်နေ

 1561

ဂျန်ဇက် (NP News) - မေ ၂ဝ
ပေါ်တူဂီ ကျန်းမာရေးတာဝန်ရှိသူတွေဟာ နိုင်ငံအတွင်း မျောက်ကျောက် monkeypox ရောဂါပျံ့နှံ့ဖြစ်ပွားနေတဲ့အတွက် စိုးရိမ်မှုများဖြစ်ပွားရပေမယ့် ပြည်သူများအနေနဲ့ ကူးစက်ခံရမှု ဘေးအန္တရာယ်နည်းပါးနေသေးတဲ့အတွက် အေးဆေးတည်ငြိမ်စွာနေထိုင်ဖို့ တိုက်တွန်းထားပါတယ်။

ပေါ်တူဂီနိုင်ငံမှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားသူ ၁၄ ဦးရှိနေပြီး အခြားလူ ၂ဝ ဦးကို ကူးစက်ခံထားရဖွယ်ရှိတယ်လို့ ပေါ်တူဂီနိုင်ငံရှိ မျောက်ကျောက်ရောဂါ တားဆီးကုသရေးဌာနပြောရေးဆိုခွင့်ရှိသူ တာဗာရက်စ် က ပြောပါတယ်။

မျောက်ကျောက်ရောဂါဟာ အများအားဖြင့် အပျော့စားဗိုင်းရပ်စ်ရောဂါအမျိုးအစားဖြစ်ပြီး အဖျားရောဂါ နဲ့ အတူထူးခြားတဲ့ အဖုများထွက်ပေါ်လေ့ရှိတယ်လို့ သိရပါတယ်။

အဆိုပါမျောက်ကျောက်ရောဂါဟာ ရောဂါရှိနေသူနဲ့ ထိတွေ့ဆက်ဆံသူများတဆင့် ကူးစက်တတ်ရာ ဗြိတိန်၊ ပေါ်တူဂီ၊ စပိန်၊ အမေရိကန်နဲ့ အခြားနိုင်ငံတို့မှာ မျောက်ကျောက်ဗိုင်းရပ်စ်ရောဂါနဲ့ပတ်သက်ပြီး သတိပေးမှုတွေ ပြုလုပ်ထားရပါတယ်။ အဆိုပါ မျောက်ကျောက်ရောဂါကို မျောက်တွေမှာ ပထမဆုံးတွေ့ရှိရသလို အာဖရိက အနောက်ပိုင်းဒေသများနဲ့ အနောက်ပိုင်းဒေသတို့မှာ အဖြစ်များတဲ့ ဗိုင်းရပ်စ်ရောဂါ ဖြစ်တယ်လို့ သိရပါတယ်။

တာဗာရက်စ်က "ကျန်းမာရေးအာဏာပိုင်တွေဟာ စိုးရိမ်မှုမြင့်နေတယ်။ ကူးစက်မှုများကိုလျော့ချနိုင်ဖို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မှာပါ၊လက်ရှိအချိန်မှာ ကူးစက်ခံရသူအရေအတွက်က နည်းပါးနေတယ်။ ဒီမျောက်ကျောက်ရောဂါဟာ အလွယ်တကူ ကူးစက်နိုင်တဲ့ဗိုင်းရပ်စ်ရောဂါမျိုး မဟုတ်ဘူး" လို့ပြောပါတယ်။

ပေါ်တူဂီနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ မျောက်ကျောက်ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူများကို လိင်ကျန်းမာရေးဆေးခန်းများမှာ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ကူးစက်ခံရသူများဟာ အသက် ၂ဝ နဲ့ ၄ဝ အရွယ်ရှိသူများဖြစ်ပြီး အဲဒီသူအားလုံးဟာ လိင်တူဆက်ဆံသူများ၊ လိင်တူလိင်ကွဲနှစ်မျိုးလုံးကို စိတ်ဝင်စားသူများဖြစ်ကြောင်း တာဗာရက်စ်က ပြောပါတယ်။

ပေါ်တူဂီနိုင်ငံရဲ့အိမ်နီးချင်းဖြစ်တဲ့ စပိန်နိုင်ငံမှာလည်း မျောက်ကျောက်ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူပေါင်း ၂၂ ဦးရှိနေပြီး အဲဒီသူအားလုံးဟာ မက်ဒရစ်မြို့အလယ်ပိုင်းဒေသက လူတွေဖြစ်ကြေငာ်း စပိန်ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

မက်ဒရစ်မြို့ ကျန်းမာရေးအကြီးအကဲအန်တိုနီယို ဇာပါတီရိုက "လာမယ့်ရက်ပိုင်းအတွင်း ကူးစက်ခံရသူအရေအတွက် မြင့်တက်လာနိုင်တယ်" လို့ပြောပါတယ်။

မျောက်ကျောက် ဗိုင်းရစ်ရောဂါနဲ့ပတ်သက်ပြီး ဥရောပနိုင်ငံများ စိုးရိမ်မှုမြင့်တက်နေပြီး ပြင်သစ်၊ အီတလီ၊ ဆွီဒင်၊ ကနေဒါ၊ သြစတြေးလျနိုင်ငံတို့မှာ ကူးစက်သူများတွေ့ရှိခဲ့ပြီး ကနေဒါနိုင်ငံမှာ နှစ်ဦး၊သြစတြေးလျနိုင်ငံမှာတစ်ဦး၊ ပြင်သစ်မှာတစ်ဦး၊ ဆွီဒင်နဲ့ အီတလီနိုင်ငံမှာ တစ်ဦးစီတွေ့ရှိထားကြောင်း သတင်းများအရသိရပါတယ်။

https://www.channelnewsasia.com/world/monkeypox-worries-portuguese-health-body-transmission-risk-low-2693451

Zawgyi Version;
ေမ်ာက္ေက်ာက္ဗိုင္းရပ္စ္ေရာဂါနဲ႔ပတ္သက္ၿပီး ေပၚတူဂီအစိုးရ စိုးရိမ္မႈျမင့္တက္ေန
ဂ်န္ဇက္ (NP News) - ေမ ၂ဝ
ေပၚတူဂီ က်န္းမာေရးတာဝန္ရွိသူေတြဟာ ႏိုင္ငံအတြင္း ေမ်ာက္ေက်ာက္ monkeypox ေရာဂါပ်ံ႕ႏွံ႔ျဖစ္ပြားေနတဲ့အတြက္ စိုးရိမ္မႈမ်ားျဖစ္ပြားရေပမယ့္ ျပည္သူမ်ားအေနနဲ႔ ကူးစက္ခံရမႈ ေဘးအႏၲရာယ္နည္းပါးေနေသးတဲ့အတြက္ ေအးေဆးတည္ၿငိမ္စြာေနထိုင္ဖို႔ တိုက္တြန္းထားပါတယ္။

ေပၚတူဂီႏိုင္ငံမွာ ေမ်ာက္ေက်ာက္ေရာဂါ ျဖစ္ပြားသူ ၁၄ ဦးရွိေနၿပီး အျခားလူ ၂ဝ ဦးကို ကူးစက္ခံထားရဖြယ္ရွိတယ္လို႔ ေပၚတူဂီႏိုင္ငံရွိ ေမ်ာက္ေက်ာက္ေရာဂါ တားဆီးကုသေရးဌာနေျပာေရးဆိုခြင့္ရွိသူ တာဗာရက္စ္ က ေျပာပါတယ္။

ေမ်ာက္ေက်ာက္ေရာဂါဟာ အမ်ားအားျဖင့္ အေပ်ာ့စားဗိုင္းရပ္စ္ေရာဂါအမ်ိဳးအစားျဖစ္ၿပီး အဖ်ားေရာဂါ နဲ႔ အတူထူးျခားတဲ့ အဖုမ်ားထြက္ေပၚေလ့ရွိတယ္လို႔ သိရပါတယ္။

အဆိုပါေမ်ာက္ေက်ာက္ေရာဂါဟာ ေရာဂါရွိေနသူနဲ႔ ထိေတြ႕ဆက္ဆံသူမ်ားတဆင့္ ကူးစက္တတ္ရာ ၿဗိတိန္၊ ေပၚတူဂီ၊ စပိန္၊ အေမရိကန္နဲ႔ အျခားႏိုင္ငံတို႔မွာ ေမ်ာက္ေက်ာက္ဗိုင္းရပ္စ္ေရာဂါနဲ႔ပတ္သက္ၿပီး သတိေပးမႈေတြ ျပဳလုပ္ထားရပါတယ္။ အဆိုပါ ေမ်ာက္ေက်ာက္ေရာဂါကို ေမ်ာက္ေတြမွာ ပထမဆုံးေတြ႕ရွိရသလို အာဖရိက အေနာက္ပိုင္းေဒသမ်ားနဲ႔ အေနာက္ပိုင္းေဒသတို႔မွာ အျဖစ္မ်ားတဲ့ ဗိုင္းရပ္စ္ေရာဂါ ျဖစ္တယ္လို႔ သိရပါတယ္။

တာဗာရက္စ္က "က်န္းမာေရးအာဏာပိုင္ေတြဟာ စိုးရိမ္မႈျမင့္ေနတယ္။ ကူးစက္မႈမ်ားကိုေလ်ာ့ခ်ႏိုင္ဖို႔ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ႏိုင္မွာပါ၊လက္ရွိအခ်ိန္မွာ ကူးစက္ခံရသူအေရအတြက္က နည္းပါးေနတယ္။ ဒီေမ်ာက္ေက်ာက္ေရာဂါဟာ အလြယ္တကူ ကူးစက္ႏိုင္တဲ့ဗိုင္းရပ္စ္ေရာဂါမ်ိဳး မဟုတ္ဘူး" လို႔ေျပာပါတယ္။

ေပၚတူဂီႏိုင္ငံမွာ ေတြ႕ရွိခဲ့တဲ့ ေမ်ာက္ေက်ာက္ဗိုင္းရပ္စ္ေရာဂါ ကူးစက္ခံရသူမ်ားကို လိင္က်န္းမာေရးေဆးခန္းမ်ားမွာ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း၊ ကူးစက္ခံရသူမ်ားဟာ အသက္ ၂ဝ နဲ႔ ၄ဝ အ႐ြယ္ရွိသူမ်ားျဖစ္ၿပီး အဲဒီသူအားလုံးဟာ လိင္တူဆက္ဆံသူမ်ား၊ လိင္တူလိင္ကြဲႏွစ္မ်ိဳးလုံးကို စိတ္ဝင္စားသူမ်ားျဖစ္ေၾကာင္း တာဗာရက္စ္က ေျပာပါတယ္။

ေပၚတူဂီႏိုင္ငံရဲ႕အိမ္နီးခ်င္းျဖစ္တဲ့ စပိန္ႏိုင္ငံမွာလည္း ေမ်ာက္ေက်ာက္ဗိုင္းရပ္စ္ေရာဂါ ကူးစက္ခံရသူေပါင္း ၂၂ ဦးရွိေနၿပီး အဲဒီသူအားလုံးဟာ မက္ဒရစ္ၿမိဳ႕အလယ္ပိုင္းေဒသက လူေတြျဖစ္ေၾကငာ္း စပိန္က်န္းမာေရးအာဏာပိုင္ေတြက ေျပာပါတယ္။

မက္ဒရစ္ၿမိဳ႕ က်န္းမာေရးအႀကီးအကဲအန္တိုနီယို ဇာပါတီ႐ိုက "လာမယ့္ရက္ပိုင္းအတြင္း ကူးစက္ခံရသူအေရအတြက္ ျမင့္တက္လာႏိုင္တယ္" လို႔ေျပာပါတယ္။

ေမ်ာက္ေက်ာက္ ဗိုင္းရစ္ေရာဂါနဲ႔ပတ္သက္ၿပီး ဥေရာပႏိုင္ငံမ်ား စိုးရိမ္မႈျမင့္တက္ေနၿပီး ျပင္သစ္၊ အီတလီ၊ ဆြီဒင္၊ ကေနဒါ၊ ၾသစေၾတးလ်ႏိုင္ငံတို႔မွာ ကူးစက္သူမ်ားေတြ႕ရွိခဲ့ၿပီး ကေနဒါႏိုင္ငံမွာ ႏွစ္ဦး၊ၾသစေၾတးလ်ႏိုင္ငံမွာတစ္ဦး၊ ျပင္သစ္မွာတစ္ဦး၊ ဆြီဒင္နဲ႔ အီတလီႏိုင္ငံမွာ တစ္ဦးစီေတြ႕ရွိထားေၾကာင္း သတင္းမ်ားအရသိရပါတယ္။
https://www.channelnewsasia.com/world/monkeypox-worries-portuguese-health-body-transmission-risk-low-2693451

Related news

© 2021. All rights reserved.