ဘင်္ဂလားဒေ့ရှ်က သီရိလင်္ကာကဲ့သို့ အကျပ်အတည်းဆီသို့ ဦးတည်နေပါသလား?

 1500

Htay Oung (NP News) - မေ ၂၁
သီရိလင်္ကာနိုင်ငံဟာ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း စီးပွားရေးမတည် ငြိမ်မှုများမှာ နစ်မွန်းနေခဲ့ပြီး နိုင်ငံအတွင်း မရှိမဖြစ်လိုအပ်သောပစ္စည်းများ ရှားပါးမှု၊ ဓာတ်ဆီ၊ ဆေးဝါးများနဲ့ နိုင်ငံခြားအရန်ငွေပြတ်လပ်မှုတို့မှ အကျပ်အတည်းစတင်ခဲ့ကြောင်း၊ သီရိလင်္ကာနည်းတူ ဘင်္ဂလားဒေ့ရှ်ဟာလည်း “ဆင်ဖြူတော်ပရောဂျက်"လို့ ဝေဖန်သူများပြောင်လှောင်ကြတဲ့ ကုန်ကျစရိတ်ကြီးမားသလောက် အသုံးမဝင်တဲ့ စီမံကိန်းများအတွက် နိုင်ငံခြားချေးငွေ တနင့်တပိုးကြီး ရယူထားတဲ့ နိုင်ငံဖြစ်နေတယ်လို့ ဂျာမန်အစိုးရပိုင် ဘွန်းမြို့အခြေစိုက် (DW) Deutsche Welle မေလ ၁၈ ရက်က ရေးသားပါတယ်။

သီရိလင်္ကာမှာအစိုးရအပေါ်မကျေနပ်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ ပြည်သူတို့ရဲ့ ဒေါသအမျက်ဟာ လူထုဆန္ဒပြမှုများနဲ့ နိုင်ငံရေး ကသောင်းက နင်းများကို ဖြစ်စေခဲ့ပါတယ်။ ဝန်ကြီးချုပ် မဟိန္ဒြာရာဂျာပက်ဆာလည်း အစိုးရအဖွဲ့မှ နှုတ်ထွက်ရလိုက်ရပြီး ဝန်ကြီးချုပ်သစ် ခန့်အပ်ခြင်းတို့ ဖြစ်ခဲ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကုန်သွယ်ရေးလိုငွေပြမှုနဲ့ နိုင်ငံခြားကြွေးမြီ ဝန် ထုပ်ဝန်ပိုးများ မြင့်တက်လာခြင်းကြောင့် သီရိလင်္ကာနဲ့ အလားတူအခြေအနေမျိုးကို ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ပြည်သူအများစုတို့က စိုးရိမ်နေကြပါတယ်။

၂ဝ၂၁-၂ဝ၂၂ ခုနှစ် ပထမ ၉ လမှာ ဘင်္ဂလားဒေ့ရှ်ဟာ ကန်ဒေါ်လာ ၆၁.၅၂ ဘီလျံတန်ဖိုးရှိ ကုန်ပစ္စည်းများကို တင်သွင်းခဲ့ပြီး လွန်ခဲ့တဲ့နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်မယ်ဆိုလျှင် ၄၃.၉ ရာခိုင်နှုန်းတိုးမြင့်လာခြင်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ဒါပေမဲ့ နိုင်ငံရဲ့ အဓိကဝင်ငွေဖြစ်တဲ့ ပြည်ပရောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများထံမှ ငွေလွှဲမှုများမှာတော့ ၂ဝ၂၂ ခုနှစ် ပထမ လေးလပတ်မှာ ယခင်နှစ်ထက် ၂ဝရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ပြီး ၇ ဘီလျံသာရရှိခဲ့ပါတယ်။ တချိန်တည်းမှာဘဲ ပြည်ပကုန်တင်ပို့မှုမှာလည်း ၃၂.၉ ရာခိုင်နှုန်း နှေးကွေးမှု ဆိုးရွားခဲ့ပါတယ်။

ပို့ကုန်ထက် သွင်းကုန်ပမာဏအရှိန်အဟုန်ဖြင့် မြင့်တက်လာတဲ့အတွက် လာမယ့်နှစ်များမှာ ကုန်သွယ်မှုလိုငွေပြမှု ပိုမိုများပြားလာနိုင်ဖွယ်ရှိတာကို ဘင်္ဂလားဒေ့ရှ် စစ်တကောင်းတက္ကသိုလ်ပါမောက္ခဟောင်း စီးပွားရေး ပညာရှင် မူရီနျူအစ္စလာမ်က စိုးရိမ်ပါတယ်။

“ဒီနှစ် သွင်းကုန်ပမာဏဟာ အမေရိကန်ဒေါ်လာ ၈၅ ဘီလျံအထိ ရောက်ရှိမယ်လို့ တွေ့ရှိရပြီး ပို့ကုန်တန်ဖိုးကတော့ ဒေါ်လာ ၅ဝ ဘီလျံထက် ပိုစရာလမ်းမြင်ပါဘူး။ အဲ့ဒီမှာ ကုန်သွယ်ရေးလိုငွေပြတဲ့ ဒေါ်လာ ၃၅ ဘီလီယံကို ပြည်ပရောက်နိုင်ငံသားများထံမှ ငွေလွှဲမှုနဲ့ ဖြည့်ဆည်းနိုင်ဖို့ မဖြစ်နိုင်ပါဘူး၊ ဒီနှစ်မှာ ဒေါ်လာ ၁ဝ ဘီလျံလောက်သာ ရှားရှားပါးပါး ပြန်ပို့နိုင်ပါလိမ့်မယ် " လို့ ပါမောက အစ္စလာမ်က DW ကို တွက်ပြပါတယ်။

လွန်ခဲ့တဲ့ ၈ လအတွင်း ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံခြားငွေ အရန်ငွေပမာဏဟာ ကန်ဒေါ်လာ ၄၈ ဘီလျံမှ ၄၂ ဘီလျံသို့ ကျဆင်းသွားကြောင်း ကျွမ်းကျင်သူက ထောက်ပြကြပါတယ်။ လာမည့်လများအတွင်း အဲ့ဒီပမာဏဟာ နောက်ထပ် ဒေါ်လာ ၄ ဘီလျံထပ်မံကျဆင်းသွားဖွယ်ရှိတာကိုလည်း စိုးရိမ်နေကြပါတယ်။

“ကုန်တင်ပို့မှုနဲ့ယှဉ်လျှင် သွင်းကုန်တန်ဖိုးက ပိုမိုများပြားနေတဲ့ လမ်း ကြောင်းအတိုင်းသာ ဆက်သွားနေပြီး အဲ့ဒီနှစ်ခုအကြားကွာဟချက်ကို လျော့ချဖို့ ပျက်ကွက်နေမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံခြားအရန်ငွေ ပမာဏဟာ လာမယ့် ၃ နှစ်ကနေ ၄ နှစ်အတွင်းမှာ အန္တရာယ်ရှိတဲ့ အဆင့်အထိ ထိုးကျသွားမှာဖြစ်ပါတယ်၊ ဘာ့ကြောင့်လဲဆိုတော့ လော လောဆယ်မှာပဲ ဘင်္ဂလားဒေ့ရှ်သုံး တာကာငွေတန်ဖိုးဟာ အမေရိကန်ဒေါ်လာနဲ့ နှိုင်းယှဉ်လျှင် သိသိသာသာ ကျဆင်းနေတာ တွေ့ရပါတယ်..” လို့ အစ္စလာမ်က ဆက်လက်ရှင်းပြပါတယ်။

သီရိလင်္ကာနည်းတူ ဘင်္ဂလားဒေ့ရှ်လည်း ဆင်ဖြူတော် ပရော့ဂျက်များအတွက် မကြာသေးမီနှစ်များအတွင်း နိုင်ငံခြားချေးငွေအမြောက်အများ ရယူထားခဲ့ပါတယ်။ ဈေးကြီးသော်လည်း အကျိုးကျေးဇူးမဖြစ်ထွန်း၊ လည်ပတ်ဖို့နဲ့ ထိန်းသိမ်းဖို့ စရိတ်ကြီးမြင့်တဲ့အတွက် အကြွေးများ ပြန်ဆပ်ရမည့် အချိန်ရောက်တဲ့အခါ အဲ့ဒီမလိုလားအပ်တဲ့ စီမံကိန်းများကြောင့် နိုင်ငံမှာ ဒုက္ခဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

"လျှပ်စစ်ဓါတ်အား ၂၄ဝဝ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်တဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံအတွက် ရုရှားဆီက ဒေါ်လာ ၁၂ ဘီလျံချေးယူထားပါတယ်။ အကြွေးပြန်ဆပ်ရမည့်ကာလကို အနှစ် ၂ဝ အတွင်းလို့ သတ် မှတ်ထားပေမဲ့ ၂ဝ၂၅ ခုနှစ်ကနေ အရစ်ကျပြန်ဆပ်ရရင် တစ်နှစ်ကို ဒေါ်လာ ၅၆၅ သန်း ပေးရတော့မည့်ကိန်းဆိုက်နေပါတယ်" အဲ့ဒါအဆိုးရွားဆုံး ဆင်ဖြူတော် စီမံကိန်းပဲ " လို့ ထောက်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်က ရယူထားတဲ့ စုစုပေါင်း နိုင်ငံခြားချေးငွေများအတွက် ၂ဝ၂၄ ခုနှစ်မှ စတင်ပြီး အရစ်ကျအနေနဲ ပြန်ဆပ်ရသည့်တိုင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၄ ဘီလျံဆပ်ရဖွယ်ရှိကြောင်း၊ “အကြီးစားမဟာပရောဂျက်များထံမှ ဝင်ငွေအပြည့်အဝပြန်လည်မရရှိမီ အဲ့ဒီလောက်များတဲ့ ချေးငွေများကို ပြန်မဆပ်နိုင်တော့မှာကို စိုးရိမ်မိတယ်” လို့ ပါမောက္ခဟောင်း စီးပွားရေး ပညာရှင်က အလေးအနက် ပြောပြပါတယ်။

နိုင်ငံခြား ကြွေးမြီနဲ့ ကုန်သွယ်ရေး လိုငွေပြမှုများ ကြုံတွေ့နေရစဉ် မရှိမဖြစ်ပစ္စည်းတို့ရဲ့ ဈေးနှုန်းများ မြင့်တက်လာခြင်းဟာလည်း ပြဿနာထပ်ဆောင်းသလိုဖြစ်လာပါတယ်။ ဖေဖော်ဝါရီလနှောင်းပိုင်းမှာ စတင်ခဲ့တဲ့ ရုရှား-ယူကရိန်းစစ်ပွဲကလည်း ဘင်္ဂလားဒေ့ရှ်ငွေကြေးဖောင်းပွမှု ဖိအားကို တိုးမြင့်စေခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ဟင်းချက်ဆီ၊ ဂျုံနဲ့ အခြားစားနပ်ရိက္ခာပစ္စည်းများအပြင် လောင်စာဆီကဲ့သို့သော ကုန်ပစ္စည်းအများအပြားကို တင်သွင်းရတဲ့ နိုင်ငံဖြစ်ခြင်းကြောင့် အထူးသဖြင့် ထိခိုက်လွယ်လှပါတယ်။ အခြေခံကုန်ပစ္စည်းများရဲ့ အဆမတန် ဈေးနှုန်းမြင့်တက်ခြင်းမှာ အများဆုံးဒုက္ခရောက်နေကြရတာက တစ်နေ့လုပ် တစ်နေ့စား ဆင်းရဲနွမ်းပါးသူများ ဖြစ်နေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ဒါကာရုံးခွဲမှ ဘင်္ဂလားဒေ့ရှ်စီးပွားရေးပညာရှင် နာ့ဇ်နီး အာမက်က ပြောပါတယ်။

“အစိုးရအနေနဲ့ ဆင်းရဲနွမ်းပါးသူတွေကို အခြေခံကုန်ပစ္စည်းတွေကို ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။ လူမှုဖူလုံရေးစနစ်အရ သူတို့အတွက် အပိုဘဏ္ဍာရေး အထောက်အပံ့တွေလည်း ပေးသင့်တယ်”လို့ မှတ်ချက် ပြုပါတယ်။ သို့သော် ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝှန်းလုံး စီးပွားရေးကျဆင်းနေရာက ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ လက်ရှိစီးပွားရေးညွှန်းကိန်းများ တိုးတက်လာနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်ရဲ့ အလားအလာများနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူ အာမက်က အကောင်းမြင်နေဆဲဖြစ်ပါတယ်။

အကျင့်ပျက်ခြစားမှုတွေကို ထိထိရောက်ရောက်ကိုင်တွယ်ပြီး ပရောဂျက်ကြီးတွေကို ဖိဖိစီးစီးလုပ်နိုင်ခဲ့လျှင် စီးပွားရေး ပြန်လည်တိုးတက်လာနိုင်ကြောင်း၊ ကိုဗစ်ရဲ့ ဒဏ်ရာဒဏ်ချက်များမှာ ပြန်လည်ထူထောင်စ တစ်ကမ္ဘာလုံးမှာ ငွေကြေးဖောင်းပွမှုဖြစ်လာခဲ့ကြောင်း၊ ယူကရိန်းစစ်ပွဲက မရေရာ မသေချာမှုများကို ထပ်ဆောင်း ပေးနေစဉ် သီရိလင်္ကာရဲ့ စီးပွားရေးအကျပ်အတည်းကလည်း အကြောက်တရားတွေကို ဖန်တီးပေးခဲ့ခြင်းဖြစ်ကြောင်း၊ လာမည့်နှစ်များအတွင်း ကြီးကြီးမားမား အဖြစ်အပျက်များ မရှိခဲ့လျှင် ကမ္ဘာ့စီးပွားရေးမှာ ပြန်လည် ကောင်းမွန်လာနိုင်ကြောင်း ကုလဖွံ့ဖြိုးမှုအစီအစဉ်မှ စီးပွားရေးပညာရှင်က ယုံကြည်ပါတယ်။

https://www.dw.com/en/is-bangladesh-heading-toward-a-sri-lanka-like-crisis/a-61838597

zawgyi verison
ဘဂၤလားေဒ့ရွ္က သီရိလကၤာကဲ့သို႔ အက်ပ္အတည္းဆီသို႔ ဦးတည္ေနပါသလား?
Htay Oung (NP News) - ေမ ၂၁

သီရိလကၤာႏိုင္ငံဟာ လြန္ခဲ့တဲ့ လအနည္းငယ္အတြင္း စီးပြားေရးမတည္ ၿငိမ္မႈမ်ားမွာ နစ္မြန္းေနခဲ့ၿပီး ႏိုင္ငံအတြင္း မရွိမျဖစ္လိုအပ္ေသာပစၥည္းမ်ား ရွားပါးမႈ၊ ဓာတ္ဆီ၊ ေဆးဝါးမ်ားနဲ႔ ႏိုင္ငံျခားအရန္ေငြျပတ္လပ္မႈတို႔မွ အက်ပ္အတည္းစတင္ခဲ့ေၾကာင္း၊ သီရိလကၤာနည္းတူ ဘဂၤလားေဒ့ရွ္ဟာလည္း “ဆင္ျဖဴေတာ္ပေရာဂ်က္"လို႔ ေဝဖန္သူမ်ားေျပာင္ေလွာင္ၾကတဲ့ ကုန္က်စရိတ္ႀကီးမားသေလာက္ အသုံးမဝင္တဲ့ စီမံကိန္းမ်ားအတြက္ ႏိုင္ငံျခားေခ်းေငြ တနင့္တပိုးႀကီး ရယူထားတဲ့ ႏိုင္ငံျဖစ္ေနတယ္လို႔ ဂ်ာမန္အစိုးရပိုင္ ဘြန္းၿမိဳ႕အေျခစိုက္ (DW) Deutsche Welle ေမလ ၁၈ ရက္က ေရးသားပါတယ္။

သီရိလကၤာမွာအစိုးရအေပၚမေက်နပ္တဲ့အတြက္ ျဖစ္ေပၚလာတဲ့ ျပည္သူတို႔ရဲ႕ ေဒါသအမ်က္ဟာ လူထုဆႏၵျပမႈမ်ားနဲ႔ ႏိုင္ငံေရး ကေသာင္းက နင္းမ်ားကို ျဖစ္ေစခဲ့ပါတယ္။ ဝန္ႀကီးခ်ဳပ္ မဟိျႏၵာရာဂ်ာပက္ဆာလည္း အစိုးရအဖြဲ႕မွ ႏႈတ္ထြက္ရလိုက္ရၿပီး ဝန္ႀကီးခ်ဳပ္သစ္ ခန႔္အပ္ျခင္းတို႔ ျဖစ္ခဲ့ရပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ ကုန္သြယ္ေရးလိုေငြျပမႈနဲ႔ ႏိုင္ငံျခားေႂကြးၿမီ ဝန္ ထုပ္ဝန္ပိုးမ်ား ျမင့္တက္လာျခင္းေၾကာင့္ သီရိလကၤာနဲ႔ အလားတူအေျခအေနမ်ိဳးကို ရင္ဆိုင္ရဖြယ္ရွိတယ္လို႔ ျပည္သူအမ်ားစုတို႔က စိုးရိမ္ေနၾကပါတယ္။

၂ဝ၂၁-၂ဝ၂၂ ခုႏွစ္ ပထမ ၉ လမွာ ဘဂၤလားေဒ့ရွ္ဟာ ကန္ေဒၚလာ ၆၁.၅၂ ဘီလ်ံတန္ဖိုးရွိ ကုန္ပစၥည္းမ်ားကို တင္သြင္းခဲ့ၿပီး လြန္ခဲ့တဲ့ႏွစ္ အလားတူကာလနဲ႔ ႏႈိင္းယွဥ္မယ္ဆိုလွ်င္ ၄၃.၉ ရာခိုင္ႏႈန္းတိုးျမင့္လာျခင္းျဖစ္ေၾကာင္း ေတြ႕ရွိရပါတယ္။

ဒါေပမဲ့ ႏိုင္ငံရဲ႕ အဓိကဝင္ေငြျဖစ္တဲ့ ျပည္ပေရာက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသားမ်ားထံမွ ေငြလႊဲမႈမ်ားမွာေတာ့ ၂ဝ၂၂ ခုႏွစ္ ပထမ ေလးလပတ္မွာ ယခင္ႏွစ္ထက္ ၂ဝရာခိုင္ႏႈန္းခန႔္ က်ဆင္းသြားခဲ့ၿပီး ၇ ဘီလ်ံသာရရွိခဲ့ပါတယ္။ တခ်ိန္တည္းမွာဘဲ ျပည္ပကုန္တင္ပို႔မႈမွာလည္း ၃၂.၉ ရာခိုင္ႏႈန္း ေႏွးေကြးမႈ ဆိုး႐ြားခဲ့ပါတယ္။

ပို႔ကုန္ထက္ သြင္းကုန္ပမာဏအရွိန္အဟုန္ျဖင့္ ျမင့္တက္လာတဲ့အတြက္ လာမယ့္ႏွစ္မ်ားမွာ ကုန္သြယ္မႈလိုေငြျပမႈ ပိုမိုမ်ားျပားလာႏိုင္ဖြယ္ရွိတာကို ဘဂၤလားေဒ့ရွ္ စစ္တေကာင္းတကၠသိုလ္ပါေမာကၡေဟာင္း စီးပြားေရး ပညာရွင္ မူရီန်ဴအစၥလာမ္က စိုးရိမ္ပါတယ္။

“ဒီႏွစ္ သြင္းကုန္ပမာဏဟာ အေမရိကန္ေဒၚလာ ၈၅ ဘီလ်ံအထိ ေရာက္ရွိမယ္လို႔ ေတြ႕ရွိရၿပီး ပို႔ကုန္တန္ဖိုးကေတာ့ ေဒၚလာ ၅ဝ ဘီလ်ံထက္ ပိုစရာလမ္းျမင္ပါဘူး။ အဲ့ဒီမွာ ကုန္သြယ္ေရးလိုေငြျပတဲ့ ေဒၚလာ ၃၅ ဘီလီယံကို ျပည္ပေရာက္ႏိုင္ငံသားမ်ားထံမွ ေငြလႊဲမႈနဲ႔ ျဖည့္ဆည္းႏိုင္ဖို႔ မျဖစ္ႏိုင္ပါဘူး၊ ဒီႏွစ္မွာ ေဒၚလာ ၁ဝ ဘီလ်ံေလာက္သာ ရွားရွားပါးပါး ျပန္ပို႔ႏိုင္ပါလိမ့္မယ္ " လို႔ ပါေမာက အစၥလာမ္က DW ကို တြက္ျပပါတယ္။

လြန္ခဲ့တဲ့ ၈ လအတြင္း ဘဂၤလားေဒ့ရွ္ရဲ႕ ႏိုင္ငံျခားေငြ အရန္ေငြပမာဏဟာ ကန္ေဒၚလာ ၄၈ ဘီလ်ံမွ ၄၂ ဘီလ်ံသို႔ က်ဆင္းသြားေၾကာင္း ကြၽမ္းက်င္သူက ေထာက္ျပၾကပါတယ္။ လာမည့္လမ်ားအတြင္း အဲ့ဒီပမာဏဟာ ေနာက္ထပ္ ေဒၚလာ ၄ ဘီလ်ံထပ္မံက်ဆင္းသြားဖြယ္ရွိတာကိုလည္း စိုးရိမ္ေနၾကပါတယ္။

“ကုန္တင္ပို႔မႈနဲ႔ယွဥ္လွ်င္ သြင္းကုန္တန္ဖိုးက ပိုမိုမ်ားျပားေနတဲ့ လမ္း ေၾကာင္းအတိုင္းသာ ဆက္သြားေနၿပီး အဲ့ဒီႏွစ္ခုအၾကားကြာဟခ်က္ကို ေလ်ာ့ခ်ဖို႔ ပ်က္ကြက္ေနမယ္ဆိုရင္ ဘဂၤလားေဒ့ရွ္ရဲ႕ ႏိုင္ငံျခားအရန္ေငြ ပမာဏဟာ လာမယ့္ ၃ ႏွစ္ကေန ၄ ႏွစ္အတြင္းမွာ အႏၲရာယ္ရွိတဲ့ အဆင့္အထိ ထိုးက်သြားမွာျဖစ္ပါတယ္၊ ဘာ့ေၾကာင့္လဲဆိုေတာ့ ေလာ ေလာဆယ္မွာပဲ ဘဂၤလားေဒ့ရွ္သုံး တာကာေငြတန္ဖိုးဟာ အေမရိကန္ေဒၚလာနဲ႔ ႏႈိင္းယွဥ္လွ်င္ သိသိသာသာ က်ဆင္းေနတာ ေတြ႕ရပါတယ္..” လို႔ အစၥလာမ္က ဆက္လက္ရွင္းျပပါတယ္။

သီရိလကၤာနည္းတူ ဘဂၤလားေဒ့ရွ္လည္း ဆင္ျဖဴေတာ္ ပေရာ့ဂ်က္မ်ားအတြက္ မၾကာေသးမီႏွစ္မ်ားအတြင္း ႏိုင္ငံျခားေခ်းေငြအေျမာက္အမ်ား ရယူထားခဲ့ပါတယ္။ ေဈးႀကီးေသာ္လည္း အက်ိဳးေက်းဇူးမျဖစ္ထြန္း၊ လည္ပတ္ဖို႔နဲ႔ ထိန္းသိမ္းဖို႔ စရိတ္ႀကီးျမင့္တဲ့အတြက္ အေႂကြးမ်ား ျပန္ဆပ္ရမည့္ အခ်ိန္ေရာက္တဲ့အခါ အဲ့ဒီမလိုလားအပ္တဲ့ စီမံကိန္းမ်ားေၾကာင့္ ႏိုင္ငံမွာ ဒုကၡျဖစ္ေစႏိုင္တယ္လို႔ ဆိုပါတယ္။

"လွ်ပ္စစ္ဓါတ္အား ၂၄ဝဝ မဂၢါဝပ္သာ ထုတ္လုပ္ႏိုင္တဲ့ န်ဴကလီးယား ဓာတ္အားေပးစက္႐ုံအတြက္ ႐ုရွားဆီက ေဒၚလာ ၁၂ ဘီလ်ံေခ်းယူထားပါတယ္။ အေႂကြးျပန္ဆပ္ရမည့္ကာလကို အႏွစ္ ၂ဝ အတြင္းလို႔ သတ္ မွတ္ထားေပမဲ့ ၂ဝ၂၅ ခုႏွစ္ကေန အရစ္က်ျပန္ဆပ္ရရင္ တစ္ႏွစ္ကို ေဒၚလာ ၅၆၅ သန္း ေပးရေတာ့မည့္ကိန္းဆိုက္ေနပါတယ္" အဲ့ဒါအဆိုး႐ြားဆုံး ဆင္ျဖဴေတာ္ စီမံကိန္းပဲ " လို႔ ေထာက္ျပပါတယ္။

ဘဂၤလားေဒ့ရွ္က ရယူထားတဲ့ စုစုေပါင္း ႏိုင္ငံျခားေခ်းေငြမ်ားအတြက္ ၂ဝ၂၄ ခုႏွစ္မွ စတင္ၿပီး အရစ္က်အေနနဲ ျပန္ဆပ္ရသည့္တိုင္ တစ္ႏွစ္လွ်င္ အေမရိကန္ေဒၚလာ ၄ ဘီလ်ံဆပ္ရဖြယ္ရွိေၾကာင္း၊ “အႀကီးစားမဟာပေရာဂ်က္မ်ားထံမွ ဝင္ေငြအျပည့္အဝျပန္လည္မရရွိမီ အဲ့ဒီေလာက္မ်ားတဲ့ ေခ်းေငြမ်ားကို ျပန္မဆပ္ႏိုင္ေတာ့မွာကို စိုးရိမ္မိတယ္” လို႔ ပါေမာကၡေဟာင္း စီးပြားေရး ပညာရွင္က အေလးအနက္ ေျပာျပပါတယ္။

ႏိုင္ငံျခား ေႂကြးၿမီနဲ႔ ကုန္သြယ္ေရး လိုေငြျပမႈမ်ား ႀကဳံေတြ႕ေနရစဥ္ မရွိမျဖစ္ပစၥည္းတို႔ရဲ႕ ေဈးႏႈန္းမ်ား ျမင့္တက္လာျခင္းဟာလည္း ျပႆနာထပ္ေဆာင္းသလိုျဖစ္လာပါတယ္။ ေဖေဖာ္ဝါရီလေႏွာင္းပိုင္းမွာ စတင္ခဲ့တဲ့ ႐ုရွား-ယူကရိန္းစစ္ပြဲကလည္း ဘဂၤလားေဒ့ရွ္ေငြေၾကးေဖာင္းပြမႈ ဖိအားကို တိုးျမင့္ေစခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ဟာ ဟင္းခ်က္ဆီ၊ ဂ်ဳံနဲ႔ အျခားစားနပ္ရိကၡာပစၥည္းမ်ားအျပင္ ေလာင္စာဆီကဲ့သို႔ေသာ ကုန္ပစၥည္းအမ်ားအျပားကို တင္သြင္းရတဲ့ ႏိုင္ငံျဖစ္ျခင္းေၾကာင့္ အထူးသျဖင့္ ထိခိုက္လြယ္လွပါတယ္။ အေျခခံကုန္ပစၥည္းမ်ားရဲ႕ အဆမတန္ ေဈးႏႈန္းျမင့္တက္ျခင္းမွာ အမ်ားဆုံးဒုကၡေရာက္ေနၾကရတာက တစ္ေန႔လုပ္ တစ္ေန႔စား ဆင္းရဲႏြမ္းပါးသူမ်ား ျဖစ္ေနတယ္လို႔ ကုလသမဂၢဖြံ႕ၿဖိဳးမႈအစီအစဥ္ UNDP ဒါကာ႐ုံးခြဲမွ ဘဂၤလားေဒ့ရွ္စီးပြားေရးပညာရွင္ နာ့ဇ္နီး အာမက္က ေျပာပါတယ္။

“အစိုးရအေနနဲ႔ ဆင္းရဲႏြမ္းပါးသူေတြကို အေျခခံကုန္ပစၥည္းေတြကို ေထာက္ပံ့ေပးဖို႔ လိုအပ္ပါတယ္။ လူမႈဖူလုံေရးစနစ္အရ သူတို႔အတြက္ အပိုဘ႑ာေရး အေထာက္အပံ့ေတြလည္း ေပးသင့္တယ္”လို႔ မွတ္ခ်က္ ျပဳပါတယ္။ သို႔ေသာ္ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ကမာၻတစ္ဝွန္းလုံး စီးပြားေရးက်ဆင္းေနရာက ျပန္လည္ေကာင္းမြန္လာသည္ႏွင့္အမွ် လက္ရွိစီးပြားေရးၫႊန္းကိန္းမ်ား တိုးတက္လာႏိုင္ေၾကာင္း ဘဂၤလားေဒ့ရွ္ရဲ႕ အလားအလာမ်ားႏွင့္ ပတ္သက္ၿပီး ကြၽမ္းက်င္သူ အာမက္က အေကာင္းျမင္ေနဆဲျဖစ္ပါတယ္။

အက်င့္ပ်က္ျခစားမႈေတြကို ထိထိေရာက္ေရာက္ကိုင္တြယ္ၿပီး ပေရာဂ်က္ႀကီးေတြကို ဖိဖိစီးစီးလုပ္ႏိုင္ခဲ့လွ်င္ စီးပြားေရး ျပန္လည္တိုးတက္လာႏိုင္ေၾကာင္း၊ ကိုဗစ္ရဲ႕ ဒဏ္ရာဒဏ္ခ်က္မ်ားမွာ ျပန္လည္ထူေထာင္စ တစ္ကမာၻလုံးမွာ ေငြေၾကးေဖာင္းပြမႈျဖစ္လာခဲ့ေၾကာင္း၊ ယူကရိန္းစစ္ပြဲက မေရရာ မေသခ်ာမႈမ်ားကို ထပ္ေဆာင္း ေပးေနစဥ္ သီရိလကၤာရဲ႕ စီးပြားေရးအက်ပ္အတည္းကလည္း အေၾကာက္တရားေတြကို ဖန္တီးေပးခဲ့ျခင္းျဖစ္ေၾကာင္း၊ လာမည့္ႏွစ္မ်ားအတြင္း ႀကီးႀကီးမားမား အျဖစ္အပ်က္မ်ား မရွိခဲ့လွ်င္ ကမာၻ႔စီးပြားေရးမွာ ျပန္လည္ ေကာင္းမြန္လာႏိုင္ေၾကာင္း ကုလဖြံ႕ၿဖိဳးမႈအစီအစဥ္မွ စီးပြားေရးပညာရွင္က ယုံၾကည္ပါတယ္။

https://www.dw.com/en/is-bangladesh-heading-toward-a-sri-lanka-like-crisis/a-61838597

Related news

© 2021. All rights reserved.