ကုသရေးဦးစီးဌာနအတွက် ဆရာဝန် ၁ဝဝဝ ကျော်အပါအဝင် ဝန်ကြီးဌာနသုံးခုအတွက် ဆရာဝန် ၁၂ဝဝ ကျော်ခေါ်ယူ

 1286

ဖူးပြည့် (NP News) - မေ ၂၁
ကျန်းမာရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့တွင် လစ်လပ်လျက်ရှိသော ဆရာဝန် (သစ်လွင်) ၊ ဆရာဝန် (သွားနှင့်ခံတွင်း) ၊ ဆရာဝန် (သရုပ်ပြ)နှင့် လက် ထောက်ဆရာဝန် ရာထူးနေရာ ၁၂ဝဝ ကျော်အတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ယနေ့ (မေလ ၂၁ ရက်)တွင် လျှောက်လွှာများစတင်ခေါ်ယူလိုက်သည်။

အဆိုပါ ရာထူးများအတွက် အွန်လိုင်းစနစ်ဖြင့် e-Recruitment and Selection System (e-RSS)၊ (UCSB e-RSS Mobile Application) နှင့် UCSB e-RSS Web Based တို့ကိုအသုံးပြုကာ ၂ဝ၂၂ ခုနှစ် ဇွန်လ ၂၁ ရက်နောက်ဆုံးထားကာ ဝင်ရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။

“ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့ ဆရာဝန်သစ်လွင်တွေအတွက် အလုပ်ခေါ်စာ ဖြစ်ပါတယ်။ မိမိရဲ့တတ်မြောက်တဲ့ပညာတွေနဲ့ တတပ်တအားပါဝင်ဆောင်ရွက်နိုင်ကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ၎င်း၏လူမှုကွန်ရက်တွင်ရေးသားထား သည်။

လစ်လပ်သည့် ရာထူးနေရာများအနေဖြင့် ကုသရေးဦးစီးဌာနအတွက် ဆရာဝန် (သစ်လွင်) ၉၈၆ နေရာ နှင့် ဆရာဝန် (သွားနှင့်ခံတွင်း) ၈၂ နေရာ၊ ကျန်းမာရေးလူ့စွမ်းအားအရမ်းအမြစ်ဦးစီးဌာနအတွက် ဆရာဝန် (သရုပ်ပြ) ၁ဝ၇ နေရာ၊ တိုင်းရင်းဆေးပညာတက္ကသိုလ်အတွက် ဆရာ ဝန် (သရုပ်ပြ) ၁၃ နေရာ၊ လူမှုဖူလုံရေးအဖွဲ့အတွက် လက်ထောက်ဆရာဝန် ၂၁ နေရာ၊ မြန်မာ့မီးရထားအတွက် လက်ထောက်ဆရာဝန် ၄ နေရာစုစုပေါင်း ရာထူးနေရာ ၁၂၁၃ ခုဖြစ်ကြောင်းသိရသည်။

လျှောက်ထားသူများသည် မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး ကျန်းမာ ရေးဝန်ကြီးဌာနနှင့်လူမှုဖူလုံရေးအဖွဲ့အတွက် လျှောက်ထားသူများအနေ ဖြင့် ဇွန်လ ၂၁ ရက်တွင် ပြင်ပပုဂ္ဂိုလ်အသက် ၃၅ နှစ်ထက်မကျော်လွန်သူဖြစ်ရမည် ဖြစ်ပြီး မြန်မာ့မီးရထားအတွက် လျှောက်ထားသူများအ နေဖြင့် ဇွန်လ ၂၁ ရက်တွင် ပြင်ပပုဂ္ဂိုလ် အသက် ၄ဝ နှစ်ထက်မကျော်လွန်သူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

ဆရာဝန် (သစ်လွင်)/ဆရာဝန် (သရုပ်ပြ) ၊ လက်ထောက်ဆရာဝန် နှင့် ဆရာဝန် (သွားနှင့်ခံတွင်း) ရာထူးများအတွက် သက်ဆိုင်ရာ ဆေးပညာဘွဲ့များနှင့် မြန်မာနိုင်ငံဆေးကောင်စီမှ အသိအမှတ်ပြုခြင်းခံရသည့် သက်တမ်းကုန်ဆုံးခြင်းမရှိသေးသည့် အထွေထွေဆေးကုသခွင့်လိုင်စင် (ဆမ/သခ)ကိုင်ဆောင်ထားသူ (သို့မဟုတ်) အလုပ်သင်ဆရာဝန်ပြီး မြောက်သူများအနေဖြင့် လျှောက်ထားချိန်တွင် အလုပ်သင်ဆရာဝန်ပြီးမြောက်ကြောင်း ထောက်ခံစာတင်ပြနိုင်သူဖြစ်ရမည်ဖြစ်ပြီး မိတ္တူများကို လျှောက်လွှာနှင့်အတူ ပူးတွဲပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

ဆရာဝန် (သစ်လွင်)/ဆရာဝန် (သွားနှင်ခံတွင်း)ရာထူးအတွက် စတင်တာဝန်ထမ်းဆောင်သည့် ဆေးရုံတွင် သတ်မှတ်ကာလပြည့်အောင် တာဝန်ထမ်းဆောင်ပြီးပါက အခြားလုပ်ငန်း လိုအပ်ချက်ရှိသောဆေးရုံများသို့ နေရာဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည် ဖြစ်ပြီး ဆေးပညာမဟာသိပ္ပံဘွဲ့ လွန်စာမေးပွဲဖြေဆိုခွင့်ကို ကျန်းမာ ရေးဝန်ကြီးဌာန၏ လုပ်သက်သတ်မှတ်ချက်နှင့်အညီ ဝင်ရောက်ဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းဆေးတက္ကသိုလ်တွင်ရွေးချယ်ခြင်းခံရပါက မန္တလေးမြို့ရှိ ခန္ဓာ ဗေဒဌာန၊ အဏုဇီဝ/ရောဂါဗေဒဌာန၊ ဇီဝကမ္မ/ဇီဝဓာတုဗေဒဌာနတို့တွင် ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။

https://npnewsmm.com/news/62889f964bc4d40e5553a375

zawgyi version
ကုသေရးဦးစီးဌာနအတြက္ ဆရာဝန္ ၁ဝဝဝ ေက်ာ္အပါအဝင္ ဝန္ႀကီးဌာနသုံးခုအတြက္ ဆရာဝန္ ၁၂ဝဝ ေက်ာ္ေခၚယူ
ဖူးျပည့္ (NP News) - ေမ ၂၁

က်န္းမာေရးဝန္ႀကီးဌာန၊ အလုပ္သမားဝန္ႀကီးဌာနႏွင့္ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနတို႔တြင္ လစ္လပ္လ်က္ရွိေသာ ဆရာဝန္ (သစ္လြင္) ၊ ဆရာဝန္ (သြားႏွင့္ခံတြင္း) ၊ ဆရာဝန္ (သ႐ုပ္ျပ)ႏွင့္ လက္ ေထာက္ဆရာဝန္ ရာထူးေနရာ ၁၂ဝဝ ေက်ာ္အတြက္ ျပည္ေထာင္စုရာထူးဝန္အဖြဲ႕က ယေန႔ (ေမလ ၂၁ ရက္)တြင္ ေလွ်ာက္လႊာမ်ားစတင္ေခၚယူလိုက္သည္။

အဆိုပါ ရာထူးမ်ားအတြက္ အြန္လိုင္းစနစ္ျဖင့္ e-Recruitment and Selection System (e-RSS)၊ (UCSB e-RSS Mobile Application) ႏွင့္ UCSB e-RSS Web Based တို႔ကိုအသုံးျပဳကာ ၂ဝ၂၂ ခုႏွစ္ ဇြန္လ ၂၁ ရက္ေနာက္ဆုံးထားကာ ဝင္ေရာက္ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

“ျပည္သူလူထုအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈေတြေပးဖို႔ ဆရာဝန္သစ္လြင္ေတြအတြက္ အလုပ္ေခၚစာ ျဖစ္ပါတယ္။ မိမိရဲ႕တတ္ေျမာက္တဲ့ပညာေတြနဲ႔ တတပ္တအားပါဝင္ေဆာင္႐ြက္ႏိုင္ၾကဖို႔ ဖိတ္ေခၚပါတယ္” ဟု ေဒါက္တာခင္ခင္ႀကီးက ၎၏လူမႈကြန္ရက္တြင္ေရးသားထား သည္။

လစ္လပ္သည့္ ရာထူးေနရာမ်ားအေနျဖင့္ ကုသေရးဦးစီးဌာနအတြက္ ဆရာဝန္ (သစ္လြင္) ၉၈၆ ေနရာ ႏွင့္ ဆရာဝန္ (သြားႏွင့္ခံတြင္း) ၈၂ ေနရာ၊ က်န္းမာေရးလူ႔စြမ္းအားအရမ္းအျမစ္ဦးစီးဌာနအတြက္ ဆရာဝန္ (သ႐ုပ္ျပ) ၁ဝ၇ ေနရာ၊ တိုင္းရင္းေဆးပညာတကၠသိုလ္အတြက္ ဆရာ ဝန္ (သ႐ုပ္ျပ) ၁၃ ေနရာ၊ လူမႈဖူလုံေရးအဖြဲ႕အတြက္ လက္ေထာက္ဆရာဝန္ ၂၁ ေနရာ၊ ျမန္မာ့မီးရထားအတြက္ လက္ေထာက္ဆရာဝန္ ၄ ေနရာစုစုေပါင္း ရာထူးေနရာ ၁၂၁၃ ခုျဖစ္ေၾကာင္းသိရသည္။

ေလွ်ာက္ထားသူမ်ားသည္ ျမန္မာႏိုင္ငံသားျဖစ္ရမည္ျဖစ္ၿပီး က်န္းမာ ေရးဝန္ႀကီးဌာနႏွင့္လူမႈဖူလုံေရးအဖြဲ႕အတြက္ ေလွ်ာက္ထားသူမ်ားအေန ျဖင့္ ဇြန္လ ၂၁ ရက္တြင္ ျပင္ပပုဂၢိဳလ္အသက္ ၃၅ ႏွစ္ထက္မေက်ာ္လြန္သူျဖစ္ရမည္ ျဖစ္ၿပီး ျမန္မာ့မီးရထားအတြက္ ေလွ်ာက္ထားသူမ်ားအ ေနျဖင့္ ဇြန္လ ၂၁ ရက္တြင္ ျပင္ပပုဂၢိဳလ္ အသက္ ၄ဝ ႏွစ္ထက္မေက်ာ္လြန္သူျဖစ္ရမည္ျဖစ္ေၾကာင္း သိရသည္။

ဆရာဝန္ (သစ္လြင္)/ဆရာဝန္ (သ႐ုပ္ျပ) ၊ လက္ေထာက္ဆရာဝန္ ႏွင့္ ဆရာဝန္ (သြားႏွင့္ခံတြင္း) ရာထူးမ်ားအတြက္ သက္ဆိုင္ရာ ေဆးပညာဘြဲ႕မ်ားႏွင့္ ျမန္မာႏိုင္ငံေဆးေကာင္စီမွ အသိအမွတ္ျပဳျခင္းခံရသည့္ သက္တမ္းကုန္ဆုံးျခင္းမရွိေသးသည့္ အေထြေထြေဆးကုသခြင့္လိုင္စင္ (ဆမ/သခ)ကိုင္ေဆာင္ထားသူ (သို႔မဟုတ္) အလုပ္သင္ဆရာဝန္ၿပီး ေျမာက္သူမ်ားအေနျဖင့္ ေလွ်ာက္ထားခ်ိန္တြင္ အလုပ္သင္ဆရာဝန္ၿပီးေျမာက္ေၾကာင္း ေထာက္ခံစာတင္ျပႏိုင္သူျဖစ္ရမည္ျဖစ္ၿပီး မိတၱဴမ်ားကို ေလွ်ာက္လႊာႏွင့္အတူ ပူးတြဲေပးပို႔ရမည္ျဖစ္ေၾကာင္း သိရသည္။

ဆရာဝန္ (သစ္လြင္)/ဆရာဝန္ (သြားႏွင္ခံတြင္း)ရာထူးအတြက္ စတင္တာဝန္ထမ္းေဆာင္သည့္ ေဆး႐ုံတြင္ သတ္မွတ္ကာလျပည့္ေအာင္ တာဝန္ထမ္းေဆာင္ၿပီးပါက အျခားလုပ္ငန္း လိုအပ္ခ်က္ရွိေသာေဆး႐ုံမ်ားသို႔ ေနရာေဒသမေ႐ြးသြားေရာက္တာဝန္ထမ္းေဆာင္ႏိုင္သူျဖစ္ရမည္ ျဖစ္ၿပီး ေဆးပညာမဟာသိပၸံဘြဲ႕ လြန္စာေမးပြဲေျဖဆိုခြင့္ကို က်န္းမာ ေရးဝန္ႀကီးဌာန၏ လုပ္သက္သတ္မွတ္ခ်က္ႏွင့္အညီ ဝင္ေရာက္ေျဖဆိုခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။

တိုင္းရင္းေဆးတကၠသိုလ္တြင္ေ႐ြးခ်ယ္ျခင္းခံရပါက မႏၲေလးၿမိဳ႕ရွိ ခႏၶာ ေဗဒဌာန၊ အဏုဇီဝ/ေရာဂါေဗဒဌာန၊ ဇီဝကမၼ/ဇီဝဓာတုေဗဒဌာနတို႔တြင္ ခန႔္အပ္မည္ျဖစ္ေၾကာင္း သိရသည္။

https://npnewsmm.com/news/62889f964bc4d40e5553a375

Related news

© 2021. All rights reserved.