ကမ္ဘောဇဘဏ်ငွေသိမ်းယာဉ်ပေါ်မှ ငွေကျပ်သိန်း ၃ဝဝဝ လုယက်မှုကျူးလွန်ခဲ့သူ(၆)ဦးအား သက်သေခံပစ္စည်းများနှင့်အတူဖမ်းမိ

 1724

NP News - မေ ၂၂
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကမ္ဘောဇဘဏ်ငွေသိမ်းယာဉ်ပေါ်မှ ငွေကျပ်သိန်း ၃ဝဝဝ လုယက်မှုကျူးလွန်ခဲ့သူ(၅)ဦးနှင့် အမျိုးသမီး(၁)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ မေလ(၂၁)ရက်၊ ညပိုင်းထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘောဇဘဏ်မှ ဝန်ထမ်းသုံးဦးလိုက်ပါလာသည့် ဘဏ်ငွေသိမ်းယာဉ်သည် မေလ ၁၃ ရက် နေ့လည် ၂ နာရီ ၅ဝ မိနစ်တွင် ရန်ကုန်မြို့အတွင်းရှိ ကမ္ဘောဇဘဏ်ခွဲများမှငွေများအား လိုက်လံသိမ်းဆည်းခဲ့ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃၂)ရပ်ကွက် ပင်လုံလမ်းနှင့် နဝဒေး လမ်းထောင့်ရှိ ကမ္ဘောဇဘဏ်ခွဲ(၁)ရှေ့အရောက်တွင် ယာဉ်အားရပ်တန့်ကာ မော်တော်ယာဉ်၏ နောက်တံခါးအားဖွင့်နေစဉ် နောက်မှလိုက်ပါလာသည့် YGN 5H/4572 Probox ယာဉ်ပေါ်မှ အမျိုးသားသုံးဦးဆင်းလာပြီး ဘဏ်ဝန်ထမ်းတစ်ဦးအား ဓားဖြင့်ခြိမ်းခြောက်ကာ ငွေသိမ်းယာဉ်ပေါ်မှပီနံအိတ်(၄)လုံးဖြင့်ထည့်ထားသည့် ငွေကျပ်သိန်း ၃ဝဝဝ အားလုယက်ခဲ့ခြင်းဖြစ်ဖြစ်ကြောင်း ၎င်းတို့မှထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ လုယက်မှုကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် AYY CC-4512 Probox ပိုင်ရှင်ဖြစ်သူကို ဦးစွာဖမ်းဆီးရမိခဲ့ပြီး ၎င်း၏သူငယ်ချင်းဖြစ်သူ ဝေလင်းထွန်း(ခ)ကိုထွန်းအား မော်တော်ယာဉ်ကို ငှားရမ်းခဲ့ကြောင်းသိရှိရသဖြင့် ၎င်းကို မေလ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းရှိ “The Lord” စားသောက်ဆိုင်အနီးတွင် ဖမ်းဆီးခဲ့ကြောင်းနှင့် ၎င်းကို စစ်ဆေးမေးမြန်းရာတွင် ကမ္ဘောဇဘဏ်ငွေသိမ်းယာဉ်ပေါ်မှငွေများအား သူငယ်ချင်းများနှင့်အတူလုယက်ခဲ့ခြင်းဖြစ် ကြောင်း ဝန်ခံထွက်ဆိုခဲ့ပြီး လုယက်မှုကျူးလွန်သည့်နေ့တွင် ၎င်း၏သူ ငယ်ချင်းများဖြစ်ကြသည့် ဇင်ကိုကိုဦး(ခ) ဇင်ကို၊ ထွဋ်ခေါင်မင်း(ခ)ထက် လင်းကျော်၊ ဇွဲပြည့်စုံမှူး(ခ)ဇွဲကြီးတို့နှင့်အတူ ပါဝင်ကျူးလွန်ခဲ့ကြကြောင်း၊ လုယက်ရာမှရရှိလာသည့်ငွေများအား တစ်ဦးလျှင် ငွေကျပ်သိန်း ၇ဝဝ စီခွဲဝေ ယူဆောင်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြစ်မှုကျူးလွန်ခဲ့သည့် ကိုဝေလင်းထွန်း၏ထွက်ဆိုချက်အရ ထွဋ်ခေါင်မင်း(ခ)ထက်လင်းကျော်ကို သင်္ဃန်းကျွန်းမြို့နယ် ရတနာလမ်းရှိ “ရတ နာ”ဟိုတယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်း၏ထွက်ဆိုချက်အရ လု ယက်မှုကျူးလွန်ရာမှရရှိသည့် သက်သေခံငွေများအား သိမ်းဆည်းပေးသူများဖြစ်သည့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် အမှတ်(၈)ရပ်ကွက် ဗေဒါ(၂)လမ်းအမှတ် (၇၅၈/ခ)နေ သိန်းဇော်ဦး(ခ) သားငယ်( ၂၄နှစ်) (ဘ)ဦးကြည်လှ တို့နှစ်ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင်လုယက်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ဇွဲကြီး(ခ) ဇွဲပြည့်စုံမှူးကို စုံစမ်းဖမ်းဆီးခဲ့ရာ ၎င်းအား မေလ ၂၁ ရက် နံနက် ၉နာရီတွင် မြောက်ဥက္ကလာပမြို့နယ်အထွေထွေရောဂါကုဆေးရုံကြီးအရှေ့ မေဓာဝီလမ်းနှင့်ခေမာသီလမ်းဆုံ၌ လုယက်မှုကျူးလွန်ရာမှရရှိခဲ့သည့်ငွေများအနက်မှ ငွေကျပ် ၅၁ဝဝဝဝ ဖြင့်ဝယ်ယူထားသည့် Redmi Note11 ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ငွေများအပ်နှံထားသည် သူငယ်ချင်းဖြစ်သူ မနှင်းဝေဝေဖူး(ခ)မဖူးဖူးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြပါရှိသည်။

ဖြစ်စဉ်တွင်လုယက်မှုကျူးလွန်သူ တရားခံအမျိုးသားငါးဦးနှင့် ပူးပေါင်းပါဝင်သူအမျိုးသမီးတစ်ဦးတို့အား သက်သေခံပစ္စည်းများဖြစ်သည့်ငွေကျပ် သိန်း ၂၂၁ဝ နှင့် လုယက်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် AYY CC-4512 Probox ယာဉ်တစ်စီး၊ လုယက်မှုကျူးလွန်ရာမှရရှိသည့် ငွေများဖြင့်ဝယ်ယူထားသည့် 82W-40613 Honda PCX ဆိုင်ကယ်တစ်စီး၊ ရွှေဆွဲကြိုးတစ်ကုံး၊ Xiaomi အမျိုးအစားလက်ကိုင်ဖုန်းတစ်လုံး၊ Vivo အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးနှင့် Redmi Note 11 အမျိုးအစားလက် ကိုင်ဖုန်းတစ်လုံးတို့အား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိသူများအားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်း ထုတ်ပြန်ထားသည်။

https://npnewsmm.com/news/6289c63747cf625c190151c6

zawgyi version
ကေမာၻဇဘဏ္ေငြသိမ္းယာဥ္ေပၚမွ ေငြက်ပ္သိန္း ၃ဝဝဝ လုယက္မႈက်ဴးလြန္ခဲ့သူ(၆)ဦးအား သက္ေသခံပစၥည္းမ်ားႏွင့္အတူ ဖမ္းမိ
NP News - ေမ ၂၂

ရန္ကုန္တိုင္းေဒသႀကီး ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္တြင္ ကေမာၻဇဘဏ္ေငြသိမ္းယာဥ္ေပၚမွ ေငြက်ပ္သိန္း ၃ဝဝဝ လုယက္မႈက်ဴးလြန္ခဲ့သူ(၅)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦးကို သက္ေသခံပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း နစက၏ ေမလ(၂၁)ရက္၊ ညပိုင္းထုတ္ျပန္ခ်က္အရ သိရသည္။

ကေမာၻဇဘဏ္မွ ဝန္ထမ္းသုံးဦးလိုက္ပါလာသည့္ ဘဏ္ေငြသိမ္းယာဥ္သည္ ေမလ ၁၃ ရက္ ေန႔လည္ ၂ နာရီ ၅ဝ မိနစ္တြင္ ရန္ကုန္ၿမိဳ႕အတြင္းရွိ ကေမာၻဇဘဏ္ခြဲမ်ားမွေငြမ်ားအား လိုက္လံသိမ္းဆည္းခဲ့ၿပီး ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္ အမွတ္(၃၂)ရပ္ကြက္ ပင္လုံလမ္းႏွင့္ နဝေဒး လမ္းေထာင့္ရွိ ကေမာၻဇဘဏ္ခြဲ(၁)ေရွ႕အေရာက္တြင္ ယာဥ္အားရပ္တန႔္ကာ ေမာ္ေတာ္ယာဥ္၏ ေနာက္တံခါးအားဖြင့္ေနစဥ္ ေနာက္မွလိုက္ပါလာသည့္ YGN 5H/4572 Probox ယာဥ္ေပၚမွ အမ်ိဳးသားသုံးဦးဆင္းလာၿပီး ဘဏ္ဝန္ထမ္းတစ္ဦးအား ဓားျဖင့္ၿခိမ္းေျခာက္ကာ ေငြသိမ္းယာဥ္ေပၚမွပီနံအိတ္(၄)လုံးျဖင့္ထည့္ထားသည့္ ေငြက်ပ္သိန္း ၃ဝဝဝ အားလုယက္ခဲ့ျခင္းျဖစ္ျဖစ္ေၾကာင္း ၎တို႔မွထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ လုယက္မႈက်ဴးလြန္ရာတြင္အသုံးျပဳခဲ့သည့္ AYY CC-4512 Probox ပိုင္ရွင္ျဖစ္သူကို ဦးစြာဖမ္းဆီးရမိခဲ့ၿပီး ၎၏သူငယ္ခ်င္းျဖစ္သူ ေဝလင္းထြန္း(ခ)ကိုထြန္းအား ေမာ္ေတာ္ယာဥ္ကို ငွားရမ္းခဲ့ေၾကာင္းသိရွိရသျဖင့္ ၎ကို ေမလ ၁၈ ရက္ မြန္းလြဲ ၁ နာရီတြင္ သဃၤန္းကြၽန္းၿမိဳ႕နယ္ ေလးေထာင့္ကန္လမ္းရွိ “The Lord” စားေသာက္ဆိုင္အနီးတြင္ ဖမ္းဆီးခဲ့ေၾကာင္းႏွင့္ ၎ကို စစ္ေဆးေမးျမန္းရာတြင္ ကေမာၻဇဘဏ္ေငြသိမ္းယာဥ္ေပၚမွေငြမ်ားအား သူငယ္ခ်င္းမ်ားႏွင့္အတူလုယက္ခဲ့ျခင္းျဖစ္ ေၾကာင္း ဝန္ခံထြက္ဆိုခဲ့ၿပီး လုယက္မႈက်ဴးလြန္သည့္ေန႔တြင္ ၎၏သူ ငယ္ခ်င္းမ်ားျဖစ္ၾကသည့္ ဇင္ကိုကိုဦး(ခ) ဇင္ကို၊ ထြဋ္ေခါင္မင္း(ခ)ထက္ လင္းေက်ာ္၊ ဇြဲျပည့္စုံမႉး(ခ)ဇြဲႀကီးတို႔ႏွင့္အတူ ပါဝင္က်ဴးလြန္ခဲ့ၾကေၾကာင္း၊ လုယက္ရာမွရရွိလာသည့္ေငြမ်ားအား တစ္ဦးလွ်င္ ေငြက်ပ္သိန္း ၇ဝဝ စီခြဲေဝ ယူေဆာင္ခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ျပစ္မႈက်ဴးလြန္ခဲ့သည့္ ကိုေဝလင္းထြန္း၏ထြက္ဆိုခ်က္အရ ထြဋ္ေခါင္မင္း(ခ)ထက္လင္းေက်ာ္ကို သဃၤန္းကြၽန္းၿမိဳ႕နယ္ ရတနာလမ္းရွိ “ရတ နာ”ဟိုတယ္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း၊ ၎၏ထြက္ဆိုခ်က္အရ လု ယက္မႈက်ဴးလြန္ရာမွရရွိသည့္ သက္ေသခံေငြမ်ားအား သိမ္းဆည္းေပးသူမ်ားျဖစ္သည့္ ဒဂုံၿမိဳ႕သစ္ (အေရွ႕ပိုင္း)ၿမိဳ႕နယ္ အမွတ္(၈)ရပ္ကြက္ ေဗဒါ(၂)လမ္းအမွတ္ (၇၅၈/ခ)ေန သိန္းေဇာ္ဦး(ခ) သားငယ္( ၂၄ႏွစ္) (ဘ)ဦးၾကည္လွ တို႔ႏွစ္ဦးအား ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။

ထို႔ျပင္လုယက္မႈက်ဴးလြန္ၿပီး ထြက္ေျပးတိမ္းေရွာင္ေနသည့္ ဇြဲႀကီး(ခ) ဇြဲျပည့္စုံမႉးကို စုံစမ္းဖမ္းဆီးခဲ့ရာ ၎အား ေမလ ၂၁ ရက္ နံနက္ ၉နာရီတြင္ ေျမာက္ဥကၠလာပၿမိဳ႕နယ္အေထြေထြေရာဂါကုေဆး႐ုံႀကီးအေရွ႕ ေမဓာဝီလမ္းႏွင့္ေခမာသီလမ္းဆုံ၌ လုယက္မႈက်ဴးလြန္ရာမွရရွိခဲ့သည့္ေငြမ်ားအနက္မွ ေငြက်ပ္ ၅၁ဝဝဝဝ ျဖင့္ဝယ္ယူထားသည့္ Redmi Note11 ဖုန္းတစ္လုံးႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီး ေငြမ်ားအပ္ႏွံထားသည္ သူငယ္ခ်င္းျဖစ္သူ မႏွင္းေဝေဝဖူး(ခ)မဖူးဖူးတို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း ေဖာ္ျပပါရွိသည္။

ျဖစ္စဥ္တြင္လုယက္မႈက်ဴးလြန္သူ တရားခံအမ်ိဳးသားငါးဦးႏွင့္ ပူးေပါင္းပါဝင္သူအမ်ိဳးသမီးတစ္ဦးတို႔အား သက္ေသခံပစၥည္းမ်ားျဖစ္သည့္ေငြက်ပ္ သိန္း ၂၂၁ဝ ႏွင့္ လုယက္မႈက်ဴးလြန္စဥ္ အသုံးျပဳခဲ့သည့္ AYY CC-4512 Probox ယာဥ္တစ္စီး၊ လုယက္မႈက်ဴးလြန္ရာမွရရွိသည့္ ေငြမ်ားျဖင့္ဝယ္ယူထားသည့္ 82W-40613 Honda PCX ဆိုင္ကယ္တစ္စီး၊ ေ႐ႊဆြဲႀကိဳးတစ္ကုံး၊ Xiaomi အမ်ိဳးအစားလက္ကိုင္ဖုန္းတစ္လုံး၊ Vivo အမ်ိဳးအစား လက္ကိုင္ဖုန္းတစ္လုံးႏွင့္ Redmi Note 11 အမ်ိဳးအစားလက္ ကိုင္ဖုန္းတစ္လုံးတို႔အား ေဖာ္ထုတ္သိမ္းဆည္းရမိခဲ့ၿပီး ဖမ္းဆီးရမိသူမ်ားအားဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ေရးဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထည့္သြင္း ထုတ္ျပန္ထားသည္။

https://npnewsmm.com/news/6289c63747cf625c190151c6

Related news

© 2021. All rights reserved.