၆၃ နှစ်တိုင်တိုင် ပေါင်းဖက်ခဲ့တဲ့ လီကွမ်ယုတို့ဇနီးမောင်နှံရဲ့ လေးစားအားကျရလောက်စရာ အိမ်ထောင်ရေး

 1237

ဝတီ (NP News) - မေ ၂၄
စင်ကာပူနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီး လီကွမ်ယု (Lee Kuan Yew) နဲ့ သူ့ဇနီး ကွာဂုတ်ခ်ချို (Kwa Geok Choo) ရဲ့ချစ်ဇာတ်လမ်းဟာ ပြောစမှတ်ပြုစရာ ကောင်းလောက်အောင်ကို စိတ်ဝင်စားစရာကောင်းလှပါတယ်။ အိမ်ထောင်သက် ၆၃ နှစ်လုံးလုံး အသက်ထက်ဆုံး
စိတ်တူကိုယ်တူ ပေါင်းဖက်သွားနိုင်တယ်ဆိုတာမျိုးဟာ ဒီနေ့ခေတ်ကြီးမှာရှားပါးနေပြီ မဟုတ်လား။ "သူသာ မရှိရင် ကျုပ်လည်း အခုလိုလူမျိုး
ဖြစ်လာမှာမဟုတ်သလို အခုလိုဘဝမျိုးလည်း ရောက်မှာမဟုတ်ဘူး"လို့
ထူးချွန်ထက်မြက်လှတဲ့ ချစ်ဇနီးနဲ့ပတ်သက်ပြီး လီကွမ်ယုက တစ်ချိန်တုန်းကပြောခဲ့ဖူးပါတယ်။

ဒီတော့ သူတို့နှစ်ယောက် ဘယ်ကနေ ဘယ်လိုဆုံဖြစ်သွားကြသလဲ၊ သူတို့ချစ်ဇာတ်လမ်းဘယ်မှာစပြီး ဘယ်လိုဆုံးသွားသလဲ၊ သူတို့အိမ် ထောင်ရေးက ပြောစမှတ်ပြုရလောက်အောင် ဘာတွေလေးစားအားကျ
စရာကောင်းနေသလဲဆိုတာတွေကို ကြည့်လိုက်ကြရအောင်ပါ။

zawgyi version
၆၃ ႏွစ္တိုင္တိုင္ ေပါင္းဖက္ခဲ့တဲ့ လီကြမ္ယုတို႔ဇနီးေမာင္ႏွံရဲ႕ ေလးစားအားက်ရေလာက္စရာ အိမ္ေထာင္ေရး
ဝတီ (NP News) - ေမ ၂၄

စင္ကာပူႏိုင္ငံရဲ႕ အမ်ိဳးသားေခါင္းေဆာင္ႀကီး လီကြမ္ယု (Lee Kuan Yew) နဲ႔ သူ႔ဇနီး ကြာဂုတ္ခ္ခ်ိဳ (Kwa Geok Choo) ရဲ႕ခ်စ္ဇာတ္လမ္းဟာ ေျပာစမွတ္ျပဳစရာ ေကာင္းေလာက္ေအာင္ကို စိတ္ဝင္စားစရာေကာင္းလွပါတယ္။ အိမ္ေထာင္သက္ ၆၃ ႏွစ္လုံးလုံး အသက္ထက္ဆုံး
စိတ္တူကိုယ္တူ ေပါင္းဖက္သြားႏိုင္တယ္ဆိုတာမ်ိဳးဟာ ဒီေန႔ေခတ္ႀကီးမွာရွားပါးေနၿပီ မဟုတ္လား။ "သူသာ မရွိရင္ က်ဳပ္လည္း အခုလိုလူမ်ိဳး
ျဖစ္လာမွာမဟုတ္သလို အခုလိုဘဝမ်ိဳးလည္း ေရာက္မွာမဟုတ္ဘူး"လို႔ထူးခြၽန္ထက္ျမက္လွတဲ့ ခ်စ္ဇနီးနဲ႔ပတ္သက္ၿပီး လီကြမ္ယုက တစ္ခ်ိန္တုန္းကေျပာခဲ့ဖူးပါတယ္။

ဒီေတာ့ သူတို႔ႏွစ္ေယာက္ ဘယ္ကေန ဘယ္လိုဆုံျဖစ္သြားၾကသလဲ၊ သူတို႔ခ်စ္ဇာတ္လမ္းဘယ္မွာစၿပီး ဘယ္လိုဆုံးသြားသလဲ၊ သူတို႔အိမ္ ေထာင္ေရးက ေျပာစမွတ္ျပဳရေလာက္ေအာင္ ဘာေတြေလးစားအားက်စရာေကာင္းေနသလဲဆိုတာေတြကို ၾကည့္လိုက္ၾကရေအာင္ပါ။

သူတို့နှစ်ယောက်ဟာ ကောလိပ်တက်ရင်း စတွေ့ကြတာပါ။ နှစ်ယောက်
လုံးက အင်မတန် ထူးချွန်ထက်မြက်သူတွေဖြစ်ကြလို့ ပထမနဲ့ ဒုတိယနေ ရာကိုလုနေကြပါတယ်။ ကောလိပ်မှာ အရည်အချင်းချင်းက မတိမ်းမ ယိမ်းဖြစ်နေလို့သူတို့နှစ်ယောက်ဟာ ပြိုင်ဘက်တွေလိုတောင် ဖြစ်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ကတချို့လူတွေလို မြင်မြင်ချင်းချစ်ကြ၊ ကြိုက်ကြတာ မဟုတ်ဘဲ ပြိုင်ဘက်သူငယ်ချင်းတွေ အဖြစ်ကနေမှ ချစ်သူဘဝ ရောက်သွားကြတာပါ။

"သမီးရည်းစားဘဝတုန်းကတော့ ကျုပ်က ပညာရေးလည်း ပြတ်တောင်း
ပြတ်တောင်းနဲ့ဖြစ်နေ၊ အလုပ်အကိုင်လည်း အတည်တကျမရှိဆိုတော့ သူ့မိဘတွေက အစပိုင်းမှာ ကျုပ်ကို သိပ်သဘောမကျခဲ့ကြဘူး။ ဒါပေမဲ့သူ ကတော့ ကျုပ်အရည်အချင်းကို အပြည့်အဝယုံကြည်ပေးခဲ့တယ်"လို့
သူ့ရဲ့ပါရမီဖြည့်ဖက် ကွာဂုတ်ခ်ချို (Kwa Geok Choo)နဲ့ပတ်သက်ပြီးလီကွမ်ယုကပြောပြခဲ့ဖူးပါတယ်။

သူတို့နှစ်ယောက်ဟာ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလထဲမှာတိတ်တိတ်လေး လက်ထပ်လိုက်ကြပါတယ်။ ၁၉၅ဝ ခုနှစ် စက်တင်ဘာလကျမှပဲ
သူတို့က နှစ်ဖက်မိဘတွေ ကျေနပ်အောင်၊ မိတ်ဆွေအပေါင်းအသင်းတွေ
ကျေနပ်အောင် မင်္ဂလာပွဲလေး လုပ်လိုက်ကြပါတယ်။

zawgyi version
သူတို႔ႏွစ္ေယာက္ဟာ ေကာလိပ္တက္ရင္း စေတြ႕ၾကတာပါ။ ႏွစ္ေယာက္
လုံးက အင္မတန္ ထူးခြၽန္ထက္ျမက္သူေတြျဖစ္ၾကလို႔ ပထမနဲ႔ ဒုတိယေန ရာကိုလုေနၾကပါတယ္။ ေကာလိပ္မွာ အရည္အခ်င္းခ်င္းက မတိမ္းမ ယိမ္းျဖစ္ေနလို႔သူတို႔ႏွစ္ေယာက္ဟာ ၿပိဳင္ဘက္ေတြလိုေတာင္ ျဖစ္ခဲ့ၾကပါတယ္။ သူတို႔ႏွစ္ေယာက္ကတခ်ိဳ႕လူေတြလို ျမင္ျမင္ခ်င္းခ်စ္ၾက၊ ႀကိဳက္ၾကတာ မဟုတ္ဘဲ ၿပိဳင္ဘက္သူငယ္ခ်င္းေတြ အျဖစ္ကေနမွ ခ်စ္သူဘဝ ေရာက္သြားၾကတာပါ။

"သမီးရည္းစားဘဝတုန္းကေတာ့ က်ဳပ္က ပညာေရးလည္း ျပတ္ေတာင္းျပတ္ေတာင္းနဲ႔ျဖစ္ေန၊ အလုပ္အကိုင္လည္း အတည္တက်မရွိဆိုေတာ့ သူ႔မိဘေတြက အစပိုင္းမွာ က်ဳပ္ကို သိပ္သေဘာမက်ခဲ့ၾကဘူး။ ဒါေပမဲ့သူ ကေတာ့ က်ဳပ္အရည္အခ်င္းကို အျပည့္အဝယုံၾကည္ေပးခဲ့တယ္"လို႔သူ႔ရဲ႕ပါရမီျဖည့္ဖက္ ကြာဂုတ္ခ္ခ်ိဳ (Kwa Geok Choo)နဲ႔ပတ္သက္ၿပီးလီကြမ္ယုကေျပာျပခဲ့ဖူးပါတယ္။

သူတို႔ႏွစ္ေယာက္ဟာ ၁၉၄၇ ခုႏွစ္ ဒီဇင္ဘာလထဲမွာတိတ္တိတ္ေလး လက္ထပ္လိုက္ၾကပါတယ္။ ၁၉၅ဝ ခုႏွစ္ စက္တင္ဘာလက်မွပဲသူတို႔က ႏွစ္ဖက္မိဘေတြ ေက်နပ္ေအာင္၊ မိတ္ေဆြအေပါင္းအသင္းေတြေက်နပ္ေအာင္ မဂၤလာပြဲေလး လုပ္လိုက္ၾကပါတယ္။

လီကွမ်ယုရယ်လို့ ကမ္ဘာကျော်တဲ့ ဒီပုဂ္ဂိုလ်ကြီးဟာ ချစ်ဇနီးကိုလေးစား အထင်ကြီးသူပါ။ သူ့အတွက်တော့ သူ့ဇနီးက ဇနီးဆိုတာထက်ပိုတဲ့
ပါရမီဖြည့်ဖက်ပေါ့။ ကွာဂုတ်ခ်ချိုဟာ သူယုံကြည်စိတ်ချရသူလည်းဖြစ်၊
သူ့အကြံပေးအရာရှိလည်း ဖြစ်တယ်လေ။ ကွာဂုတ်ခ်ချိုက သားသမီးသုံးယောက်စလုံးကို သေသေချာချာ၊ ဂရုတစိုက်ပြုစုပျိုးထောင်စောင့်ရှောက်ခဲ့ပါတယ်။

လီကွမ်ယု ထုတ်ပြန်မယ့် ကြေညာချက်မူကြမ်းတွေကို ကွာဂုတ်ခ်ချိုက တည်းဖြတ်ပေးရပါတယ်။ လက်ရှိအချိန်မှာ အုတ်မြစ်ခိုင်မာနေပြီဖြစ်တဲ့ ပီအေပီ ပါတီကြီးကို လီကွမ်ယုတည်ထောင်စဉ်မှာလည်း ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းမူကြမ်းတွေကို ကွာဂုတ်ခ်ချိုကပဲ ကူညီရေးဆွဲပေးခဲ့ရတာပါ။ "သူက သူတစ်ပါးရဲ့ အတွင်းစိတ်ကို ခန့်မှန်းတတ်တယ်။ ဘယ်သူတွေကိုတော့ဖြင့် သတိထားနော်လို့ သူက ကျုပ်ကိုသတိပေးတတ်တယ်။ သူပြောတဲ့အတိုင်းလည်းမှန်နေတတ်တယ်"လို့ လီကွမ်ယုက ဆိုပါတယ်။

သူတို့နှစ်ယောက်ဟာ အသက်ထက်ဆုံး ပေါင်းဖက်သွားကြတဲ့ ဇနီးမောင် နှံသာမက ဘဝတစ်သက်တာ မိတ်ဆွေစစ်၊ မိတ်ဆွေမှန်လည်း ဖြစ်ခဲ့ကြပါတယ်။ "သူတို့နှစ်ယောက်ကို ကြည့်လိုက်ရင် တစ်ယောက်နဲ့တစ်ယောက် ပြောစရာကုန်သွားတယ်လို့ကို မရှိဘူး။ ဒီလောက် နှစ်ပေါင်း ၅ဝ ကျော်၊ ၆ဝ လောက်ပေါင်းသင်းခဲ့ပြီးတာတောင် သူတို့မှာပြောစရာတွေမကုန်သေးတာ အံ့သြစရာပဲ။ သားသမီးတွေလည်းရ၊ သားသမီးတွေလည်း အရွယ်တွေရောက်ကုန်တာတောင် သူတို့မှာ ဘာတွေများဒီလောက်တောင်ပြောစရာတွေ ကျန်နေသေးတာလဲလို့ ကျွန်တော့်ဖြင့် မတွေးတတ်အောင်ပါပဲဗျာ"လို့ သူတို့နှစ်ယောက်နဲ့ရင်းနှီးတဲ့ဥက္ကဋ္ဌဟောင်း အက်စ်အာနေသန် (S R Nathan) ကအင်တာဗျူးတစ်ခုမှာ ထုတ်ပြောရတဲ့အထိပါပဲ။

zawgyi version
လီကြမ္ယုရယ္လို႔ ကမာၻေက်ာ္တဲ့ ဒီပုဂၢိဳလ္ႀကီးဟာ ခ်စ္ဇနီးကိုေလးစား အထင္ႀကီးသူပါ။ သူ႔အတြက္ေတာ့ သူ႔ဇနီးက ဇနီးဆိုတာထက္ပိုတဲ့ပါရမီျဖည့္ဖက္ေပါ့။ ကြာဂုတ္ခ္ခ်ိဳဟာ သူယုံၾကည္စိတ္ခ်ရသူလည္းျဖစ္၊သူ႔အႀကံေပးအရာရွိလည္း ျဖစ္တယ္ေလ။ ကြာဂုတ္ခ္ခ်ိဳက သားသမီးသုံးေယာက္စလုံးကို ေသေသခ်ာခ်ာ၊ ဂ႐ုတစိုက္ျပဳစုပ်ိဳးေထာင္ေစာင့္ေရွာက္ခဲ့ပါတယ္။

လီကြမ္ယု ထုတ္ျပန္မယ့္ ေၾကညာခ်က္မူၾကမ္းေတြကို ကြာဂုတ္ခ္ခ်ိဳက တည္းျဖတ္ေပးရပါတယ္။ လက္ရွိအခ်ိန္မွာ အုတ္ျမစ္ခိုင္မာေနၿပီျဖစ္တဲ့ ပီေအပီ ပါတီႀကီးကို လီကြမ္ယုတည္ေထာင္စဥ္မွာလည္း ပါတီဖြဲ႕စည္းပုံအေျခခံစည္းမ်ဥ္းမူၾကမ္းေတြကို ကြာဂုတ္ခ္ခ်ိဳကပဲ ကူညီေရးဆြဲေပးခဲ့ရတာပါ။ "သူက သူတစ္ပါးရဲ႕ အတြင္းစိတ္ကို ခန႔္မွန္းတတ္တယ္။ ဘယ္သူေတြကိုေတာ့ျဖင့္ သတိထားေနာ္လို႔ သူက က်ဳပ္ကိုသတိေပးတတ္တယ္။ သူေျပာတဲ့အတိုင္းလည္းမွန္ေနတတ္တယ္"လို႔ လီကြမ္ယုက ဆိုပါတယ္။

သူတို႔ႏွစ္ေယာက္ဟာ အသက္ထက္ဆုံး ေပါင္းဖက္သြားၾကတဲ့ ဇနီးေမာင္ ႏွံသာမက ဘဝတစ္သက္တာ မိတ္ေဆြစစ္၊ မိတ္ေဆြမွန္လည္း ျဖစ္ခဲ့ၾကပါတယ္။ "သူတို႔ႏွစ္ေယာက္ကို ၾကည့္လိုက္ရင္ တစ္ေယာက္နဲ႔တစ္ေယာက္ ေျပာစရာကုန္သြားတယ္လို႔ကို မရွိဘူး။ ဒီေလာက္ ႏွစ္ေပါင္း ၅ဝ ေက်ာ္၊ ၆ဝ ေလာက္ေပါင္းသင္းခဲ့ၿပီးတာေတာင္ သူတို႔မွာေျပာစရာေတြမကုန္ေသးတာ အံ့ၾသစရာပဲ။ သားသမီးေတြလည္းရ၊ သားသမီးေတြလည္း အ႐ြယ္ေတြေရာက္ကုန္တာေတာင္ သူတို႔မွာ ဘာေတြမ်ားဒီေလာက္ေတာင္ေျပာစရာေတြ က်န္ေနေသးတာလဲလို႔ ကြၽန္ေတာ့္ျဖင့္ မေတြးတတ္ေအာင္ပါပဲဗ်ာ"လို႔ သူတို႔ႏွစ္ေယာက္နဲ႔ရင္းႏွီးတဲ့ဥကၠ႒ေဟာင္း အက္စ္အာေနသန္ (S R Nathan) ကအင္တာဗ်ဴးတစ္ခုမွာ ထုတ္ေျပာရတဲ့အထိပါပဲ။

သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်တွေ ဘယ်လောက်အထိ ခိုင်မြဲတယ်၊
တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်အထိ တွယ်တာမြတ်နိုးကြတယ်ဆိုတာကတော့ ကွာဂုတ်ခ်ချိုရဲ့ ဘဝနောက်ဆုံးအချိန်တွေမှာ ပိုလို့တောင်ထင်သာမြင်သာ ရှိလာပါတယ်။ လီကွမ်ယုရဲ့ချစ်ဇနီး ကွာဂုတ်ခ်ချိုဟာ ခဏခဏ လေဖြတ်တာကြောင့် ၂ဝဝ၃ ခုနှစ်မှာတော့ ကျန်းမာရေးအခြေအနေအတော်ချို့ယွင်းလာပါတယ်။ နှစ်ယောက်စလုံး အသက်အ ရွယ်တွေ အတော်ရလာလို့ချည့်နဲ့လာကြပေမယ့် ဘိုးဘိုးကြီး မစ္စတာ လီကွမ်ယုဟာ လေဖြတ်ထားတဲ့ ချစ်ဇနီး ဘွားဘွားကြီးကို ဘီးတပ်ကုလား ထိုင်ပေါ်တင်ပြီး ကိုယ်တိုင်တွန်းပေးတာပါပဲ။

၂ဝဝ၈ ခုနှစ်လည်းရောက်ရော ကွာဂုတ်ခ်ချိုရဲ့အခြေအနေဟာ ဆိုးသထက်ပိုဆိုးလာပြီး အိပ်ယာပေါ်ပက်လက်ဖြစ်သွားပါတော့တယ်။ ဒါ့အပြင် စကားလည်းမပြောနိုင်တော့ပါဘူး။ ဒါပေမဲ့ အလုပ်ကပြန်လာပြီး အိမ်ရောက်တာနဲ့ မစ္စတာလီကွမ်ယုက သူ့တစ်နေ့တာ အကြောင်း ဇနီးကို ပြောပြတာချည်းပါပဲ။ ပြီးတော့ ဇနီး အိပ်ချိန်ရောက်တော့မယ်ဆိုရင် ချစ်ဇနီးကြိုက်တဲ့ ကဗျာတွေ ဖတ်ပြပါသတဲ့။ တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြပြီး နှစ်ပေါင်း ၆၃ နှစ်လုံးလုံးပေါင်းဖက်လာတဲ့ ဒီဇနီးမောင်နှံကို သေခြင်းတရားက ၂ဝ၁ဝ ခုနှစ်မှာခွဲလိုက်ပါတော့တယ်။ တစ်သက်လုံးနီးပါး အတူနေလာတဲ့ဇနီး သူ့အနားမှာမရှိတော့ဘူးဆိုတော့ စင်ကာပူနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီးလီကွမ်ယုဟာ အင်မတန်ကိုမှ ခံစားခဲ့ရပါတယ်။ သူက သူ့အိပ်ယာနားမှာ ဇနီးရဲ့ဓာတ်ပုံတွေ ကပ်ထား၊ ဇနီးကြိုက်တဲ့သီချင်းတွေ နားထောင်၊ ဇနီးနဲ့ပတ်သက်တဲ့အမှတ်တရတွေ ခေါင်းထဲပေါ်လာရင် မျက်ရည်တွေကျနဲ့လအတော်ကြာ ခံစားခဲ့ရပါတယ်။

၂ဝ၁၅ ခုနှစ် မတ်လ ၂၃ ရက်မှာတော့ စင်ကာပူနိုင်ငံရဲ့ အမျိုးသားခေါင်း ဆောင်ကြီး လီကွမ်ယုဟာလည်း ကွယ်လွန်သွားပါတော့တယ်။ သူဆုံးရင် သူ့အရိုးပြာကို ချစ်ဇနီးရဲ့အရိုးပြာနဲ့ရောပေးဖို့ သူက မှာသွားခဲ့ပါသတဲ့။ ဒီဘဝမှာ ပေါင်းဖက်ခဲ့ရသလို ဒီဘဝ နိဂုံးချုပ်လို့ အရိုးပြာဘဝရောက်သွားတဲ့ အချိန်မှာလည်း အတူတူဆက်ရှိနေချင်တယ်လို့ သူက သားသမီးတွေကို စာရေးပြီးမှာထားခဲ့တာပါ။ အခုလက်ရှိစင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းဟာလီကွမ်ယုရဲ့သားဖြစ်ပါတယ်။

https://sg.theasianparent.com/lee-kuan-yew-kwa-geok-choo?fbclid=IwAR3a1of7a5syt92v742xbpi4yygBbJq1vG26m-XtIm3SFRI23ibKPb25Lis

zawgyi version
သူတို႔ႏွစ္ေယာက္ရဲ႕ သံေယာဇဥ္ေတြ ဘယ္ေလာက္အထိ ခိုင္ၿမဲတယ္၊တစ္ေယာက္ကိုတစ္ေယာက္ ဘယ္ေလာက္အထိ တြယ္တာျမတ္ႏိုးၾကတယ္ဆိုတာကေတာ့ ကြာဂုတ္ခ္ခ်ိဳရဲ႕ ဘဝေနာက္ဆုံးအခ်ိန္ေတြမွာ ပိုလို႔ေတာင္ထင္သာျမင္သာ ရွိလာပါတယ္။ လီကြမ္ယုရဲ႕ခ်စ္ဇနီး ကြာဂုတ္ခ္ခ်ိဳဟာ ခဏခဏ ေလျဖတ္တာေၾကာင့္ ၂ဝဝ၃ ခုႏွစ္မွာေတာ့ က်န္းမာေရးအေျခအေနအေတာ္ခ်ိဳ႕ယြင္းလာပါတယ္။ ႏွစ္ေယာက္စလုံး အသက္အ ႐ြယ္ေတြ အေတာ္ရလာလို႔ခ်ည့္နဲ႔လာၾကေပမယ့္ ဘိုးဘိုးႀကီး မစၥတာ လီကြမ္ယုဟာ ေလျဖတ္ထားတဲ့ ခ်စ္ဇနီး ဘြားဘြားႀကီးကို ဘီးတပ္ကုလား ထိုင္ေပၚတင္ၿပီး ကိုယ္တိုင္တြန္းေပးတာပါပဲ။

၂ဝဝ၈ ခုႏွစ္လည္းေရာက္ေရာ ကြာဂုတ္ခ္ခ်ိဳရဲ႕အေျခအေနဟာ ဆိုးသထက္ပိုဆိုးလာၿပီး အိပ္ယာေပၚပက္လက္ျဖစ္သြားပါေတာ့တယ္။ ဒါ့အျပင္ စကားလည္းမေျပာႏိုင္ေတာ့ပါဘူး။ ဒါေပမဲ့ အလုပ္ကျပန္လာၿပီး အိမ္ေရာက္တာနဲ႔ မစၥတာလီကြမ္ယုက သူ႔တစ္ေန႔တာ အေၾကာင္း ဇနီးကို ေျပာျပတာခ်ည္းပါပဲ။ ၿပီးေတာ့ ဇနီး အိပ္ခ်ိန္ေရာက္ေတာ့မယ္ဆိုရင္ ခ်စ္ဇနီးႀကိဳက္တဲ့ ကဗ်ာေတြ ဖတ္ျပပါသတဲ့။ တစ္ေယာက္နဲ႔တစ္ေယာက္ သိပ္ခ်စ္ၾကၿပီး ႏွစ္ေပါင္း ၆၃ ႏွစ္လုံးလုံးေပါင္းဖက္လာတဲ့ ဒီဇနီးေမာင္ႏွံကို ေသျခင္းတရားက ၂ဝ၁ဝ ခုႏွစ္မွာခြဲလိုက္ပါေတာ့တယ္။ တစ္သက္လုံးနီးပါး အတူေနလာတဲ့ဇနီး သူ႔အနားမွာမရွိေတာ့ဘူးဆိုေတာ့ စင္ကာပူႏိုင္ငံရဲ႕ အမ်ိဳးသားေခါင္းေဆာင္ႀကီးလီကြမ္ယုဟာ အင္မတန္ကိုမွ ခံစားခဲ့ရပါတယ္။ သူက သူ႔အိပ္ယာနားမွာ ဇနီးရဲ႕ဓာတ္ပုံေတြ ကပ္ထား၊ ဇနီးႀကိဳက္တဲ့သီခ်င္းေတြ နားေထာင္၊ ဇနီးနဲ႔ပတ္သက္တဲ့အမွတ္တရေတြ ေခါင္းထဲေပၚလာရင္ မ်က္ရည္ေတြက်နဲ႔လအေတာ္ၾကာ ခံစားခဲ့ရပါတယ္။

၂ဝ၁၅ ခုႏွစ္ မတ္လ ၂၃ ရက္မွာေတာ့ စင္ကာပူႏိုင္ငံရဲ႕ အမ်ိဳးသားေခါင္း ေဆာင္ႀကီး လီကြမ္ယုဟာလည္း ကြယ္လြန္သြားပါေတာ့တယ္။ သူဆုံးရင္ သူ႔အ႐ိုးျပာကို ခ်စ္ဇနီးရဲ႕အ႐ိုးျပာနဲ႔ေရာေပးဖို႔ သူက မွာသြားခဲ့ပါသတဲ့။ ဒီဘဝမွာ ေပါင္းဖက္ခဲ့ရသလို ဒီဘဝ နိဂုံးခ်ဳပ္လို႔ အ႐ိုးျပာဘဝေရာက္သြားတဲ့ အခ်ိန္မွာလည္း အတူတူဆက္ရွိေနခ်င္တယ္လို႔ သူက သားသမီးေတြကို စာေရးၿပီးမွာထားခဲ့တာပါ။ အခုလက္ရွိစင္ကာပူဝန္ႀကီးခ်ဳပ္ လီရွန္လြန္းဟာလီကြမ္ယုရဲ႕သားျဖစ္ပါတယ္။

https://sg.theasianparent.com/lee-kuan-yew-kwa-geok-choo?fbclid=IwAR3a1of7a5syt92v742xbpi4yygBbJq1vG26m-XtIm3SFRI23ibKPb25Lis

Related news

© 2021. All rights reserved.