တောင်ငူရှိ ကေတုမတီမြို့ဟောင်းတူးဖော်သုတေသနပြုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားရမည်ဟုဆို

151

စော(NP News)-ဩဂုတ် ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ကေတုမတီမြို့ဟောင်း ရှေးဟောင်းမြို့ရိုးနှင့် ကျုံး တူးဖော်သုတေသနပြုလုပ်ငန်းများကို အောင်မြင်စေရန် အကောင်အထည်ဖော် ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ (ဩဂုတ် ၂ရက်)တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် န်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း နေပြည်တော်မှ တောင်ငူမြို့သို့ ထွက်ခွာခဲ့ရာ တောင်ငူမြို့သို့ရောက်ရှိကြပြီး တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း၊ အရှေ့ဘက်ကျုံးနေရာရှိ ယိုးဒယားပေါက်နေရာ၊ အနောက်ဘက်မြို့ရိုးနေရာရှိ မြို့ရိုးတူးဖော်ထိန်းသိမ်းထားရှိမှုနှင့် ရေကျုံးနေရာနှင့် မြို့ရိုးအပြင်ပတ်လမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မင်းကြီးညို (အေဒီ ၁၄၈၅ - ၁၅၃၁) တည်ထောင်ခဲ့သည့် တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း ရှေးဟောင်းမြို့ရိုးနှင့် ကျုံးတူးဖော်သုတေသနပြုလုပ်ငန်းများကို အောင်မြင်စေရန် အကောင်အထည်ဖော် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးကဆိုသည်။
ထို့ပြင် မြို့ဟောင်းအဝင် တံတားနေရာများနှင့် တံတားပုံစံများကိုလည်း ပြန်လည်ဆန်းစစ်ဖော်ထုတ်လေ့လာသွားရန်လိုပြီး တည်ဆောက်၍ ရနိုင်သည့်နေရာများတွင် တည်ဆောက်သွားရန်လိုကြောင်းနှင့် ပြောင်းရွှေ့ရန်လိုအပ်သည့် ဝန်ကြီးဌာနအဆောက်အဦများကို ပြောင်းရွှေ့သွားရန်လိုကြောင်း ပြောကြားခဲ့သေးသည်။
အလားတူ သတ်မှတ်ထားသည့် ယဉ်ကျေးမှုအမွေအနှစ်နေရာများကို ဥပဒေနှင့်အညီ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကိုလည်း ပြောကြားခဲ့သည်။
ဆက်လက်၍ တောင်ငူဘူတာသို့ရောက်ရှိကြရာ ရထားလမ်းနှင့်ဘူတာရုံအသစ် တည်ဆောက်ရာတွင် အစကောင်းမှ အနှောင်းသေချာဟူသည့်အတိုင်း ရေရှည်တည်တံ့ကောင်းမွန်စေရေး သတ်မှတ်စံချိန်စံညွှန်းများအတိုင်း လုပ်ငန်းစဉ်အဆင့်အလိုက် အရည်အသွေးပြည့်မီစေရန် တည်ဆောက်သွားရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးက ထပ်မံပြောကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာကြသည့် အဖွဲ့ဝင်များသည် နေပြည်တော်မှ ထွက်ခွာလာသည့် နေပြည်တော် - ရန်ကုန် အမှတ် (၈) အစုန် DEMU လူစီးအမြန်ရထားပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသွားပြည်သူများနှင့်အတူ တောင်ငူဘူတာမှ ရန်ကုန်ဘူတာကြီးအထိ ရထားလမ်းပိုင်းတစ်လျှောက် လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေတာင္ငူရွိ ေကတုမတီၿမိဳ႕ေဟာင္းတူးေဖာ္သုေတသနျပဳလုပ္ငန္းမ်ားကို ဆက္လက္ေဆာင္႐ြက္ သြားရမည္ဟုဆို
ေစာ(NP News)-ဩဂုတ္ ၃
ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕ရွိ ေကတုမတီၿမိဳ႕ေဟာင္း ေရွးေဟာင္းၿမိဳ႕႐ိုးႏွင့္ က်ဳံး တူးေဖာ္သုေတသနျပဳလုပ္ငန္းမ်ားကို ေအာင္ျမင္ေစရန္ အေကာင္အထည္ေဖာ္ ဆက္လက္ ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယမန္ေန႔ (ဩဂုတ္ ၂ရက္)တြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ န္ကုန္-မႏၲေလးလမ္းေဟာင္းအတိုင္း ေနျပည္ေတာ္မွ ေတာင္ငူၿမိဳ႕သို႔ ထြက္ခြာခဲ့ရာ ေတာင္ငူၿမိဳ႕သို႔ေရာက္ရွိၾကၿပီး ေတာင္ငူၿမိဳ႕၊ ေကတုမတီၿမိဳ႕ေဟာင္း၊ အေရွ႕ဘက္က်ဳံးေနရာရွိ ယိုးဒယားေပါက္ေနရာ၊ အေနာက္ဘက္ၿမိဳ႕႐ိုးေနရာရွိ ၿမိဳ႕႐ိုးတူးေဖာ္ထိန္းသိမ္းထားရွိမႈႏွင့္ ေရက်ဳံးေနရာႏွင့္ ၿမိဳ႕႐ိုးအျပင္ပတ္လမ္းတစ္ေလွ်ာက္ လွည့္လည္ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ၾကည့္ရႈစစ္ေဆးရာတြင္ မင္းႀကီးညိဳ (ေအဒီ ၁၄၈၅ - ၁၅၃၁) တည္ေထာင္ခဲ့သည့္ ေတာင္ငူၿမိဳ႕၊ ေကတုမတီၿမိဳ႕ေဟာင္း ေရွးေဟာင္းၿမိဳ႕႐ိုးႏွင့္ က်ဳံးတူးေဖာ္သုေတသနျပဳလုပ္ငန္းမ်ားကို ေအာင္ျမင္ေစရန္ အေကာင္အထည္ေဖာ္ ဆက္လက္ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးကဆိုသည္။
ထို႔ျပင္ ၿမိဳ႕ေဟာင္းအဝင္ တံတားေနရာမ်ားႏွင့္ တံတားပုံစံမ်ားကိုလည္း ျပန္လည္ဆန္းစစ္ေဖာ္ထုတ္ေလ့လာသြားရန္လိုၿပီး တည္ေဆာက္၍ ရႏိုင္သည့္ေနရာမ်ားတြင္ တည္ေဆာက္သြားရန္လိုေၾကာင္းႏွင့္ ေျပာင္းေ႐ႊ႕ရန္လိုအပ္သည့္ ဝန္ႀကီးဌာနအေဆာက္အဦမ်ားကို ေျပာင္းေ႐ႊ႕သြားရန္လိုေၾကာင္း ေျပာၾကားခဲ့ေသးသည္။
အလားတူ သတ္မွတ္ထားသည့္ ယဥ္ေက်းမႈအေမြအႏွစ္ေနရာမ်ားကို ဥပေဒႏွင့္အညီ စနစ္တက် ထိန္းသိမ္းေဆာင္႐ြက္သြားရန္လိုေၾကာင္းႏွင့္ အျခားလိုအပ္သည္မ်ားကိုလည္း ေျပာၾကားခဲ့သည္။
ဆက္လက္၍ ေတာင္ငူဘူတာသို႔ေရာက္ရွိၾကရာ ရထားလမ္းႏွင့္ဘူတာ႐ုံအသစ္ တည္ေဆာက္ရာတြင္ အစေကာင္းမွ အေႏွာင္းေသခ်ာဟူသည့္အတိုင္း ေရရွည္တည္တံ့ေကာင္းမြန္ေစေရး သတ္မွတ္စံခ်ိန္စံၫႊန္းမ်ားအတိုင္း လုပ္ငန္းစဥ္အဆင့္အလိုက္ အရည္အေသြးျပည့္မီေစရန္ တည္ေဆာက္သြားရန္လိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးက ထပ္မံေျပာၾကားသည္။
ထို႔ေနာက္ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွ၊ ခရီးစဥ္တြင္လိုက္ပါလာၾကသည့္ အဖြဲ႕ဝင္မ်ားသည္ ေနျပည္ေတာ္မွ ထြက္ခြာလာသည့္ ေနျပည္ေတာ္ - ရန္ကုန္ အမွတ္ (၈) အစုန္ DEMU လူစီးအျမန္ရထားေပၚတြင္ စီးနင္းလိုက္ပါလာသည့္ ခရီးသြားျပည္သူမ်ားႏွင့္အတူ ေတာင္ငူဘူတာမွ ရန္ကုန္ဘူတာႀကီးအထိ ရထားလမ္းပိုင္းတစ္ေလွ်ာက္ လိုက္ပါစီးနင္းခဲ့ေၾကာင္း သိရသည္။