ကမ္ဘာ့အကြီးဆုံးလို့ယူဆရတဲ့ ဧရာမတုတ်ချောင်း အင်းဆက် မျိုးစိတ်သစ် သြစတြေးလျမှာ တွေ့ရှိ

 532

ရောင်နီ (NP News) - သြဂုတ် ၃
သြစတြေးလျနိုင်ငံရှိ ဝေးလံခေါင်သီတဲ့ ကွင်းစ်လန်း မိုးသစ်တောမှာ ကမ္ဘာ့အကြီးဆုံးနဲ့ အလေးဆုံးလို့ ယူဆ ရတဲ့ တုတ်ချောင်းအင်းဆက်မျိုးစိတ်သစ်ကို သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဲဒီတုတ်ချောင်းအင်းစက်ဟာ အလေးချိန် ၄၄ ဂရမ်ရှိပြီး ဂေါက်သီးတစ်လုံးအရွယ်အစားနဲ့ တူညီကာ အရှည် ၄ဝ စင်တီမီတာရှိတယ်လို့ သိရပါတယ်။ မျိုးစိတ်နာမည်ကို အက်ခရုဖေလာအက်တာ မျိုးစိတ်လို့ သတ်မှတ်ထားပြီး ဒါဟာ ဆင့်ကဲဖြစ်စဉ်တစ်ခုဖြစ်မယ်လို့ James Cook တက္ကသိုလ်မှ အန်းဂတ်စ် အမ်မို့ က ဆိုပါတယ်။
"သူတို့ရဲ့ခန္ဓာကိုယ် ထုထည်က သူတို့ကို ပိုအေးတဲ့အခြေအနေတွေမှာတောင် ရှင်သန်နိုင်ဖို့ ကူညီပေးနိုင်တယ်။ ဒါကြောင့် သူတို့ဟာ နှစ်သန်းပေါင်းများစွာကြာအောင် တည်တံ့နေတဲ့ အင်းဆက်မျိုးစိတ်ကြီး အဖြစ် ဖြစ်ပေါ်လာခဲ့တာပါ” လို့ အန်းဂတ်စ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
နောက်ထပ်သုတေသနတွေအတွက် အဆိုပါတုတ်ချောင်းကောင်မျိုးဥကို ကွင်းစလန်းပြတိုက်မှာ စုဆောင်းမှု နမူနာအဖြစ် ထည့်သွင်းလိုက်တယ်လို့ သိရပါတယ်။

Zawgyi Version:
ကမာၻ႔အႀကီးဆုံးလို႔ယူဆရတဲ့ ဧရာမတုတ္ေခ်ာင္း အင္းဆက္ မ်ိဳးစိတ္သစ္ ၾသစေၾတးလ်မွာ ေတြ႕ရွိ
ေရာင္နီ (NP News) - ၾသဂုတ္ ၃
ၾသစေၾတးလ်ႏိုင္ငံရွိ ေဝးလံေခါင္သီတဲ့ ကြင္းစ္လန္း မိုးသစ္ေတာမွာ ကမာၻ႔အႀကီးဆုံးနဲ႔ အေလးဆုံးလို႔ ယူဆ ရတဲ့ တုတ္ေခ်ာင္းအင္းဆက္မ်ိဳးစိတ္သစ္ကို သိပၸံပညာရွင္မ်ားက ရွာေဖြေတြ႕ရွိခဲ့ပါတယ္။
အဲဒီတုတ္ေခ်ာင္းအင္းစက္ဟာ အေလးခ်ိန္ ၄၄ ဂရမ္ရွိၿပီး ေဂါက္သီးတစ္လုံးအ႐ြယ္အစားနဲ႔ တူညီကာ အရွည္ ၄ဝ စင္တီမီတာရွိတယ္လို႔ သိရပါတယ္။ မ်ိဳးစိတ္နာမည္ကို အက္ခ႐ုေဖလာအက္တာ မ်ိဳးစိတ္လို႔ သတ္မွတ္ထားၿပီး ဒါဟာ ဆင့္ကဲျဖစ္စဥ္တစ္ခုျဖစ္မယ္လို႔ James Cook တကၠသိုလ္မွ အန္းဂတ္စ္ အမ္မို႔ က ဆိုပါတယ္။
"သူတို႔ရဲ႕ခႏၶာကိုယ္ ထုထည္က သူတို႔ကို ပိုေအးတဲ့အေျခအေနေတြမွာေတာင္ ရွင္သန္ႏိုင္ဖို႔ ကူညီေပးႏိုင္တယ္။ ဒါေၾကာင့္ သူတို႔ဟာ ႏွစ္သန္းေပါင္းမ်ားစြာၾကာေအာင္ တည္တံ့ေနတဲ့ အင္းဆက္မ်ိဳးစိတ္ႀကီး အျဖစ္ ျဖစ္ေပၚလာခဲ့တာပါ” လို႔ အန္းဂတ္စ္က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။
ေနာက္ထပ္သုေတသနေတြအတြက္ အဆိုပါတုတ္ေခ်ာင္းေကာင္မ်ိဳးဥကို ကြင္းစလန္းျပတိုက္မွာ စုေဆာင္းမႈ နမူနာအျဖစ္ ထည့္သြင္းလိုက္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.